အခန်း (၂၄၈) - ဆောင်းရာသီပိတ်ရက်မှာ အိမ်ပြန်ခြင်း
ထုတ်မပြောရင်တောင် လင်းချင်းဟယ်က ကောင်းစွာ နွေးထွေးပေသည်။ သူမနှင့် သူမသားအတွက် ဂွမ်းစောင်ကို အရင်တည်းက ပြင်ဆင်ထားတာ ဖြစ်ပြီး သဘာဝကျကျပင် ယင်းက အေးမည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင် ကျိုးခိုင်က ကြက်သားစွပ်ပြုတ် ယူလာပေးသည်။
ယင်းကို အရသာရှိရှိ ချက်ထား၏။ လင်းချင်းဟယ်က သောက်လိုက်ပြီးနောက် မေးလိုက်သည်။
“မင်းအတန်းဖော်ရဲ့အမေကို ဒုက္ခပေးလာတာလား”
“မဟုတ်ပါဘူး။ အန်တီဝိန်က ကောင်းတယ်။ နောက်ဆုံးတစ်ကြိမ် ကျွန်တော်သွားတော့ သူမက ကျွန်တော့်ကို နားလည်ပေးတယ်။ ကျွန်တော် မစားရသေးတာကို သူမက သိတော့ ကျွန်တာ့်အတွက် ခေါက်ဆွဲတစ်ခွက် ချက်ပေးတယ်” ကျိုးခိုင်က ပြောလိုက်သည်။
ယင်းက သူက သူ့အတန်းဖော်အိမ်ကို ကြိုက်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ သူက အသက် သိပ်မငယ်တော့သလို တုံးအသူ မဟုတ်ပေ။ ထိုနေရာသို့ သွားသည့်ခါ ငါး သို့မဟုတ် တစ်ခုခုကို ရံဖန်ရံခါ ယူသွားတတ်သည်။
“နောက်ဆုံးတစ်ခေါက်တုန်းက အန်တီဝိန်က ဝိန်ကော်လျန်ကို တစ်ခုခု ပို့ဖို့ ကျောင်းကို လာသေးတယ်။ ထူးချွန်တဲ့သားလေး ဖြစ်အောင် သင်ကြားပေးခဲ့တဲ့ အမေ့ကို သူမက တွေ့ချင်လို့ သတိတရ ရှိသေးတယ်”
ကျိုးခိုင်က ပြုံးလိုက်သည်။
လင်းချင်းဟယ်က ‘ဒါက ငါတွေးမိသလိုတော့ မဟုတ်နိုင်ပါဘူးနော်။ မဟုတ်လား’ ဟု တွေးလိုက်မိသည်။
သူမက မေးလိုက်၏။ “ဘယ်တုန်းကလဲ”
“ရှန်ဟိုင်းမြို့ကို နှီးနှောဖလှယ်ပွဲအတွက် သွားခဲ့တဲ့ အချိန်တုန်းကလေ” ကျိုးခိုင်က ရိုးရှင်းစွာ ဖြေကြားလာသည်။
“အရင်က ငါ လည်စည်းတစ်ခု ဝယ်လာတယ်။ ဒါက ငါတို့အသက်အရွယ်အတွက် သင့်တော်တယ်။ မင်းမှာ အချိန်ရှိရင် သူမကို ယူသွားပေးလိုက်။ အမေက ဒါကို ရှန်ဟိုင်းမြို့ကနေ ဝယ်လာတာ၊ သူမ ကြိုက်နှစ်သက်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်” လင်းချင်းဟယ်က သင်ပေးလိုက်သည်။
ပြီးနောက် သူမက အခန်းထဲသို့ ဝင်ကာ နေရာလွတ်ထဲမှ လည်စည်းတစ်ထည်ကို ထုတ်လိုက်သည်။ ယင်းက အလွန် လူကြိုက်များသည်။
“အမေ ဒါက လှလွန်းတယ်။ အမေ့အတွက် အမေ သိမ်းထားသင့်တယ်” ကျိုးခိုင်က ပြောသည်။
သူမသည် တောက်ပြောင်သော အနီရောင်စတိုင်လ်မျိုးကို မနှစ်သက်ပေ။ လင်းချင်းဟယ်က သူမဖာသာ လည်စည်းတစ်ထည် လုပ်နိုင်သည်ဟု ခံစားမိသည်။
“ငါ့အတွက် ချက်ပြုတ်ဖို့ သူမကို အမြဲတမ်း ဒုက္ခပေးမိနေတယ်။ ငါ့မှာ ပေးစရာများများ မရှိဘူး။ လက်ဆောင်ပေးဖို့က အနှေးနဲ့အမြန်ပဲ။ မင်းရဲ့အတန်းဖော်မိသားစုက ကောင်းလွန်းတယ်” လင်းချင်းဟယ်က ပြောသည်။
နောင်တွင် လူတိုင်းက ရေစက် ပါ၊ မပါ စောင့်ကြည့်ရပေမည်။ ယခုတွင်တော့ စောလွန်းသေး၍ ဘေးတွင် ထားထားလိုက်မည်။
အမေဝိန်က လည်စည်းကို လက်ခံရရှိခဲ့သည်။
ဆိုရလျှင် သူမက ယင်းကို အလွန်နှစ်သက်သည်။ အထူးသဖြင့် သူမက လွန်ခဲ့သော နှစ်များစွာ ကတည်းက လည်စည်းကို ပြောင်းလဲချင်ခဲ့တာ ဖြစ်သည်။ သို့သော် တွေးရုံသာတွေးနိုင်ခဲ့သည်။
သို့သော် မမျှော်လင့်ထားဘဲ ကျိုးခိုင်၏အမေက လက်ဆောင်ပေးလာသည်။
“ကလေးတွေအဖေ၊ ကျွန်မ ဒါကို လက်ခံလိုက်သင့်လား တွေးကြည့်ပေးပါလား” အမေဝိန်က ပြောသည်။
အမေဝိန်က သူမက ၎င်းကို နှစ်သက်ကြောင်း ပြောနိုင်ပြီး သူက ပြောလိုက်သည်။
“လက်ခံလိုက် ကျိုးခိုင်လာတဲ့အခါ သူ့အတွက် နှစ်နပ်လောက် ချက်ကျွေးလိုက်လေ”
“.. ငါ တကယ့်ကို မလုပ်နိုင်ဘူး..” အမေဝိန်က ပြုံးလိုက်သည်။
“ကျိုးခိုင်လို သမက်ကို စောင့်ရှောက်ဖို့ မတွေးထားဘူးလား။ မင်းရဲ့ခမည်းမခက်က မင်းကို လည်စည်းပေးလာတယ်။ ဘာရှက်စရာရှိလို့လဲ” အဖေဝိန်က ကျီစယ်လိုက်သည်။
အမေဝိန်က သူ့ကို အပြုံးဖြင့် ဖြတ်ခနဲ ရိုက်လိုက်ပြီးနောက် ပြောသည်။ “ငါ့အမြင်တော့ သူမက ပေါင်းသင်းရ မခက်လောက်ဘူး”
“မင်းစိတ်ကျေနပ်ရင် အကောင်းဆုံးပါပဲ။ သူမရဲ့ ပညာရေးအရည်အချင်းနဲ့ သူမက ကျိုးကြောင်း မဆီလျော်တာတော့ မဖြစ်နိုင်ဘူးလေ” အဖေဝိန်က ပြောလိုက်သော်လည်း ထိုသို့ တွေးလိုက်မိသည်။
‘မိန်းမရေ၊ မင်းက ကျိုးခိုင်နဲ့ ငါတို့သမီးကို အတူတူရှိ မရှိ ပူပန်သင့်တယ်’ သူ့အမြင်အရ လူနှစ်ယောက်သားက ထိုသို့လုံးဝ မတွေးထားကြပေ။ သူတို့က သာမန်အတန်းဖော် ဆက်ဆံရေးသာ ဖြစ်နေသည်။
သို့တိုင် သူက သူ့ဇနီးကို ထုတ်မပြောပေ။ အမျိုးသမီးများက စိတ်ကူးယဉ်ရသည်ကို နှစ်သက်ကြသည်။
လင်းချင်းဟယ်က လည်စည်းပေးပြီးနောက် သူမက အာရုံစိုက်ဖို့ ရပ်တန့်လိုက်သည်။ နောက်ပိုင်းတွင် သူမသားကြီးထံမှ စားသောက်ပွဲကြီးနှစ်ခုဖြင့် တည်ခင်းခံရကြောင်း ပြန်ကြားရသည်။
ဒီဇင်ဘာဝင်လာပြီးနောက် ရာသီဥတုက အမှန်ပင် အေးလာသည်။ အထူးသဖြင့် အိပ်ဆောင်တွင် ဖြစ်သည်။ အနွေးပေးသည့် ပစ္စည်းများ မရှိပေ။
အလွန်ဆုံး သူတို့က ရေနွေးပူပူများသာ သောက်နိုင်သည်။ သို့သော်လည်း များများသောက်ပါက သူတို့က အိမ်သာသို့ သွားရပေသည်။
လင်းချင်းဟယ်က အအေးဒဏ်ကို မခံနိုင်ပေ။ သူမက အိပ်ရာထဲတွင်သာ နေသည်။ အိပ်ရာမှ လုံးဝ မထွက်သွားပေ။
အဆောင်ခန်းအတွင်း လူငါးဦးသာ ကျန်တော့သည်။ ချန်ရွှယ်က ထွက်ခွာသွားသည်။ အကြောင်းမှာ အိပ်ခန်းဆောင်တွင် သူမက မနေနိုင်တော့၍ ဖြစ်သည်။ သူမက ရက်အနည်းငယ်မျှ အနားယူပြီးနောက် ဆန္ဒရှိရှိဖြင့် ထွက်သွားခဲ့သည်။
လင်းချင်းဟယ်က ထိုကိစ္စကို များများ စိတ်မဝင်စားချေ။ ဆောင်းရာသီအားလပ်ရက်မှာ တစ်ပတ်အတွင်း ရောက်လာတော့မည်။ သူမက မကြာမီ အိမ်ပြန်ရဖို့ ဆန္ဒရှိပေသည်။
လမ်းပေါ်တွင် ရက်တချို့ အချိန်ပေးရမည့်တိုင် ကိစ္စမရှိပေ။ သူမ ပြန်သွားပြီးသည်နှင့် ဇန်နဝါရီ ၁၀ရက်နေ့အထိ နေနိုင်သည်။
ကောလိပ်ကို နောက်နှစ် ဇန်နဝါရီ ၁၀ရက်နေ့တွင် ပြန်လည်စတင်မည် ဖြစ်သည်။
ယင်းက ပိုလို့ ပိုလို့ အဆင့်မြင့်လာသည်ဟု ဆိုနိုင်သည်။ အကြွေးစနစ်ကို အတည်ပြုလိုက်ပြီဖြစ်သည်။
ကျောင်းက လူတိုင်းကို နေထိုင်ရန်နှင့် ဆက်လက်စာလေ့လာရန် တိုက်တွန်းထားပြီး ဤအခွင့်အရေးက အတော်လေး ရှားပါးသည်။
လင်းချင်းဟယ်၏ နည်းပြဆရာက သက်လတ်ပိုင်းအမျိုးသမီးဖြစ်သည်။ သူမက လင်းချင်းဟယ်ကို နေခဲ့ရန် မျှော်လင့်နေပြီး အကြောင်းမှာ သူမက လင်းချင်းဟယ်ကို မြင့်မြင့်မှန်းထားခဲ့သည်။ သူမက လင်းချင်းဟယ်ကို အနာဂတ်တွင် တက္ကသိုလ်မှ ဌာနတစ်ခုတွင် ဝင်လုပ်ရန်ပင် ပြောခဲ့သည်။
လင်းချင်းဟယ်က သူမကို အဖြေပေးခဲ့သည်။ သူမသာ အခွင့်အရေးရှိပါက သူမက လုပ်ပေမည်။
သူမက ဘာလို့ မလုပ်ရမှာလဲ။ သူမသာ လုပ်ခဲ့ရင် အိမ်ထောင်စုစာရင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။
သို့သော် စာလေ့လာဖို့ ကိစ္စတွင်တော့ လင်းချင်းဟယ်က သူမခေါင်းကို ယမ်းခါလိုက်ပြီး ငြင်းပယ်လိုက်သည်။
“ကျွန်မမိသားစုက စောင့်နေတယ်။ ကျွန်မပြန်လာမယ်လို့ ပြောထားတယ်”
“ဒါဆိုလည်း ပြန်ပေါ့၊ အင်္ဂလိပ်စာမှာ နောက်မကျန်ခဲ့စေနဲ့” သူမ၏နည်းပြက ပြောသည်။
“ကျွန်မ သေချာပေါက် အဲလိုမဖြစ်စေရဘူး” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
နည်းပြဆရာမက ဘာမှမပြောတော့ပေ။
ဒီဇင်ဘာလလယ်တွင် လင်းချင်းဟယ်က ကျိုးခိုင်ကို ခေါ်ပြီး ရထားစီးခဲ့သည်။
ရထားနှစ်ရက်စီးရ၏။ သို့သော် ရွာကိုသွားသော ခရီးက ၄ရက်လောက် ကြာပေသည်။
“အမေ ကျွန်တော်တို့မှာ ၂၅ရက်ပဲ ရှိတာ။ ခရီးက အသွားအပြန်နဲ့ဆို ၈ရက်ကြာတယ်။ အိမ်မှာနေဖို့ စုစုပေါင်း ၁၇ရက်ပဲ ရနိုင်တယ်” ကျိုးခိုင်က ပြောသည်။
“တစ်ရက်ပဲ နေရမယ် ဆိုရင်တောင် ငါတို့ ပြန်ရမယ်” လင်းချင်းဟယ်က သင်ပေးလိုက်သည်။
တကယ်တမ်းတွင် ကျိုးခိုင်က ပြောရုံသာ ဖြစ်၏။ သူက အိမ်ပြန်ဖို့ မကန့်ကွက်ပေ။ ယင်းက သူ၏မွေးရပ်မြေဖြစ်၏။ အဘယ်ကြောင့် ကန့်ကွက်ရမည်နည်း။
တစ်ဖက်တွင် သူက သူ့အမေ၊ သူ့ညီများနှင့် သူ့အဘိုးအဘွားများကို အနည်းငယ် လွမ်းနေသည်။
ကျိုးခိုင်က ၁.၈မီတာကျော်ပြီဖြစ်သည်။ သူက ၁.၈၃ မီတာရှိသည်။ အံ့ဩဖွယ်အရပ်ဖြစ်သည်။ မူလက လင်းချင်းဟယ်က အနည်းငယ် စိတ်ပူပန်ခဲ့သေးပြီး ဤနှစ်၏ ဒုတိယတစ်ဝက်တွင် သူမသားအကြီး၏ ကြီးထွားမှုနှုန်းက နှေးကွေးလာသည်။
ထို့ကြောင့် လင်းချင်းဟယ်သည် လျင်မြန်စွာ ကြီးထွားမှုက သူ့ဘာသာသူ နှေးကွေးတာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခံစားမိလာသည်။
သားအမိနှစ်ယောက်သား မြို့တော်မှ ခရိုင်မြို့သို့ အပြေးအလွှား ပြန်လာကြပြီးနောက် သူတို့က စိတ်သက်သာရာရသွားကြသည်။
အနည်းငယ် နောက်ကျနေပြီး ၇နာရီ ရှိပြီဖြစ်သည်။ သို့တိုင် အမေနှင့်သားက အိမ်ပြန်ရန် စီစဉ်ထားသည်။
“နောက်ကျနေပြီ၊ မြန်မြန်ပြန်ဖို့ မလိုပါဘူး။ ဒီမှာ တစ်ညနေသွားလိုက်လေ” ကျိုးရှောင်မိန့်က သဘောမတူချေ။
“နေ၊ တစ်ည နေ” စုတာ့လင်းကလည်း ထုတ်ပြောလာသည်။
“မနေတော့ဘူး ဆောင်းရာသီပိတ်ရက်က မများဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။ ပြီးနောက် သူမက မြို့တော်၏ အထူးထုတ်ကုန်ရှစ်မျိုးနှင့် ပီကင်းဘဲကင်ကို ကျိုးရှောင်မိန့်အား ထုတ်ပေးလိုက်သည်။
“ကောင်းပြီ။ ငါတို့ အခုပြန်တော့မယ်”
ကျိုးရှောင်မိန်၏စက်ဘီးကို ငှားပြီးနောက် သားအမိက အိမ်ပြန်လာခဲ့ကြသည်။
“ဒါက စတုတ္ထယောင်းမပဲ။ အဝေးကြီးကနေ ပြန်လာရတာကိုတောင် ပစ္စည်းတွေကို မမေ့မလျော့ ယူလာသေးတယ်” ကျိုးရှောင်မိန်က မှတ်ချက်ချလိုက်သည်။
“သူ၊ သူက မင်းကို သတိရပါတယ်” စုတာ့လင်းက ပြုံးလိုက်သည်။
ကျိုးရှောင်မိန်က ပြုံးရယ်လိုက်ပြီးနောက် ကျော်ကြားလှသော ပီကင်းဘဲနှင့် မြို့တော်၏ အထူးထုတ်ကုန်၈မျိုးကို အခန်းထဲသို့ ယူသွားလိုက်သည်။ သူမက တစ်ဝက်ကို စုတာ့လင်း၏ဦးလေးကို ပို့ပေးလိုက်၏။ အနည်း အများက သူတို့အတွေးသာ ဖြစ်သည်။ သူတို့ကို အရသာ ပေးမြည်းခြင်းသာ။
လင်းချင်းဟယ်နှင့် ကျိုးခိုင်က အိမ်ပြန်ရောက်သောအခါ မိသားစုက အိပ်ရာဝင်တော့မည် ဖြစ်သည်။
သူတို့က မအိပ်ပျော်ကြသေးပေ။
“လောင်အာ့၊ အမေ့အတွက် ရေနွေး မြန်မြန်ကျိုပေး၊ မင်းအမေ ငါက သည်းမခံနိုင်တော့ဘူး”
လင်းချင်းဟယ်က အိမ်ရောက်သည်နှင့် ထုတ်ပြောလိုက်သည်။
သူမက သည်ညတွင် ရေမချိုးဘဲ မအိပ်နိုင်ပေ။