အခန်း (၂၄၆) - ရှန်ဟိုင်းမြို့မှ ထုတ်ကုန်များ
အမေဝိန်က လင်းချင်းဟယ်နှင့် ပေါင်းသင်းဖို့ လွယ်မလားဆိုတာ တကယ်ပင် သိချင်နေသည်။
သူမက သွားဖို့ ရှားရှားပါးပါး အခွင့်အရေး ယူလိုက်စဉ် နိုဝင်ဘာလလယ်မှာ လင်းချင်းဟယ်က တချို့ကျောင်းသားများနှင့် တက္ကသိုလ်ကိုယ်စားပြုပြီးတော့ ရှန်ဟိုင်းမြို့ကို တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သွားရသည်။
နှီးနှောဖလှယ်ပွဲဟု ဆိုသော်လည်း ယင်းက စီးပွားရေးခရီးစဉ်တစ်ခုနှင့် ပိုတူသည်။ ဖလှယ်ပွဲတွင် သေချာပေါက် ပါဝင်ရန် လိုအပ်ပေသည်။ ဖလှယ်မှုပြီးနောက်တွင် သူတို့အားလုံးက လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့လည်း အချိန်ရလိမ့်မည်။
သို့သော်ငြား ရှန်ဟိုင်းမြို့တော်သို့ ခရီးစဉ်အတွင်း တည်းခိုစရိတ်နှင့် စားသောက်စရိတ်ကဲ့သို့သော အသွားအပြန်ခရီးစရိတ် အားလုံးကို တက္ကသိုလ်မှ ပြန်ပေးလိမ့်မည်။
ယင်းကို ဆွေးနွေးကြသောအခါ လင်းချင်းဟယ်က တစ်စက္ကန့်တောင် မဆိုင်းဘဲ ပေကျင်းတက္ကသိုလ်အတွက် တတ်စွမ်းသမျှ ကြိုးစားပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။
ထို့ကြောင့် အမေဝိန်က တကယ် ကံမကောင်းတော့ပေ။
အမေဝိန်သည် ပေကျင်းတက္ကသိုလ်၏ ကိုယ်စားပြုအနေဖြင့် ရှန်ဟိုင်းတက္ကသိုလ် နှီးနှောဖလှယ်ပွဲသို့ ကျိုးခိုင်၏အမေက တက်ရောက်မည်ဟု ကြားသောအခါ လေးစားမှုအပြည့်ဖြင့် ဝန်ခံလိုက်ရသည်။
ကျိုးခိုင်ကဲ့သို့သော သားမျိုး မွေးထုတ်နိုင်သည်မှာ မထူးဆန်းတော့ပေ။
သို့သော် အမေဝိန်၏ အတွေးများကို အကောင်အထည် မဖော်နိုင်ဘဲ ဝေးကွာလွန်းသေးသည်။ အဖေဝိန်သာ သိပေသည်။ တခြားသော သားသမီးများက မသိကြသေးပေ။
သို့သော် ထိုအတွေးများကြောင့် အမေဝိန်က သူမသား ဝိန်ကော်လျန်၏အတန်းဖော် ကျိုးခိုင်က အိမ်သို့ လိုက်လာသောအခါ သူမသားနှင့်အတူတူ ဆက်ဆံခဲ့သည်။
မဟုတ်သေးပေ။ သူမသားနှင့်အတူတူ မဟုတ်ချေ။ သူမသားထက် အနည်းငယ် ပိုပေသည်။
ထိုကိစ္စကြောင့် ဝိန်ကော်လျန်ပင် အချိန်တိုင်း ညည်းတွားခဲ့လေသည်။ သူ့အမေက တခြားသူ၏အမေ ဖြစ်သွားသည်။
လင်းချင်းဟယ်က သူမသားကြီးကို တခြားသူက သားမက်အဖြစ် ရွေးထားကြောင်းကို မသိသေးချေ။ နှီးနှောဖလှယ်ပွဲ ပြီးနောက်တွင် သူမက သူမ၏ကိုယ်ပိုင်ကိစ္စကို ဆောင်ရွက်တော့သည်။
ရှန်ဟိုင်းမြို့တော်ကဲ့သို့သော နေရာသည် ယခုတွင် အလွန်ဖွံ့ဖြိုးနေပြီဖြစ်သည်။ ဥပမာအားဖြင့် သူမက မောလ်သို့ သွားသောအခါ လင်းချင်းဟယ်က စတိုင်လ်အသစ်များစွာကို တွေ့မြင်ခဲ့ရသည်။
ခရိုင်မြို့တွင် မရောင်းသေးသော နာရီများ၊ လည်စည်းများ၊ လက်အိတ်များနှင့် ကြည့်ကောင်းသော အထည်များ ရှိပေသည်။
တစ်နည်းဆိုရလျှင် ယင်းတို့သည် ယေဘုယျအားဖြင့် စင်ပေါ်တင်လိုက်သည်နှင့် ပစ္စည်းပြတ်သွားနိုင်ပေသည်။ သီးသန့်ချန်ထားစေရန် အခွင့်အရေး မရှိပေ။
ထို့ကြောင့် လင်းချင်းဟယ်က မည်သို့ လက်လွတ်ခံမည်နည်း။
အရောင်းသမားက သူမ၏သာလွန်သော ရောင်ဝါကို မြင်တွေ့နိုင်သည်။ ပေကျင်းတက္ကသိုလ်မှ ရှန်ဟိုင်းတက္ကသိုလ်သို့ နှီးနှောဖလှယ်ပွဲအတွက် ရောက်လာသော ကောလိပ်ကျောင်းသူမှန်း သိသွားပြီးနောက် လင်းချင်းဟယ်အပေါ် အကြည့်များက ချက်ချင်း ပြောင်းလဲသွားတော့သည်။
လင်းချင်းဟယ်က ထုတ်ဖော်ပြရန် မဆိုလိုသော်လည်း သည်နေ့တွင် ဤသို့ ဖြစ်သွား၏။ အကယ်၍ တစ်ယောက်ယောက်က မထုတ်ပြပါက လူများက သူတို့နှာခေါင်းဖြင့်သာ ကြည့်ကြလိမ့်မည်။ သူမ ဘာလုပ်နိုင်မှာလဲ။
“ဒီတစ်ကြိမ် ဒီကို လာဖို့က အတော်လေး ရှားပါးတဲ့အခွင့်အရေးပဲ။ ဒီတော့ ကျွန်မက များများ ဝယ်ချင်တာ။ ဒါပေမဲ့ ကျွန်မက ကူပွန်တွေ မယူလာမိဘူး” လင်းချင်းဟယ်သည် ဝမ်းနည်းဟန်ဖြင့် ပြောရင်း သူမ၏ ပေကျင်းတက္ကသိုလ်ကျောင်းသားကတ်ကို အရောင်းသမားမြင်အောင် တစ်ချက် ပြလိုက်သည်။
“တချို့အထည်တွေလည်း ရှိတယ်၊ ဒါပေမယ့် အကုန်လုံးက အရည်အသွေး အရမ်းကောင်းတယ်။ မင်းအကြိုက်နဲ့ ကိုက်ညီရဲ့လား မသိဘူး” အရောင်းသမားက ချက်ချင်း သတင်းပေးတော့သည်။
“ကျေးဇူးပါ မိန်းကလေး” လင်းချင်းဟယ်က သံသယများမနေဘဲ တုံ့ပြန်လိုက်သည်။
“ဒါဆို ဒီမှာစောင့်နေပေးနော်” အရောင်းသမားက ပြောပြီးနောက် တခြားလူဆီ ဦးတည်သွားကာ တောင်းဆိုလိုက်သည်။ ထိုလူက သွားယူ၏။
အရောင်းသမားက လင်းချင်းဟယ်ကို မြို့တော်မှ အကြောင်းအရာများ မေးမြန်းခဲ့သည်။
လင်းချင်းဟယ်က မတွန့်တိုပေ။ သူမက ခွင့်ပြုနိုင်သော အတိုင်းအတာကို ပေးခံရကတည်းက သူမက ပြောရန် ပျော်ရွှင်ခဲ့သည်။ သို့သော် သူမက အားလုံးကိုတော့ မပေးခဲ့ချေ။ တချို့သော ကြိုတင်မှာကြားမှုတွေ ရှိထားလေသည်။
သို့မဟုတ်ပါက တခြားသူများက သူ့ကို အရူးလို့ သတ်မှတ်ကြလိမ့်မည်။
အထည်ကို ထုတ်လိုက်သည်နှင့် လင်းချင်းဟယ်က နှစ်ခုကို တိုက်ရိုက်ဝယ်ယူလိုက်သည်။
ငွေကို ဦးစွာ ချေပြီးနောက် သူမက ထွက်သွားတော့သည်။ သူမက နေရာလွတ်တွင် သိမ်းဆည်းရန် လူသူမရှိသောနေရာကို ရှာတွေ့ခဲ့သည်။ ပြီးနောက် သူမက အရောင်းသမားကို ထပ်ရှာရန် ပြန်လာခဲ့သည်။
“ရှင်မလာတော့ဘူးလို့ ကျွန်မက ထင်နေတာ” အရောင်းသမားက ပြုံးပြသည်။
“ကောင်းပြီ၊ ကျွန်မက တခြားပစ္စည်းတွေ မဝယ်ရသေးဘူးလေ။ ဒီက ပစ္စည်းတွေက တခြားကထက် ဈေးချိုတယ်။ ပြီးတော့ စတိုင်လ်ကလည်း သိပ်ကောင်းတယ်” လင်းချင်းဟယ်က ချီးကျူးလိုက်သည်။
“ဒီမှာ အားလုံးက အသစ်နဲ့ နောက်ဆုံးထွက်စတိုင်လ်တွေချည်းပဲ။ ရောင်းဖို့ သိပ်လွယ်တာ။ ရှင်လိုချင်တာကို ရှင် ရွေးယူနိုင်တယ်” အရောင်းသမားက ပြောလိုက်သည်။
မြို့တော်မှ ပေကျင်းတက္ကသိုလ်ကျောင်းသားနှင့် ဆုံတွေ့ပြီးနောက် မေးမြန်းနိုင်သမျှ မေးမြန်းရန် ခေါင်းစီးတစ်ခု အကြောင်းကို အသုံးပြုဖို့ လုံလောက်ပေသည်။
လင်းချင်းဟယ်က ခုနှစ်ယောက်မြောက် ယောက်မ၊ ရှစ်ယောက်မြောက်အန်တီတို့ကို ဟိုတစ်ခု ဒီတစ်ခု ပေးရန်ရှိသည်ဟု တတွတ်တွတ်ပြောနေခဲ့သည်။ ကူပွန်က မလိုအပ်သဖြင့် လင်းချင်းဟယ်က အများအပြား ဝယ်ယူခဲ့သည်။
လက်အိတ်များနှင့် လည်စည်းပဝါများကို အဓိကထားပြီး ဝယ်ယူခဲ့သည်။ သူမက ရှင်းပြလိုက်သေးသည်။
“ဒီကို ခရီးတိုလေး ထွက်လာနိုင်ဖို့ အခွင့်အရေးက အတော်လေး ရှားပါးတာလေ။ ဒီတစ်ခေါက်ခရီးမှာ ဆွေမျိုးတွေအတွက် ပိုဝယ်သွားချင်တာ”
အရောင်းသမားက ဘာမှမပြောချေ။ ငွေများကို ရေတွက်ပြီးနောက် သူမက ဆိုသည်။ “နာရီတစ်လုံးလောက် မလိုချင်ဘူးလား။ အဲဒါက အသစ်လေးပဲ”
အရောင်းသမားက အများအပြား ဝယ်ယူတာကို ဂရုမစိုက်ပေ။ သူမက ထိုသို့သော မှတ်ချက်ချ၏။
‘မြို့တော်က လာမှတော့ မထူးဆန်းတော့ဘူး။ သူမက တကယ်ကို ချမ်းသာတာပဲ။ ဒီတစ်ခါ သူမက ဘယ်လောက် ဝယ်သွားနိုင်မလဲ။ ‘
လင်းချင်းဟယ်က တစ်ချက် ကြည့်လိုက်သည်။ သူမက အမျိုးသမီးလက်ပတ်နာရီ နှစ်လုံးနှင့် အမျိုးသားလက်ပတ်နာရီ သုံးလုံးကို ဝယ်ယူလိုက်၏။
ထိုပစ္စည်းတန်ကြေးက သူမကို ကြွယ်ဝစေလိမ့်မည်။ တကယ်တမ်းတွင် အမျိုးသားလက်ပတ်နာရီနဲ့ အမျိုးသမီးလက်ပတ်နာရီတွေက ယွမ် ၆၀၀ကျော် ယွမ် ၇၀၀နီးပါးလောက်အထိ ကုန်ကျခဲ့သည်။
လက်ပတ်နာရီတစ်လုံးလျှင် ယွမ်၁၀၀ကျော်သာ ကုန်ကျသော်လည်း ထိုနာရီကို ခရိုင်မြို့တွင်း မှောင်ခိုစျေးကွက်တွင် ပြန်ရောင်းချပါက နာရီတစ်လုံးကို ယွမ်၂၂၀ ၂၃၀ ဖြင့် ရောင်းချနိုင်မည်။ အရောင်းအဝယ်တစ်ခုလျှင် ယွမ်၁၀၀ကျော် အမြတ်ကျန်မည်။ ယင်းက အလွန် အကျိုးအမြတ်ရတာ မဟုတ်မလျှင် ဘာလဲ။
ယင်းက ရှန်ဟိုင်းမြို့တော်မှ နောက်ဆုံးထွက် စတိုင်နှင့် အမှတ်တံဆိပ်ဖြစ်သည်။ နိုင်ငံခြားစတိုင်လ်ဖြစ်ပြီး အပြင်တွင် ဝတ်ဆင်ပါက မျက်နှာပန်းလှစေမည်။ မဟုတ်လျှင် လူတွေက ကြည့်ပြီး ဝယ်မည်မဟုတ်ပေ။
လင်းချင်းဟယ်က ဒီကို ရောက်လာနိုင်ဖို့က အတော်လေး ရှားပါးသော အခွင့်အရေးဟု ခံစားမိကာ ရှန်ဟိုင်းမြို့တွင် ကူပွန်များ မလိုအပ်ကတည်းက နာရီများ ပိုဝယ်ရပေမည်။ သဘာဝကျကျပင် ဤနေရာတွင် နာရီအများအပြား ဝယ်ယူခြင်းက မကောင်းပေ။ လင်းချင်းဟယ်က ရှောပင်းမောလ်သို့ သွားလိုက်တော့သည်။
ထိုအချိန်တွင် သူမက နာရီအချို့သာ ဝယ်ခဲ့သည် မဟုတ်ပေ။ သူမက လျှပ်စစ်ပန်ကာနှင့် ရေဒီယိုများပါ ရရှိခဲ့သည်။
ဤခေတ်အခြေအနေအရ ၎င်းတို့က အဓိကအိမ်ထောင်စုသုံး ပစ္စည်းများ ဖြစ်ပေသည်။
နောက်ပိုင်းမျိုးဆက်များတွင် ကူပွန်များသည် တဖြည်းဖြည်း မလိုအပ်တော့မည်ကို လင်းချင်းဟယ်က သိပေသည်။ ရှန်ဟိုင်းမြို့ရှိ ဤဈေးဝယ်စင်တာများတွင် ကူပွန်များမလိုဘဲ ဝယ်ယူနိုင်မည်ဟု သူမက မမျှော်လင့်ထားပေ။
မှော်ဆန်သောမြို့တော်ကြီးဖြစ်ရန် ထိုက်တန်ပေသည်။ ယင်းက အလွန်လျင်မြန်စွာ ဦးစွာပထမ တိုးတက်လာခြင်း ဖြစ်သည်။
လင်းချင်းဟယ်က နောက်ထပ် ဆက်မလှုပ်ရှားတော့ချေ။ ပမာဏက လုံလောက်ပေပြီ။ ကြီးမားသော လှုပ်ရှားမှု မလုပ်တာက ပိုကောင်း၏။
ထို့အပြင် ယင်းတို့ကို မှောင်ခိုဈေးသို့ ယူသွားသောအခါ ကြွယ်ဝဖို့ လုံလောက်ပြီဖြစ်သည်။ သူမက ဆက်လှုပ်ရှားရန် မလိုပေ။
လင်းချင်းဟယ်က အလွန်မကြန့်ကြာခဲ့ပေ။ နောက်နေ့တွင် သူမက တခြားသူများနှင့်အတူ မြို့တော်သို့ ပြန်လာခဲ့သည်။
သူမက ပြန်လာသောအခါ လင်းချင်းဟယ်က ကျိုးခိုင်ကို နာရီတစ်လုံး ပေးခဲ့သည်။
တကယ်တမ်းတွင် သူက ကောလိပ်တက်နေတုန်း ဖြစ်ပြီး နာရီတစ်လုံး မလိုသေးပေ။ ဤတစ်ကြိမ်တွင် ကလေးက အကျိုးရှိသွားပေသည်။
ကျိုးခိုင်က သိသိသာသာ အံ့အားသင့်သွား၏။ “အမေ ဒါက ကျွန်တော့်ကိုပေးတာလား”
“မလိုချင်လို့လား” လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။
“လိုချင်တာပေါ့။ ဒါပေါ့ ကျွန်တော်လိုချင်တယ်။ ဘာလို့ မလိုချင်ရမှာလဲ။ အမေ၊ အမေက တကယ်ပဲ ဒါကို ကျွန်တော့်ကို ပေးတယ်။ ကျွန်တော့် သေချာပေါက် အမေ့သားပဲ” ကျိုးခိုင်က အလွန်ပျော်ရွှင်နေသည်။
နာရီ အာ.. သူက တစ်ခု လိုချင်ခဲ့သည်။ သူ့အမေက သူ့ကို ဝယ်ပေးမည်ဟု မတွေးခဲ့မိဘူးပေ။
“ကောင်းပြီ။ လုပ်စရာရှိတာ သွားလုပ်တော့၊ နောက်လလယ် ကျောင်းပိတ်ရက်မှာ ငါနဲ့အတူ အိမ်ပြန်ရမယ် ကြားလား”
လင်းချင်းဟယ်က သတိပေးလိုက်သည်။
“ကျွန်တော် သိပါတယ်” ကျိုးခိုင်က အထပ်ထပ် ခေါင်းညိတ်လိုက်ပြီးနောက် မေးသည်။ “အမေ ဒါက ရှန်ဟိုင်းမြို့က နောက်ဆုံးပေါ်နာရီလား”
“အဲဒါက နောက်ဆုံးပေါ်ပဲ။ တစ်လုံးကို ယွမ်၂၅၀ ပေးရတယ်။ ဈေးများတယ်” လင်းချင်းဟယ်က ကြွားဝါလိုက်သည်။
ကျိုးခိုင်က မှင်တက်သွားသည်။ “အမေ ဈေးများတာကို ဘာလို့ ဝယ်ဖို့ လိုမှာလဲ။ ယွမ်၁၀၀ ဝန်းကျင်လောက်ပဲ ဝယ်ရင်ရသားပဲ” ထို့ပြင် ယွမ်၁၀၀ ကျော်သည်လည်း ဈေးများသေးပေသည်။
“တစ်ခု ရဖို့တောင် ရှားပါးတယ်။ ဒီတော့ ဝတ်လိုက်” လင်းချင်းဟယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။