အခန်း (၂၃၇) - အဆောင်နေ အဖော်များ
ကျိုးကျားရွာ၏ ပညာတတ်လူငယ်များသာ ကွာရှင်းရန်အတွက် တွန်းအားပေးသည် မဟုတ်ပေ။ တခြားသော ထုတ်လုပ်ရေးအသင်းများသည်လည်း အတူတူပင် ဖြစ်သည်။
ယင်းက ပြဿနာကို အဆက်မပြတ် ဖြစ်လာစေ၏။ ကျေးဇူးတင်ဖို့ကောင်းစွာဖြင့် စတုတ္ထလေး၏ ဇနီးက လုံလောက်အောင် ပြတ်သားခဲ့သည်။ မဟုတ်လျှင် လက်ရှိပြဿနာများကို မည်သူက စာရင်းလာရှင်းပေးမည်နည်း။
သို့သော် ပညာတတ်လူငယ်များ၏ ဆုံးဖြတ်ချက်မှာ လုံးဝ မယိမ်းယိုင်ပေ။ ခေါင်းဆောင်၏ သားမက်သည်ပင် ကွာရှင်းချင်သည်။
သို့သော်လည်း သူက သူ စာမေးပွဲ အောင်မြင်ခဲ့ပါက သူ့ဇနီးနှင့် ကလေးများကို သေချာပေါက် လာခေါ်မည်ဟု ကတိပေးခဲ့သည်။
ထိုကတိကို ဖြည့်ဆည်းပေး မပေး မည်သူ သိမည်နည်း။
လင်းချင်းဟယ်နှင့် လောင်တက ၁၉၇၈ခုနှစ် ပေကျင်းတက္ကသိုလ်၏ ကျောင်းသားများ ဖြစ်လာသည်။
သူမက လောင်တကို လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားရန် ပြောခဲ့သည်။ သို့သော်ငြား လင်းချင်းဟယ်ထံတွင်မူ မတူညီသော အစီအစဉ် ရှိသည်။
လက်ရှိတက္ကသိုလ်အရ သူမက ၄နှစ်မှသာ ဘွဲ့ရလိမ့်မည်။ အချို့သော ဌာနများကမူ ၅နှစ် ၆နှစ် ဖြစ်၏။ လင်းချင်းဟယ်ကမူ ထိုမျှ အချိန်မကုန်ချင်ပေ။
သူမသာ လက်ရှိလမ်းကြောင်းအတိုင်း လိုက်ပါက ယင်းက အလွန် နှောင့်နှေးပေလိမ့်မည်။ လင်းချင်းဟယ်က ငွေရှာချင်သေး၏။
ပြုပြင်ပြောင်းလဲခြင်းနှင့် အကန့်အသတ်ကျဆင်းခြင်းက ဒီနှစ်တွင် စမည်ဖြစ်သည်။ နှစ်တိုင်း ယခုမှစ၍ ကြီးမားသော တိုးတက်မှု ရှိလာလိမ့်မည်။
ထို့ကြောင့် လင်းချင်းဟယ်က အားလုံးကို လေ့လာသည်။
သူမက နိုင်ငံခြားဘာသာစကားဌာနက ဖြစ်သည်။ အစပိုင်းတွင် လောင်တကလည်း သူ့မိခင်နောက်သို့ လိုက်ပါပြီး နိုင်ငံခြားဘာသာစကားဌာနတွင် ပညာသင်ကြားလိုသော်လည်း လောင်တ၏ ကျွမ်းကျင်မှုက ပထဝီဝင်ဖြစ်၍ လင်းချင်ဟယ်က ငြင်းပယ်လိုက်သည်။
ထို့ကြောင့် လင်းချင်းဟယ်က သူ့ကို ပထဝီဌာနတွင် တက်ရောက်စေခဲ့သည်။
ဒါပေမယ့် အင်္ဂလိပ်လိုကိုတော့ လင်းချင်းဟယ်က သူ့ကို သင်ပေးနိုင်ပါသည်။
လောင်တက သူ့ဌာနမှ အတန်းပြီးလျှင် သူ့အမေ၏ အတန်းသို့ ရှိမရှိ လာရှာတတ်သည်။
လောင်တလောက် ငယ်ရွယ်သော ကောလိပ်ကျောင်းသားက ပေကျင်းတက္ကသိုလ်ကဲ့သို့သော နေရာမျိုးတွင်ပင် အလွန်ရှားသည်။ ထပ်ပြောရလျှင် သူ့ထံတွင် ကောင်းမွန်သောအဆင့်၊ စကားပြောနိုင်မှု၊ ရွှင်ရွှင်ပျပျ နေတတ်မှုနှင့် ရုပ်ရည်ချောမောမှုတို့ ရှိသည်။ ပေကျင်းတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ ကျောင်းသားများက သူ့ကို အလွန်နှစ်သက်ကြ၏။
သဘာဝကျကျပင် သူတို့က နိုင်ငံခြားဘာသာစကားဌာနမှ သူ့အမေ လင်းချင်းဟယ်ကိုလည်း သိကြသည်။
သားအမိနှစ်ယောက်သားက ပေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ ယင်းက တက္ကသိုလ်၏ ပြောစမှတ်တွင်စရာ ဖြစ်ခဲ့၏။
လင်းချင်းဟယ်က လောင်တကို တအားမကြိုးစားဖို့နှင့် ဘတ်စ်ကတ်ဘော သို့မဟုတ် တခြားသော လေ့ကျင့်ခန်းများ နေ့တိုင်း လုပ်ရန် တိုက်တွန်းသည်။ သူမကိုယ်တိုင်အတွက်မူ သူမက အချိန်ရသည်နှင့် စာကြည့်တိုက်တွင်သာ ရှိသည်။
တစ်ခါတစ်လေ သူမက တစ်နေကုန် ရှိနေတတ်သည်။ စာကြည့်တိုက်မှ လူအိုကြီးက သူမကို အရမ်းအကောင်းမြင်သည်။
ထိုနေ့တွင် လင်းချင်းဟယ်က အနည်းငယ် နောက်ကျပြီး နေရာမရလုနီးပါး ဖြစ်ခဲ့သည်။
သူမက တစ်ဦးတည်းသော စာကြိုးစားသူ မဟုတ်ပေ။ တခြားသော ကျောင်းသားများကလည်း အလွန်ကြိုးစားကြသည်။ သူတို့အားလုံးက ကြိုးကြိုးစားစားဖြင့် သူတို့ လေ့လာနိုင်သလောက် လေ့လာကြသည်။
လူအိုကြီးက စာကြည့်တိုက်ထဲ သူမကို နေရာတစ်နေရာ ရှာပေးပြီးနောက်။ “အတန်းဖော် ဒီမှာလာထိုင် အဲနားမှာ နေရာတစ်ခု ရှိတယ်”
လင်းချင်းဟယ်က သူ့ဆီ သွားလိုက်ပြီး ကျေးဇူးတင်သည်။
“ငါကြားတာတော့ မင်းက ကျောင်းမတက်ဖူးဘူးဆို။ စာတတ်မြောက်ရေးအတန်းကို ရက်နည်းနည်း တက်ပြီးတော့ ကျန်တာ ကိုယ်တိုင် လေ့လာသင်ယူတာလား။” ဟု လူအိုကြီးက မေးသည်။
“ကျွန်မ ငယ်ငယ်တုန်းက တအားစာသင်ချင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်မမိဘတွေက ခွင့်မပြုခဲ့ဘူး။ နောက်တော့ ကျွန်မက ကံကောင်းပြီး ကျွန်မအမျိုးသားနဲ့ ဆုံတွေ့ခဲ့တယ်။ သူ ဒဏ်ရာရပြီး အနားမယူခင်က လတိုင်း ဝင်ငွေရှိတယ်။ ဒီတော့ ကျွန်မက ပျင်းပြီး အလုပ်မလုပ်ဘူး။ အိမ်ထဲမှာပဲ ပုန်းနေပြီးတော့ ကလေးတွေကို ကြည့်ရင်း စာလေ့လာတယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
သူမက ထိုအရာများကို သူမကိုယ်တိုင် ပြောထားခြင်း မဟုတ်ပေ။ ထိုအကျင့်မကောင်းသော လောင်တက ထိုအကြောင်းများကို ကြွားလုံးထုတ်ထားခြင်း ဖြစ်ပေသည်။
လောင်တက မြို့တော်တစ်ခုလုံးအား လင်းချင်းဟယ်သည် သူ့အမေဖြစ်ပြီး အမျိုးသားနှင့် သားနှစ်ယောက်က အိမ်မှာ ကျန်ခဲ့ကြောင်း သိစေချင်ခဲ့သည်။
လင်းချင်းဟယ်က လောင်တကို ထိုအရာများ ပြုလုပ်ရန် ခွင့်ပြုခဲ့၏။ သူမက အလွန် ထင်ရှားသည်။ ကျောင်းလာတက်ပြီး မကြာမီတွင် တစ်စုံတစ်ယောက်က သူမကို ချစ်ခွင့်ပန်သည့်စာ အပေးခံခဲ့ရသည်။
ထိုကောင်လေးက ယင်းကို တစ်ကြိမ် ကြုံတွေ့ပြီးနောက် သူက ချက်ချင်းပင် ‘ကျွန်တော့်အမေ’ ဟူသည့် စာစီစာကုံးကို ရေးသားခဲ့သည်။ ရှည်လျားလှပြီး ခွန်အားပြည့်သော စာလုံး ၃၀၀၀ ရှိသည်။ ပြီးနောက် သူက ထုတ်ပြန်ကြေညာချက်ဘုတ်တွင် တိုက်ရိုက် သွားကပ်ထားလိုက်တော့သည်။
ရုတ်တရတ်ဆိုသလိုပဲ တက္ကသိုလ်မှ ဆရာများနှင့် ကျောင်းသားများ အားလုံးက သိရှိသွားတော့သည်။
ယင်းလှုပ်ရှားမှုက အလွန်အကြင်နာမဲ့သည်။ သူမကို ရည်ရွယ်သူအားလုံး တစ်ချက်တည်း အလဲထိုးခံလိုက်ရသည်။ တစ်ယောက်ယောက်သာ သူမကို တွေးနေသေးပါက ယင်းက သူတို့သည် သူ့မိသားစုကို ဖျက်ဆီးလိုသော ယုတ်မာသူများ ဖြစ်ပေမည်။
သို့သော်ငြား လင်းချင်းဟယ်က သူ့ကို အပြစ်မတင်ခဲ့ပေ။ သူမက သူ့ကို စိတ်လုံခြုံမှုရှိအောင် ဆက်ဆံပေးခဲ့သည်။ သို့တိုင် ယင်းနည်းလမ်းက ပြဿနာများစွာကို ဖြေရှင်းပေးပြီး သူမကို အေးအေးဆေးဆေး စာလေ့လာစေနိုင်သည်။
စာကြည့်တိုက်မှုးအိုကြီးက ယင်းကို ကြားပြီးနောက် ရယ်မောလိုက်သည်။ “တိတ်တိတ်လေး စာလေ့လာနေတုန်းက ဒါကို မသိကြတော့ ရွာမှာ မင်းကို ဆိုးတယ်လို့ ပြောကြမှာပဲ”
“ကျွန်မရဲ့ဂုဏ်သတင်းက ဆိုးဝါးတယ်။ ကျွန်မကို နာမည်ဆိုးဆိုးတွေ ပေးထားကြတယ်။ ရွာမှာ နံပါတ်တစ် အသုံးအဖြုန်းအကြီးဆုံးဇနီး၊ ဘယ်လို နေထိုင်သုံးစွဲရမလဲ မသိတဲ့နေရာမှာ နံပါတ်တစ်ဇနီး၊ အပျင်းဆုံးမိန်းမ၊ အများကြီးပဲ။ ကျွန်မတောင် မရေတွက်နိုင်တော့ဘူး။ ဘယ်သူကမှ ကျွန်မနဲ့ အပေါင်းအသင်း မလုပ်ချင်ကြဘူး” ဟု လင်းချင်းဟယ်က ပြုံးပြုံးလေး ပြောပြခဲ့သည်။
“တိုက်ခိုက်မှုတွေ ဘယ်လောက်ခံရခံရ၊ လေလမ်းကြောင်းမှန်ရင် သန်မာတယ်” စာကြည့်တိုက်မှုးအိုကြီးက ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံး၏။ စာကြည့်တိုက်မှုးအိုကြီးက သူမကို စာလုပ်ခွင့် ပြုလိုက်ပြီး ထပ်မနှောင့်ယှက်တော့ပေ။ သူက လင်းချင်းဟယ်နှင့် ရင်းနှီးလေသည်။ လင်းချင်းဟယ် နောက်ကျတိုင်း သူက သူမအတွက် တစ်နေရာစာ သီးသန့်ထားပေးလေ့ ရှိသည်။
လင်းချင်းဟယ်ကလည်း သူ့အတွက် ဝက်သားနှပ်ကို ပန်းကန်တစ်ချပ်စာ ပိုချက်ပြီး ပေးလေ့ ရှိသည်။
“ဦးလေး၊ ကျွန်တော့်အမေ ဒီနေ့ ဒီမှာ ရှိနေသေးလား” ကျိုးခိုင်က လာပြီးနောက် စာကြည့်တိုက်မှုးလူအိုကြီးကို မေးလိုက်သည်။
“ရှိသေးတယ်” စာကြည့်တိုက်မှုးလူအိုကြီးက ပြန်ဖြေ၏။
ကျိုးခိုင်က သူ့ကို ကျေးဇူးတင်လိုက်ပြီးနောက် သူ့အမေကို ရှာရန် လာခဲ့သည်။ လူအိုကြီးက သူ့ကို ဝမ်းနည်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူ့သားနှင့် ချွေးမသာ ရှိသေးပါက သူ့မြေးက ထိုအသက်အရွယ်သို့ ရောက်ပေလိမ့်မည်။
ကျိုးခိုင်က သူ့အမေကို ရှာတွေ့သွား၏။ လင်းချင်းဟယ်က ကောက်ချက်ချသည်။ “မင်းက ချွေးတွေ စိုနေတာပဲ။ ဘာတွေ လုပ်နေတာလဲ”
“အမေ ဒီတစ်ပတ် ပိတ်ရက်ကျရင် ကျွန်တော့်အတန်းဖော်နဲ့ အပြင်ထွက်ဖို့ စီစဉ်ထားတယ်။ သူက မြို့တော်ကပဲ” ကျိုးခိုင်က ပြောသည်။
“ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်းရဲ့ကျောင်းသားကတ် ယူသွားဖို့ သတိရ” လင်းချင်းဟယ်က သတိပေးလိုက်သည်။
ကျိုးခိုင်က ယင်းကို အတွေ့အကြုံရှိသည်။ လင်းချင်းဟယ်က သူ့ကို မလွှတ်လိုက်မီ နောက်ထပ် ယွမ်အနည်းငယ် ပေးလိုက်သည်။
သူမ၏အခန်းဖော်က ယင်းကို တွေ့သွားပြီးနောက် အားကျစွာ ပြောသည်။ “ငါက မင်းရဲ့သား ဒီလောက်ကြီးပြီလို့ လုံးဝ မထင်ထားဘူး”
ကျိုးခိုင်လို သားမျိုး ဘယ်သူက မလိုချင်လို့လဲ။ အလွန်တောက်ပပြီး ချောမောသည်။ ထိုသို့သော သားမျိုးက အမေတိုင်း၏ စံပြသားမျိုး ဖြစ်သည်။
လင်းချင်းဟယ်က သူမ၏အခန်းဖော် ဝမ်လီနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သူမသည်လည်း ကျေးလက်မှ မိခင်တစ်ယောက် ဖြစ်ကြောင်း သူမ သိထားပေသည်။ သူမသားက ကျေးလက်ဒေသတွင် ရှိသည်။ သူမက ရယ်မောလိုက်ပြီး “သူက ကံကောင်းပြီးတော့ စာမေးပွဲ အောင်ခဲ့တာ မဟုတ်ရင် သူ့ကို ကျေးလက်မှာပဲ ပြုစုပျိုးထောင်ရတော့မှာ ဖိအားက အတော်လေးများမှာ”
“ဒီအရွယ်မှာ ဒီလောက်အရပ်ရှည်ဖို့ သူက အများကြီး စားရမှာပဲ” ဝမ်လီက ပြုံးလိုက်သည်။
“ဟုတ်တယ် တစ်နပ်ကို ဘန်းမုန့်၅ခု စားတယ်။ သူက သူ့အဖေထက် ပိုစားနေပြီ။ ကျေးလက်မှာ နေတုန်းက ငါ့လစာနဲ့ အလုပ်မှတ်တွေက အားလုံး အဲဒီအတွက် သုံးခဲ့တာ” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
ယင်းက လင်းချင်းဟယ်နှင့် ဝမ်လီကို ကောင်းမွန်သော ဆက်ဆံရေး ဖြစ်စေသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ သူမက ကျေးလက်တွင် သင်ကြားဖူး၏။ သူမက လင်းချင်းဟယ်နှင့် အသက်တူတူလောက် ဖြစ်သော်လည်း သူမကလေးကတော့ ငယ်သေးသည်။ သူတို့က အလွန် နှောင့်ယှက်တတ်သောအရွယ် ၄နှစ် သို့မဟုတ် ၅နှစ်သာ ရှိသေးလေသည်။
“ဒီနှစ်အားလပ်ရက်မှာ ငါ့ကလေးကို ကြည့်ဖို့ ပြန်ရမယ်” ဝမ်လီက ပြောသည်။
“လုပ်သင့်ပါတယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ဝမ်လီက အမူအကျင့်ကောင်း၏။ သူမက ကျေးလက်မှ ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး သူမက သူမအမျိုးသားကို မနှစ်သက်ပေ။ သူမ တက္ကသိုလ်သို့ လာရောက်ခဲ့ပြီးနောက် သူမက သူမသားကိုသာ အလွန်သတိရနေသည်။ ယင်းက လင်းချင်းဟယ်နှင့် ဘာလို့ စကားပြောမိလဲဆိုတာ ဖြစ်၏။
တစ်ရက်တွင် အိပ်ဆောင်သို့ ပြန်လာပြီးနောက် တခြားသူများလည်း ရှိနေသည်။
“ငါ့ဆပ်ပြာ ဘယ်သူ သုံးထားတာလဲ” ဝမ်လီက အိပ်ဆောင်ကို လှည့်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
ဆပ်ပြာက စိုနေသေးပြီး သုံးထားမှန်း သိသာသည်။
“ခဏငှားသုံးတယ်လို့ သဘောထားလိုက်။ ဘာဖြစ်လို့ ဒါကို ပြောဖို့ လိုမှာလဲ” ပြောလိုက်သူက ချန်ရွှယ်ဖြစ်သည်။ သူမက ဝတ်စားရတာကို နှစ်သက်ပြီး ကျေးလက်မှ ပညာတတ်လူငယ်တစ်ဦး ဖြစ်သည်။ ကြည့်ရတာတော့ သူမက အိမ်ထောင်မကျသေးဘူးထင်တယ်။