အခန်း ၂၀၄
Viewers 38k

အခန်း (၂၀၄) - သေလုမတတ် အေးခဲသည်။ 


လင်းချင်းဟယ်အပါ တခြားဆရာဆရာမများကလည်း အားလပ်ရက် ရကြလေသည်။ တစ်ဦးလျှင် ရိက္ခာ ကျင်းသုံးဆယ်အပြင် အစားအသောက်နှင့် အဝတ်အထည်လက်မှတ်တွေလည်း ရကြ၏။


လင်းချင်းဟယ်က ပိုကောင်းတာကို ရှာတွေ့ခဲ့သည်။ သူမက လောင်တကို ခေါ်ပြီး အိမ်ပြန်လာ၏။ သူတို့ အိမ်ကို ရောက်တော့ ကျိုးချင်းပိုင် မရှိတာကို သတိထားလိုက်မိသည်။ 


“သူက မြို့တော်ကို သွားတယ်” အမေကျိုးက ရှင်းပြသည်။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထားလိုက်သည်။ သူမက မနက်ခင်းတွင် သူ့ကို မျက်နှာလိမ်းခရင်မ် လိမ်းပေးခဲ့၏။ ထိုလူက တကယ့်လူ။ သူမသာ လူးမပေးရင် သူက ရိုးရိုးရှင်းရှင်းနှင့် မျက်နှာလိမ်းခရင်မ်ကို လိမ်းမှာကို မဟုတ်ပေ။ 


သူက ထုတ်မပြောသော်လည်း တစ်ခုခု သွားရှာနေသည်ဟု လင်းချင်းဟယ်က တွေးမိသည်။ 


ကျိုးချင်းပိုင်က ညနေခင်း၌ ပြန်ရောက်လာ၏။ သူ ပြန်လာသောအခါ သူ့အဆက်အသွယ်ဖြင့် သိုးသားကျင်းအနည်းငယ်ကို ယူလာ၏။ 


သိုးသားများသည် အမှန်ပင် ရှားပါးလှ၏။ အဆက်အသွယ် မရှိပါက ရရန် မလွယ်ကူချေ။ 


သို့သော် ယခု သူ ရလာတော့ လင်းချင်းဟယ်က တွန့်ဆုတ်မနေပေ။ သူမသည် သိုးသားနှင့် မုန်လာဥဖြူစွပ်ပြုတ် ချက်လိုက်သည်။ 


သူမက တွန့်တိုမနေချေ။ သူမက မရီးသုံးယောက်အတွက် ပန်းကန်လုံးအကြီးများဖြင့် ပို့ပေးလိုက်လေသည်။ ယင်းမှာ မုန်လာဥများများ သိုးသားနည်းနည်း ဖြစ်၏။ ယင်းသည် သူမ သတိတရရှိခြင်း ဖြစ်၏။ 


ဒုတိယမရီးဖြစ်နေလျှင်ပင် သူမစိတ်ထဲ သိမ်းထားပေလိမ့်မည်။ အကြီးဆုံးမရီးနှင့် တတိယမရီး လာလည်သောအခါ အကြီးဆုံးမရီးက နှမ်းနှစ်ကျင်းကို ယူလာခဲ့သည်။ 


လင်းချင်းဟယ်က ဘာမှမပြောဘဲ လက်ခံလိုက်၏။ 


သူမမိသားစုတွင် နှမ်းစာသုံးခြင်းက အလွန်လျင်မြန်လှသည်။ သည်နှစ်ဆောင်းမတိုင်မီက နှမ်းစေ့တွေကို ကြိတ်ခွဲပြီး နှမ်းနှစ်လုပ်ဖို့ ယူလာစေခဲ့သည်။ 


တစ်ခါတလေမှာ သူမက လူတိုင်းအတွက် နှမ်းနှစ်စွပ်ပြုတ်ကို သရေစာအဖြစ် လုပ်ပေးလေ့ ရှိသည်။ 


သိုးသားစွပ်ပြုတ်အတွက်ကတော့ အာဟာရအများအပြား ပါဝင်ပေသည်။ ကျိုးချင်းပိုင်က စွပ်ပြုတ်ကို သောက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပိုပြီး နေလို့ကောင်းသွားသည်ဟု ခံစားလိုက်ရသည်။ လင်းချင်းဟယ်လည်း ထိုနည်းတူပင်။


လပြက္ခဒိန်၏ ၁၂လပိုင်း ၈ရက်မြောက်နေ့တွင် စုတာ့လင်းက ကြက်ဥများ စားစရာများနှင့် ပြန်ရောက်လာခဲ့၏။ 


ကျိုးရှောင်မိန်ကမူ ပြန်မလာခဲ့ပေ။ သူမသည် ကိုယ်ဝန်ရှိနေပြီဖြစ်၏။ အေးခဲပြီး နှင်းဝေနေသော အခြေအနေတွင် သူမသည် မည်ကဲ့သို့ ပြန်လာနိုင်မည်နည်း။

 

တစ်နည်းအားဖြင့်ဆိုလျှင် စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့က နှစ်သစ်ကူးအတွက် ကျေးလက်ကို ပြန်မလာခဲ့ချေ။ သို့သော် စုတာ့လင်းကတော့ စုချန်ငယ်လေးနဲ့ စုရွှမ်ကို အိမ်ပြန်ခေါ်ဖို့ ရောက်လာမည်။ သူ့ အားလပ်ရက် မရောက်သေးလို့ အချိန်အနည်းငယ်တော့ ယူရအုံးမည်။ 


လင်းချင်းဟယ်က မည်သို့မျှ မဆိုပေ။ ပတ်ဝန်းကျင်ကို လင်းချင်းဟယ်က အစေ့အဆန်များစားခြင်းက ကျန်းမာရေးကောင်းနိုင်တယ်လို့ လှုံ့ဆော်ခဲ့သည်။ 


သည်စုံတွဲကို ကြည့်ပါ။ သူတို့က ကလေးရချင်သည်ဟု ဆိုပြီးနောက် ကလေးများ ရလာသည်။ 


တခြားကို မကြည့်ပါနှင့် ကျိုးတုန်နှင့်လက်ထပ်ခဲ့သော ချိုင်ပါ့မိန်ကိုသာ ကြည့်ပါ။ သည်နှစ်တွင် သူမဗိုက်က အတန်ငယ် ဖောင်းနေပြီ မဟုတ်လား။ သူမက လက်ထပ်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရခဲ့သည်။ ယင်းက မြန်လျှင် ဒီနှစ်ကုန်မှာ မွေးလိမ့်မည်။ နောက်ကျလျှင် နောက်နှစ်အစောပိုင်းတွင် မွေးပေလိမ့်မည်။ 


ချိုင်ပါ့မိန်က အတော်လေး ကောင်းမွန်သူ ဖြစ်သည်။ သူမက ရိုးသားပြီး ဘဝကို ရိုးရှင်းစွာဖြတ်သန်းပြီး ကျိုးတုန်နှင့် အတော်လေး လိုက်ဖက်ညီသည်။ 


ကျိုးတုန်မှာ အခုဆို ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် လူငယ်တစ်ဦး ဖြစ်လာပြီဖြစ်ပြီး အလုပ်မှတ် ဆယ်မှတ် ရရှိပြီ ဖြစ်သည်။ သူက ရွာမှ အကောင်းဆုံးထဲကတစ်ယောက် ဖြစ်၏။ 


ထို့အပြင် ချိုင်မိသားစု၏ ကျိုးကျားရွာလည်း သားမက်ဖြစ်သော သူ့ကို လျှော့တွက်မည် မဟုတ်ပေ။ 


ထိုအချိန်တွင် စုတာ့လင်းက ပြန်လာပြီး နို့မှုန့်ထုတ်တစ်ထုတ် ယူလာ၏။ လောင်တနှင့် အခြားသူများက သူမအား ဝယ်ခိုင်းခဲ့သည်။ စုချန်နှင့် သူ့ညီကလည်း မျှဝေရရှိလေသည်။ ထို့ကြောင့် ယင်းအထုတ်ကို သူတို့အား ပေးလိုက်သောအခါ လင်းချင်းဟယ်က လောင်တနဲံကျန်တဲ့သူတွေကို အတူတူ သောက်ဖို့ မျှဝေပေးလိုက်သည်။ 

ကြိုတင်မှာထားတာ မဟုတ်လို့ ကိစ္စမရှိပေ။ 


“ငါနဲ့ ရှောင်မိန် ဆွေးနွေးခဲ့တယ်။ အ... အနာဂတ်မှာ... လောင်တက အထက် အထက်တန်းကျောင်း... တက်... တက်ရရင်... သူက... သူက ငါတို့အိမ်မှာ... နေနိုင်တယ်... သူ ကျောင်းမှာ နေဖို့ ... မ... မလိုဘူး...” စုတာ့လင်းက သူ့ရည်ရွယ်ထားသည်ကို ထုတ်ပြောလာသည်။ 


လင်းချင်းဟယ်က ပြုံးလိုက်သည်။ “လောင်တကို ကျောင်းမှာ နေခိုင်းလိုက်တာက ကောင်းပါတယ်”


“စတုတ္ထမရီး... ကျွန်တော်တို့ကို အ... ပြင် လူလို သဘောမထားပါနဲ့... လောင်တကို ငါတို့အိမ်မှာ နေခိုင်းလိုက်ပါ အဲဒါ ပိုကောင်းပါတယ်” စုတာ့လင်းက လေးလေးနက်နက် ပြောသည်။ 


သူ့သားနှစ်ဦးသည် စတုတ္ထယောက်ဖ၏နေအိမ်တွင် ကြီးပြင်းလာခြင်းဖြစ်သည်။ သူတို့ ဘယ်လို ကောင်းကောင်း ကြီးပြင်းလာတာလဲဆိုတာကို သူ မြင်နိုင်ပေသည်။ ဒုက္ခကတစ်မျိုးတည်း မကပေ။ သူနှင့် ရှောင်မိန့်သာ ဆိုလျှင် သူတို့ ထိုမျှ ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်နိုင်မည် မဟုတ်ချေ။ 


သူတို့က ပစ္စည်းများ ယူလာသော်လည်း သူတို့ကလေးများက စားနေရဆဲဖြစ်သည်။ ထို့အပြင် သူတို့တွင် ကျေးဇူးကြွေးလည်း ရှိသေး၏။


အမှန်တကယ်တွင် လင်းချင်းဟယ်၌ အစီအစဉ်ရှိသော်လည်း သူမက အသိမပေးလိုက်ပေ။ ယခုတွင်မူ စုတာ့လင်းက သူ့ဘာသာ ထုတ်ပြောလာ၍ သူက စိတ်ရင်းမှန်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် လင်းချင်းဟယ်က ပြုံးလျက် ဆိုလိုက်သည်။ “ကောင်းပြီ ဒီကလေးက နောင်မှာ မနာခံရင် မင်းနဲ့ ငါ့ယောက်မက ယဉ်ကျေးနေဖို့ မလိုဘူး”


“လောင်တက ကောင်း... ကောင်းပါတယ်” စုတာ့လင်းက ခေါင်းညိတ်ရင်း ပြောသည်။ 


လောင်တ၊ လောင်အာ့၊ လောင်စန်းတို့ အားလုံးသည် ကောင်းမွန်စွာ သင်ကြားထားမှန်း သူ ခံစားနိုင်ပေသည်။ သူ့သားများသည်လည်း အနာဂတ်တွင် ထိုသို့ ဖြစ်လာမည်ဖြစ်၍ သူက စိတ်ကျေနပ်ရပေသည်။ 


ယခုတွင် သူ့သားအကြီးဆုံး စုချန်သည် ထိုလမ်းကြောင်းအတိုင်း ကြီးပြင်းလာခြင်း ဖြစ်၏။ 


အဖေကျိုးနှင့် အမေကျိုးသည် လောင်တ ကျောင်းတက်ပါက သူ့ဦးလေးအိမ်တွင်နေမည်ကို သိသောအခါ သဘောတူလက်ခံကြလေသည်။


သူတို့တွင် ယခင်တည်းက ထိုအကြောင်းကို တွေးထားပြီး ဖြစ်သော်လည်း သူတို့ခံစားချက်များကို မထုတ်ဖော်ခဲ့ပေ။ ဆိုရလျှင် သူတို့က စုတာ့လင်း၏ အတွေးကို မသိနေပေ။ 


ယခုတွင်တော့ သူက ယင်းကို လက်ခံလိုက်ခြင်းထက် ပိုကောင်းတာ မရှိတော့ချေ။ 


ကျိုးချင်းပိုင်ထံတွင် ထိုကိစ္စအတွက် မည်သည့်ထင်မြင်ချက်မျှ မရှိပေ။ သူ့သားက သူ့နေထိုင်မှုနှင့်ပတ်သတ်၍ လိုက်လျောညီထွေ နေနိုင်လိမ့်မည်ဟု သူ ခံစားမိလေသည်။ 


လောင်တက အားလပ်ရက် မရပေ။ သူက ကိုယ်ပိုင်လေ့လာခြင်းကို စတင်ခဲ့သည်။ မနက်မိုးလင်းချိန် ရွာထဲမှာ ပြေးဖို့ သူ့အဖေခေါ်တာကလွဲရင် ကျန်တဲ့အချိန်အားလုံးကို လေ့လာနေခဲ့သည်။ လင်းချင်းဟယ်က သူ့ကို ညွှန်ကြားပေး၏။ 


နောက်နှစ် ကျောင်းစဖွင့်သောအခါ သူမက လောင်တကို ဒုတိယနှစ်ရဲ့ ဒုတိယတန်းသို့ ပို့ရန် ရည်ရွယ်ထား၏။ ဆိုလိုသည်မှာ လောင်တအား အတန်းကျော်တက်စေမည် ဖြစ်သည်။ ဤခေတ်၏ သင်ကြားရေးဖိအားက အမှန်ပင် ပေါ့လျော့ပေသည်။ 


သူနှင့် ယှဉ်ပါက လောင်အာ့နှင့် လောင်စန်းထံတွင် ဖိအားများ မရှိချေ။ သို့သော် နှင်းများ ထူထပ်စွာ ကျဆင်းနေ၍ အပြင်သို့ မသွားနိုင်ပေ။ 


ဤနှစ်၏ရာသီဥတုက အမှန်ပင် ကြမ်းတမ်းလှသည်။ 


ဒီဇင်ဘာအလယ်တွင် သတင်းဆိုးတစ်ခု ဖြစ်ပေါ်လာသည်။ ရွာထဲရှိ လူအိုကြီးတစ်ဦးက ညအလယ်တွင် အေးခဲပြီး သေဆုံးသွားသည်။ 


ထိုလူအိုကြီးက လူပျိုကြီးတစ်ဦး ဖြစ်သည်။ သူ၏ဆိုးဝါးသော စရိုက်ကြောင့် တစ်သက်လုံး မိန်းမမရခဲ့ချေ။ သူ့ကို ကူညီမဲ့သူ တစ်ဦးမှ မရှိခဲ့ချေ။ 


အရေးအကြီးဆုံးအရာမှာ ဤရာသီဥတုအတွင်း သူက ဤအသက်အရွယ် ဖြစ်နေပြီဖြစ်၏။ သူက သည်လို ရာသီဥတုကို ကြုံတွေ့ဖူးသော်လည်း ထင်းများများ မပြင်ဆင်ထားခဲ့ပေ။ သူ့ခန္ဓာကိုယ်က မကောင်းတော့၍ သူက တကယ့်ကို အေးခဲပြီး သေဆုံးသွားခဲ့လေသည်။ 


သူ အသက်ရှင်စဉ်က မည်သို့သောလူမှန်း သိကြပေသည်။ သို့သော် သူ သေဆုံးပြီးနောက် သေဆုံးသောသူကို ပို၍ ဦးစားပေးကြ၏။ လူငယ်များက မည်သည့်စကားမျှ မဆိုကြဘဲ စာနာစိတ်ဖြင့် အသုဘကိစ္စများကို ဆောင်ရွက်ပေးကြသည်။ ထိုသို့သော ရာသီဥတုမျိုးကြောင့် မတတ်နိုင်ဘဲ အပြေးအလွှားသာ လုပ်ရပေသည်။ 


ထိုဖြစ်ရပ်အပြင် အခြားသော အိမ်ထောင်စုများတွင်လည်း ပြဿနာများ ရှိခဲ့သည်။ နှင်းထူထပ်မှုကြောင့် အိုမင်းပြီး မပြုပြင်ထားရသည့် အိမ်မှာ ပြိုကျလာခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုအချိန်တွင် လူများမှာ နိုးထနေကြသည်ဖြစ်၍ လျင်မြန်စွာ ပြေးလိုက်နိုင်ကြသည်။ သူတို့က အဖိမခံလိုက်ကြရပေ။ မဟုတ်ပါက တခြားသော ဆိုးဝါးမှုတစ်ခု ထပ်ဖြစ်နိုင်လေ၏။ 


နောက်နေ့တွင် ကျိုးချင်းပိုင်နှင် သူ့အစ်ကိုများက သူတို့၏အိမ်အဟောင်းအပါ သူတို့၏အိမ်ခေါင်မိုးများကို စစ်ဆေးခဲ့ကြသည်။ သူတို့က ဂရုတစိုက် စစ်ဆေးပြီးနောက် မည်သည့်ပြဿနာမျှ မတွေ့တော့မှ စိတ်သက်သာရာ ရသွားကြသည်။ 


သို့သော်လည်း ယင်းက အလွန်အမင်း အေးခဲနေသည်။ လူများစွာက ထင်းများ မလုံလောက်ကြချေ။ အိမ်နီးချင်းများထံတွင်သာမက မည်သည့်နေရာကမဆို ချေးငှားကြရသည်။ 


ဤရာသီဥတုတွင် မည်သူက ထင်းများ ချေးငှားပေးမည်နည်း။ အေးပါက ထင်းရှာဖို့ တောင်ပေါ်ကို ကိုယ်တိုင်သွားရပေမည်။ 


မည်သည့်မိသားစုကများ သူတို့မိသားစုအတွက် ထင်းများကို မသိမ်းထားချင်မည်နည်း။ ထင်းအချို့ ချေးငှားခြင်းက မဖြစ်နိုင်ပေ။ 


ဝက်သားကို ဒီဇင်ဘာ၂၀မှာ ဝေငှပေးခဲ့သည်။ ၂၅ရက်နေ့တွင် ကျိုးရှီက သတင်းကောင်းပြောပြလာသည်။ သူ့ယောက်မ မနေ့ညက ဝဝကစ်ကစ်တူလေးကို မွေးဖွားခဲ့သည်။