အခန်း (၂၀၃) - ရာသီဥတုက အလွန်အမင်း အေးသည်
ကျိုးချင်းပိုင်မှာ သူ့ဇနီး၏ နှိပ်ပေးမှုကြောင့် အလွန်သက်သောင့်သက်သာဖြင့် ကျေနပ်နေလေသည်။ သူတို့သားသုံးဦးအတွက်မူ သူက စိတ်မပူချေ။ သူမသည် သူတို့ကို ကောင်းမွန်စွာ သင်ကြားထားပေးပြီး ဖြစ်၏။
သူသည် အလွန်ပင်ပန်းနေ၍ ဖြစ်နိုင်ပေသည်။ သူ့ဇနီး၏ နှိပ်နယ်ပေးရင်းဖြင့် သူ တကယ့်ကို ငိုက်မျည်းသွားတော့သည်။
လင်းချင်းဟယ်က သူ့အား မနှောင့်ယှက်ပေ။ ဆောင်းရာသီရိတ်သိမ်းကာလတွင် သူမသည် ဟင်းအမယ်တစ်မျိုးသာ ပြင်ဆင်ထားသော်လည်း အလွန်ပင်ပန်းနေပြီဖြစ်၏။ စိတ်တင်းထားတာ လျော့ကျသွားသည့်အခါ လူတိုင်းသည် သဘာဝကျကျ အိပ်မောကျသွားကြပေလိမ့်မည်။
သူသည် နောက်ရက်မနက် ၄နာရီတွင် ထလိုက်သည်။
သူ ထသည့်အချိန်တွင် လင်းချင်းဟယ်က စောစောထပြီး မနက်စာ ပြင်ဆင်နေပြီး ဖြစ်သည်။
ဆောင်းရာသီ ရိတ်သိမ်းကာလအတွင်း ဗိုက်မြန်မြန် မဆာစေဖို့ မန်ထိုကဲ့သို့သော စားစရာကို စားရမည်။ ကြီးမားသော မန်ထိုဖြူဖြူကို သခွားသီးနှင့်ကြက်ဥကြော်..၊ အသားတစ်ပန်းကန်နှင့် တည်ခင်းထားသည်။
သူက အဖေကျိုးနှင့်အတူတူ စားလိုက်သည်။ ပြီးနောက် အဖေနှင့် သားသည် မနက်စာစားပြီးနောက် ထွက်သွားကြသည်။
ထိုစဉ် လင်းချင်းဟယ်က ပြန်အိပ်နေပြီဖြစ်၏။
ထိုရက်များအတွင်း ရာသီဥတုက အတန်ငယ် တိမ်ထူလေသည်။ ထုတ်ဝေရေးအသင်းက အလွန် အလုပ်များနေ၏။ ဆောင်းဦးမိုးရောက်လာခြင်းက စောလွန်းမှာ စိုးရပြီး သူတို့အားလုံး မနက်ကနေ ညအထိ စပါးများ ပြောင်းများကို ရိတ်သိမ်းကြသည်။
နေလှန်းထားတဲ့ ခြံဝန်းတွင်ပင် လူများ စောင့်ကြည့်နေကြရသည်။ ဘယ်သူမှ မရှိဘဲ တစ်ခဏလေးတောင် သွားလို့ မရချေ။
ထိုအခြေအနေတွင် လင်းချင်းဟယ်၏ကျောင်းပင် ခဏမျှ ပိတ်ထားရလေ၏။
အမေကျိုးသည်ပင် စုရွှမ်းကို အိမ်တွင် ချန်ထားခဲ့ပြီး အနည်းငယ် စောင့်ကြည့်ကူရလေသည်။ သူမသည်လည်း နေလှန်းသော ခြံဝန်းမှာ ကူညီရသည်။
လင်းချင်းဟယ်က မိသားစု သုံးနပ်စာအတွက် အဓိက တာဝန်ယူထားရသည်။ သူမသည် သုံးနပ်လုံး ကောင်းကောင်းချက်ပြုတ်ဖို့ ကြိုးစားရလေ၏။
ဤနှစ်တွင် ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာမည်ကို စိုးရိမ်နေရသည့်အတွက် ဆောင်းရာသီရိတ်သိမ်းမှုက အလွန်လျင်မြန်ခဲ့လေသည်။
ခေါင်းဆောင်က အလုပ်ရမှတ်တွေကိုတောင်မှ တိုးမြင့်ပေးခဲ့သည်။ ကျိုးချင်းပိုင်က အလုပ်ရမှတ် ၁၂မှတ် ရရှိခဲ့သည်။ အလုပ်ကြိုးစားဖို့ အစီအစဉ် မရှိသော အဖေကျိုးကတောင်မှ အလုပ်ရမှန် ၁၀မှတ်ကို ထပ်မံ ရရှိခဲ့သည်။ ယင်းမှာ လျင်မြန်ဖို့က အလွန်အရေးကြီးပေ၏။
ဆောင်းရာသီရိတ်သိမ်းမှုသည် နိုဝင်ဘာလအထိ ရောက်မည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာလကုန်တွင် ပြီးဆုံးခဲ့လေသည်။
ထို့အပြင် ကောင်းကင်က အလွန်လှပနေခဲ့၏။ တိမ်ထူနေသော်လည်း မိုးမရွာခဲ့ချေ။
ပြည်သူပိုင်စပါးများ အပ်နှံပြီးနောက်မှသာ မိုးရွာလာ၏။ နောက်ဆုံးသော စားစရာများကို မျှဝေရန် စီစဉ်နေချိန်၌ ရွာလာခြင်း ဖြစ်၏။
သို့တိုင် ခေါင်းဆောင်နှင့် အခြားသူများသည် စားစရာများကို လူတိုင်းဆီသို့ ချက်ချင်းဝေငှပေးနိုင်ခဲ့သည်။ သို့မှသာ ဤနှစ်အတွက် အလုပ်ပြီးသည်ဟု ဆိုနိုင်ပေမည်။
ယခင်နှစ်ကအတိုင်း လင်းချင်းဟယ်က အသင်းရှိ ကျန်နေသေးသော စားစရာများကို ကျင်းရာအနည်းငယ်ကို တယ်ယူခဲ့သည်။ ယင်းတို့မှာ အရောင်းအဝယ်လုပ်ရန် ဖြစ်၏။
တစ်နှစ်ပတ်လုံး သူမသည် အမြတ်များစွာ ရရန် ဤနှစ်ဆောင်းရာသီ ရိတ်သိမ်းမှုကို မှီခိုရပေမည်။
အကြောင်းမှာ စပါးအသစ်ဖြစ်၍ အမြတ်က တစ်ဝက်တင်လေသည်။ ထို့ကြောင့် ယင်းက အလွန်ကြီးမားပေ၏။ သူမထံတွင် လှည့်စားနိုင်သော နေရာလွတ် ရှိပေသည်။ ထို့ကြောင့် အမြတ်ရအောင် မလုပ်ပါက နှမြောဖွယ်ပင်။
ဆောင်းဦးမိုးရွာပြီးနောက် ကောင်းကင်သည် တိမ်ရှိနေသေးဆဲ ဖြစ်ကာ အပူချိန်မှာ အလွန်ကျဆင်းသွား၏။
“ဒီနှစ်က သိပ်အေးမှာကို ငါ စိုးရိမ်တယ်”
အမေကျိုးက ရာသီဥတုအခြေအနေကို ခံစားမိပြီး ပြောလေသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ” လင်းချင်းဟယ်က မေးလိုက်၏။
“မင်းအဖေပြောတာ နားထောင် အရင်တုန်းက ဒီလိုမျိုးဖြစ်တာကို သူ မှတ်မိတယ်။ အောက်တိုဘာမှာ ရာသီဥတုက တအားအေးသွားတာ။ အဲဒီနှစ်က ရွာက လူအိုတွေက အေးခဲပြီးတော့ သေကုန်တယ်” အမေကျိုးက ရှင်းပြသည်။
လင်းချင်းဟယ်သည် လူကြီးများ၏ အတွေ့အကြုံကို သိလိုက်သည်နှင့် သူမက ၎င်းကို လျှော့မတွက်ရဲချေ။
ထိုနေ့တွင် သူမသည် ကျိုးချင်းပိုင်အား ကြက်သတ်စေပြီး မိသားစုအတွက် ကြက်သားစွပ်ပြုတ် ချက်လိုက်သည်။ ပြီးနောက် သူမက မိသားစုအတွက် အစားအသောက်များကို သတိရှိရှိ စီမံတော့သည်။
အမေကျိုးပြောတာကို နားထောင်ပြီးနောက် ဤနှစ်သည် အလွန်အမင်း အေးနိုင်ပြီး သူမသည် မြို့သို့ နောက်တစ်ဖန်သွားကာ သူမအဆက်အသွယ်မှတစ်ဆင့် ကျောက်မီးသွေးအားဖြည့်လောင်စာအိတ်တချို့ကို တယ်လိုက်တော့သည်။
ကျိုးချင်းပိုင်ကမူ ဆောင်းစပါးစိုက်ပျိုးရာတွင် ပါဝင်ခဲ့သည်။
လင်းချင်းဟယ်က ရွာရှိ ဆယ်ကျော်သက်အချို့ကို ခေါ်ပြီး မိသားစုဝင်များ အချိန်မရှိ၍ ထင်းများ ပြတ်နေသည်ကို ပြောလိုက်၏။ သူမက သူတို့အား အချို့ကို ကူညီယူလာပေးရန် မေးလိုက်သည်။
ကလေးတွေက ယင်းကို ကြားသောအခါ အလွန်ပျော်ရွှင်သွားကြသည်။ လူရွယ်လူငယ် လေး ငါးယောက်က လှည်းတစ်စီးကို ဆွဲထုတ်သွားကြသည်။
ရက်အနည်းငယ် ကြာပြီးနောက် သူမသည် မိသားစုအတွက် ထင်းများကို စုဆောင်းနိုင်ခဲ့သည်။ ငွေအနည်းငယ် ကုန်သွားသော်ငြား ယင်းက ဆောင်းစပါးစိုက်ပြီးနောက် ထင်းရှာရမည့် ကျိုးချင်းပိုင်ကို သက်သာစေခဲ့သည်။
ဤဆောင်းရာသီသည် အလွန်ပင် အေးခဲလောက်၏။ ရွာထဲရှိ သက်ကြီးရွယ်အိုများသည် အတွေ့အကြုံရှိပြီး ဤနှစ်ဆောင်းအတွက် ပြင်ဆင်ကြလေသည်။
ဤနှစ်ဆောင်းတွင် မည်သည့်အရာမျှ မဖြစ်ချင်ကြပေ။ နောက်ဆုံးအေးခဲသွားခဲ့သော ရွာမှ လူအိုကြီးတစ်ဦးသည် အန္တရာယ်ဖြစ်သည်အထိ အေးခဲသွားခဲ့ခြင်း ဖြစ်ပေသည်။
ဂျုံစိုက်ပျိုးပြီးနောက် တတိယမောင်လေးလင်းသည် တမင်သက်သက် အလည်ရောက်လာခဲ့သည်။ သူက အသားတစ်ပိုင်းကို ဝယ်လာခဲ့၏။
မကြာသေးမီကမှ ပျံ့နှံ့နေသော အလွန်အေးမည့် အကြောင်းကိုလည်း ပေးသိလာသည်။
“ဒီဘက်ကို စိတ်ပူဖို့ လိုလို့လား။ မင်းဘက်ကရော။ ဘာတွေ ပြင်ဆင်ထားပြီလဲ” လင်းချင်းဟယ်က ပြနမေးလိုက်သည်။
“အင်း... ဒီနှစ် ငါတို့အိမ်မှာ အေးမှာ မဟုတ်ဘူး” တတိယမောင်လေးလင်းက ပြောသည်။
“အသားဖြန့်ဝေတာက ရှားပါးတယ်။ မင်းမိသားစုအတွက် မယူသွားဘဲ ဘာလို့ ဒီကို ယူလာတာလဲ။ ငါတို့မှာ အသားမဖြန့်ဝင်လို့လား” လင်းချင်းဟယ်က ပြောလိုက်သည်။
ဤနှစ်တွင် သူမမိသားစုအား အများအပြား ခွဲဝေပေးခဲ့သည်။ အမှန်ကို အများအပြားပင်။ တတိယမောင်လေးလင်းက ဝက်သားတစ်ပိုင်းကို ယူလာခဲ့ပြီး သူ ပြန်သွားသောအခါ ဂေါ်ဖီထုပ်ကြော် အနည်းငယ်ကို ပြန်ယူသွားခဲ့သည်။
ကျန်သည်မှာ လောင်စန်းငယ်စဉ်က ဝတ်ခဲ့သော အဝတ်နှစ်ထည် ဖြစ်လေသည်။ နှစ်ခုလုံးက အလွန်နွေးထွေးလေ၏။
ယခင်ကတော့ ယင်းကို စုချန်လေးအတွက် ထားထားတာ ဖြစ်သည်။ သို့သော် ပြန်တွေးပြီးနောက်တွင် စုတာ့လျန်နှင့် ကျိုးရှောင်မိန်က အတော်လေး အဆင်ပြေသည်။ သူတို့သည် ဝန်ထမ်းများဖြစ်ပြီး ကူပွန်လက်မှတ်တွေ ပြတ်လပ်တာမျိုး မရှိပေ။ ထို့ကြောင့် သူမက သူမမောင်လေးကို ပေးလိုက်ခြင်းဖြစ်သည်။
အသားတစ်ပိုင်းမှာ တတိယယောက်မ၏ အမိန့်အရ မောင်လေးလင်းက လာပို့ခြင်းဖြစ်သည်။ သူမသည် တတိယအစ်မအား ရိုးရိုးသားသားသာ ပေးချင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ကတ်တီတစ်ဝက်သာ ရှိသော်လည်း မိသားစုအတွင်း ဂရုစိုက်ခြင်း ဖြစ်ပေသည်။
သူမ၏ယောက်ျားသည် အဖြူရောင်ဘန်းမုန့်အချို့နှင့် အဝတ်နှစ်ထည် ယူ၍ ပြန်လာမည်ဟု သူမ မတွေးခဲ့ဖူးပေ။ ယင်းတို့မှာ ထိတွေ့ရုံဖြင့် အလွန်ထူထဲပေသည်။ ယင်းတို့မှ သူမသားအတွက် အနည်းငယ် ကြီးသော်လည်း ကိစ္စမရှိပေ။ ၎င်းက ပြည့်စုံနေပြီဖြစ်၏။
“တတိယအစ်မက ငါတို့မိသားစုကို တကယ် စေတနာရှိတယ်” တတိယယောက်မလင်းက စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်သည်။
“ငါ့အစ်မက နောက်တစ်ခါ အသားရရင် ငါတို့ဘာသာ သိမ်းထားဖို့ ပြောတယ်။ ငါတို့ အဲဒါကို ပို့ပေးဖို့ မလိုဘူးတဲ့။ သူမတို့မှာ ပမာဏအများကြီး ခွဲတမ်းရတယ်” တတိယမောင်လေးလင်းက ပြောသည်။
“နောက်နှစ်ကျရင် ငါတို့ ဥတွေကို သိမ်းထားပြီးတော့ တတိယအစ်မကို ပို့ပေးရမယ်” တတိယယောက်မလင်းက ဆုံးဖြတ်လိုက်သည်။
တတိယအစ်မထံမှ ပစ္စည်းများကို သူတို့ အမြဲတမ်း လက်ခံနေ၍ မရပေ။ သူတို့ တချို့ကို ပို့ပေးဖို့ လိုပေသည်။ ဘယ်လောက်လဲဆိုတာက ကိစ္စမရှိ၊ အတွေးရှိသူ ဖြစ်ရပေမည်။
တတိယမောင်လေးလင်းက ဘာမှမပြောချေ။ သို့သော် သည်နေ့ကနေ သူ စပြီးတော့ ပြင်ဆင်ဖို့ ထင်းများစုဆောင်းရပေမည်။ သူ့အစ်မကကိုတော့ သူ စိတ်ပူဖို့ မလိုပေ။ သူမသည် သူ့တူများကို ဘယ်လိုမှ အေးခိုင်းမည် မဟုတ်ချေ။ သူသည် ထင်းအပုံလိုက်ကို မြင်တွေ့ခဲ့ပြီးဖြစ်၏။
ဤနှစ်ဆောင်းက အလွန်အေးပေသည်။ ဂျုံစိုက်ပျိုးသည့် တစ်ပတ်အကုန် မိုးကျလာပြီးနောက်ပိုင်းတွင် အပူချိန်မှာ တစ်ဒီကရီ နှစ်ဒီကရီအထိ ကျဆင်းသွား၏။ ညဆိုလျှင် ပိုအေးသေးသည်။
၇ရက် ၈ရက်ခန့် မိုးရွာပြီးနောက်တွင် နှင်းကျတော့သည်။
ရာသီဥတုက ပို၍ အေးလာတော့သည်။
လင်းချင်းဟယ်သည် မနက်ခင်း မုန်လာဥအရိုးစွပ်ပြုတ်ကို ချက်ပြီး မန်ထိုနှင် စားကြသည်။ စားပြီးနောက် သူမက လောင်တကို ခေါ်ပြီး ကျောင်းသို့ သွားသည်။
ဆောင်းရာသီ အားလပ်ရက် မဟုတ်သေးချေ။ သူတို့တွင် အတန်းရှိသေး၏။ သို့သော် အလွန်အေးပေသည်။
သူမက သူမဘာသာ အသားအရေထိန်းခရင်ကို လိမ်းထားသည်။ လောင်တကိုလည်း မျက်နှာလူးခရင်ကို လိမ်းခိုင်းထား၏။ သို့သော် ယင်းက အလွန်အေး၏။ အနည်းဆုံးတော့ လင်းချင်းဟယ် မြင်တွေ့လိုက်ရတာက အတန်းထဲရှိ ကလေးများသည် အအေးဓာတ်ကြောင့် မျက်နှာများနီနေလေသည်။
ရာသီဥတုက သိပ်အေးသောကြောင့် အလယ်တန်းကျောင်းကို ဤနှစ်တွင် တစ်ပတ်စောပိတ်လိုက်၏။ ယင်းက ဒီဇင်ဘာလအတွင်း ရောက်သွားပြီး အားလပ်ရက်သို့ ရောက်သွားလေသည်။