အခန်း (၂၄၀) - နောက်ထပ် အိပ်လိုက်ဦး
လင်းချင်းဟယ် ပြန်သွားပြီးနောက် ကျိုးချင်းပိုင်က အလုပ်ဆက်လုပ်သည်။ သူ့ထံတွင် စွမ်းအင်များ ပိုများနေမှန်း သိသာနေသည်။
လင်းချင်းဟယ်ကမူ သူမ အိမ်ပြန်ရောက်သောအခါ နှုတ်မြိန်သောတစ်နပ်စာအတွက် စတင်လိုက်တော့သည်။
ကြက်သားခေါက်ဆွဲက နေ့လည်စာအတွက် ဖြစ်သည်။ ညစာအတွက်မူ သူမက အစပ်ခေါက်ဆွဲအေးဟင်းလျာပြုလုပ်ရန် စီစဉ်ထား၏။ သူမ၏မိသားစု ချင်းပိုင်က ယင်းကို နှစ်သက်သည်။
လင်းချင်းဟယ်က အစပ်ခေါက်ဆွဲအေးဟင်းလျာကို ပြုလုပ်နေသလို အမေကျိုးက အနားမှ သင်ယူနေ၏။ လင်းချင်းဟယ်က စည်းရုံးလိုက်သည်။ “အမေ ပြဿနာမရှိဘူး။ အဖေနဲ့ ချင်းပိုင်က လယ်ထဲမှာ အလုပ်လုပ်နေရတာ။ သူတို့သာ ကောင်းကောင်း မစားရရင် သူတို့အရိုးတွေနဲ့ သွေးတွေက လျော့နည်းသွားလိမ့်မယ်။ ဒါက သူတို့ရဲ့အသက်ရှည်ရှည်နေထိုင်ရဖို့ကို အကျိုးသက်ရောက်မှု ရှိစေတယ်။ ကျွန်မတို့နိုင်ငံက နောင်မှာ ပိုတိုးတက်လာမှာ။ အနာဂတ်မှာ ပိုတိုးတက်လာဖို့ ကျွန်မက မြို့တော်မှာ နေချင်တယ်။ အဲဒီအခါ အဖေနဲ့ အမေ့ကို ပိုကောင်းတဲ့ဘဝ ယူဆောင်ပေးမယ်”
“ဟမ်” အမေကျိုးက အံ့အားသင့်သွားသည်။ “ငါနဲ့ နင့်အဖေကို မြို့တော်ကို ခေါ်သွားချင်တာလား”
“အနာဂတ်မှာ ကောင်းကောင်း တိုးတက်လာရင် ကျွန်မတို့ သွားကြမယ်။ မိသားစုတစ်ခုလုံး ရွေ့သွားကြမယ်။ ဒါပေမဲ့ အခုတော့ အဲဒီအခြေအနေ မဟုတ်သေးဘူး။ ဒီတော့ အမေ တအား မချင့်ချိန်နဲ့။ တကယ်လို့ အမေသာ သိမ်းပဲသိမ်းထားနေရင် ကျန်းမာရေးမကောင်းပဲ နေလိမ့်မယ်။ ပြီးတော့ နောင်မှာ ဆေးရုံကို သွားဖို့ ပိုက်ဆံ သုံးရလိမ့်မယ်။ အမေက သေချာပေါက် ကျန်းမာတဲ့ ခန္ဓာကိုယ်ရဖို့ ငွေသုံးရမယ်” လင်းချင်းဟယ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ နင့်အဖေနဲ့ ငါ နှစ်ယောက်လုံးရဲ့ အိမ်ထောင်စုစာရင်းက ဒီမှာ ရှိနေတာလေ။ ငါတို့ အဲကို ဘယ်လို ရွေ့ပြောင်းနိုင်မှာလဲ” အမေကျိုးက မနေနိုင်ဘဲ ထုတ်ပြောလာသည်။
“အမေ အဲကိစ္စကို အပြင်မှာ ထုတ်မပြောနဲ့” လင်းချင်းဟယ်က တီးတိုးပြောလိုက်သည်။
အမေကျိုးက တစ်ခါတည်း ခေါင်းညိတ်ပြသည်။ ပြီးနောက် လင်းချင်းဟယ်က အနာဂတ်တိုးတက်မှု ရွေ့ပြောင်းမှုတို့ကို ပြောပြလာသည်။
“နောင်မှာ ကျွန်မက ပြန်လာဖို့ မစီစဉ်ထားဘူး။ ကလေးတွေအားလုံးကို ခေါ်သွားဖို့ စီစဉ်ထားတယ်။ ချင်းပိုင်လည်း ကျွန်မနဲ့ လိုက်လာရလိမ့်မယ်။ ဒီတော့ ကျွန်မက အဖေနဲ့အမေကိုလည်း ခေါ်သွားဖို့ စီစဉ်ထားတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
“အချိန်ရောက်လာမှ ငါတို့ ပြောကြမယ်။ ငါတို့ ပြီးမှ ပြောကြမယ်” အမေကျိုးက ထပ်ခါတလဲလဲ ပြောလိုက်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်ပြီး ဘာမှ မပြောတော့ချေ။ အစပ်ခေါက်ဆွဲအေးဟင်းလျာအပြင် သူမက ပဲတောင့်ရှည်ကို လှီးဖြတ်လိုက်ပြီး ကြက်ဥဖြင့် ကြော်လိုက်ကာ ဝက်သားတချို့ ကြော်လိုက်သည်။
ယင်းတို့က အစပ်ခေါက်ဆွဲအေးဟင်းလျာနှင့် တွဲဖက်ရန် ဖြစ်သည်။
အဓိကမှာ စွပ်ပြုတ်ဖြစ်သည်။ မြက်ငါးကြင်းတစ်ပိုင်းကို သုံးထားသော ငါးစွပ်ပြုတ်ဖြစ်သည်။ ကျိုးတုန်က ၎င်းကို ယူလာပေးသည်။
လင်းချင်းဟယ်က ငါးခေါင်းကို ဖြတ်လိုက်ပြီး တိုဖူးနှင့် ငါးခေါင်းစွပ်ပြုတ် ချက်ထားသည်။ ငါးအသားကိုမူ လင်းချင်းဟယ်က ချက်ပြုတ်ပြီး အစပ်ခေါက်ဆွဲအေးဟင်းလျာအတွက် အရံဟင်း ဖြစ်လာသည်။
အားလုံးပြီးနောက် ဒီည၏ညစာက အလွန်အမင်း ကောင်းမွန်လှပေသည်။
ယင်းက မပြီးဆုံးသေးချေ။
လင်းချင်းဟယ်သည် သူမမိသားစု၏ချင်းပိုင်က ဒီညမှာ ရှုပ်ထွေးအောင် လုပ်မှာမှန်း သိပေသည်။ အဟမ်း အဟမ်း... ရှက်စရာ အမှန်တရားကို ပြောရရင် သူမက သူ့ကို အလွန်လွမ်းနေသည်။
အမေကျိုးက အနောက်ခြံဝန်းတွင် အလုပ်များနေသောအခါ သူမက အခွင့်ကောင်းယူလိုက်ပြီး ဝက်သားနှင့် ငရုပ်သီးဖက်ထုပ်များ ပြုလုပ်ခဲ့သည်။ သူတို့ကို ချက်ပြုတ်ပြီးနောက် သူမက ပန်းကန်းလုံးတစ်လုံးစာကို နေရာလွတ်ထဲတွင် သိမ်းထားလိုက်သည်။
၎င်းက ကျိုးချင်းပိုင်၏ ညစာဖြစ်လာလိမ့်မည်။
သူမ ဝယ်လာသော ပီကင်းဘဲကင်အတွက်မူ ယင်းက ကြက်သားစွပ်ပြုတ်အချိန်တွင် ဖြိုဖျက်ပြီးသား ဖြစ်ပေသည်။ ယင်းက လူတိုင်းအတွက် သရေစာ ဖြစ်လာသည်။
ထိုအချိန်တွင် လူတိုင်းက ကြီးမားသော အာသီသရှိကြသည်။ ဘဲကင်က အတော်လေး များသော်လည်း ပါးစပ်များစွာအတွက် မတောင့်ခံနိုင်ပေ။
တစ်ယောက်ကို တစ်ဖဲ့နှုန်းဖြင့် ကုန်သွား၏။ သူတို့က တိုက်ရိုက် ကိုက်စားလိုက်ကြသည်။
ယင်းက လောင်အာ့ကို အလွန်အမင်း မနာလို ဖြစ်သွားစေသည်။ မြို့တော်တွင် ဤသို့သော အရသာရှိသည့် စားစရာများ ရှိသည်ဟု သူက မှတ်ချက်ချလိုက်၏။ လင်းချင်းဟယ်က သူ့စွမ်းဆောင်နိုင်စွမ်း ရှိပါက သူ့ကို ဝင်ခွင့်ပေးမည်ဟု ပြောခဲ့သည်။
ယခုက နွေရာသီအားလပ်ရက် အဖြစ် မှတ်ယူနိုင်သည်။ သို့သော် မနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲက ပြန်လည်စတင် ကတည်းက ပညာရေးက စတင်ပြီဖြစ်သည်။ အထူးသဖြင့် လင်းချင်းဟယ်နှင့် ကျိုးခိုင်ဟူသော ပေကျင်းတက္ကသိုလ်၏ ကျောင်းသားနှစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ကျေးရွာအတွက် ဂုဏ်ကျက်သရေ ရှိလာသည်။
သို့သော်ငြား ဤနှစ်တွင် နွေရာသီအားလပ်ရက် မရှိပေ။ မူလတန်းနှင့် အလယ်တန်း နှစ်ခုစလုံးတွင် နောက်ဆက်တွဲ သင်ခန်းစာများ ရှိနေသည်။
သူတို့က ညနေပိုင်းတွင် ပြန်လာသောအခါ အလွန်ကြွယ်ဝသော ညစာက စားပွဲပေါ်တွင် အသင့်ရှိနေသည်။
ကျိုးချင်းပိုင်နှင့် သူသားများကို မဆိုထားနှင့် အဖေကျိုး၏ အရှိန်ပင်လျှင် မြန်ဆန်နေပေသည်။
တုနှိုင်းမဲ့လွန်းသည်။ စတုတ္ထလေး၏ဇနီး ပြန်လာသောအခါ အိမ်က စားစရာတွေက အမွှမ်းတင်ဖို့ မလုံလောက်ပေ။ မည်သူက အရသာရှိရှိ မစားလိုသနည်း။
“ဒီစွပ်ပြုတ်က တို့ဖူးနဲ့ ချက်ထားတာ။ ကျွန်မက ဂျင်းနည်းနည်းနဲ့ တရုတ်နံနံ ထည့်ထားတော့ ငါးညှီနံ့မရတော့ဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။ သူမက အဖေကျိုးကို တစ်ခွက် အရင် ခပ်ထည့်ပေးလိုက်သည်။ ပြီးနောက် ကျိုးချင်းပိုင် ဖြစ်သည်။
လောင်အာ့နှင့် လောင်စန်းအတွက်မူ သူတို့ဖာသာ ခပ်စားကြ၏။
“မင်းလည်း ထည့်စားဦး” ကျိုးချင်းပိုင်က ပြောလိုက်သည်။
“အင်းပါ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
မိသားစုတစ်ခုလုံးက ပြီးပြည့်စုံသောညစာကို စားသောက်လိုက်ကြသည်။
ညစာစားပြီးနောက် သူတို့က အနားယူကြသည်။ နာရီဝက်ခန့် ကြာပြီးနောက် သူတို့က ဖရဲသီးစားကြသည်။ မိသားစုက ဖျာပေါ်တွင် ထိုင်လိုက်ကြသည်။
ပြီးနောက် အချိန်က ည၇နာရီ ထိုးခါနီးသွားသည်။
အဖေကျိုးနှင့် အမေကျိုးက ပြန်သွား၏။
ကောင်လေးများက တစ်ဖက်ခန်းတွင် စာကျက်ရန် သွားခဲ့ကြသည်။
ကျိုးချင်းပိုင်က သူ့အဝတ်အစားကို လှမ်းဆွဲယူလိုက်ပြီး ရေချိုးရန် ရေချိုးခန်းထဲသို့ သွားလိုက်၏။ မကြာမီတွင် အတွင်းခံတစ်စုံဖြင့် ပြန်လာခဲ့သည်။ လင်းချင်းဟယ်က သူ၏ တောက်ပနေသော မျက်လုံးများကို တွေ့လိုက်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ကာလကြာရှည်စွာ မိုးခေါင်ပြီးနောက် ပန်းဝတ်ရည်ကို တွေ့ရှိဖို့ကို လင်းချင်းဟယ်သည်လည်း မျှော်လင့်စောင့်စားနေခဲ့သည်။
“ကျွန်မ ရေအရင်ချိုးလိုက်ဦးမယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး သူမအဝတ်အစားလဲတာကို စောင့်နေလိုက်သည်။ သူက ၎င်းကို ယူပြီး လျှော်ဖို့ သွားလိုက်သည်။
လင်းချင်းဟယ်ကမူ ရေချိုးပြီးနောက် ချက်ချင်း ပြန်မလာခဲ့ချေ။ သူမက လောင်အာ့နှင့် လောင်စန်းကို တချို့သော ကောက်နှုတ်ချက်များ ပေးပြီး သင်ပေးဖို့ သွားခဲ့သည်။ ၈နာရီထိုးပြီးနောက် သူမက ညီအစ်ကိုနှစ်ယောက်ကို စောစောအိပ်ဖို့ ပြောခဲ့သည်။
ထို့နောက်မှ လင်းချင်းဟယ်က ပြန်လာသည်။
ကျိုးချင်းပိုင်က သူ့ဇနီးကို မကျေမချမ်း အကြည့်တစ်ချက် ပေးလိုက်သည်။
“ချင်းပိုင်” လင်းချင်းဟယ်က ညင်ညင်သာသာ ခေါ်လိုက်သည်။
“အင်း” ကျိုးချင်းပိုင်က အသံနိမ့်နိမ့်ဖြင့် ထူးလာသည်။
ကျိုးချင်းပိုင်က အနွေးကုတင်အစွန်းတွင် ထိုင်နေသည်။ လင်းချင်းဟယ်က သွားလိုက်ပြီး သူ့ပေါ်တွင် ထိုင်ကာ ပွေ့ဖက်လိုက်သည်။ နှစ်ယောက်သားက ဘာမှမလုပ်ဘဲ ပွေ့ဖက်ထားကြသည်။ သို့တိုင် ထိုခံစားချက်က အလွန် ကျေနပ်ဖို့ ကောင်းသည်။
နှစ်ယောက်သားက အချိန်တစ်ခဏ ပွေ့ဖက်နေကြပြီးမှ အဓိကအချက်ကို ဝင်ရောက်ရန် ဟန်မဆောင်နိုင်ကြတော့ပေ။
၉နာရီမှ ၁၂နာရီတိုင် သူတို့ မအားလပ်ကြပေ။ ၁၂နာရီခွဲလုနီးပါးပင်။
လင်းချင်းဟယ်က အလွန်ပင်ပန်းသွားပေသည်။ သူမက ကျိုးချင်းပိုင်အတွက် ပြင်ထားပေးသော ဝက်သားနှင့်ကြက်သွန်မြိတ်ဖက်ထုပ်ကို ထုတ်ပေးလိုက်သည်။ သူမက ဘေးသို့ ပြန်လှည့်ပြီး အိပ်ပျော်သွားတော့သည်။
ကျိုးချင်းပိုင်က ဖက်ထုပ်ကို အငမ်းမရ စားသောက်လိုက်သည်။ စွပ်ပြုတ်ရည်ပင် မကျန်ချေ။ ပြီးနောက် သူက သူ့ဇနီးကို ဖက်ထားရန် အနွေးကုတင်ပေါ်သို့ သွားလိုက်၏။ လင်မယားစုံတွဲက ကျေနပ်စွာ အိပ်သွားကြသည်။
သူတို့က ညတွင် အလွန်အလုပ်များခဲ့ကြသဖြင့် မနက်ခင်း အိပ်ရာထရန် နောက်ကျသွားသည်။
သို့သော် ကံကောင်းစွာဖြင့် အမေကျိုးက နားလည်သည်။ ထို့ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိပ်ရာထလာသောအခါ အမေကျိုးက မန်ထိုကို ပေါင်းထားပြီးဖြစ်သည်။
လင်းချင်းဟယ်က ကြက်ဥကြော်လိုက်ပြီး ခရမ်းချဉ်သီးစွပ်ပြုတ်နှင့် သခွားသီးကြော်လိုက်သည်။ ပြီးနောက် တစ်နပ်စာက ပြင်ဆင်ပြီးသွားသည်။
“စတုတ္ထလေးရဲ့ဇနီး ထပ်အိပ်လိုက်ဦး၊ အိမ်မှာ လုပ်စရာမရှိဘူး။” အမေကျိုးက သူမကို ပြောသည်။
လင်းချင်းဟယ်၏ မျက်နှာက နီရဲမသွားဘဲ စိတ်အနှောင့်အယှက်မရှိ ပြန်ပြောလိုက်သည်။ “ကျွန်မ အိပ်တော့ဘူး။ ကျွန်မ အစ်မမိန့်ဆီကို အသားတချို့ သွားယူဖို့ သွားရမယ်”
ကျိုးချင်းပိုင်က ညတုန်းက အဝတ်လျှော်ခဲ့သည်။ သူမက လုပ်ရန် မလိုတော့၍ သူမက စက်ဘီးစီးကာ အပြင်ထွက်ခဲ့လိုက်သည်။
သူမက အစ်မမိန့်ကို ရှာလိုက်၏။ သူမက မြို့တော်ကို လေ့လာရန်သွားသောကြောင့် အစ်မမိန့်နှင့် သူမ၏လုပ်ငန်းက ပြတ်တောက်သွားခဲ့သည်။ သို့တိုင် သူမက လင်းချင်းဟယ်ကဲ့သို့သော ပညာတတ်နှင့် သိရသည့်အတွက် အလွန်ပျော်ရွှင်နေသည်။
မနေ့က လင်းချင်းဟယ်က ရပ်ရွာမှ ဖရဲသီးကို ဝယ်ရန်သွားခဲ့ပြီး အစ်မမိန့်ထံတွင် အော်ဒါမှာခဲ့သည်။ ယင်းက သူမက လာပြီး ယူရမည် ဖြစ်၏။
အစ်မမိန့်က ဝက်ဗိုက်သား ၃ကျင်းကို ပြင်ဆင်ထားပေးသည်။ နံရိုးများနှင့် အရိုးကြီးများလည်း အပိုပါသည်။
ငွေရှင်းပြီးနောက် အစ်မမိန့်က ပြုံးပြီး ပြောသည်။ “မြို့တော်က နာရီတွေက ဈေးကြီးလားမသိဘူး”
“ဈေးကြီးတယ်။ နာရီတစ်လုံးကို အနည်းဆုံး ယွမ် ၃၀၀ မပေးရရင် ဝယ်လို့ မရနိုင်ဘူး။” လင်းချင်းဟယ်က ဒီအမေးကို ကြားသည်နှင့် ဘာကို ဆိုလိုချင်သည်ကို နားလည်ပြီး ပြောလိုက်သည်။
“အဲ့လောက် စျေးကြီးလား။” အစ်မမိန့်က လွတ်ခနဲ ပြောသည်။
“အစ်မသာ နာရီဝယ်ချင်ရင် ငါတို့မြို့မှာ ရောင်းတဲ့ နာရီ အရည်အသွေးက မဆိုးဘူး။ အဲတာက နာရီပဲ။ အချိန်ကို စစ်ကြည့်ရုံပဲလေ။ ဈေးကြီးတာကို ဝယ်ဖို့ မလိုဘူး။ အဲလောက် စျေးကြီးတာကို မြင်တော့ ကျွန်မချင်းပိုင်ကိုတောင် ဝယ်ပေးဖို့ ဆန္ဒမရှိတော့ဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။
လင်းချင်းဟယ်သည် နာရီကို တကယ်ဝယ်ချင်ပေမယ့် ယွမ် ၃၀၀ကျော်က အရမ်းစျေးကြီးသည်။ သူမသည် တစ်နှစ် နှစ်နှစ်လောက်ကြာရင် တောင်ပိုင်းမှာ သွားကြည့်ဖို့ စိတ်ကူးထားသည်။ အခုလောလောဆယ်တော့ မေ့လိုက်ထားဦးမည်။