အခန်း (၂၄၅) - အနာဂတ်ယောက္ခမ
သို့သော်လည်း မြို့တော်မှ လူများသည် အလွန်အနံ့ခံကောင်းကြသည်။ မှောင်ခိုဈေးတွင် ရွှေရှိသော်လည်း ဈေးနှုန်းက အလွန်ကောင်းသည်။
သဘာဝကျကျပင် လင်းချင်းဟယ်က ဝယ်ချင်ပေသည်။ သို့သော် ဈေးနှုန်းက မသေးငယ်လေရာ သူမက မဝယ်နိုင်ပေ။
ထိုအစားသူမက ကျောက်စိမ်းအနည်းငယ် ရလာသည်။ အရည်အသွေးက အတော်လေးကောင်း၏။
“ရွှေမလိုချင်ဘူးလား” ထိုလူက မေးသည်။
“မလိုဘူး။ ဈေးများလွန်းတယ်။ မင်းဘာသာ သိမ်းထားပြီးတော့ ရောင်းလိုက်” လင်းချင်းဟယ်က သံသယမရှိဘဲ ပြောလိုက်သည်။
“လက်ရေးလှနဲ့ ပန်းချီကားတွေဆိုရင်ကော ဘယ်လိုလဲ။ အတိတ်တုန်းက လက်ကျန်တွေပါ။ အားလုံးက ရှေးဟောင်းပစ္စည်းတွေချည်းပါပဲ။ သူတို့က အနာဂတ်မှာ သေချာပေါက် တန်ဖိုးရှိလာလိမ့်မယ်” ထိုလူက အခိုင်အမာ ပြောနေခဲ့သည်။
“ဟဲဟဲ၊ အဲဒါက တန်ဖိုးရှိပါတယ်။ ငါ့မိသားစုက ဆောင်းတွင်းမှာ ကျောက်မီးသွေးကုန်တဲ့အခါ အဲဒါကို နွေးဖို့ သုံးလို့ ရတာပေါ့” လင်းချင်းဟယ်က သာမန်ကာလျှံကာ ပြောလိုက်သည်။
ထိုလူက ထိုအရာများကို သိမ်းဆည်းထားရန် အသုံးမဝင်ဟု ထင်နိုင်ပေသည်။ ရွှေကသာ တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ယခုအတွက် လက်ရေးလှနှင့် ပန်းချီများက အမှန်ပင် တန်ဖိုးမဲ့ပေသည်။
“တကယ်လို့ မင်းသာ လိုချင်ရင် ရွှေနည်းနည်း ရှိတယ်။ ယွမ်၂၀၀နဲ့ အားလုံးကို ရနိုင်တယ်” ထိုလူက လင်းချင်းဟယ် ထိုအရာများကို မလိုချင်သည်ကို တွေ့ပြီးနောက် ပြောလာသည်။
“တစ်ရာ” လင်းချင်းဟယ်က ဈေးနှိမ်လိုက်သည်။
အဆုံးတွင် တစ်ရာ့ငါးဆယ်ယွမ်နှင့် ရလာသည်။ လင်းချင်းဟယ်က ရွှေလက်ကောက်တစ်ကွင်း၊ လက်စွပ်နှင့် လက်ရေးလှနှင့် ပန်းချီအပိုင်းအစ နှစ်ခုစီ ရလာသည်။ သူမက ဘယ်လို ကြိုက်နှစ်သက်ရမလဲဆိုတာ မသိပေ။ ယင်းက ရှေးဟောင်းပစ္စည်းသာ ဖြစ်သည်။
မည်သူမျှ မရှိသောအခါ သူမက နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ပြီးနောက် သူမက မှောင်ခိုဈေးမှ ထွက်လာခဲ့သည်။ တခြားသော အရာများအတွက်မူ သူမက ဘာမှမမေးတော့ချေ။ အကြောင်းမှာ သူတို့က အလွန်ဈေးကြီးသည်။ သူမတို့ရဲ့ ခရိုင်မြို့ကဲ့သို့ပင် မည်သူမျှ အလွယ်တကူ မလှည့်စားနိုင်ပေ။
လင်းချင်းဟယ်က လက်ရှိတွင် မည်သည့်ဝင်ငွေမျှမရှိချေ။ နေရာလွတ်ထဲတွင် ရှိသော ကြွယ်ဝမှုသာလျှင် စုဆောင်းထားနိုင်သည်။ လင်းချင်းဟယ်က ယင်းတို့အားလုံးကို စိတ်မပူပေ။
၁၉၈၀ခုနှစ်သို့ ရောက်သည်နှင့် ငွေရှာရန် အချိန် ရောက်လာပေမည်။
သူမက မြို့တော်တွင် နေထိုင်ရန် လိုအပ်သည်။ တကယ်တမ်းတွင် သူမက သူမအိတ်ကပ်ထဲ၌ ငွေများစွာ ရှိထားပြီးဖြစ်၏။ နှစ်များစွာအတွင်း စပါးနှင့် ဝက်သားမှောင်ခိုက အချည်းနှီးမဟုတ်ပေ။
လင်းချင်းဟယ် ပြန်ရောက်သောအခါ ကျိုးခိုင်က သူမကို လာရှာသည်။ သူမက သူမအတွက် စားစရာတစ်ဘူးဝယ်လာ၏။
ယင်းက ခိုသားစွပ်ပြုတ်ဖြစ်သည်။ သူက ၎င်းကို ဝယ်ပြီး သူ့အတန်းဖော်အိမ်သို့ ယူသွားကာ သူ့အတန်းဖော်၏အမေကို ချက်ရန်မေးခဲ့သည်။
သူက တစ်ဝက်ကို အဲဒီမှာ ထားခဲ့ပြီး ကျန်တစ်ဝက်ကို သူ့အမေဆီ ယူလာတာ ဖြစ်သည်။
လင်းချင်းဟယ်က သဘောထား ပျော့ပြောင်းသွားပြီးနောက် ပြောလိုက်သည်။ “ဒါနဲ့ ငါက နင့်ကို ဒီတိုင်းမထားလိုက်နိုင်ဘူးနော်”
ပြီးနောက် သူမက ခိုသားစွပ်ပြုတ်ကို သောက်လိုက်သည်။ ခိုသားကိုကျ သူမသားကြီးကို စားခွင့်ပေးသည်။ သူမက ယင်းကို သိပ်မကြိုက်ပေ။
“အမေ အမေက တအားပိန်တာပဲ။ များများစားသင့်တယ်။ ကျွန်တော် အပတ်တိုင်း စွပ်ပြုတ်ယူလာမယ်” ကျိုးခိုင်က ပြောသည်။
“နင်ပိုက်ဆံတွေ ဘယ်ကရတာလဲ” လင်းချင်းဟယ်က မေးလိုက်သည်။
သူမက သူ့ကို ငွေ လုံလောက်ရုံသာ ပေးသည်။
“ကျွန်တော့်အတန်းဖော်နဲ့ ကျွန်တော်က လူတွေကို ကူပြီးတော့ ဆေးသုတ်ပေးတာ။ ကျွန်တော်တို့ လုပ်ခရတယ်” ကျိုးခိုင်က ပြောသည်။
လင်းချင်းဟယ်က ထုတ်ပြောလိုက်သည်။ “မင်းရဲ့ စာသင်ကြားမှုကို နှောင့်ယှက်ဖို့ ခွင့်မပြုဘူး”
“မဖြစ်ပါဘူး။ ကျွန်တော်တို့က သင်ခန်းစာတွေကို ပြန်နွှေးပြီးမှ သွားတာပါ။ စိတ်မပူပါနဲ့” ကျိုးခိုင်က ပြန်ပြောသည်။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူမက သူ့ကို သုံးရန် ယွမ်အနည်းငယ် ပေးလိုက်ပြီးနောက် ပြန်သွားသည်။
သူမသား၏ သိတတ်မှုကို ရရှိခဲ့သည်။ သို့သော်လည်း သူမက မတွန့်တိုသင့်ပေ။ သူမသားတွင် လက်ထဲ ငွေရှိနေဖို့ ခွင့်ပြုထားတာက ပိုကောင်းသည်။
ကျိုးခိုင်က ထိုနေ့ကစလို့ လင်းချင်းဟယ် စားသောက်ဖို့နှင့် သူ့အမေကို ကျွေးမွေးဖို့ စွပ်ပြုတ်တစ်ခွက် ယူလာရန် အမှန်တကယ် စီစဉ်ထားခဲ့သည်။
ယင်းက ကြက်သားစွပ်ပြုတ် သို့မဟုတ် ငါးစွပ်ပြုတ် ဖြစ်သည်။ အမြဲတမ်းတစ်ခုခု ယူလာတတ်သည်။
ဝမ်လီက အလွန်အားကျနေသည်။ “နင့်သားက တအားသိတတ်တာပဲ”
“သူ့သိတတ်မှုကိုပဲ နင်မြင်နေတာ။ သူ ငယ်တုန်းက တအားနှောင့်ယှက်တတ်တာ၊ တစ်ခါတလေ ငါ ရင်ပူရတယ်” လင်းချင်းဟယ်က စကားဖြင့် အတွန့်တက်လိုက်သော်လည်း သူမမျက်နှာတွင် အပြုံးက နေရာယူထားသည်။
“ဒီကောင်စုတ်လေးက နောက်ဆုံးတော့ ငါ့ကို ပြန်ပေးဆပ်ဖို့ သိပြီပေါ့” ဝမ်လီကလည်း တခစ်ခစ် ရယ်လိုက်သည်။
ယင်းက ဝမ်လီကိုသာ အားကျစေခြင်း မဟုတ်ပေ။
ကျိုးခိုင်၏ ဒေသခံသူငယ်ချင်း၏အမေကလည်း အလွန် အားကျနေသည်။
ယင်းက ဝိန်မိသားစုဖြစ်ပြီး သူတို့၏မျိုးရိုးက ဝိန်ဖြစ်သည်။
အမေဝိန်က အမေဝိန်ကို ထိုသို့ ပြောလိုက်သည်။ “ဒီကလေးကို လုံလောက်အောင် မချီးမွမ်းနိုင်တော့ဘူး။ သူက အပတ်တိုင်း တစ်ခုခု ယူလာပြီးတော့ သူ့အမေကို ကျွေးမွေးဖို့ ကျွန်မကို ချက်ပေးဖို့ အကူအညီတောင်းတယ်။ ကျွန်မမှာ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်ရှိတာ။ ဘယ်သူမှ ဒီလို ဂရုမစိုက်ဘူး”
ထို့အပြင် သူက အလွန် စဉ်းစားတတ်သည်။ သူက တစ်ခုလုံးကို ယူလာသော်လည်း တစ်ဝက်ကို ချန်ထားခဲ့၏။ အကယ်၍ သူက တစ်ဝက်သာ ယူလာလျှင် သူက စွပ်ပြုတ်ကို လုပ်လိမ့်မည်။
တစ်ခါတရံ သူမက ထိန်းသိမ်းပြီး တခြားအချိန်များတွင် သူ့ကို နုတ်ယူဖို့ ခွင့်ပြုထားသည်။
“ဒီအသက်အရွယ်နဲ့ ကောလိပ်တက်ဖို့ သူ့အမေက သူ့ကို အများကြီး ထိန်းကျောင်းခဲ့ရမှာပဲ” အဖေဝိန်က ပြောသည်။
အဖေဝိန်က ကျိုးခိုင်ကို သိသည်။ သူ့သား၏ အတန်းဖော်က အိမ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ရောက်လာသည်။ သူက ဉာဏ်ကောင်းသော ကလေးဖြစ်၏။
“လောင်ဝိန်၊ ရှင့်နှလုံးသားထဲမှာ ဘာမှမတွေးမိဘူးလား” အမေဝိန်က တီးတိုးပြောသည်။
“ဘာအတွေးလဲ” အဖေဝိန်က အမှန်ပင် ဘာအတွေးမှ မရှိပေ။ သူ့ကလေး၏ အတန်းဖော်သာ ဖြစ်သည်။ များများ မတွေးချေ။
သူက မဆိုးသော်လည်း သူ့သားနှစ်ယောက်ကလည်း ထပ်တူ ထက်မြက်ပေသည်။
သူ့သားအကြီးက စစ်သားဖြစ်ပြီး တပ်ခွဲခေါင်းဆောင်ဖြစ်သည်။ သူက နောင်တွင် တပ်စုခေါင်းဆောင် ဖြစ်လာနိုင်သည်။
သူ့သားအငယ်ဆုံးက ပေကျင်းတက္ကသိုလ်၏ ကျောင်းသားသစ်ဖြစ်သည်။ ယင်းက အလွန်မျက်နှာရသည်။ ထို့ကြောင့် အဖေဝိန်က အားကျဖို့ အကြောင်းမရှိဟု ခံစားရသည်။
“တကယ့်ကို လူအကြီးပဲ။ ရှောင်ခိုင်နဲ့သာ ဆိုရင် သူ့ကို သားမက်အဖြစ် လုံးဝ မတွေးမိဘူးလား” အမေဝိန်က သူ အတွေးမရှိသည်ကို သိပြီး သူမဘာသာ ပြောလိုက်သည်။
“မင်းအတွေးလွန်နေပြီ” အဖေဝိန်က ထိုစကားများကို ကြားပြီးနောက် သူ့မိန်းမကို စိတ်မကျေမနပ် ကြည့်လိုက်သည်။
ကလေးတွေက ၁၄နှစ်သာ ရှိသေးသည်။ တရားဝင်လက်ထပ်နိုင်သော အသက်သည် ၁၈နှစ်ဖြစ်သည့်တိုင် အချိန်က နှစ်တချို့ ရှိသေးသည်။ ထိုစဉ်အတွင်း မည်မျှပြောင်းလဲမည်မှန်း မည်သူမှ မသိနိုင်ပေ။
“ဘယ်လိုအတွေးလွန်မှာလဲ။ ကျွန်မတို့တုန်းကလည်း စောတယ်လေ။ ရှင် ကျွန်မကို အသက်၁၃နှစ်လေးနဲ့ စားဖို့ပစ္စည်းလေးတွေ ပေးတာလေ” အမေဝိန်က ပြန်ပြောလိုက်သည်။
အဖေဝိန်က ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်ပြီးနောက် ပြောသည်။ “ဒီမိန်းကလေး မိန်ကျားက သူ့အတွေးနဲ့သူ ရှိတယ်။ ဒါကို စိတ်မပူနေနဲ့။ သူတို့စိတ်ထဲမှာ ရှိရင် သူက အိမ်ကို တစ်ခါတရံ လာပြီးတော့ သူတို့မှာ ကိုယ်ပိုင်အစီအစဉ် ရှိလိမ့်မယ်။ ငါတို့ လူကြီးတွေက ပျက်စီးစေဖို့ ဝင်ပါမိရင် ရလဒ်က ပြောင်းပြန်ဖြစ်သွားလိမ့်မယ်”
“ရှင် ဒါကို မကန့်ကွက်ဘူးမလား။” အမေဝိန်က သူမသမီးငယ်အား သူမသား၏ အတန်းဖော်နှင့် အခုချက်ချင်း နေရာချထားပေးခြင်း မဟုတ်ပေ။ အကြံတချို့ တောင်းခံခြင်းသာ ဖြစ်သည်။
“ဒါက သင့်လျော်ပုံပါပဲ။ ဒါပေမဲ့ သူ့မိသားစုဘက်က သဘောထားကိုတော့ သိပ်မသိသေးဘူးလေ” အဖေဝိန်က ပြန်ပြောလိုက်သည်။ ကျိုးခိုင်တစ်ဦးတည်းဆိုလျှင် သူက ဆိုးရွားသည်ဟု မဆိုသာပေ။ ထို့အပြင် သူက ၁၄နှစ်သာ ရှိသေးသည်။ သူက သူနှင့်အရပ်တူတူ ဖြစ်သည်။ အရွယ်မတိုင်ခင် ကြီးထွားသော ကလေးဖြစ်သည်။
ပြီးတော့ ယခုကဲ့သို့ ပညာရေးကို ရရှိထားသည်ကို ကြည့်ခြင်းဖြင့် ကလေးဘဝကလည်း အလွန်ကောင်းပေလိမ့်မည်။ ထို့ကြောင့် ကျိုးခိုင်သာ ဆိုပါက အဖေဝိန်က ကန့်ကွက်မည် မဟုတ်ပေ။
သို့သော် လက်ထပ်ခြင်းက လူငယ်နှစ်ဦး၏ကြားမှ ကိစ္စတစ်ခုသာ မဟုတ်ပေ။ ယင်းက နှစ်ဖက်မိဘများလည်း ပါဝင်ပေသည်။
“သူ့အမေက သိပ်ကို ဖြောင့်မတ်တဲ့လူလို့ ပြောတာ ကျွန်မကြားဖူးတယ်။ သူမက အင်္ဂလိပ်စာမှာ ထူးချွန်တယ်တဲ့ သူမက အင်္ဂလိပ်စာဌာနမှာ နံပါတ်တစ်တဲ့” အမေဝိန်က ပြောသည်။
ထို့နောက် သူမက အနည်းငယ် ယုံကြည်မှုမရှိ ဖြစ်သွားသည်။ သူတို့သာ အတူတူ ရှိပါက သားမက်၏မိခင်က အမှန်ပင် ထူးကဲပေလိမ့်မည်။
သူမက မြို့တော်တွင် အိမ်ထောင်စုစာရင်း ပြုလုပ်နိုင်ပါက သူမက ယင်းကို ဂုဏ်မယူနိုင်တော့ပေ။ အကြောင်းမှာ တခြားကောလိပ်ကျောင်းသားတစ်ယောက်တွင်လည်း ဤအခြေအနေ ရှိပေသည်။ သူတို့၏အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့ရန်မှာ အမှန်ပင် မခက်ခဲပေ။
“ဒီကို အခုပဲ ရောက်နေပြီ။ သိပ်များများ မတွေးပါနဲ့။ မင်း အဲဒါကို စစ်ဆေးချင်ရင် ကျားတုံဆီကို တစ်ခါတရံ ပစ္စည်းလေးတွေ ပို့ပေးလိုက်၊ ပြီးတော့ တစ်ချက်သွားကြည့်ဖို့တော့ မလုပ်နဲ့” အဖေဝိန်က ပြောသည်။
သူ့မိန်းမက မလိုအပ်ဘဲ စိတ်ပူပန်နေသည်ဟု သူက ခံစားရသည်။ သို့သော် သူက မပြောရဲ၊ မဟုတ်ပါက သူက ဒီည အိပ်ရမည် မဟုတ်ပေ။