အခန်း (၂၄၂) ချစ်စရာ ကောင်းတယ်
မျက်စိတစ်မှိတ်အတွင်း ဩဂုတ်လကို ရောက်ရှိသွားခဲ့သည်။
လင်းချင်းဟယ်က မကြာမီ ပြန်သွားရတော့မည်။ ရာသီဥတုက အရင်နှစ်ရက်တည်းက သိပ်မကောင်းပေ။ မိုးရွာနေ၏။
သို့သော် နွေရာသီမျိုးစေ့တွေကို စိုက်ပျိုးပြီးလို့ ယင်းက ပြည့်စုံပေသည်။ မျိုးစေ့များက စိုက်ပျိုးပြီးနောက် ကြီးထွားလာမည်။ လူကိုယ်တိုင်ရေလောင်းဖို့ လိုနေတာကို မိုးရွာတာက ကယ်တင်ခဲ့သည်။
မိုးက အတော်အတန်ရွာသည်။ အလုပ်သွားလုပ်ဖို့ မလိုပေ။
ခွဲခွာရမည့် စာသင်နှစ်က နီးလာသောအခါ ကျိုးချင်းပိုင်က အလုပ်မသွားတော့ပေ။
သူတို့က ဖြစ်နိုင်သမျှ ပျော်ရွှင်မှုမှာ နစ်မျောခဲ့ကြသည်။
“ဒါက လုံလောက်ပြီ” လင်းချင်းဟယ်က သည်ည သုံးကြိမ်လူးလိမ့်ပြီးနောက်မှာ နောက်ဆုံး ထုတ်ပြောလိုက်သည်။
“ဇနီးလေး မင်းက မကြာခင် သွားရတော့မှာ” ကျိုးချင်းပိုင်က ပြောသည်။
လေသံက နစ်နာသလို ဖြစ်နေသည်။ လင်းချင်းဟယ်၏ နှလုံးသားက ပျော့ညံ့သွားပြီး။ “ဒါက လုံလောက်ပြီ။ နှစ်ရက်လောက် အနားယူဖို့က ရှားပါးတဲ့ အခွင့်အရေးပဲ။ ရှင်က ရှင့်စိတ်ဝိညာဥ်ကို အားမွေးထားရမဲ့အစား စွမ်းအားတွေကို ကျွန်မအပေါ် လာဖြုန်းနေတယ်”
ကျိုးချင်းပိုင်က ဆက်မပြောတော့ပေ။
လင်းချင်းဟယ်ကလည်း သူ့ကို ပြောနေတာ ရပ်လိုက်သည်။ အမှန်ပင် ချစ်ကြည်နူးသည်က ရက်တချို့ရှိပြီဖြစ်လို့ လုံလောက်ပေပြီ။ ယင်းက ကြာရှည်ပြီဖြစ်သော်လည်း မရပ်သေးပေ။
သူမက နှစ်သက်သော်လည်း သူ့ခန္ဓာကိုယ်ကိုတော့ ဂရုစိုက်ရပေအုံးမည်။
ဤရှည်ကြာသည့် ရက်မှာ သူမက ဘာမှလုပ်ဖို့ မရှိသော်လည်း သူကတော့ လယ်ထဲတွင် အလုပ်သွားလုပ်ရသည်။ ယင်းက နှိုင်းလို့ရမည်လော။
ကျိုးချင်းပိုင်က တည်ကြည်သော မျက်နှာထားရှိသည်။ သူက ပင်ပန်းတာကို မခံစားရဘဲ ထိုအစား အလွန်ပျော်ရွှင်နေသည်။ သူ့ဇနီးက ကြေးများလွန်းသည်။ သို့တိုင် သူက သူမကို မဆန့်ကျင်ရဲပေ။
အလုပ်သွားဖို့ မလိုချေ။ အိမ်မှစားစရာများက ကောင်းလွန်း၏။ တစ်ရက်ကို သုံးနပ် လင်းချင်းဟယ်က နှမ်းကိတ်၊ မြေပဲကိတ်များကိုလည်း ကြားထဲ လုပ်သေးသည်။
အရသာလေးသည့် စားစရာအားလုံးက အရသာရှိပေသည်။
“အမေ အမေသွားလိုက်တဲ့အခါ အိမ်မှာ မနေချင်တော့ဘူးလို့ ခံစားရတယ်” လောင်စန်းက မြေပဲကိတ်ကို စားရင်း ခံစားချက်အပြည့်ဖြင့် ပြောသည်။
“အဘွားက ဒါမျိုးတွေ ဘယ်လိုလုပ်လဲဆိုတာ မသိဘူး” လောင်အာ့က ထပ်ဖြည့်ပြောသည်။
သူတို့အမေ ပြန်လာပြီးနောက် ညီအစ်ကိုနှစ်ယောက်က သူတို့အမေ၏ ဂရုစိုက်မှုအောက်မှာ အသားပြည့်လာသည်။ နေ့တိုင်း အာဟာရပြည့်တာတွေ လုံလောက်အောင် စားသုံးပြီးနောက် သူတို့က ဘယ်လို အသားမပြည့်ဘဲ နေမည်နည်း။
သူတို့သာ မဟုတ်ချေ။ သူမ ပြန်လာပြီးနောက် ကျိုးချင်းပိုင်၏အသားအရေကလည်း ပိုပြီးတော့ ကောင်းလာသည်။
သူက ညဘက်မှာ အလုပ်များရုံသာမကပေ။ သိသိသာသာကို သူက သေသေချာချာ ကျွေးမွေးစောင့်ရှောက် ခံထားရတာ သိသာသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ “မင်းတို့ အတန်းတွေ ပြီးလို့ ပေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရရင် မင်းတို့ အဲမှာ ပျော်ပျော်ကြီး သွားလို့ရပြီ။ အဲဒီမှာ မင်းတို့အစ်ကိုကြီးက ပျော်ပြီးတော့ အိမ်ကိုတောင် မေ့နေပြီ။ မင်းတို့ဘာသာ မင်းတို့ နားလည်နိုင်တယ်”
လောင်အာ့နှင့် လောင်စန်းက သစ္စာမရှိသော သူတို့အစ်ကိုကြီးကို ကြိမ်းမောင်းလိုက်ကြသည်။ မြို့တော်ကို သွားလိုက်ပြီးတော့ တကယ်ပဲ ပြန်မလာချင်တော့ပေ။
ပြီးနောက် သူတို့က သူတို့အစ်ကိုကြီးကို အားကျနေကြသည်။
အမေကျိုး၏ ဟင်းလျာများက သာမန်သာ ဖြစ်သော်လည်း နို့ကို မှာထားသေးသည်။ တစ်ရက်ကို နှစ်ပုလင်းဖြစ်သည်။ တစ်ပုလင်းက လောင်အာ့အတွက်ဖြစ်ကာ ကျန်တစ်ပုလင်းက လောင်စန်းဖြစ်သည်။
ယခုတွင်မူ လောင်စန်းက နို့စစ်စစ်ကို မဆန့်ကျင်တော့ပေ။
ညီအစ်ကိုနှစ်ယောက်လုံးက ဒီနှစ်မှာ အရပ်ပိုရှည်လာသည်။ သို့သော် အနည်းငယ်သာဖြစ်ပြီး လောင်တာ့က အရပ်သိပ်မရှည်ပေ။
လောင်တာ့က အလွန်ဖွံ့ဖြိုးသော ကာလထဲ ဝင်ရောက်နေတာ ဖြစ်သည်။ စာသင်ချိန်တစ်ဖြတ်အတွင်း သူက ၁.၈မီတာ(၅ပေ ၉လက်မ) ရှိလာပြီဖြစ်သည်။
ဒီနှစ်မှ သူက ၁၄နှစ်သာ ရှိသေးသည်။
လင်းချင်းဟယ်က အနည်းငယ် ပူပန်မိသည်။ သူက အရပ်တအားရှည်သွားမှာလား။ တကယ်လို့ သူက အရပ်တအားရှည်သွားရင် နောင်မှာ တွဲဖက်ရှာရခက်လိမ့်မည်။
သို့တိုင် သူ အလွန်ကြီးထွားမြန်ခြင်းနှင့် အာဟာရမပြည့်မီမည်ကို လင်းချင်းဟယ်က ပူပန်နေသည်။ ထို့ကြောင့် လောင်တာ့ကို မနက်တိုင်း နွားနို့တိုက်သည်။ ယင်းကို ဝင်ပေါက်လုံခြုံရေးတွင် ကောက်ယူရန် လိုအပ်သည်။ သူမက ၎င်းကို မှာထားခဲ့ပြီး ရိုးရှင်းစွာပင် ထိုနေရာတွင် ချခိုင်းထားသည်။
လောင်အာ့နှင့် လောင်စန်းက အလွန်အမင်း မကြီးထွားဘဲ နှစ်စင်တီမီတာသာ ရှည်လာသည်။ သူတို့က အနာဂတ်တွင် အရပ်ပုမည် မဟုတ်ပေ။
စက်တင်ဘာတွင် စာသင်နှစ်စတင်မည်။ လင်းချင်းဟယ်က ဩဂုတ်လ ၂၅ရက်ဝန်းကျင်တွင် ထွက်ခွာရမည် ဖြစ်ပြီး ဆိုလိုသည်က သူမသည် အိမ်တွင် ၂၀ရက်သာ နေရတော့မည် ဖြစ်သည်။
အချိန်က မတိုတောင်းပေ။ သို့သော် အချိန်ရောက်လာသောအခါ ကျိုးချင်းပိုင်သည် လင်းချင်းဟယ်က ထွက်ခွာရန် ပစ္စည်းများ သိမ်းသည့်အခါ ခါးသီးမှုကို ခံစားလိုက်ရသည်။ အချိန်က ပျံတက်သွားသလို လျင်မြန်လှသည်။
မနေ့ညက လင်းချင်းဟယ်က သူ့ကို အကြိမ်ရေတချို့ ပြင်းထန်ဖို့ ခွင့်ပြုခဲ့သည့်တိုင် ကျိုးချင်းပိုင်၏ စိတ်ဓာတ်ကျနေသော နှလုံးသားကတော့ မတည်ငြိမ်နိုင်သေးပေ။
“ကျွန်မ ဆောင်းရာသီအားလပ်ရက်မှာ ပြန်လာခဲ့မယ်။ ကောင်းကောင်း ပြန်သွားတော့” လင်းချင်းဟယ်က သူ့ကို ခရိုင်မြို့၏ ဘတ်စ်ကားဂိတ်အထိ လိုက်ပို့ခွင့် ပြုထားပြီးနောက် ပြောလိုက်သည်။
“အားလပ်ရက်ကျရင် စောစောပြန်လာ၊ မင်း ဘာပစ္စည်းမှ ယူလာဖို့ မလိုဘူး” ကျိုးချင်းပိုင်က ပြန်ပြောသည်။
“ကျွန်မသိပြီ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်၏။
ပြီးနောက် သူ့ကို လက်ဝေ့ယမ်းပြလိုက်သည်။ လင်းချင်းဟယ်က ဘတ်စ်ကားပေါ် တက်သွားတော့သည်။
ကျိုးချင်းပိုင် ပြန်လာပြီးနောက် သူက အားရှိသလို မခံစားရပေ။ သို့သော် သူက သူ့စိတ်ဝိညာဉ်ကို အမြန် ပြန်ဆွဲခေါ်လိုက်သည်။
အချိန်မကျသေးပေ။ သူက သူ့ဇနီးနှင့် ထိုသို့ အမြဲတမ်း ခွဲမနေချင်ပေ။
လင်းချင်းဟယ်က မြို့တော်သို့ မရောက်မီ ရက်အနည်းငယ် လမ်းပေါ်တွင် ရှိနေခဲ့သည်။
သူမက ပြန်ရောက်ပြီးနောက် ကျောက်မီးသွေးလို ဖြစ်သွားသော သူမသားကြီး ကျိုးခိုင်ကို တွေ့လိုက်ရဿည်။ သူမက မှင်တက်သွားပြီးနောက် ပြောလိုက်သည်။ “မင်း ဘာတွေလုပ်နေတာလဲ”
“လျှောက်သွားနေတာ” ကျိုးခိုင်က ပြုံးဖြဲဖြဲဖြင့် ပြောသည်။
သည်နွေရာသီအားလပ်ရပ်တွင် သူက မြို့တော်၏နေရာတိုင်းကို လှည့်ပတ်သွားခဲ့သည်။ သူသည် ပေကျင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်ပြီး ကျောင်းသားအထောက်အထားကို ယူသွားသဖြင့်မည်သူမျှ သူ့ကို ခက်ခဲအောင် မလုပ်ကြပေ။
၁၄နှစ်သာ ရှိသေးပြီး ကလေးသာသာ ဖြစ်သေးသည်။
“မင်း မပင်ပန်းဘူးလား” လင်းချင်းဟယ်က မကျေမချမ်း ပြောလိုက်သည်။
“အမေ အဘိုး၊ အဘွား၊ အဖေနဲ့ ညီလေးတွေ ဘယ်လိုနေလဲ” ကျိုးခိုင်က မေးသည်။
“အားလုံး နေကောင်းတယ်။ ထွက်လာခဲ့တုန်းက ခွဲခွာဖို့ ခက်တယ်” လင်းချင်းဟယ်က ပြောလိုက်သည်။ ပြီးနောက် ဆက်ပြောလိုက်၏။ “မင်း အခုချိန် အိမ်မပြန်ဘူး။ မင်းအဘိုးအဘွားတွေက မင်းကို သတိရနေတယ်။ ဆောင်းရာသီပိတ်ရက်မှာ အိမ်ပြန်ရမယ်”
“ဆောင်းရာသီပိတ်ရက်၊ အာ... ဆောင်းရာသီပိတ်ရက်မှာ အိမ်ပြန်ဖို့ မစီစဉ်ထားဘူး။ မြို့တော်ရဲ့ နှစ်သစ်ကူးက ဘယ်လိုလဲဆိုတာ ကြည့်ဖို့ နေခဲ့ဖို့ စီစဉ်ထားတယ်” ကျိုးခိုင်က ပြန်ပြော၏။
“ကောင်စုတ်လေး စာလေ့လာဖို့ ဒီကို ခဏပဲ လာခဲ့တာ။ မင်းရဲ့အဘိုးအဘွားတွေကို တွန်းဖယ်ပြီးတော့ သူတို့ကို မေ့ပစ်ဖို့ စီစဉ်နေပြီပေါ့ ဟုတ်လား” လင်းချင်းဟယ်က သူ့နားကို ဆွဲလိုက်ပြီး အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။
“အမေ၊ အမေ၊ ကျွန်တော်က ကြီးနေပြီ။ ကျွန်တော့်ကို မျက်နှာသာပေးပါဦး၊ ကျွန်တော်တို့က လမ်းပေါ်မှာလေ” ကျိုးခိုင်က ငိုမဲ့မဲ့ဖြင့် လျင်မြန်စွာ ပြောလာသည်။
“ဒီနှစ် သေချာပေါက် ငါနဲ့ လိုက်ပြန်ရမယ်။ နောက်နှစ်မှာတော့ မင်း ပြန်ပြန် မပြန်ပြန် ငါ ဂရုမစိုက်ဘူး” လင်းချင်းဟယ်က သူ့ကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။ ပြီးနောက် သူက အနီးအနားတွင် ကြည့်နေသူများကို ပြုံးပြလိုက်ပြီး။ “နားလည်မှုမလွဲပါနဲ့၊ ဒီကောင်စုတ်လေးက နာခံမှုမရှိဘူး၊ အမေတစ်ယောက်အနေနဲ့ သူ့ကို ဆူပူပေးတာပါ”
“မင်းကို ကြည့်ရတာ ငယ်သေးတယ်၊ မင်းရဲ့သားက ဒီလောက်ကြီးပြီလို့ မထင်ထားမိဘူး” အမျိုးသမီးတစ်ဦးက ပြုံးလျက် ပြောသည်။
“ကျွန်မ အိမ်ထောင်ကျတာ စောတယ်လေ။ ဒီကောင်စုတ်လေးရဲ့ အရပ်ကိုပဲ မကြည့်နဲ့၊ သူက အခုမှ ၁၄နှစ်ပဲ ရှိသေးတာ” လင်းချင်းဟယ်က ပြုံးလျက် ဆို၏။
“၁၄နှစ်ပဲ ရှိသေးတာလား၊ တကယ် အရပ်မြင့်တာပဲ” တခြားအမျိုးသမီးတစ်ဦးက မှတ်ချက်ချသည်။
“အရပ်ပဲရှည်လာတာ။ ဦးနှောက်တော့ မပါဘူး။ သူက အရူးလေးပဲ” လင်းချင်းဟယ်က နှိမ့်နှိမ့်ချချ ပြောလိုက်သည်။
“ဘာအရူးလဲ။ ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင်အရည်အချင်းနဲ့ ပေကျင်းတက္ကသိုလ်ကို ဝင်ခဲ့တာပါ” ကျိုးခိုင်က ကြားဖြတ်ဝင်ပြောလိုက်သည်။
“ပေကျင်းတက္ကသိုလ်ကျောင်းသားလား၊ လူငယ်လေးက အလားအလာကောင်း ရှိတာပဲ” တခြားသော လူကြီးတစ်ဦးက ဆိုလာသည်။
“ဒါက အဆင်ပြေရုံပါ။ ကျွန်တော့်အမေက ကျွန်တော့်ထက် ပိုတော်သေးတယ်။ သူမက စာပေသင်ကြားမှုကိုတောင်မှ မရခဲ့ဘူး။ အားလုံးကို သူမဘာသာလေ့လာပြီးတော့ ပေကျင်းတက္ကသိုလ်ကို ဝင်ခဲ့တာ” ကျိုးခိုင်က ရယ်မောလိုက်သည်။
အမေနှင့်သားက အတူတကွ နှိမ့်ချလိုက်ကြသည်။ ပြီးနောက် စိတ်အားထက်သန်သော အဘိုးအဘွားများအုပ်စုမှ ထွက်လာဖို့ အချိန်တချို့ ယူလိုက်ရသည်။ ပြီးနောက် သူမက ကျိုးခိုင်ကို အဝေးသို့ ခေါ်သွားပြီး လမ်းလျှောက်ရင်း ပြောလိုက်သည်။ “ကြားလား... ဒီနှစ်တော့ ပြန်ရမယ်။ နောက်နှစ်တော့ မင်းကို ထားခဲ့မယ်”
“ကောင်းပြီ။ ကျွန်တော် နောက်နှစ်ကျရင် နေခဲ့မှာ” ကျိုးခိုင်က ခေါင်းညိတ်လိုက်သည်။
“မင်း အခုလိုပုံစံနဲ့ မင်းသူငယ်ချင်းက မငြီးငွေ့ဘူးလား” လင်းချင်းဟယ်က ထပ်ပြောလိုက်ပြန်သည်။
“မငြီးငွေ့ဘူး။ ဘာလို့ ငြီးငွေ့ရမှာလဲ။ ကျွန်တော်တို့ နှစ်ယောက်လုံးက ယောက်ျားလေးတွေ” ကျိုးခိုင်က ပြန်ပြောသည်။
“ငါ စိုးရိမ်တာက သူ့အမေက မင်းကို ကျောင်းသားဆိုးအဖြစ် မြင်မှာကိုပဲ” လင်းချင်းဟယ်က အမှန်ပြင်ပေးလိုက်သည်။
“ကိစ္စမရှိဘူး။ သူမက ကျွန်တော့်ကို တအားသဘောကျနေတာ။ ကျွန်တော်သွားတဲ့အချိန်တိုင်း သူမက ဟင်းအပိုတွေ ချက်ပေးတယ်။ ကျွန်တော့်အတန်းဖော်တောင်မှ ကျွန်တော့်ကို မနာလိုတယ်” ကျိုးခိုင်က ပြောသည်။
“မင်းရဲ့အတန်းဖော်မှာ ညီမ ရှိတာလား” လင်းချင်းဟယ်က ပြုံးလိုက်သည်။
“အင်း၊ သူမက ချစ်စရာကောင်းတယ်” ကျိုးခိုင်က ခေါင်းညိတ်လိုက်သည်။