အခန်း၂၃၈
Viewers 43k

အခန်း (၂၃၈) - သူမအမျိုးသားဆီ အပြန်


ဝမ်လီ၏ မျက်နှာက နက်မှောင်သွားသည်။ 


လင်းချင်ဟယ်က ပြုံးပြီး ပြောလိုက်သည်။ “ငါတို့က အိပ်ဆောင်အဖော်တွေပဲ လူတိုင်းက နှစ်နည်းနည်းလောက် အတူတူ နေကြရမှာ။ ဒီတော့ ဘာက လုပ်သင့်တယ် ဘာက မလုပ်သင့်ဘူးဆိုတာ သိထားသင့်တယ်။ လူတိုင်းက အရွယ်ရောက်ပြီးသား ဆိုတော့ အားလုံး သိကြမယ်လို့ ငါ ယုံကြည်တယ်။”


“မင်းက ခွင့်မပြုချက်မတောင်းဘူးဆိုရင် ခိုးတာပဲ” ဝမ်လီက နှာခေါင်းရှုံ့လိုက်သည်။ 


“ဘာပြောတာလဲ။ ဘယ်လိုလုပ် ခိုးတာ ဖြစ်သွားတာလဲ” ချန်ရွှယ်က မကျေမနပ်ဖြင့် ချက်ချင်း ပြန်ချေပလိုက်သည်။ “ငါ နင့်ဆီက ယူသုံးရုံပဲ ဆိုတော့ ငါ နင့်ဆီကနေ ချေးငှားလိုက်တာပဲ မဟုတ်ဘူးလား။ လူတိုင်းက အိပ်ဆောင်ဖော်တွေပဲလေ။ ဒီလောက် အရမ်းကြီး ပြင်းထန်ဖို့ မလိုဘူးမလား”


“နင် ငါ့ကို ခွင့်တောင်းခဲ့သလား။ ငါ နင့်ကို ခွင့်ပြုတယ်လို့ တစ်ခုခု ပြောမိလား။ နင်က ငါ့ပစ္စည်းကို ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့ကို မပြောဘဲ သုံးတာမလား” ဝမ်လီက သရော်လိုက်သည်။ 


“ဒါက တစ်ခါတည်းပါ။ တအားဒေါသမထွက်ပါနဲ့” တခြားသော အိပ်ဆောင်ဖော်များက ဖျောင်းဖျကြသည်။ 


“ဒါက တစ်ခါတည်းဆိုရင် ပြဿနာမဟုတ်ဘူး။ ဆပ်ပြာဆိုတာက တစ်ကိုယ်ရေသုံးပစ္စည်း။ သွားတိုက်တံနဲ့ ကြွေခွက်တွေရော အဲလိုပဲ။ နင်က ဒါကို ခွင့်ပြုချက် မတောင်းဘဲ သုံးလိုက်တာ” လင်းချင်းဟယ်က အခိုင်အမာ ထုတ်ပြောလိုက်သည်။ 


သူမထံတွင် တစ်ခါ ဖြစ်ဖူးသည်။ သူမကို ရွံရှာသွားစေ၏။ မည်သူ ယူသုံးမှန်း သူမမသိခဲ့ပေ။ ထိုစဉ်က သူမက သူတို့အားလုံးနှင့် ကိစ္စဖြတ်လိုက်ပြီး အားလုံးကို သိမ်းဆည်းထားလိုက်သည်။ 


“နင်တို့နှစ်ယောက်က အမြဲတမ်း အတူတူ ဆိုတော့ နင့်က သူမဘက်ကို လိုက်တာ သဘာဝကျပါတယ်” ချန်ရွှယ်က အံတင်းတင်း ကြိတ်လိုက်သည်။ 


“စကားလမ်းကြောင်း မလွဲနဲ့။ အခု နင်က ဝမ်လီရဲ့ပစ္စည်းကို သုံးလိုက်တာ မတောင်းပန်သင့်ဘူးလား။ ပြီးတော့ နောင်မှာ တခြားသူရဲ့ပစ္စည်းတွေကို မသုံးတော့ဘူးလို့ ကတိပေးရလိမ့်မယ်” လင်းချင်းဟယ်က ပြောလိုက်သည်။ 


ချန်ရွှယ်က နောက်ဆုံးအကြိမ်တွင် သူမပစ္စည်းများကို ယူသုံးခဲ့သူဟု သူမ သံသယဖြစ်မိသည်။ ထိုသို့သော လူစားမျိုးက စိတ်အနှောင့်အယှက် ဖြစ်ဖို့ တကယ်ကောင်းသည်။ သူတို့က သုံးလို့ရမလားဟု ပွင့်လင်းစွာ မေးနိုင်သည်။ အဆင်ပြေပါက ငှားနိုင်သည်။ မပြေပါက ချန်ထားရမည်။ 


လင်းချင်းဟယ်က ခွင့်ပြုချက်မရှိဘဲ သူများပစ္စည်းကို ယူသုံးခြင်းအလေ့အထက စက်ဆုပ်ဖို့ကောင်းကြောင်း ရှာတွေ့ခဲ့သည်။ 


“တောင်းပန်ပါ” ဝမ်လီက ချန်ရွှယ်ကို စိုက်ကြည့်လိုက်သည်။ 


ချန်ရွှယ်က ဆန္ဒမရှိသော်လည်း ဘာမှပြောစရာမရှိပေ။ အဆုံးတွင် သူမက တစ်စုံတစ်ယောက်က သူမကို မှားယွင်းပြီး နစ်နာစေဟန်ဖြင့် တောင်းပန်သည်။ 


လင်းချင်းဟယ်နှင့် ဝမ်လီက ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး စားရန် ထွက်သွားတော့သည်။ 


“ကျေးလက်ကို သွားပြီးတော့ နှစ်တွေအများကြီး လေ့ကျင့်ခဲ့တာ။ သူမက ဒီလို ပြုမူတုန်းလား။ တစ်ယောက်ယောက်က သူမကို အကြွေးတင်ထားသလိုနဲ့” ဝမ်လီက ပျက်ရယ်ပြုလိုက်သည်။ 


လင်းချင်းဟယ်က တခစ်ခစ် ရယ်လိုက်၏။ သို့သော်လည်း သူမက အနည်းငယ် ဇဝေဇဝါ ပြောလိုက်သည်။ 

“သူမက မငယ်တော့ဘူး။ ဘာဖြစ်လို့ လူလွတ်ဖြစ်နေသေးတာလဲ”


“ဘာကို လူလွတ်လဲ။ သူမက လက်မထပ်ရသေးဘူးလို့ ပြောထားတာက ဘာစီစဉ်နေတာလဲတော့ ငါမသိဘူး” ဟု ဝမ်လီက တီးတိုးပြောလိုက်သည်။ 


“နင် ဘာကို ဆိုလိုချင်တာလဲ” လင်းချင်းဟယ်က ပြန်မေးလိုက်သည်။ 


“ငါတို့ဌာနကတစ်ယောက်က သူတို့ရဲ့ ထုတ်လုပ်ရေးအသင်းက လာတာဆိုတော့ သူမကို သိတယ်။ သူမအမျိုးသားက ကျေးရွာအုပ်ချုပ်ရေးမှုးရဲ့သားပဲ၊ ပြီးတော့ သူမမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်” ဝမ်လီက ပြောသည်။ 


“သူမက ကလေးရှိတာတောင်မှ အခုထိ ဒီလိုမျိုးလုပ်နေတာလား” လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်၏။ 


ဝမ်လီက အနားတွင် မည်သူမျှ မရှိကြောင်း မြင်သောအခါ သူမက သူမအသံကို တိုးလိုက်ပြီးနောက် ပြောသည်။ 


“သူမက မနေ့တုန်းက တခြားအမျိုးသားတစ်ယောက်နဲ့ နီးကပ်နေတာကို ငါတွေ့ခဲ့တယ်” အဓိကအချက်ကို ရောက်သွားပြီးနောက် လင်းချင်းဟယ်က သဘောပေါက်သွားတော့သည်။ 


“သူမက သူမအတိတ်ကို လူမသိစေချင်ဘဲ အသစ်တစ်ခု ထပ်စချင်တာ ဖြစ်မယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။ 


ထိုအချိန်တွင် ဝမ်လီ လှည့်လာပြီး ဆွံ့အသွားတော့သည်။ “အသစ်တစ်ခု ထပ်စချင်တယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ”


“ခင်ပွန်းနဲ့ကလေးတွေကို စွန့်ပစ်ချင်တာလေ” လင်းချင်းဟယ်က တည့်တိုး အဖြေပေးလိုက်သည်။ 


ဝမ်လီက မှင်တက်သွားတော့၏။ သူမသည် ကျေးလက်သို့ ပို့ခံရသော မြို့ပြပညာတတ်လူငယ်တစ်ယောက် ဖြစ်သည့်တိုင် သူမက ရိုးရှင်းပြီး ရှေးရိုးစွဲပုဂ္ဂိုလ်ဖြစ်သေးသည်။ သူမက ၎င်းကို ကြားပြီးနောက် အံ့ဩသွားရလေသည်။ 


သို့သော် လင်းချင်းဟယ်ပြောလိုက်သည်က ခန့်မှန်းချက်က ဖြစ်နိုင်ခြေ ရှိသည်။ တစ်ဖက်တွင် ချန်ရွှယ်က လူတွေကို လူလွတ်လို့ ဘာလို့ ပြောထားရတာလဲ။ 


ပြီးတော့ တခြားအမျိုးသားကျောင်းသားများနှင့် အပြန်အလှန် တုံ့ပြန်ရသည်ကို နှစ်သက်သည်။ 


“ဘယ်လို၊ ဘယ်လိုဖြစ်ပြီး ဒီလို လုပ်နိုင်ရတာလဲ” ဝမ်လီက မနေနိုင်ဘဲ ပြောလိုက်မိသည်။ 


သူမက ယင်းကို လက်မခံနိုင်ပေ။ 


“ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲ လိုအပ်ချက်က အိမ်ထောင်သည်တွေ မပါဘူး မဟုတ်လား။ ငါ့စိတ်ထင် ကျေးလက်မှာ ကွာရှင်းမှုနှုန်းက တအားမြင့်တယ်” လင်းချင်းဟယ်က ဆက်ပြောလိုက်သည်။ 


“ဒါဆို ဘယ်လို လုပ်ကြမလဲ။ လက်ထပ်ပြီးသား ပညာတတ်လူငယ်တွေမှာ ကလေးတွေ ရှိတယ်” ဝမ်လီက ကောက်ချက်ချသည်။ 


“ငါ မသိဘူး။ ဒါက သူတို့မှာ အသိတရားရှိ၊ မရှိပေါ်ပဲ မူတည်တယ်။ ဝမ်လီ ငါတို့ သူတို့ဆီကနေ မသင်ယူနိုင်ဘူး။ ငါတို့ ခက်ခက်ခဲခဲနဲ့ မွေးထားတဲ့ ကလေးတွေကို ငါတို့ ဒီလိုမျိုး မထားလိုက်နိုင်ဘူး” 

လင်းချင်းဟယ်က ပြောသည်။ 


ဝမ်လီက ပြောသည်။ “ငါ ဘယ်လိုလုပ် အဲလို လုပ်နိုင်မှာလဲ။ ငါ့ဘဝမှာ ဒုတိယအကြိမ် ကလေးမွေးတဲ့နာကျင်မှုကို မခံစားနိုင်ဘူး”


သူမက သားတစ်ယောက်သာ မွေးထားခဲ့သည်။ ယင်းက တစ်ဦးတည်းသောသားဖြစ်လည်း သူမက ထပ်မလိုချင်တော့ပေ။ 


လင်းချင်းဟယ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “မြန်မြန် သွားစားကြမယ်။ စားပြီးရင် လမ်းလျှောက်သွားရအောင်။ ဒီကာလက ငါ့ကို ထိခိုက်စေတယ်”


ဝမ်လီနှင့်အတူ သွားစားပြီးနောက် စားစရာသေတ္တာကို ဆေးကြောပြီးနောက် အပြင်သို့ လမ်းလျှောက်ထွက်ကြသည်။ သူတို့က သရေစာအဖြစ် ခရမ်းချဉ်သီးအချို့ကို ဝယ်လိုက်ကြသည်။ 


အဆောင်နေဘဝတွင် ပြဿနာအနည်းငယ် ရှိသော်လည်း ယင်းက သဘာဝကျသော ပြဿနာများသာ ဖြစ်သည်။ 


နွေရာသီအားလပ်ရက်တွင် လင်းချင်းဟယ်က ပြန်ဖို့ အစီအစဉ်မရှိပေ။ သို့သော်လည်း သူမက ကျိုးချင်းပိုင်ကို လွမ်းလှသည်။ သူမသားနှစ်ယောက်ကိုလည်း လွမ်းပေသည်။ 


လောင်တက မပြန်သွားချင်ပေ။ လင်းချင်းဟယ်က သူ့ကို ခွင့်ပြုလိုက်၏။ သူ မြို့တော်မှာ နေခဲ့ချင်ပါက နေပါစေ။ 


သူမက ပစ္စည်းအချို့ကို ဝယ်လိုက်ပြီး ကျိုးကျားရွာသို့ ယူပြန်လာခဲ့သည်။ 


ရွာပြန်ဖို့ ကားစီးရသည်က သက်တောင့်သက်သာ မဖြစ်ပေ။ သို့သော် သူမအမျိုးသားအတွက် လုပ်နိုင်ရပေမည်။ 


ရက်အနည်းငယ် ကြာပြီးနောက် ခရိုင်မြို့သို့ ပြန်ရောက်လာပြီး သူမက ကျိုးရှောင်မိန်၏နေရာတွင် တစ်ညတည်းခိုရန် သွားလိုက်သည်။ စုတာ့လင်းက ပွဲတော်အလား ချက်ပြုတ်ခဲ့သည်။ 


လင်းချင်းဟယ်နှင့် ကျိုးရှောင်မိန်က သူ ချက်ပြုတ်နေစဉ် စကားစမြည် ပြောဆိုကြသည်။ 

လင်းချင်းဟယ်က မြို့တော်၏ အထူးထုတ်ကုန် ၈မျိုး ထည့်ထားသည့် သေတ္တာတစ်ခုကို ပေးလိုက်သည်။ 


“လောင်တရော ပြန်မပါလာဘူးလား” ကျိုးရှောင်မိန်က မေးသည်။ 


“သူက မပြန်ချင်ဘူးလို့ ပြောတာပဲ။ ဒီတော့ ငါ သူ့ကို အဲမှာနေဖို့ ထားခဲ့တယ်” လင်းချင်းဟယ်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ 


သူမက လောင်တအတွက် ယွမ် ၃၀ ထားခဲ့ပေးသည်။ သူ့အတွက် သုံးရန် လုံလောက်ပေသည်။ 


လင်းချင်းဟယ်၏ သင်ကြားပြသမှုနည်းလမ်းမှာ သူတို့ကို မချုပ်ချယ်ပေ။ ထို့ကြောင့် သူမသားတွင် ကိုယ်ပိုင်အတွေး ရှိပါက လုပ်သင့်လျှင် လုပ်ရမည်။ သူတို့က သူမနှင့် သူတို့အဖေကို စွဲမြဲမနေသရွေ့ အဆင်ပြေသည်။ 


“မင်း ဒါကို ကျင့်သားမရ မဖြစ်ဘူးလား” ကျိုးရှောင်မိန်က မေးသည်။ 


“ကျင့်သားမရစရာ မရှိဘူး။ ဒီမှာလည်း အတူတူပဲလေ။ ဒါပေမဲ့ ချန်ချန်နဲ့ တခြားသူတွေအတွက် နောင်မှာ ရွေ့ပြောင်းဖို့ အကြံပေးတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။ 


မြို့တော်မှ ပညာရေးက တိုင်းပြည်တွင် အကောင်းဆုံးမှန်း ပြောနေရန်ပင် မလိုချေ။ ထို့ကြောင့် အစောပိုင်းအခြေအနေမှာ အခြေချဖို့ ပိုလွယ်ကူလိမ့်မည်။ 


“အဲဒီကို ရွေ့လိုက်ရင် ငါတို့ အသက်မွေးဝမ်းကြောင်းအလုပ် မရှိတော့ဘူး” ကျိုးရှောင်မိန်က မြို့တော်ကို ရွေ့ဖို့ မတွေးတာ မဟုတ်ဘဲ စိုးရိမ်ပူပန်မှုများနေတာ ဖြစ်သည်။ 


“မတ်လေးရဲ့ ဟင်းချက်စွမ်းရည်နဲ့ ဘာတွေ ပူနေတာလဲ။ အချိန်တန်ရင် မန်ထိုနဲ့ ဘန်းမုန့် ရောင်းလိုက်လေ မင်း ငွေတွေ မရှုံးစေရဘူး” လင်းချင်းဟယ်က အာမခံလိုက်သည်။ 


“အစ်မရော ငွေရအောင် ဘယ်လို လုပ်မလဲ” ကျိုးရှောင်မိန်က ပြန်မေးလိုက်သည်။ 


“မင်း အခုထိ နားမလည်သေးဘူး။ ငါ မင်းကို နောက်မှ ရှင်းပြတော့မယ်။ မင်းနဲ့ မတ်လေးက လက်ရှိဒီမှာနေ။ ငါတို့ ထပ်မဆွေးနွေးခင် အခြေအနေကို အရင်ဆုံးစောင့်ကြည့်နေလိုက်ဦး။”

 

ညနေတွင် သူမက သူမဗိုက်ကို ဖြည့်လိုက်ပြီး တစ်ည အနားယူလိုက်သည်။ ပြီးနောက် နောက်နေ့ မနက်စောစောတွင် ကျိုးရှောင်မိန်၏ စက်ဘီးကို ငှားကာ အိမ်ပြန်လာ၏။ 


မူလတွင် သူမက လမ်းလျှောက် ပြန်လာချင်သော်လည်း ကျိုးရှောင်မိန်က စက်ဘီးယူသွားခိုင်းပြီး အချိန်ရမှ လာပို့ခိုင်းသည်။ အလုပ်သွားသောအခါ စုတာ့လင်းကို အရင်ဆုံး ဝင်ပို့ပြီး နောက်မှ သူမအလုပ်ကို သွားမည်။ ယင်းက ဆယ်မိနစ်ထက် နည်းပေသည်။ 


ထို့ကြောင့် လင်းချင်းဟယ်ကလည်း အားမနာနေတော့ပေ။ 


လင်းချင်းဟယ် အိမ်ပြန်ရောက်လာသောာအခါ ကျိုးချင်းပိုင်က အလုပ်သွားပြီဖြစ်သည်။ 


လောင်အာ့နှင့် လောင်စန်းက ကျောင်းသွားကြသည်။ သို့သော်လည်း အမေကျိုးက အိမ်တွင် ရှိ၏။ သူမက အနောက်ခြံဝန်းတွင် ကြက်စာကျွေးနေသည်။ 


“စတုတ္ထလေးရဲ့ဇနီးလား”


လင်းချင်းဟယ် ပြန်လာသည်ကို တွေ့ပြီးနောက် အမေကျိုးက ခဏမျှ တုံ့ဆိုင်းသွားတော့သည်။ သူမက ဝမ်းမြောက်ဝမ်းသာဖြင့် ချက်ချင်း အံ့အားသင့်သွားပေသည်။