အခန်း (၂၄၇) - ကိုက်တတ်သောခွေးသည် မဟောင်ပေ
ဤတစ်ကြိမ်တွင် လင်းချင်းဟယ်က ပစ္စည်းအများအပြား ပြန်ယူလာခဲ့သည်။
သို့သော်လည်း လင်းချင်ဟယ်က ပစ္စည်းများကို မြို့တော်တွင် ရောင်းရန် မရည်ရွယ်ထားပေ။ တစ်အချက် သူမက သည်ဘက်တွင် မရင်းနှီးချေ။ နှစ်အချက် ဤလူများက ထက်မြက်ကြသည်။
မွေးရပ်မြေတွင်မူ လူတိုင်းက မြို့တော်ကြီးမှအရာများကို နှစ်သက်ကြသည်။
အကြောင်းမှာ ယင်းက ဝေးကွာလွန်းလှသည်။ မြို့တော်နှင့် ရှန်ဟိုင်းမြို့ကဲ့သို့သော အဓိကမြို့ကြီးများသည် လူများ အထူးသဖြင့် လူငယ်များ၏ သတိပြုမိရာနေရာ ဖြစ်သည်။
ထို့ကြောင့် ထိုနေရာမှ ပစ္စည်းများယူလာသည်ဟု ကြားသောအခါ လူကြိုက်များပေလိမ့်မည်။
မြို့တော်ကြီးမှ လာသော ပစ္စည်းများသည် လင်းချင်းဟယ်၏မျက်လုံးထဲတွင်တော့ အတူတူသာ ဖြစ်သည်။
ရှန်ဟိုင်းမြို့မှ နှီးနှောဖလှယ်ပွဲသည် အလွန်အောင်မြင်မှုရရှိခဲ့သည်။ ကိစ္စကို အပြည့်အဝ အောင်မြင်ပြီးနောက် လင်းချင်းဟယ်က စာလေ့လာမှုထဲသို့ ထပ်မံ ဝင်ရောက်သွားတော့သည်။
သို့သော် နိုဝင်ဘာလအဆုံးတွင် အဆောင်အတွင်း တစ်ခုခု ဖြစ်ပွားခဲ့သည်။
ချန်ရွှယ်က ကိုယ်ဝန်ပျက်ကျခဲ့သည်။
သူမက ချော်လဲကျခဲ့၏။
ထိုစဉ်က အလွန်အေးနေပြီဖြစ်၏။ နှင်းအနည်းငယ် ရှိနေပြီဖြစ်သည်။ ဂရုမစိုက်သဖြင့် ချန်ရွှယ်က လှေကားမှ ချော်ကျခဲ့ခြင်း ဖြစ်သည်။
သဘာဝကျကျပင် မည်သူမျှ များများ မတွေးခဲ့ကြပေ။ ချန်ရွှယ်နှင့် ရင်းနှီးသော သူငယ်ချင်းတစ်ယောက် ရှိခဲ့သည်။
ထိုသူက လက်ထပ်ထားပြီးသားဖြစ်လို့ သူမက အတွေ့အကြုံ ရှိသည်။ ချန်ရွှယ်က ကလေးတစ်ယောက်ကို ရုတ်ခြည်း ဆုံးရှုံးသွားခဲ့၏။
လင်းချင်းဟယ်က ဒါကို ကြားပြီးတော့ မအံ့ဩခဲ့ပေ။ သူမက ချန်ရွှယ်နှင့် အခြားအမျိုးသားအတန်းဖော်ကို တွေ့ဖူးသည်။ သူတို့နှစ်ယောက်က တစ်ချက်ကြည့်ရုံနှင့် မရိုးရှင်းမှန်း ပြောနိုင်သည်။
ယေဘုယျအားဖြင့် ယောက်ျားနှင့်မိန်းမသည် အတူတူ မအိပ်ဖူးပဲနှင့် ထိုသို့ ရင်းနှီးမည် မဟုတ်ပေ။
ယင်းက တခြားသူ၏ကိစ္စဖြစ်သည်။ လင်းချင်းဟယ်က ပါဝင်ပတ်သက်ဖို့ စိတ်မဝင်စားချေ။
သို့သော် ဝမ်လီနှင့် အခြားသော အဆောင်အတူနေသူများက ယင်းကို ကြားသောအခါ အံ့ဩမှင်တက်သွားကြသည်။
အထူးသဖြင့် ဝမ်လီဖြစ်သည်။ သူမက လင်းချင်းဟယ်ကို သီးသန့်ရှာပြီးပြောသည်။
“ဘုရားရေ၊ သူမက ဒါမျိုးလုပ်တယ်ဆိုတာ ငါဖြင့် မယုံနိုင်ဘူး။ သူမက သူ့ယောက်ျားနဲ့ကလေးကို မလိုချင်ရင်တောင်မှ မရှင်းလင်းသေးခင် တခြားသူနဲ့ ဒီလိုမျိုး လုပ်ရဲသေးတယ်”
“ဒါကြောင့်နဲ့ စိတ်ရှုပ်မခံပါနဲ့” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
“ငါ မဖြစ်ချင်ပါဘူး ဒါပေမဲ့ ဒီလိုလူမျိုးနဲ့ အတူတူ နေဖို့ အဆင်မပြေဘူးလို့ ခံစားရတယ်” ဝမ်လီက ရှုတ်ချလိုက်သည်။
ယခင်က သူမသည် ချန်ရွှယ်မှာ မကောင်းသော အကျင့်စရိုက်ရှိပြီး အနည်းငယ် ဝင့်ကြွားရုံဟု ခံစားခဲ့သည်။ သို့သော်ငြား ဝမ်လီသည် ယင်းက အနည်းငယ်လွန်တယ်လို့ ခံစားလိုက်ရသည်။
တက္ကသိုလ်တက်သည်မှာ တစ်နှစ်သာ ရှိသေးသည်။ ဝမ်လီက ထိုကဲ့သို့သောအရာကို လက်မခံနိုင်ချေ။
လင်းချင်းဟယ်သည်လည်း အိပ်ခန်းဆောင်အတွင်း ထိုသို့သော ဖြစ်ပျက်မှုကို အနည်းငယ် မနှစ်မြို့သလို ခံစားရသည်။
“နေရာထိုင်ခင်းအခြေအနေက တင်းကျပ်နေတာ။ အိပ်ခန်းပြောင်းလို့ မရနိုင်ဘူး”
ဝမ်လီကလည်း အိပ်ခန်းပြောင်းဖို့ မဖြစ်နိုင်မှန်း သိပေသည်။ အိပ်ရာလွတ်များ မရှိတော့ပေ။ သူမက အံကြိတ်လိုက်ပြီးနောက်။ “တကယ် အရှက်မဲ့လိုက်တာ”
အခန်းဖော်တစ်ဦးမှ ထိုကိစ္စကို စွာကျယ်ကျယ် ထုတ်ပြောနေစဉ် ဝမ်လီက လင်းချင်းဟယ်ကိုသာ သီးသန့် အတွန့်တက်ခြင်း ဖြစ်သည်။
“ပုံမှန်နေ့တွေမှာ ငါတို့ အိပ်ခန်းဆောင်မှာ ငြင်းခုံရန်ဖြစ်ကြတာက ပုံမှန်ပဲ။ ဒါပေမဲ့ ဒီလိုလူမျိုး တကယ်ရှိနေတာ။ ဒီလိုလူစားမျိုးနဲ့ အဆောင်ခန်းအတူတူ နေနိုင်ဖို့ကို ငါ မတွေးနိုင်ဘူး” ယင်းက ချန်ရွှယ်ကို တိုက်ရိုက်နှင်ထုတ်လိုခြင်းမှန်း ရှင်းလင်းလှသည်။
“ငါ သူမနဲ့ အတူတူ မနေနိုင်ဘူး။ အရှက်မဲ့လွန်းတယ်။ သူမက လက်မထပ်ရသေးဘဲနဲ့ ဒီလို လုပ်ရပ်မျိုးကို လုပ်တာက အမျိုးသမီးတွေကို အရှက်ရစေတယ်” တခြားသော စကားနည်းသည့် အမျိုးသမီးအခန်းဖော်ကလည်း ထောက်ခံမှုကို ပြလာသည်။
“ဘာကို လက်မထပ်တာလဲ။ မင်းမသိဘူးလား။ အပြင်မှာ ပြန့်နေတယ်။ သူမက ကျေးလက်ကို သွားခဲ့တုန်းက လက်ထပ်ခဲ့ပြီးတော့ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်” ပထမဆုံး ပြောသူက ပြောလာသည်။
“ဒါဆို ပိုလို့တောင် အရှက်မဲ့သေးတယ်” နောက်မှ ပြောသူက ဆူပူလိုက်သည်။
“ဒါသာ အရင်က ဖြစ်ခဲ့တာ ဆိုရင် အခုက ဖောက်ပြန်တာပဲ။ သူမက သေတဲ့အထိ အရှက်မဲ့လို့ အပြစ်တင်ခံရလိမ့်မယ်”
တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်လေးဦး ကျဆုံးသွားကတည်းက အပြစ်ပေးခြင်းနှင့် တိုက်ခိုက်ခြင်းက ရပ်တန့်သွားပြီဖြစ်သည်။ အထက်မှလူများက ယင်းကို မကြိုက်ကြချေ။
ဥပမာအားဖြင့် ကျိုးကျားထန်ဖြစ်သည်။ ဝမ်လင်နှင့် ကျိုးဟယ်ဟု ခေါ်သူသည် ယခင်က ထပ်ခါထပ်ခါ အပြစ်တင်ခံခဲ့ပြီး လွတ်မြောက်ခဲ့သည်။ သို့တိုင် သူတို့က အပြည့်အဝ ပျက်စီးသွားခဲ့သည်။
“ထပ်ပြောကြည့်စမ်းပါ” ချန်ရွှယ်က အိပ်ရာပေါ်တွင် လဲနေရသည်။ သူမမျက်နှာက ဖြူဖျော့နေ၏။ သူမက ထိုနှစ်ယောက်၏ စကားများကြောင့် လုံးဝ စိတ်ဆိုးသွားတော့သည်။
ဝမ်လီက ထိုအသင်းထဲ တစ်ကြိမ် ဝင်ပါလိုက်သည်။ သူမက ချန်ရွှယ်ကို စိတ်ကုန်နေပြီဖြစ်သည်။
“ဘာလဲ မင်းက လုပ်ရဲပြီးတော့ ပြောမှာတော့ ကြောက်နေတာလား။ မင်းက မင်းကိုယ်မင်း မချစ်သလို မလေးစားဘူး။ ဘယ်သူ့ကို အပြစ်တင်မှာလဲ”
“မှန်တယ်။ အိပ်ခန်းဆောင်က လူတိုင်းက ကောင်းမွန်နေတာ။ ကြွက်ချေးရောပါနေမယ်လို့ မထင်ထားဘူး”
“ဒီလိုလူကို နှင်ထုတ်သင့်တယ်။ ဒီလိုအကျင့်စရိုက်မျိုးက မူဝါဒနဲ့ စစ်ဆေးမှုကို ဖြတ်ကျော်နိုင်မှာလား”
ယခုအချိန်တွင် တက္ကသိုလ်ကို ဝင်ခွင့်ရသူသည် မူဝါဒများနှင့် စစ်ဆေးမှုကို ဖြတ်ကျော်ရပေမည်။ သူတို့ ဖြတ်ကျော်ပြီး ကျရှုံးခဲ့ပါက သူတို့က သူတို့ရဲ့ ကံကြမ္မာကို လက်ခံပြီး မစင်ကောက်ခြင်း ကဲ့သို့သော အလုပ်ကိုသာ လက်ခံရပေမည်။
အိပ်ခန်းဆောင်က ဆူညံနေသည်။ လင်းချင်းဟယ်က အစမှအဆုံးတိုင် စကားတစ်ခွန်းမှ ဝင်မပြောပေ။
သို့သော် သူမ၏ ရပ်တည်ချက်က ရှင်းလင်းသည်။ သူနှင့် ချန်ရွှယ်က ဆက်ဆံရေးကောင်း မရှိ၊ အထူးသဖြင့် ထိုကိစ္စတွင် အော့နှလုံးနာဖွယ် ဖြစ်သည်။
တခြားသူများက တစ်ခါတစ်ရံ ရန်ဖြစ်သော်လည်း အရေးမကြီးလှပေ။ လူတိုင်းက သန့်ရှင်းရေးအပိုင်းတွင် သူတို့၏တာဝန်များကို ပြီးမြောက်ကြသည်။
ချန်ရွှယ်၏အလှည့်တွင်သာ တစ်ယောက်ယောက်က သူမကို တွန်းအားပေးရန် လိုအပ်ခဲ့သည်။
ထိုစဉ် ချန်ရွှယ်နှင့် ဆက်ဆံရေးကောင်းသော ဝမ်မိန်က ပြန်ရောက်လာသည်။
တခြားသူများနှင့် ငြင်းခုန်နေစဉ်က ချန်ရွှယ်က ကဲ့ရဲ့လှောင်ပြောင်မှုကိုသာ ခံခဲ့ရသည်။ ဝမ်မိန့် ပြန်လာသောအခါ သူမကို ဝါးစားချင်လာသည်။
ဝမ်မိန့်က သူမကို မုန်းတီးစွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူမက ပြောလိုက်တော့သည်။
“ချန်ရွှယ်၊ မင်း ဘာလို့ ဒီလို ကြည့်နေတာလဲ”
“ကိုက်တတ်တဲ့ခွေးက မဟောင်ဘူး။ နောက်ဆုံးတော့ ငါ ဒီနေ့ ကောင်းကောင်း တွေ့လိုက်ရပြီ။ မင်းက ခွေးမပဲ”
ချန်ရွှယ်က အံကြိတ်လိုက်သည်။
ဝမ်မိန့်သာလျှင် သူမကိစ္စအားလုံးကို သိသူ ဖြစ်သည်။ ဝမ်မိန့်သာ သူမ၏လက်ရှိအခြေအနေတွင် တရားခံ ဖြစ်သည်။
ဝမ်မိန့်က ပြောသည်။ “ငါ မင်းအကြောင်းကို ဘာမှမပြောဘူး။ တစ်ယောက်ယောက်က ငါ မင်းအတွက် တစ်ခုခု ပစ်ကူနေတာကို တွေ့သွားတာ။ သူတို့က ငါ့ကို ဖိအားပေးပြီး ဖြေခိုင်းလို့ ငါ အမှန်ကို ပြောလိုက်ရတာ”
“ခွေးမ” ချန်ရွှယ်က အနားရှိ ကြွေရည်သုတ်ခွက်ဖြင့် သူမကို ပစ်ပေါက်လိုက်သည်။
သဘာဝကျစွာဖြင့် ယင်းက ကြက်ပျံခြင်းနှင့် ခွေးခုန်ခြင်းတို့၏ ကဏ္ဍသာ ဖြစ်သည်။
ထိုအဖြစ်အပျက်၏ သက်ရောက်မှု ဆိုးဝါးပေသည်။ နှောင်းပိုင်းမျိုးဆက်တွင် ကိစ္စက ကြီးကြီးမားမား မဟုတ်ပေ။ သို့တိုင် ယခုက ပတ်ဝန်းကျင်က ပြောင်းလဲခါစ ၁၉၇၈ခုနှစ်သာ ရှိသေးသည်။
ချန်ရွှယ်နှင့် သူမ၏ထိုလူအား ရာဇဝတ်မှုကြီးအဖြစ် တရားစွဲခံရသော်လည်း လူတိုင်းထင်ထားသည်နှင့် ဆန်ကျင့်ဖက်ပင် သူတို့နှစ်ဦးသည် သူတို့၏ သန္နိဌာန်ကို မယိမ်းမယိုင်ထားရှိခဲ့ကာ လမ်းခွဲဖို့ အစီအစဥ် မရှိပေ။
လင်းချင်းဟယ်က ယင်းကို နောက်မှ ကြားသိခဲ့ရသည်။ ယင်းက အလွန်ကျောချမ်းဖွယ် ဖြစ်၏။
သို့သော် သူမက အာရုံသိပ်မထားပေ။
အကြောင်းမှာ ဒီဇင်ဘာဝင်လာပြီးနောက် အလွန်အေးလာပြီဖြစ်၏။
ခြောက်သွေ့ပြီး အေးစက်သည်။ ကျိုးခိုင်က စွပ်ပြုတ် ယူလာသောအခါ လင်းချင်းဟယ်က မေးလိုက်သည်။
“ညဆိုရင် အေးလား။ ဂွမ်းစောင်က နွေးရဲ့လား”
“လုံလောက်အောင် နွေးပါတယ်။ အမေရော” ကျိုးခိုင်က မေးလိုက်သည်။
သူ့စောင်က ၆ကျင်းရှိကာ မွေ့ရာခင်းထားသေးသည်။ သူက ငယ်ရွယ်ပြီး သန်မာသော ကောင်လေး ဖြစ်ကာ သဘာဝကျကျပင် သူက မအေးချေ။
သူ့တွင် သေလုအောင် အေးခဲနေသည့် အတန်းဖော် ရှိသည်။ သူ့မိသားစုက အလွန်ဆင်းရဲပြီး ဂွမ်းစောင်ကလည်း ဟောင်းနွမ်းကာ စုတ်ပြတ်နေသည်။ သို့သော်ငြား ကျိုးခိုင်က ထိုသူနှင့် မအိပ်ချင်ခဲ့ပေ။ အကြောင်းမှာ ထိုလူက ရေပုံမှန်မချိုးသောကြောင့် ဖြစ်သည်။
ကျိုးခိုင်က ဆောင်းတွင်းတွင် ရေချိုးရသည်ကို သိပ်မကြိုက်သော်လည်း လင်းချင်းဟယ်၏ သင်ကြားပေးမှုကြောင့် သူက သန့်သန့်ရှင်းရှင်း နေလေ့ရှိသည်။ သူက တစ်ပတ်ကို နှစ်ကြိမ် ရေသွားချိုးလေ့ ရှိသည်။
ထို့ကြောင့် သူက ဒါမျိုးကို ခံနိုင်ရည် ဘယ်ရှိပါ့မလဲ။