အခန်း ၁၄၂
Viewers 38k

အခန်း (၁၄၂) - အမေက မကောင်းတဲ့စကားတစ်ခွန်းပြောခဲ့တယ်


လာဘပွဲတော်တွင် လင်းချင်းဟယ်သည် မနက်စောစောထပြီး လာလဘယာဂုတစ်အိုး ချက်ပြုတ်တော့သည်။


ယင်းက အနည်းငယ်သာချိုပြီး လင်းချင်းဟယ်ပြုလုပ်သည့်ယာဂုက တစ်မူထူးခြားသော အရသာရှိကာ အလွန်အရသာကောင်းသည်။


မနေ့က အဖေကျိုးနှင့် အမေကျိုးတို့သည် ဤနေရာသို့မလာခဲ့ကြပေ။ ထို့ကြောင့် သူတို့က အနည်းငယ်ခပ်ထည့်ပြီး တစ်ယောက်ကို ပန်းကန်လုံးနှစ်လုံးစီ စားကြ၏။


သို့သော် ဆီမပါဝင်မှုကြောင့် ယခုခေတ်လူများ၏ အနပ်တိုင်းကို စားလိုစိတ်က အလွန်ကြီးသည်။ လင်မယားနှစ်ယောက်၏အသက်အရွယ်က ကြီးပြင်းသော်ငြား သူတို့သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်နှင့် ယှဉ်နိုင်သေးသည်။


ထို့ကြောင့် သူတို့ပန်းကန်လုံးနှစ်လုံးက မည်ကဲ့သို့ လုံလောက်မည်နည်း။ အလွန်ဆုံးမှ သူတို့ တစ်ဝက်သာ ဗိုက်ပြည့်လိမ့်မည်။


သို့သော် ယခုနှစ်ကမူ မတူတော့ပေ။ ထိုအမယ်အိုလင်မယားက တစ်နေ့လျှင် သုံးနပ်စားသောက်ရန် ဤနေရာသို့ ရောက်လာ၏။ ထို့ကြောင့် လာဘယာဂုကိုစားချိန်၌ သူတို့အစာအိမ်များပွင့်ကုန်တော့ သည်။


“မနှစ်တုန်းက နှင်းကျတာထူတယ်။ အမေ၊ အဖေ နွေးနွေးထွေးထွေးအိပ်ရရဲ့လား” လင်းချင်းဟယ် ကမေးပြီး လာဘယာဂုကိုသောက်လိုက်၏။ မနေ့ညက လောင်တနှင့် လောင်အာ့တို့ကို လင်းချင်းဟယ်က သူတို့အခန်းထဲခေါ်အိပ်၏။ တစ်မိသားစုလုံးက အနွေးကုတင်ပေါ်၌ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်ကြသည်။


လောင်တနှင့် လောင်အာ့သည် အရွယ်ကြီးနေပြီဖြစ်သော်ငြား သူတို့နှင့်လာအိပ်ရတာကို အလွန်ပျော်ရွှင်နေသေးသည်။


“နွေးတယ်။ အဲ့ဒီဂွမ်းကတ်က နူးညံ့ပြီး နွေးနေတာပဲ” အမေကျိုးက ပြုံးပြီးပြောလိုက်သည်။ အဖေကျိုးကလည်း ခေါင်းညိတ်လိုက်၏။


ဂွမ်းကတ် နွေးရုံသာမက သူ၏ဇနီးသည်ထိုးပေးထားသော ဆွယ်တာအသစ်ကလည်း အလွန်ဇိမ်ကျသည်။


လင်းချင်းဟယ်က ဘာမှမပြောတော့ဘဲ သူတို့ကို လာဘယာဂုများသာ တိုက်လိုက်၏။


လောင်တက ပြောသည်။ “အမေ သားတို့မိသားစုဒီနေ့ ဝက်ဆားနယ်ခြောက်လုပ်မှာလား”


“ဘာလဲ မှတ်မိသေးတယ်လား” လင်းချင်းဟယ်က သူ့ကို တအံ့တဩကြည့်လိုက်သည်။


မနှစ်က ဝက်ဆားနယ်ခြောက်မလုပ်ခဲ့ပေ။ ယမန်နှစ်ကသာပြုလုပ်ခဲ့တာဖြစ်သည်။


“သားလည်းမှတ်မိတယ်” လောင်အာ့ကပြောလိုက်၏။


လောင်စန်းကမေးလိုက်သည်။


“ဝက်ဆားနယ်ခြောက်ကဘာလဲ။ အရသာရှိလား” ထိုစဉ်က ငယ်ရွယ်လွန်းသေးသောကြောင့် သူ မမှတ်မိတာဖြစ်သည်။


“သိပ်အရသာရှိတယ်။ ပေါင်းပြီးတော့ကြော်ထားတဲ့သခွားသီးထဲ ဆားရည်နှယ်ထားတာတွေ အဲ့ထက်ပိုကောင်း တာမရှိဘူး” လောင်တကပြောလိုက်၏။


“အမေ သားမစားရသေးဘူး” လောင်စန်းက သူ့အမေကိုချက်ချင်းပြောတော့သည်။


“အရင်တုန်းက မစားဖူးဘူးလား။ ဘယ်လိုစားမလဲဆိုတာမသိတာပဲ။ သား စားခဲ့ဖူးပြီးမမှတ်မိတာ လေ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။


“ဒါဆို အဘိုးနဲ့အဘွားတစ်ခါမှမစားဖူးဘူး” လောင်စန်းကပြောလိုက်၏။


အဖေကျိုးကတိတ်ဆိတ်သွားသည်။ သူက မြေရှင်အတွက်အလုပ်လုပ်စဉ်၌ စားတော်ကဲသည် သူငယ်ရွယ်သေးတာကို မြင်သောအခါ သူ့ကို ဝက်ဆားနယ်ခြောက်တစ်ဖဲ့ပေးခဲ့၏။ ယခုချိန်ထိတိုင် အဘိုးအိုက ထိုအရသာကိုမှတ်မိနေသေးသည်။ သူက လျှာပေါ်မြိုချပစ်နိုင်သည်။


အမေကျိုးကလည်းမသိပေ။ အကြောင်းမှာလင်းချင်းဟယ်က ထိုစဉ်က များများစားစားမပြုလုပ်ခဲ့ သောကြောင့် မပို့ခဲ့တာပဲဖြစ်သည်။


ထို့အပြင် အသုံးအဖြုန်းကြီးပြီးချဲ့ကားသည်ဟု အခေါ်ခံရမည်စိုးသောကြောင့် လင်းချင်းဟယ်က မပို့ခဲ့တာဖြစ်သည်။


“သားစားချင်ရင်ပြောလိုက်။ သားအဘိုးနဲ့ အဘွားကို ဆွဲမပြောနဲ့” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။


“မေမေ လုပ်ပေး။ လုပ်ပေး” လောင်စန်းသည် မာကျောသည့်နည်းလမ်းက အလုပ်မဖြစ်သောအခါ သိမ်မွေ့သည့်နည်းလမ်းကို စတင်တော့သည်။


“အသားတွေ ကျန်သေးလားဆိုတာကြည့်လိုက်ဦးမယ်။ ကျန်သေးရင် နှစ်သစ်အတွင်း ဝက်ဆားနယ်ခြောက် လုပ်ပေးမယ်။ မကျန်ရင်တော့ ဝက်သားရဖို့ပဲစောင့်တာပေါ့” လင်းချင်းဟယ်က ပြောလိုက်တော့၏။


ယခုနှစ်တွင် သူမမိသားစုထဲရှိ ဝက်နှစ်ကောင်ကို မပေါ်ရသေးပေ။ ဒီဇင်ဘာလလယ်လောက်မှ ဝက်ပေါ်လောက်သည်။ ထိုအချိန်ရောက်လျှင်သူတို့က ဝက်ဆားနယ်ခြောက်လုပ်ရန် အချိန်ရှိသေး၏။


လာဘယာဂုကို စားသုံးပြီးနောက် လင်းချင်းဟယ်သည် စက်ဘီးဆီသို့ ထွက်သွားလိုက်၏။


ကျိုးချင်းဟယ်က လိုက်ချင်သည်။ လင်းချင်းဟယ်က လိုက်ခွင့်မပေးပေ။ ယင်းက အရေးကြီးသည့် အရာမဟုတ်ပေ။ ထိုထက်ပိုသည်က ဤရာသီဥတုတွင် စက်ဘီးတစ်ပတ်စီးခြင်းက ပိုနွေးထွေး စေလိမ့်မည်။ ထိုင်နေလျှင် သေသည်အထိ အေးခဲလောက်၏။


သူမသည် ဝက်ဆားနယ်ခြောက်ပြုလုပ်ရန် အသားတစ်ချို့ဝယ်ချင်နေရာ အမေကျိုးက ယခုအချိန်တွင် ဘာမှမပြောခဲ့ပေ။ သူမက အသက်ကြီးပြီဖြစ်ကာ ဝက်ဆားနယ်ခြောက်၏ အရသာကို မသိသေးပေ။   


လင်းချင်းဟယ်က အစ်မမိန်ဆီရောက်လာပြီး ပေါင်ရင်းသားလိုချင်ကြောင်းပြောလိုက်သည်။ ယခုအခေါက်တွင် တော်တော်များများလိုအပ်သောကြောင့် လင်းချင်းဟယ်သည် အစ်မမိန်ကို သူ၏ ဧရိယာထဲမှ စားစရာလက်မှတ်သုံးခုပေးခဲ့သည်။


စားစရာလက်မှတ်တစ်ခုက လေးကျင်းတန်သည်။ သုံးခုဆိုဆယ့်နှစ်ကျင်းဖြစ်၏။


“အရေအတွက်ကို အာမမခံနိုင်ပေမဲ့ မနက်ဖြန်ကျရင် ဒီကိုလာခဲ့လို့ရတယ်” အစ်မမိန်ကပြောလိုက်သည်။


စားစရာလက်မှတ်သုံးခုဖြင့် အစ်မမိန်သည်လှုပ်ရှားနိုင်၏။


ထို့အပြင် အသားများအတွက် လင်းချင်းဟယ်၏ဈေးက အစ်မမိန်ကို အကျိုးဖြစ်ထွန်းစေသည်။ ထို့ကြောင့် အစ်မမိန်က ဝယ်ပေးမှာပဲဖြစ်သည်။


လင်းချင်းဟယ်တွင် အသားလက်မှတ်မရှိတာမဟုတ်ဘဲ ဆန့်ကျင်ဖက်အနေဖြင့် ရှိနေ၏။


သို့သော် အစ်မမိန်ကို အသားလက်မှတ်ပေးရန်မလိုပေ။ အသားလက်မှတ်ဖြင့် သူမသည် အစ်မမိန် တွင်၌ အသားမရှိသည့်အချိန် သူ့မိသားစုအတွက် အသားလိုလျှင် အသားဆိုင်တန်းသို့ သွားဝယ်နိုင်သည်။


သူမ မကြိုက်သည့်တစ်ခုတည်းသောအရာက အသားဝယ်ရန် အသားဆိုင်တွင် တန်းစီစောင့်နေရတာပဲ ဖြစ်သည်။ အဆုံးတွင်မူ တစ်ရာဂရမ်လောက်သာ အသား ရ၏။


ထို့ကြောင့် လင်းချင်းဟယ်သည် အသားတန်း၌ သွားမဝယ်တာဖြစ်သည်။ အသားလက်မှတ်များကို လည်း ငွေကြေးရောင်းချနိုင်သည်။ သူမသည် မြို့သို့သွားချိန်၌ ငွေအတွက်လဲလှယ်နိုင်၏။


အစ်မမိန်၏ နေရာမှထွက်လာပြီးနောက် လင်းချင်းဟယ်သည် အိမ်သို့ပြန်လာခဲ့သည်။ 


အပြန်လမ်း၌ ကြက်ဥတစ်ခြင်းသယ်လာသော အဘွားအိုကို တွေ့လိုက်ရ၏။ သူက ဘုံရိပ်သာသို့ သွားနေတာပဲဖြစ်သည်။ သူမကြက်ဥရောင်းတာဖြစ်ရမည်။


“အဘွား ကြက်ဥတွေကို လဲလှယ်ချင်လား” လင်းချင်းဟယ်က သာမန်ကာလျှံကာမေးလိုက်၏။


“သကြားညိုနဲ့လဲချင်လို့” အဘွားအိုက သူ့ကိုကြည့်ပြီးမေးလိုက်သည်။


“တိုက်ဆိုင်လိုက်တာ။ ကျွန်မ ခုဏကပဲ သကြားညိုတွေဝယ်လာတာ။ ရောင်းလိုအားနဲ့ ဝယ်လိုအား သမဝါယမအဖွဲ့က နောက်ဆုံးဟာပဲဖြစ်လိမ့်မယ်။ ဒေါ်လေး ဒါနဲ့လဲချင်လား။ သုံးဖို့မလိုသေးဘူး။ အရင်ဆုံးပေးထားလိုက်မယ်လေ” လင်းချင်းဟယ်က ပြုံးလိုက်၏။


သူမက အပြင်သွားသည့်အချိန်တိုင်း၌ ခြင်းတောင်းတစ်ခုသယ်လာသည့် အလေ့အထရှိသည်။ သူမ က ခြင်းကိုထုတ်ပြီးနောက် သကြားတစ်ဇွန်းခပ်ပြလိုက်သည်။ ဤသကြားညိုကို ယခင်က ဖွင့်ဖူး၏။ လင်းချင်းဟယ်သည်မြို့က ဝယ်လာတာပဲဖြစ်ပြီး လိုလိုပိုပိုသိမ်းထားပြီး တစ်နေ့နေ့တွင် အသုံးတည့် လာနိုင်မည်ဟု ထင်ခဲ့တာဖြစ်သည်။ လုံလောက်သွားပြီပင် ယခုက အဆင်သင့်ဖြစ်လာသည်။


ထိုသကြားညိုသည် လင်းချင်းဟယ်၏ သိုလှောင်နေရာမှ သယ်လာတာပဲဖြစ်သည်။ လင်းချင်းဟယ်သည် ကျင်းနှစ်ဆယ်ဝယ်လာခဲ့ရာယခုတွင် သုံးလေးကျင်းသာ ကျန်တော့၏။ ထုတ်လိုက်သည်က တစ်ကျင်းဖြစ်၏။ ထိုသို့တိုင် သကြားညိုတစ်ကျင်းက အလွန်ကောင်းနေသေးသည်။ သကြားညိုက အလွန်ရှားပါးသည်။ အထူးသဖြင့် အဘွားအို၏ ချွေးမသည် ယမန်နေ့က မီးဖွားပြီးဖြစ်ရာ ဖြည့်စွက်စာများစားရန် သကြားညိုလို၏။


သို့သော် သကြားညိုတစ်ကျင်းအတွက် ကြက်ဥတစ်ခြင်းကိုလဲလှယ်ခြင်းက ဆုံးရှုံးမှုဖြစ်နေသေးသည်။ လင်းချင်းဟယ်ကလည်း အနည်းအကျဉ်းသာပေးလျှင် အဘွားအိုကို အမြတ်ထုတ်ရာရောက် သည်။ ထို့ကြောင့် ကြက်ဥသုံးပုံနှစ်ပုံကို ခွဲပြီးနောက်ကြက်ဥသုံးပုံတစ်ပုံကို အဘွားအိုအားပြန် ပေးလိုက်၏။


“ဒေါ်လေး ဒီလိုဆိုရင် မျှတတယ်မလား” လင်းချင်းဟယ်က မေးလိုက်၏။


“ပြေတယ်။ မျှတတယ်” အဘွားအိုသည် အစက တွန့်ဆုတ်နေသေးသော်ငြား လင်းချင်းဟယ် သူ့ကို တစ်ပေါင်နီးပါးပြန်ပေးတာကို မြင်သောအခါ ပြုံးပြီးခေါင်းညိတ်လိုက်တော့သည်။


လင်းချင်းဟယ်က ခေါင်းညိတ်ပြီး အိမ်သို့ပြန်သွား၏။


သကြားညိုတစ်ကျင်းသည် ကြက်ဥသုံးခြင်းနှင့် လဲလှယ်နိုင်သည်။ လင်းချင်းဟယ်ကလည်း မဆုံးရှုံးပေ။


အိမ်တွင်ကြက်ဥစားနှုန်းက များသည်။ အထူးသဖြင့် သူမသိုလှောင်နေရာထဲတွင် ကြက်ဥသိပ်မကျန် တော့တာဘဲဖြစ်သည်။ ဆောင်းရာသီကုန်လျှင် ကုန်သွားလောက်၏။ နောက်နှစ်နွေဦးအထိစောင့်ပြီး မြို့တက်ပြီးဝယ်ရမည်။


အိမ်သို့သယ်လာသော ကြက်ဥသုံးခြင်းသည် ငါးခြင်းဖြစ်လာ၏။ အမေကျိုးရှိနေလျှင် မေးလိမ့်မည်။


သို့သော် ကျိုးချင်းပိုင်နှင့် သားသုံးယောက်သာကျန်ခဲ့ရာ ဘယ်သူမှစိတ်ဝင်တစားမေးမနေတော့ပေ။


မိသားစုထဲတွင် သူမက ပြောပိုင်ခွင့်ရှိသည်။ သူမဆုံးဖြတ်ချက်ချလျှင် မည်သူက မေးတော့မည်နည်း။


“အမေ ဝက်ဆားနယ်ခြောက်လုပ်မှာလား" လောင်စန်းက ပူပန်စွာမေးလိုက်တော့သည်။


"သတိတရားမရှိတဲ့ ကောင်စုတ်လေး။ နင့်အမေက အေးခဲတဲ့ရာသီဥတုထဲမှာ အပြင်ထွက်လာတယ်။ ငါပြန်လာတာလည်းမတွေ့ရဘူး။ ဝက်ဆားနယ်ခြောက်ပဲ တွေးနေတာပဲ။ သွား။ နင့်ဖာသာနင်စား”


လင်းချင်းဟယ်ကပြန်ပြောလိုက်၏။


အငယ်လောင်စန်းသည် ဒေါသမထွက်ရုံသာမက အားပါးတရပြုံးလိုက်၏။ “မေမေက မကောင်းတဲ့စကားပြောလိုက်တာပဲ"


“နင်တို့သားအဖတွေက အကြွေးသိမ်းတဲ့သူတွေပဲ” လင်းချင်းဟယ်က သူ၏ပါးလေးကို ပုတ်လိုက်သည်။ ပြီးနောက် အပြစ်ကင်းသော ကျိုးချင်းပိုင်ကို လှည့်ကြည့်ကာ အခန်းထဲသို့ဝင်ပြီး ကြက်ဥများကို သိမ်းလိုက်၏။