အခန်း (၂၄၄) - နေရာလွတ်
သူမသားကျိုးခိုင်က စည်းမျဉ်းမဲ့သော်ငြား ထိုနည်းလမ်းက သက်ရောက်မှုရှိကြောင်း သူမ ဝန်ခံရပေမည်။
ယခုတွင် လူသစ်များအားလုံးက သိရှိသွားကြသည်။ သူတို့ မသိသေးလျှင်တောင် အရိပ်အကဲပြပြီးနောက် သိရှိသွားကြသည်။
ကျိုးခိုင်၏အတန်းဖော်က ရယ်တာ မရပ်တော့ပေ။ “မင်းက ကလေးပဲ။ မင်းက ဒီနည်းလမ်းနဲ့ မင်းအမေကို စောင့်ရှောက်နေတာပဲ။ ဒါပေမဲ့ မင်းအမေကတော့ မင်းကို တုတ်နဲ့ ရိုက်ချင်နေလိမ့်မယ်”
“ဘာရယ်စရာရှိလဲ။ ငါ့အမေက ငါ့ကို မဖမ်းနိုင်ဘူး” ကျိုးခိုင်က ပြောလိုက်သည်။
ကျန်သည်ကို သူက ဂရုမစိုက်နိုင်ပေ။ သူက စောင့်ကြည့်ရုံသာ ရှိသည်။
တစ်စုံတစ်ယောက်က မကြောက်မလန့် သူ့အမေကို အချစ်စာလွှာပေးပို့ပါက သူတို့ကို သူက ရှင်းပစ်မှာကို စောင့်ကြည့်ပေါ့။
ကျိုးခိုင်၏အပြုအမူ အကြောင်းကို တက္ကသိုလ်တစ်ခုလုံးက သိရှိသွားပြီးနောက် ကျောင်းဒါရိုက်တာများက ရယ်မောကြတော့သည်။ သူက ၁၄နှစ်သားသာ ရှိသေးသည်။ သူ့အမေကို ပိုးပမ်းနေသည်အား မြင်သောအခါ သူက ဒေါသထွက်ခဲ့သည်။ သတိပေးရန် ထိုနည်းလမ်းသုံးခြင်းက ပုံမှန်သာ ဖြစ်၏။
သဘာဝကျကျပင် လင်းချင်းဟယ်က အိပ်ခန်းဆောင်အတွင်း ထိုအရာကို ကြားသိခဲ့သည်။
အစပိုင်းမှာတော့ ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ပေမယ့် ထူးဆန်းနေတာက ချန်ရွှယ်ပဲဖြစ်သည်။ သူမက လင်းချင်းဟယ်ကို သီးသန့်ရှာဖွေမေးမြန်းခဲ့၏။ “နင့်ရဲ့ပညာရေးအဆင့်အတန်းနဲ့ ဒီအိမ်ထောင်ရေးက နှမြောဖို့ကောင်းတယ်လို့ မတွေးမိဘူးလား”
သူမက ယင်းကို နားမလည်ချေ။ လင်းချင်းဟယ်၏ မြို့သူ အသွင်အပြင်နှင့် အင်္ဂလိပ်စာကို ချောမွေ့စွာ ပြောဆိုနိုင်သည်ကိုသာ မကြည့်လေနှင့်၊ သူမ၏အမျိုးသားမိသားစုသည် ကျေးလက်မှ ဖြစ်ပေသည်။ သူမအမျိုးသားကလည်း စားစရာအတွက် မြေကြီးကို မှီခိုရသည်။
ဥပမာ ဒီနှစ်နွေရာသီအားလပ်ရက်တွင်ဖြစ်သည်။ လင်းချင်းဟယ်က စာလေ့လာဖို့ ဆက်မနေဘဲ သူမအမျိုးသားနှင့် တွေ့ဆုံရန် ကျေးလက်သို့ပြန်သွားခဲ့သည်။
သူမ နားမလည်နိုင်ချေ။
အဓိကအချက်မှာ သူမက အမှန်ပင် ထိုသို့ ပြုလုပ်ခဲ့သည်။
စာလေ့လာဖို့ အခွင့်အရေးက ပြန်ရဖို့ ဘယ်လောက်ရှားပါးတာလဲဆိုတာ သူမ မသိဘူးလား။ နောင်မှာ အဲလို အခွင့်အရေးက ပြန်ရနိုင်မလားဆိုတာ ဘယ်သူ သိမလဲ။ အချိန်ကို အပြိုင်အဆိုင် လုပ်ရမည့်အစား သူမက ကျေးလက်က သူမအမျိုးသားကို တွေးဖို့ နှလုံးသားရှိသေးသည်။
အနာဂတ်မှာ အရာရာတိုင်းက တိုးတက်လာတဲ့အခါ အဲဒီမှာ ထူးချွန်တဲ့အမျိုးသားတွေ မရှိလို့လား။
လင်းချင်းဟယ်က သူမ ပြောနေသည့်အရာကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ သူမ၏ အတွင်းစိတ်ကို မသိဘဲနှင့် ပြောလိုက်သည်။ “ဘာက နှမြောဖို့ ကောင်းတာလဲ။ ငါ့အိမ်ထောင်ရေးက အဆင်ပြေကောင်းမွန်တယ်”
သူမအမျိုးသားက သစ္စာရှိပြီး တာဝန်ယူတတ်သည်။ သူမမိသားစု ချင်းပိုင်နှင့်ဆိုလျှင် သူမက လုံခြုံမှုကို ခံစားရသည်။
အမျိုးသမီးတစ်ယောက်အနေဖြင့် အရေးအကြီးဆုံးအရာက မည်သည်နည်း။
လင်းချင်းဟယ်က အမျိုးသမီးများအတွက် အရေးအကြီးဆုံးက အသက်မွေးမှုလမ်းကြောင်း ဖြစ်နိုင်သည်ဟု တွေးကောင်းတွေးမိခဲ့သည်။
သို့သော် လင်းချင်းဟယ်က ချစ်ခြင်းတရားဖြင့် စောင့်ရှောက်ခံရပြီးနောက် ယခု သူမတွင် ခြားနားသော အမြင်ရှိလာသည်။ သင့်တော်သော အမျိုးသားကဲသို့သော တွဲဖက် ရှာဖွေထားနိုင်ခြင်းကလည်း အလွန်အရေးကြီးသည်။
အသက်မွေးဝမ်းကြောင်းတစ်ခုကဲ့သို့ပင် တူညီသည့် အရေးပါမှုရှိသည်။ လွဲချော်သွား၍ မရနိုင်ပေ။
ကျိုးချင်းပိုင်က စကားချိုချိုများ မပြောတတ်သော်လည်း လင်းချင်းဟယ်က သူ့ကို သဘောကျပေသည်။ သူက အဖက်ဖက်၌ ပြည့်စုံပေသည်။
လင်းချင်းဟယ်က သူမယောက်ျားကဲ့သို့သော အမျိုးသားတစ်ယောက်ကို အလွန်စိတ်ကျေနပ်မှု ရှိလေသည်။
တခြားတစ်ခုမှာ သားသုံးယောက်လုံးက စည်ကားလှသည်။ တစ်ခါတရံ သူတို့က အိုးနင်းခွက်နင်းဖြင့် ကိုင်တွယ်ရခက်ခဲသည်။ သူမက တစ်ခါတရံ သူတို့နှင့် စကားစစ်ထိုးရသည်။ သို့တိုင် လင်းချင်းဟယ်က အလွန်ပျော်ရွှင်သည်။
ထို့ကြောင့် လင်းချင်းဟယ်နှင့် ချန်ရွှယ်က ပေါင်းသင်း၍ မရတော့ပေ။
သူမက လင်းချင်းဟယ်ကို ကယ်တင်လို့မရသော နွားထီးကဲ့သို့ မြင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ တကယ်တမ်းတွင် သူမအိမ်ထောင်ရေးအကြောင်း ပြောသောအခါ ထိုသို့ ကြည့်ခံရသည်ကို ချန်ရွှယ်က ကသိကအောက် ဖြစ်သွားသည်။
ကျေးလက်က ရွာသားကို လက်ထပ်ပြီး မည်မျှ ပျော်ရွှင်ရမည်နည်း။ သူတို့က ဘဝတွင် ဗိုက်ပြည့်ရုံဖြင့် အပျော်ဆုံး ဖြစ်နေပေပြီ။
တခြားသော အားထုတ်ခြင်းများလည်း မရှိပေ။
ချန်ရွှယ်က ထိုသို့သော အိမ်ထောင်ရေးကို သည်းမခံနိုင်ချေ။ ယင်းက သူမ ဆောင်းရာသီအားလပ်ရက်တွင်
မပြန်ချင်ရသည့် အကြောင်းအရင်း ဖြစ်သည်။
လင်းချင်းဟယ်က ချန်ရွှယ်နှင့် စကားဆက်မပြောတော့ပေ။ ‘မင်းဘယ်လို ဆုတ်ယုတ်ဖို့ ဆန္ဒရှိနေရတာလဲ’ ဆိုသည့် သူမ၏အမူအရာကို မြင်သောအခါ သူမက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သူမကို လျစ်လျူရှုလိုက်တော့သည်။
ချန်ရွှယ်က ဒီတစ်ကြိမ်တွင် သူမနှင့် စကားလာပြောသည့် အကြောင်းပြချက်မှာ လင်းချင်းဟယ်၏ အင်္ဂလိပ်စာကောင်းမွန်၍ ဖြစ်ကြောင်းကိုတော့ သူမက မသိလိုက်ပေ။
ဤနေရာက ပေကျင်းတက္ကသိုလ်ဖြစ်သည့်တိုင် အင်္ဂလိပ်စာ ကောင်းစွာ ပြောဆိုနိုင်ခြင်းက အံ့ဖွယ်ဖြစ်သည်။
သို့သော် မထင်ထားဘဲ သူတို့က စကားများများ မပြောနိုင်သေးမီ လင်းချင်းဟယ်က ထိုသို့မှန်း သူမက သိလိုက်ရပြီး သူတို့ စကားအများကြီး ပြောလို့မရမှန်း သိလိုက်ရသည်။ သူတို့က စိတ်တူကိုယ်တူ သူငယ်ချင်းများ မဖြစ်လာနိုင်ချေ။
လင်းချင်းဟယ်က အရာအားလုံးကို စိတ်ထဲမထားပေ။
သူမက ချန်ရွှယ်၏ဆိုလိုရင်းကို ဘယ်လို မသိဘဲ နေမည်နည်း။
လွန်ခဲ့သောစာသင်နှစ်က ဒွိဟဖြစ်ခြင်းများ ရှိခဲ့သေးသည်။ သို့သော်ငြား ယခုနှစ်တွင်မူ အနည်းငယ်မျှပင် မရှိတော့ချေ။
သူမက ရူပဗေဒဌာနမှ ချစ်သူ ရလာခဲ့သည်။
နှစ်ယောက်သားက ပန်းခြံထဲ တစ်ခါတရံ အလည်အပတ်သွားသည်။ တခြားသူများ သိ မသိ မရှင်းလင်းသော်လည်း အဆောင်ခန်းထဲတွင်မူ လျှို့ဝှက်ချက် မဟုတ်ပေ။
ပြီးလျှင် သူမ၏ချစ်သူကောင်လေးသည်လည်း ကျေးလက်သို့ ပို့ခံထားရသော ပညာတတ်လူငယ်တစ်ဦး ဖြစ်ပြီး ငယ်ရွယ်သူလည်း မဟုတ်တာကြောင့် ဖြစ်နိုင်သည်မှာ သူ့ထံတွင်လည်း ကျေးလက်၌ မိသားစု ရှိနိုင်သည်။
ဤသည်မှာ အမှန်ပင် ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်း ဖြစ်ပေသည်။ သို့သော် ဤအရာကို သူတို့နှစ်ယောက်ပဲ သိရှိကြသေးတာ ဖြစ်သည်။ တခြားသူများအတွက်မူ မသိသေးသဖြင့် မရှင်းလင်းသေးချေ။
သို့သော်ငြား လင်းချင်းဟယ်က ထိုကိစ္စများကို ဝင်ပါမည်မဟုတ်ချေ။ သူမ သိနေလျှင်တောင် မသိသလိုသာ နေမည်။
ယင်းက ရှင်းပြ၍ မရပေ။
နိုဝင်ဘာလတွင် ဝမ်လီ၏ အမျိုးသားက သူ့သားကို ခေါ်၍ ဝမ်လီကို တွေ့ရန် လာခဲ့သည်။
ဝမ်လီက အလွန်ပျော်ရွှင်သွားပြီး သူမအမျိုးသားနှင့် သားနှင့် အတူနေရန် ထွက်ဖို့ ခွင့်ယူခဲ့သည်။ နှစ်ရက်ကြာပြီးနောက် သူမသားနှင့် သူမအမျိုးသားက ပြန်သွားသည်။
ဝမ်လီက အလွန်ပျော်ရွှင်နေသည်။
လင်းချင်းဟယ်က အနည်းငယ်အားကျစွာ ပြောလိုက်သည်။ “ငါ့လူက ငါ့ကို လာတွေ့မယ်လို့ မပြောဘူး”
“ဒီကို လာဖို့က မလွယ်ဘူးလေ။ အဲဒါအပြင် ငါက ဒီနှစ်ကူးမှာ အိမ်မပြန်တော့ဘူး။ ဒါကြောင့် သူတို့က ငါ့ကို လာကြည့်တာ” ဝမ်လီက ရှင်းပြသည်။
“ဒီနှစ်ကူးမှာ မပြန်ဘူးလား” လင်းချင်းဟယ်က ထုတ်မမေးဘဲ မနေနိုင်လိုက်ချေ။
“ပြန်ဖို့ အစီအစဉ်မရှိဘူး။ ငါ ကြိုးစားရမယ်။ ငှက်ငတုံးက စောစော ပျံရမယ်” ဝမ်လီက ပြုံးလျက် ပြောသည်။
လင်းချင်းဟယ်က သူမနှိမ့်ချနေမှန်း သဘာဝကျကျ သိသည်။ ပေကျင်းတက္ကသိုလ်ကို ဝင်လာနိုင်တော သူမက ဘယ်လိုလုပ် ငှက်ငတုံး ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူးလား။
လင်းချင်းဟယ်က သည်နှစ်အိမ်ပြန်ဖို့ ပြင်ဆင်ထားသည်။
လင်းချင်းဟယ် ရှားရှားပါးပါး ပိတ်ရက်တစ်ရက် ရလာပြီး သူမက လဲလှယ်ရန်ထိုက်တန်သော အရာများ ရှိမရှိကို ပတ်ကြည့်ရန် ထွက်လာခဲ့သည်။
ဤနှစ်က ၁၉၇၈ခုနှစ်ဖြစ်သည်။ ရှောင်ကန်းရွာတွင် စာချုပ်များစတင်ပြီဖြစ်သည်။
သို့သော် ယင်းက မမှန်ချေ။
လင်းချင်းဟယ်က တစ်ပတ်ပြီးတစ်ပတ် လမ်းလျှောက်လိုက်သည်။ ပြီးနောက် သူမက မှတ်မိလိုက်သည်။ သူမက အချိန်မှား မှတ်ထားမိပုံရသည်။
ဤနှစ်တွင် ရှောင်ကန်းရွာတွင် စတင် အကောင်အထည်ဖော်ခဲ့သော်လည်း ယင်းက လူကြိုက်မများသေးပေ။ အိမ်ထောင်စုစာချုပ်ပါ တာဝန်ယူမှုစနစ်အား ၁၉၈၁ သို့မဟုတ် ၁၉၈၂ မှသာ အပြည့်အဝ မြှင့်တင်နိုင်မည်ဟု ထင်ရသည်။
လင်းချင်းဟယ်က သူမခေါင်းကို စိတ်အနှောင့်အယှက်ဖြစ်စွာ ခေါက်လိုက်မိသည်။ သူမက သည်နှစ်တွင် စာချုပ်စနစ် စတင်မည်ဟု ကျိုးချင်းပိုင်ကို အမြဲတမ်း ပြောလေ့ ရှိသည်။
ကံကောင်းစွာြဖင့် သူမမိသားစုမှ ချင်းပိုင်က ပါးစပ်ဖွာသူ မဟုတ်ပေ။ အနာဂတ်အကြောင်းကို ကြားသိရတိုင်း သူက တတိယလူဖြင့် မဆွေးနွေးခဲ့ချေ။
သူမက သည်နှစ် ပြန်ပြီး သူ့ကို တောင်းပန်ရပေမည်။
လင်းချင်းဟယ်က လမ်းကြားကို ဖြတ်၍ လမ်းလျှောက်သွားလိုက်သည်။
တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်လေးဦး ကျဆုံးပြီးနောက် ကောလိပ်ဝင်ခွင့်များ ပြန်လည်စတင်ခဲ့ပြီး မြို့တော်က လက်ရှိတွင် နွေဦးကို ကြိုဆိုရန် အဆင်သင့် ဖြစ်နေပေပြီ။
နွေဦးကို အမှန်တကယ် ရောက်ရှိသကဲ့သို့ အညွှန့်လေးများက ဖြည်းဖြည်းချင်း ပေါက်ရောက်လာလိမ့်မည်။ ပေကျင်းမြို့တော်တစ်ခုလုံးက မကြာမီ ပန်းများ ဖူးပွင့်တော့မည်။
လင်းချင်းဟယ်က သတ္တိရှိသောသူတစ်ယောက် ဖြစ်သည်။
ထို့အပြင် ခေတ်တိုင်းတွင် သတ္တိရှိသောလူများ ကင်းမဲ့မနေပေ။
သူမသည် မြို့တော်၏ မှောင်ခိုဈေးသို့ မှန်းဆ၍ မသွားနိုင်မီ အချိန်များစွာ စမ်းတိစမ်းတမ်း လုပ်ခဲ့ရသည်။
ယင်းက အမှန်ပင် လျှို့ဝှက်သည်။
မှန်၏၊ သူမက ဤနေရာသို့ ရွှေဝယ်ရန် ရောက်လာခြင်း ဖြစ်သည်။ ယနေ့တွင် ရွှေက တန်ဖိုးရှိသည့်တိုင် အမေရိကန်ဒေါ်လာနှင့် ဆက်စပ်နေသည်။ ဘယ်လိုလုပ်ပြီး တန်ဖိုးမရှိဘဲ နေနိုင်မည်နည်း။
သို့သော် ယင်းက လက်ရှိအချိန်ကာလ ဈေးကွက်ထဲတွင် မပျံ့နှံ့သေးပေ။ ငွေလိုတဲ့သူတိုင်းက ယင်းကို ရောင်းရပေမည်။
လင်းချင်းဟယ်က နေရာလွတ်ကို အသုံးပြုနိုင်ပေသည်။