အခန်း၂၄၃
Viewers 48k

အခန်း (၂၄၃) - အနည်းငယ် အတိုက်အခိုက်နိုင်သည်


သူ့အတန်းဖော်တွင် မွေးချင်းသုံးဦးရှိ၏။ အစ်ကိုကြီးက စစ်သားဖြစ်သည်။ အစ်မကြီးက လက်ထပ်ပြီးသားဖြစ်သည်။ 


ပြီးနောက် သူ့အတန်းဖော်ဖြစ်၏။ သူ့အတန်းဖော်က သူ့ထက် နှစ်နှစ်ကြီးသည်။ သို့သော်ငြား သူတို့အရပ်က အတူတူဖြစ်သည်။ လောင်တာ့သည် အရွယ်မတိုင်မီ ဖွံ့ဖြိုးကြီးထွားပြီး သူတို့က ကောင်းကောင်း ပေါင်းသင်းနိုင်ကြသည်။ 


ပြီးလျှင် သူ့အတန်းဖော်၏ညီမလေး ဖြစ်သည်။ 


လောင်တာ့နှင့် အသက်တူတူ ဖြစ်သော်လည်း အလယ်တန်းကျောင်း တက်နေသည်။ 


လောင်တာ့၏ စကားများအရ သူမက ချစ်စရာကောင်းသည်။ လောင်တာ့၏ အသက်အရွယ်နှင့် သူက ထိုအတွေးမျိုးကို တွေးမိမည် မဟုတ်ပေ။ 


လင်းချင်းဟယ်က သူ့အတန်းဖော်၏မိခင်တွင် ရှိသောအတွေးကို ခံစားမိသည်။ 


တကယ်တမ်းတွင် သူမသားကြီးက ဒီလောက်တောင် ထူးချွန်ထက်မြက်တာ မဟုတ်လား။ 


လူတွေက တစ်ခါတရံတွင် အချည်းနှီး ဖြစ်ရပေမည်။ 


ထိုခေါင်းစီးက အဆုံးသတ်သွား၏။ လင်းချင်းဟယ်က သူမသား၏ လူမှုဝန်းကျင်ကို မထိန်းချုပ်ထားနိုင်ပေ။ 

အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ ဝမ်လီက သူမထက် နှစ်ရက်စောပြီး ပြန်လာသည်။ သူမက သူမကို တွေးပြီး ဝမ်းသာနေသည်။ 


အခန်းထဲတွင် စုစုပေါင်း ၆ယောက်ရှိသည်။ လင်းချင်းဟယ်နှင့် ဝမ်လီက ဆက်ဆံရေးကောင်းရှိသည်။ ကျန်သူများနှင့်က သာမန်သာဖြစ်သည်။ အထူးသဖြင့် ချန်ရွှယ်နှင့် ဆက်ဆံရေးကတော့ အဆိုးဆုံးဖြစ်၏။ 


လင်းချင်းဟယ်က မထူးခြားနားပေ။ သူမက ဝမ်လီနှင့် တပူးတွဲတွဲ နေသည်။ ကျန်သူများနှင့်တော့ အသင့်အတင့်သာ ဖြစ်သည်။ 


ရက်တချို့ ကြာ ကားစီးလာရပြီးနောက် လင်းချင်းဟယ်က သေလောက်အောင် ပင်ပန်းနေသဖြင့် “နင် ရေသွားချိုးချင်လား” လို့ ဝမ်လီအား ပြောလိုက်သည်။ 


“သွားကြစို့လေ” ဝမ်လီက ခေါင်းညိတ်လိုက်သည်။ 


နှစ်ယောက်သား ရေချိုးရုံသို့ အတူတူ ထွက်လာခဲ့ကြသည်။ 


ရိုးရိုးသားသား ဆိုရလျှင် လင်းချင်းဟယ်က ထိုသို့သော ရေချိုးရုံကို သည်းမခံနိုင်ပေ။ လူတိုင်းက ပွင့်လင်းမြင်သာနေသည်။ သူမအရင်ဘဝတွင် သူမက နိုင်ငံ၏တောင်ပိုင်းမှ ဖြစ်သည်။ အားလုံးက သီးခြားရေချိုးခန်းများသာ ရှိသည်။ သူမတွင် လူအများသုံး ရေချိုးရုံနှင့် အတွေ့အကြုံ လုံးဝ မရှိဖူးချေ။


ဝမ်လီက ယင်းကို အသားကျပြီးသား ဖြစ်သည်။ လင်းချင်းဟယ်၏ အမူအရာကို ကြည့်လိုက်ပြီးနောက် သူမက ပြင်းပြစွာ ရယ်မောတော့သည်။ “နင် အရင်က ဒီကို မလာဖူးတာလည်း မဟုတ်ဘူး။ ဘာလို့ ရှက်နေတာလဲ”


ထို့နောက် သူမက လင်းချင်းဟယ်အား အနည်းငယ် အားကျစွာ ပြောသည်။ “နင့် အသားအရေက တအားကောင်းတာပဲ။ ဖြူပြီးတော့ နူးညံ့နေတာ။ ငါ့မျက်လုံးနဲ့သာ မမြင်ဘူးဆိုရင် နင့်မှာ ဒီလောက်ကြီးတဲ့သားတစ်ယောက် ရှိတာကို ငါ ယုံမှာ မဟုတ်ဘူး”


လင်းချင်းဟယ်က ပြောသည်။ “မြန်မြန်ချိုး” သူတို့ မြန်မြန်ဆေးကြောပြီး မြန်မြန်ထွက်သွားရမည်။ အချိန်က နောက်ကျနေပြီ။ ထိုနေရာရှိ လူအများကြီးရှိမည်ဟု သူမ မမျှော်လင့်ထားပေ။ 


သူမက နောက်ကျမှ လာဖို့ ရွေးချယ်လေ့ ရှိသည်။ သူမ ပထမဆုံး လာသည့် အချိန်ကို အမှတ်ရမိသေးပြီး ယင်းက လူအများဆုံး အချိန်ဖြစ်သည်။ 


မြင်ကွင်းက သူမကို ကြောက်လန့် ထွက်ပြေးသွားချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ 


ဝမ်လီက ပြောသည်။ “နောက်ကျောကို တိုက်ပေးရမလား”


“တိုက်ပေးလေ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ 


သူမက ကျန်သည်ကို လက်မခံနိုင်ဘဲ အနည်းငယ် ရှက်ရွံ့မိသော်လည်း ကျောတိုက်ပေးခြင်းက အလွန် ဇိမ်ရှိသည်။ ဝမ်လီက လင်းချင်းဟယ်ကို ဦးစွာ ပွတ်တိုက်ပေးပြီးနောက် လင်းချင်းဟယ်က ဝမ်လီကို ပြန်တိုက်ပေးသည်။ နှစ်ဦးသားက မထွက်လာခင်အထိ သက်သောင့်သက်သာ ရေချိုးခဲ့ကြသည်။ 


လင်းချင်းဟယ်၏ စိတ်သက်သာရာရစွာ သက်ပြင်းချသည်ကို မြင်ပြီးနောက် ဝမ်လီက မရယ်ဘဲ မနေနိုင်တော့ပေ။ “နင့်ရဲ့အမူအရာကိုကြည့်ပြီး နင့်ကို တောင်ပိုင်းကလူလို့တောင် တွေးမိစေတယ်”


လင်းချင်းဟယ်သည် ငါက တကယ် တောင်ပိုင်းကပဲလေ ဟု စိတ်ထဲမှ တုံ့ပြန်လိုက်သည်။ 


“ငါ့မှာ ဒီလို အတွေ့အကြုံ မရှိဘူး။ ငါတို့အိမ်မှာက သီးသန့်ရေချိုးခန်းရှိတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။ 


“တခြားရေချိုးရုံကနေ ငါ ကြားခဲ့တာ။ ဘောင်းဘီဝတ်ပြီး ချိုးတဲ့ တောင်ပိုင်းကောင်လေး ရှိတယ်တဲ့။ အဲတုန်းက လူတိုင်း သူ့ကို ရယ်မောခဲ့ကြတာ” ဝမ်လီက ပြုံးလိုက်သည်။ 


“အဟမ်း၊ ဓလေ့ထုံးစံတွေက မတူညီကြဘူး။ တောင်ပိုင်းမှာက သီးသန့်ရေချိုးခန်း ရှိတယ်လို့ ငါ ကြားတယ်။ ကြီးမားတဲ့ ရေချိုးရုံ မဟုတ်ဘူးတဲ့” လင်းချင်းဟယ်က ပြန်ရှင်းပြသည်။ 


“ရေချိုးရုံ မရှိဘူးလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူတို့က ရေဘယ်လို ချိုးကြမှာလဲ” ဝမ်လီက ပြောသည်။ 


“အိမ်မှာ သီးသန့်ရေချိုးခန်း ရှိကြတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။ 


“တောင်ပိုင်းသားတွေရဲ့ သန့်ရှင်းမှုအခြေအနေက သိပ်ကောင်းတာပဲ” ဝမ်လီက ပြောသည်။ 


အိမ်ရာအခြေအနေက တင်းကျပ်သဖြင့် သူတို့တွင် သီးသန့်ရေချိုးခန်း မရှိပေ။ 


လင်းချင်းဟယ်က အနာဂတ်တွင် အိမ်တွင် ကြီးမားသော ရေချိုးခန်း ဆောက်ရန် တိတ်တဆိတ် အလေးအနက် ကတိပြုလိုက်သည်။ ရေချိုးရုံကြီးကဲ့သို့သော နေရာကို အချိန်တိုင်း လာရခြင်းက သူမ၏နှလုံးသားကို အရိပ်မည်း ဖြစ်စေသည်။ 


အထူးသဖြင့် သူမတွင် ကောင်းမွန်သော ခန္ဓာကိုယ်ပုံစံနှင့် ဖြူပြီး နူးညံ့သော အသားအရေပိုင်ဆိုင်ထားသည်။ သူမ ထိုအထဲသို့ သွားချိန်၌ လူများစွာ၏ ကြည့်ခံရခြင်းက ရှက်စရာကောင်းသည်။ 


သူမ တက္ကသိုလ်တက်ပြီး သိပ်မကြာခင်က လင်းချင်းဟယ်က ချန်ရွှယ် ဘယ်လိုလူမှန်း မသိဘဲ သူနှင့်အတူ တစ်ကြိမ် ရောက်လာခဲ့ဖူး၏။ 


သူမ၏ ရေပန်းစားမှုကို လင်းချင်းဟယ်က လုယူသွား၍ ဖြစ်ကောင်းဖြစ်နိုင်ပြီး ချန်ရွှယ်က ထိုတစ်ခေါက် ပြီးနောက်တွင် သူမနှင့် ရေချိုးရုံသို့ မလာချင်တော့ပေ။ သူမက ကျေးလက်မိန်းကလေးသည် ပိုပြီး ဖြူဝင်းနူးညံ့နေမည်ဟု မထင်ထားခဲ့ပေ။ 


တောင်နှင့် မြောက်အကြား ကွာဟချက်က ပြောနေရန် မလိုပေ။ 


စာသင်နှစ်အသစ်က မကြာခင် စတင်လိမ့်မည်။ ဒီနှစ်အောက်တိုဘာတွင် ကျောင်းသားသစ်များ ရောက်လာလိမ့်မည်။ 


သို့သော်ငြား လင်းချင်းဟယ်နှင့် တခြားသူများက ယင်းကို အာရုံမထားမိကြပေ။ စာသင်နှစ်၏ သင်ယူမှုထဲတွင် သူတို့ကိုယ်သူတို့ ထပ်မံ မြှုပ်နှံထားလိုက်ကြသည်။ 


လင်းချင်းဟယ်၏ အင်္ဂလိပ်စာရမှတ်က အလွန်ကောင်းမွန်သည်။ ဝမ်လီက တစ်ခါတရံ လင်းချင်းဟယ်ကို လမ်းညွှန်ပေးရန် ရှာခဲ့သည်။ လင်းချင်းဟယ်က အချက်အလက်များကို မဖုံးကွယ်ထားခဲ့ပေ။ 


ထိုအကြောင်းပြချက်ကြောင့် ဝမ်လီကလည်း အလွန်ကျေးဇူးတင်နေသည်။ အစားအသောက်နှင့် နှစ်သက်ရာများကို တန်းစီရသည့်အခါ သူမကလည်း သူမကို ပြန်၍ ဝေမျှပေးခဲ့သည်။ 


လင်းချင်းဟယ်က သူမကို တစ်ခါတရံ ကူညီပေးခဲ့သည်။ အားလုံးကို စိတ်ထဲ မထားခဲ့ပေ။ 


အိပ်ဆောင်ထဲရှိ တခြားသူများကလည်း လင်းချင်းဟယ်ကို အကူအညီတောင်းချင်ကြသော်လည်း လင်းချင်းဟယ်၏ သဘောထားက မဆိုးပေ။ သူမက ဝမ်လီနှင့် ပေါင်းသင်းဆက်ဆံရေးကဲ့သို့ စိတ်အားထက်သန်မှုတော့ မရှိချေ။ 


ချန်ရွှယ်နှင့် တခြားသူများသည်၏ ဦးတည်ချက်သည် လူသစ်များထံသို့ ပြောင်းလဲသွားကြသည်။ သူတို့က အကူအညီပေးပြီး လမ်းညွှန်ပေးကြသည်။ စီနီယာများအနေဖြင့် လူတိုင်း၏ ကောင်းမွန်သော ထင်မြင်ချက်များကိုလည်း ရရှိခဲ့ကြသည်။ 


သို့သော် လင်းချင်းဟယ်သည် လူသစ်များ တွေးခေါ်မှုဆိုင်ရာကို ပြောကြားရသောအခါ လင်းချင်းဟယ်က သူတို့၏ ရေပန်းစာမှုကို လုယူမိသွားသည်။ 


သို့သော် လင်းချင်းဟယ်သည် အင်္ဂလိပ်စာဌာနကို ကိုယ်စားပြုရွေးချယ်ခံရပြီး သူမသည် စင်ပေါ်တွင် အင်္ဂလိပ်စကားကို သွက်လက်စွာ ပြောဆိုခဲ့သည်။ ယင်းက အလွန်ရှင်းလင်းလှသော ဗြိတိသျှလေသံဖြစ်သည်။ အင်္ဂလိပ်စာဌာနသို့ ဝင်လာသော ကျောင်းသားသစ်များက စကားပင် မဆိုနိုင်အောင် အံ့အားသင့်သွားကြသည်။

 

တချို့ မသိသေးသည့် စိတ်အားထက်သန်လှသည့် မထိန်းနိုင်သော ကျောင်းသားများ၏ နှလုံးသားများက လှုပ်ခတ်သွားကြသည်။ ပြီးနောက် လင်းချင်းဟယ်သည် ရည်းစားစာများနှင့် နှစ်သက်မှုများကို ရရှိခဲ့တော့သည်။

 

ထို့ကြောင့် သားဖြစ်သူ ကျိုးခိုင်သည် ရှေ့ထွက်လာရပြန်သည်။ သူက ယခင်နှစ်မှ စာစီစာကုံးကို ကော်ပီကူးပြီးနောက် ထပ်မံချိတ်ဆွဲထားလိုက်သည်။ 


သူ့အဖေနှင့် သူ့အဘွား စိတ်ပူပန်ခြင်းက မှန်ပေသည်။ သူ့အမေက နှလုံးသားမဲ့လျှင်တောင် အလွန်တောက်ပပေသည်။ လူပျိုလှည့်သူများ တစ်ယောက်ပြီးတစ်ယောက် မရပ်တန့်သွားပေ။ 


ထို့ကြောင့် ကျိုးခိုင်က ကြေညာစာ ထပ်တင်လိုက်သည်။ 


ကြေညာစာ တင်လိုက်ပြီးနောက် ကျိုးခိုင်က ရေဒီယိုလိုင်းတစ်ခုကို ငှားယမ်းပြီး “ကျွန်တော့်အမေ”ဟုသည့် စာစီစာကုံးကို ဖတ်တော့သည်။ 


သူ့အမေကို ချီးမွမ်းပြီး သိတတ်လိမ္မာသော စာကြောင်းတစ်ရာကို သီဆိုခဲ့သည်။ အလွန်အရေးကြီးသည်မှာ သူက အဆုံးတွင် သတိပေးချက်ကို ပေးခဲ့သည်။ “ကျွန်တော့်အမေက လက်ထပ်ပြီးသား။ သူမမှာ သားသုံးယောက်နဲ့ ကျွန်တော့်အဖေလည်း ရှိတယ်။ တကယ်လို့ မင်းက ငါတို့ လေးယောက်ကို အနိုင်ယူနိုင်မယ်လို့ ထင်ရင် ကျွန်တော့်အမေကို ရည်းစားစာတစ်စောင် ပေးဖို့ ကြိုးစားနိုင်တယ်။ နောက်ပိုင်းကိစ္စအတွက်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့။ ကျွန်တော်က တိုက်ခိုက်ရေးအနည်းငယ် တတ်တယ်”


လင်းချင်းဟယ်၏ မျက်နှာက မည်းမှောင်သွားသည်။ ဒီကောင်စုတ်လေးက တခြားသူများကို ခြိမ်းခြောက်ရဲသည်။ 


ဝမ်လီက ကြမ်းပြင်မှာ အူလိမ့်နေအောင် ရယ်တော့သည်။ “အိုး၊ သေအောင် ရယ်ရတာပဲ။ မင်းရဲ့သားက သူ့အဖေရဲ့အမိန့်အရ မင်းနဲ့အတူ ကျောင်းလာတက်တာ မဖြစ်နိုင်ဘူးလား”


“ဒီကောင်လေးကို နောက်မှ အပြစ်ပေးရမယ်” လင်းချင်းဟယ်က ပူပန်စွာ ထုတ်ပြောလိုက်ပြီး တစ်ချက် လှမ်းကြည့်ချင်နေသည်။ 


“စိတ်မပူပါနဲ့။ သူက ကလေးပဲ ရှိသေးတာ။ သူက သူအမေကို ကာကွယ်ဖို့ စိတ်အားထက်သန်ရုံလေးပါ။ တက္ကသိုလ်က ဒါကို သည်းခံပေးမှာပါ” ဝမ်လီက အပြုံးနှင့် ပြောသည်။ 


သို့တိုင် သူမက တစ်ချက်ကြည့်ရန် သွားခဲ့သည်။ 


ယင်းက တကယ် အဆင်ပြေပေသည်။ ကျိုးခိုင်က သူ့ကျူတာဆရာ၏ လှောင်ရယ်ခြင်းကို ခံလိုက်ရရုံသာ ဖြစ်ပြီး ယင်းကို ထားခဲ့ပေးသည်။ 


ထိုမှသာ လင်းချင်းဟယ်က စိတ်သက်သာရာ ရသွားသည်။ ပြီးနောက် သူမက ကျိုးခိုင်ကို ဆူပူတော့သည်။ ကျိုးခိုင်က မည်သူထက်မဆို လျင်မြန်စွာ ပြေးသွားသည်။ လင်းချင်းဟယ်က မဖမ်းမိလိုက်ပေ။ 


“ငါတို့အိမ်ကို ပြန်ရောက်တာနဲ့ နင့်ကို ဘယ်လို အပြစ်ပေးမလဲဆိုတာ စောင့်ကြည့်နေစမ်းပါ” လင်းချင်းဟယ်က လေးစားမှုအချို့ ပြန်ရရန် ထိုစာကြောင်းကိုသာ ထုတ်ပြောနိုင်လိုက်သည်။