အခန်း ၂၆၀
Viewers 38k

အခန်း (၂၆၀) - မြစ်ကိုဖြတ်၍ တံတားကိုဖျက်ဆီးခြင်း


အမေကျိုးတစ်ယောက် ဒါကို မပြောလိုက်တာက ပိုကောင်းလိမ့်မည်။ အခု သူမ ဒီလိုပြောတော့ ကျိုးချင်းပိုင်တစ်ယောက် သူ့ဇနီးသည်ကို ပိုလို့တောင် လွမ်းဆွတ်သွားမိသည်။


သူ့ရဲ့ မျက်နှာပေါ်မှာတော့ အမူအရာက လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သို့ပေမယ့်၊ အမေကျိုးက ဘယ်သူလဲ။ ကျိုးချင်းပိုင်က သူမရဲ့ ဗိုက်ကနေ ထွက်လာတာပဲ မဟုတ်ပါလား။


အမေကျိုးသည် သူမရဲ့ သားအငယ်ဆုံးလေး ဘာတွေးနေလဲ ဆိုတာကို ပြောနိုင်ပေသည်။


ဒီတစ်ခါ လင်းချင်းဟယ် ပြန်သွားတော့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး လုပ်ပြီး ချန်ထားခဲ့သည်။


သူမရဲ့ အမျိုးသားက များများစားပြီး ကောင်းကောင်း အနားယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါလား။


လင်းချင်းဟယ်တို့သားအမိဟာ မြို့တော်သို့ သိပ်မကြာခင်မှာပဲ ရောက်ရှိခဲ့သည်။


သူတို့ ညကိုးနာရီလောက်တွင် တက္ကသိုလ်ကို ရောက်သည်။


လင်းချင်းဟယ်သည် သူမရဲ့ အကြီးဆုံးသားအား အသားမုန့်လိပ်ကို ပေးခဲ့ပြီး ညစာကို ထိုကဲ့သို့သာ စားသောက်ပြီး ပြီးဆုံးသွားခဲ့သည်။


လင်းချင်းဟယ်သည် သူမရဲ့ ခရီးဆောင်အိတ်ကို သယ်ပြီး အိပ်ဆောင်သို့ ပြန်လာခဲ့သည်။


ပစ္စည်းတွေ အများကြီး သယ်စရာ မရှိတာကြောင့် သူမရဲ့ အကြီးဆုံးသားအား လိုက်ပို့ခိုင်းဖို့ မလိုအပ်ပါဘူး။ သူမ အိပ်ဆောင်ကိုရောက်တဲ့အခါ ဝမ်လီက ပြန်ရောက်နှင့်နေပြီ ဖြစ်သည်။


လင်းချင်းဟယ် ပြန်ရောက်တာကိုမြင်တော့ ဝမ်လီက အရမ်းပျော်သွားပြီး “နင် ဒီအချိန်လောက်မှာ ပြန်ရောက်လာလိမ့်မယ်လို့ ငါသိနေတယ်။” ဟု ပြောသည်။


“နင် ဒီဆောင်းရာသီအားလပ်ရက်မှာ အိမ်ကို မပြန်ဘူးဆိုတော့၊ အိမ်ကို လွမ်းနေလား။” ဟု လင်းချင်းဟယ်က အပြုံးဖြင့် မေးသည်။


“ငါ လွမ်းတာပေါ့။ ဒါပေမယ့် အဆင်ပြေပါတယ်။ နှစ်သစ်ကူးပြီးရင် သူတို့သားအဖ အလည်လာမယ်လို့ ပြောတယ်။” ဝမ်လီက တခစ်ခစ်ရယ်ရင်း ပြောသည်။


နွေဦးရာသီထွန်ယက်ခြင်း မပြုလုပ်ခင် ခရီးတစ်ခေါက်တော့ သေချာပေါက် ထွက်လာနိုင်သည်။


ကျိုးချင်းပိုင်သည်လည်း ဒီလိုလုပ်ဖို့ စီစဥ်ထားပေမယ့် လင်းချင်းဟယ်က သူ့ကို ခွင့်မပြုခဲ့ဘူး။ ဒီလမ်းမှာတင် အသွားအပြန် နှစ်ရက်လောက် အချိန်ယူရတဲ့အတွက် အရမ်းပင်ပန်းတာမို့ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူခိုင်းထားသည်။ သူတို့ နှစ်သစ်ကူးတုန်းက အတူရှိနေခဲ့တာပဲ မဟုတ်ပါလား။


“နင် ပြန်သွားတယ်ဆိုတော့ နင် သိဦးမှာ မဟုတ်ဘူး။” ဝမ်လီက တိုးတိုးလေး ကပ်ပြောသည်။


“ဘာအကြောင်းလဲ။” လင်းချင်းဟယ်က သတင်းထူး တစ်ခုခုရှိလိမ့်မယ်လို့ ခံစားမိတော့ ပြန်မေးခဲ့သည်။


“ပြီးခဲ့တဲ့နှစ်အကုန်၊ လူနာပြက္ခဒိန်ရဲ့ ၂၇ ရက်မြောက်နေ့မှာ ချန်ရွှယ်ရဲ့ အမျိုးသားက သူတို့သားနဲ့သမီးကို ခေါ်လာပြီး သူမကို လာတွေ့ခဲ့တယ်။ သူက ချန်ရွှယ်ကို နှစ်သစ်ကူးပွဲတော် အတူကျင်းပဖို့ အိမ်ကို ပြန်ခေါ်သွားချင်ခဲ့တယ်။” ဝမ်လီက ပြောပြသည်။


“ပြဿနာ အကြီးအကျယ် တက်သွားခဲ့တာလား။” လင်းချင်းဟယ်က ဒီကိစ္စကို ကြားလိုက်တဲ့အခါ စိတ်ဝင်စားမှု ချက်ချင်း ပျောက်ဆုံးသွားခဲ့ပေမယ့် မေးခွန်းတော့ မေးလိုက်မိသေးသည်။


နှစ်သစ်ကူးကာလတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်တစ်ခု ရှိလာလိမ့်မယ်လို့ သူမ မူလကပင် ထင်ခဲ့သည်။


“နင်ထင်တာ မှန်တယ်။” ဝမ်လီက ပြောသည်၊ “နှစ်သစ်ကူးအတူကျင်းပဖို့ သူတို့သားအဖသုံးယောက်က သူမကို လာကြိုခဲ့တာ။ သူမ ဘာလုပ်ခဲ့တယ်လို့ နင်ခန့်မှန်းကြည့်ပါလား။”


လင်းချင်းဟယ်ပင် မဖြေရသေးဘူး၊ သူမကပဲ ဆက်ပြောခဲ့သည်။


ချန်ရွှယ်က ချက်ချင်းဆိုသလိုပင် ကွာရှင်းပြတ်စဲဖို့ လျှောက်ထားခဲ့သည်။ ဒီသတင်းသည် သဘာဝအတိုင်း ထိုအမျိုးသားအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေသည်။


အဲတာကို သူ မမျှော်လင့်ထားတာတော့ မဟုတ်ဘူး။ သူရောက်လာတော့ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။ တကယ်တော့ ဒါက သူ တစ်ယောက်တည်း ကြုံတွေ့ခဲ့ရတာ မဟုတ်ပဲ တစ်နိုင်ငံလုံး ဒီလိုအဖြစ်မျိုးတွေ အများကြီး ဖြစ်ပေါ်ခဲ့သည်။


ထို့အပြင် သူမရဲ့ ဇနီးသည် ချန်ရွှယ်က ကျောင်းစတက်ကတည်းက တစ်ခါမှ အိမ်မပြန်လာဘူး။ ဒီလိုသဘောထားရှိနေတယ်ဆိုတော့၊ သူက ဘယ်လို ပြောနိုင်ပါ့မလဲ။


ဒါပေမယ့် ဒီလိုမျိုး ကွာရှင်းဖို့ မဖြစ်နိုင်ပါဘူး။ ထိုအမျိုးသားက ဒီလိုအဖြစ်မျိုး မဖြစ်ဖို့ ပြင်ဆင်ချင်ခဲ့သည်။


သူသည် ချန်ရွှယ် ပြန်လာဖို့ သူတို့ရဲ့ ကလေးတွေကိုပါ ခေါ်လာခဲ့သည်။ သို့ပေမယ့် ချန်ရွှယ်က ငြင်းဆန်ခဲ့သည်။ သူမရဲ့ နှလုံးသားက ကျောက်တုံးကဲ့သို့ မာကြောနေပြီး ငြင်းဆန်ခဲ့သည်။

 

ချန်ရွှယ်သည် ပညာတတ်လူငယ်တစ်ဦးနှင့် တွဲနေပြီး ကိုယ်ဝန်ရခဲ့ကာ ထိုကိုယ်ဝန်ပျက်ကျခဲ့တဲ့အကြောင်းကို အဲဒီလူအား မည်သူက ပြောခဲ့တာလဲ ဆိုတာကိုတော့ မသိပေ။ 


အဲဒီလူက မပြန်ခင်မှာ ချန်ရွှယ်ရဲ့ကောင်လေးကို ရှာဖွေခဲ့ပြီး ဆေးရုံတက်ရတဲ့အထိ ရိုက်နှက်ခဲ့သည်။


ထို့နောက် အဲဒီလူသည် သူ့သားသမီးတွေကိုခေါ်ပြီး ပြန်သွားခဲ့သည်။


သူ မပြန်ခင်မှာ ဒီအတွက် နောင်တမရဖို့ ချန်ရွှယ်အား သတိပေးခဲ့သည်။ ယခုအချိန်မှစ၍၊ ကလေးနှစ်ယောက်က သူမကို သူတို့ရဲ့မိခင်အဖြစ် ဘယ်တော့မှ အသိအမှတ်ပြုတော့မည် မဟုတ်ပေ။


လာရောက်ကြည့်ရှုသူ အများအပြား သက်ပြင်းချကုန်သည်။


“အဲဒီကလေးနှစ်ယောက်စလုံး သိတတ်လိမ္မာကြတယ်၊ အထူးသဖြင့် သားယောကျာ်လေးက ပိုလိမ္မာပုံပဲ။ သူ ကြီးပြင်းလာတဲ့အခါ အရည်အချင်းရှိတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်။ သူမ အတိအကျ ဘာလုပ်ဖို့ စီစဥ်ထားလို့ ဒီလိုမျိုး သူမရဲ့ခင်ပွန်းသည်နဲ့ ကလေးတွေကို စွန့်ပစ်လိုက်တာလဲ။”ဟု ဝမ်လီက ပြောသည်။


သူမ၏ အမြင်အရတော့ အဲဒီလူဟာ သာမန်လယ်သမားတစ်ယောက်ကဲ့သို့ သတိကြောင်ပြီး တာဝန်မဲ့တတ်သူမျိုး မဟုတ်ပေ။ တကယ်တော့ သူ့နောက်ခံက တကယ်ကောင်းသည်။ သူ့မိသားစုက စားဝတ်နေရေး ချောင်လည်သည်။


ဒါပေမယ့် ချန်ရွှယ်ကတော့ ဒါကိုပင် မကျေနပ်ဘူး။ ထိုယောကျာ်းနှင့် ကလေးနှစ်ယောက်ဟာ တစ်ချိန်က သူမ နှိမ့်ချပြီး နေခဲ့ရသော အဖြစ်မှန်ကို ဖော်ညွှန်းနေသောကြောင့် ဖြစ်နိုင်လေသည်။


ထို့ကြောင့် သူမသည် ယခုအခါ ရွက်သစ်တစ်ရွက်လို ပြောင်းပြန်လှန်ပြီး သူမရဲ့ အတိတ်က အရှက်ရစရာ အဖြစ်အပျက်ကို ဖုံးကွယ်ချင်မိသည်။


လင်းချင်းဟယ်သည် ဤအရာများကို မမေးပဲ ခန့်မှန်းနိုင်သည်။ ဒီအဖြစ်မျိုးက ယောကျာ်းတော်တော်များများသည် ချမ်းသာကြွယ်ဝလာပြီးနောက် သူတို့၏ ညံ့ဖျင်းသော ဇနီးမယားတွေကို စွန့်ပစ်ချင်ကြတာနဲ့ အဖြစ်အတူတူပါပဲ။


ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဇနီးသည်က သူတို့ရဲ့ အဆိုးဆုံးနဲ့ အရှက်ရဆုံးအချိန်ကို မြင်တွေ့ခဲ့ရပေမယ့် သူတို့ရဲ့ ချစ်သူသစ်လေးကတော့ သူ အောင်မြင်ပြီးနောက် သူ မည်သို့ပုံသဏ္ဍာန်ရှိသည်ကို မြင်ရသည်။

 

လူတချို့က မြစ်ကိုဖြတ်ပြီးရင် တံတားကိုဖျက်ဆီးပစ်သလိုမျိုး သူတို့ရဲ့ မှောင်မိုက်တဲ့သမိုင်းကို ဖျောက်ပစ်ချင်ကြသည်။

 

“အခု ဒီလိုဖြစ်သွားပြီဆိုတော့၊ သူတို့နှစ်ယောက်က အတူတူ နေနိုင်ကြပြီလို့ ထင်လား။” ဝမ်လီက အတင်းဆက်တုတ်သည်။


လင်းချင်းဟယ်က ဒါကို လေးလေးနက်နက် တွေးပြီး “သူတို့ ခွဲနေကြတုန်းပဲ ဖြစ်နိုင်တယ်။” ဟု ပြောသည်။


“ဘာဖြစ်လို့လဲ။ သူတို့နှစ်ယောက်ရဲ့အချစ်က ရွှေစင်တွေထက် ပိုစစ်မှန်ပြီး အရမ်းစိတ်ပိုင်းဖြတ်ထားပုံရတယ်။ သူတို့ကို လွယ်လွယ်နဲ့ မခွဲနိုင်လောက်ဘူး။” ဝမ်လီက ပြောသည်။


“သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စိတ်ပိုင်းဖြတ်ထားမှုက ဘယ်လောက်ပဲ စစ်မှန်ပါစေ။ သူတို့နှစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းက ပုတ်သိုးနေတဲ့အချက်ကို မပြောင်းလဲနိုင်ဘူး။ သူတို့နှစ်ယောက်စလုံး နောင်အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရဖို့ မလွယ်လောက်ဘူး။ သူတို့နှစ်ယောက်ရဲ့ အကျင့်စရိုက်တွေအရ၊ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်ပါ့မလဲ။ အချိန်တန်ရင်၊ သူတို့တွေ ကိုယ့်လမ်းကိုယ်လျှောက်ကြလိမ့်မယ်” ဟု လင်းချင်းဟယ်က ပြောသည်။


ဝမ်လီသည် အရမ်းစိတ်လှုပ်ရှာသွားသည်။ ဝမ်လီသည် ချန်ရွှယ်တို့အကြောင်း ပြောနေတာကို ရပ်တန့်လိုက်ပြီး “ဒါဆို နင့်မှာ ဘာအစီအစဥ်ရှိလဲ။” လို့ စကားခေါင်းစဥ်ပြောင်းပြီး မေးလိုက်သည်။


“ငါက တက္ကသိုလ်မှာပဲ အလုပ်ပြန်ဝင်ဖို့ စီစဥ်ထားတယ်။” လင်းချင်းဟယ်က ပြုံးပြီး သူမကို ကြိုပြောခဲ့သည်။


ဝမ်လီက မအံ့သြပဲ ခေါင်းညိတ်ပြီး ပြောသည်၊ “နင့်ရဲ့ ပညာရေးအဆင့်တွေအရ၊ နင် တက္ကသိုလ်မှာ အလုပ်ပြန်ရနိုင်တယ်။ ငါကတော့ ငါတိုရဲ့ခရိုင်မြို့ကို ပြန်မယ်လို့ စိတ်ကူးထားတယ်။” 


“နင့်ရဲ့ ပညာရေးအဆင့်တွေအရ၊ နင်တို့မြို့ကိုပြန်တာ ပိုကောင်းတယ်။ နင့်အတွက် အလားအလာ ပိုရှိတယ်။” လင်းချင်းဟယ်က ပြောသည်။


“အိမ်နဲ့ အရမ်းဝေးတယ်။” ဝမ်လီက တုံ့ဆိုင်းသွားသည်။ သူမလည်း သွားချင်ပါသည်။


လင်းချင်းဟယ်က ပြုံးလိုက်ပြီး ဝမ်လီလို မိသားစုကိုချစ်မြတ်နိုးတဲ့ မိန်းမတစ်ယောက်မို့ သူမတို့နှစ်ယောက် ပေါင်းသင်းဆက်ဆံနိုင်တာ အံ့သြစရာ မရှိပါဘူး။


“မြို့ကိုသွားရတာ အနာဂတ်မှာ ကလေးတွေရဲ့ ပညာရေးအတွက် အကျိုးရှိလိမ့်မယ်။ နင့်အမျိုးသား ဟိုမှာ ဘာမှလုပ်စရာမရှိမှာကို စိုးရိမ်ရင် ဆိုင်ဖွင့်ခိုင်းပါ။ သူ့မွေးရပ်မြေမှာ လယ်ယာထွက်ကုန်တွေ အများကြီးရှိတယ်၊ မဟုတ်လား။ အဲ့တာကို မြို့တင်ပြီး ရောင်းချပေါ့။ ဒါက ငွေရှာနိုင်လိမ့်မယ်။” လင်းချင်းဟယ်က အကြံပြုသည်။


“ကိုယ်ပိုင်အလုပ်လုပ်တာလား။ အဲတာက ရှက်ဖို့ကောင်းလိမ့်မယ်။” ဝမ်လီက ဒီစကားကိုကြားတော့ ‌ခေါင်းယမ်းလိုက်သည်။


“ကိုယ့်လက်နဲ့ ကိုယ့်ဦးနှောက်ကို အားကိုးရတာ ရှက်စရာလို့ ထင်ရင် ငါ ဒီအကြောင်း မပြောလိုက်သလို နင် ဟန်ဆောင်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ ငါ့အမျိုးသားနဲ့ ကလေးတွေကို ဒီကို ‌ခေါ်လာဖို့ စီစဥ်ထားတယ်။ အဲ့အချိန်ကျရင် ငါတို့က ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့တွေးထားတယ်၊ ကျောင်းသုံးပစ္စည်းတွေ ရောင်းချမယ်။” ဟု လင်းချင်းဟယ်က ပြောသည်။


“ဒါက... ဒါက အလုပ်ဖြစ်နိုင်လား။” ဝမ်လီက သံသယဖြစ်မိသည်။


“နင် မယုံရင် အနာဂတ်အခြေအနေကို စောင့်ကြည့်ပေါ့။ အခုပြောဖို့က စောလွန်းတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။


ဝမ်လီက ခေါင်းညိတ်ပြလိုက်သည်၊ ဒါကို လုပ်ကိုင်ဖို့ အမှန်ပင် စောလွန်းလှသည်။


အခု သူတို့ ကျောင်းပြန်ရောက်ပြီး‌နောက် သဘာဝအတိုင်း သင်ယူအသစ် စတင်တော့မည် ဖြစ်သည်။


လင်းချင်းဟယ်နှင့် ဝမ်လီတို့သည် သူတို့၏ ဘဝနေထိုင်မှုပုံစံကို အချက်သုံးချက်ဖြင့် စတင်ခဲ့ကြသည်။


အိပ်ဆောင်၊ စာသင်ခန်းနှင့် စာကြည့်တိုက်တို့သည် အခြေခံအားဖြင့် သူမတို့ အပြန်ပြန် အလှန်လှန် လှည့်ပတ်သွားလာနေသည့် နေရာသုံးခု ဖြစ်လာခဲ့သည်။


“ငါ့ခေါင်းတွေ ထုံနေပြီ။ ချင်းဟယ်၊ နင် ဘာဖြစ်လို့ လုံးဝ မပင်ပန်းတာလဲ။” ထိုနေ့ စာကြည့်တိုက်မှ ပြန်လာပြီးနောက် ဝမ်လီသည် မောပန်းနွမ်းနယ်ကာ အိပ်ရာသို့ တန်းတန်းမတ်မတ် သွားပြီး လှဲလျောင်းလိုက်သည်။


“ငါ့သားကြီးက ငါ့ကို ကြက်ဥ နှစ်လုံး ပေးလိုက်တယ်။ နင့်အတွက် တစ်လုံးချန်ထားတယ်။” လင်းချင်းဟယ်က ဝမ်လီကို ကြက်ဥပြုတ်တစ်လုံး ကမ်းပေးပြီး ပြောလိုက်သည်။


“ဒါဆို ငါ နင့်ကို အားမနာတော့ဘူးနော်။” ဝမ်လီက ပြုံးပြီး ကြက်ဥကို လက်ခံလိုက်သည်၊ “စကားမစပ်၊ ရှောင်ခိုင်က ကြက်ဥပြုတ်တွေကို ဘယ်ကရလာတာလဲ။”


“သူက ကြက်ဥတစ်ခြင်းဝယ်ပြီး သူ့အတန်းဖော်အိမ်မှာ ထားထားတယ်။ သူက သူ့အတန်းဖော်ကို သူစားဖို့ ကြက်ဥနှစ်လုံးလောက် ပြုတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်လေ။” လင်းချင်းဟယ်က ကြက်ဥအခွံခွာရင်း ပြန်ဖြေသည်။


“နင့်သားက အရမ်းလိမ္မာတာပဲ။ သူက သားလိမ္မာလေးပဲ။” ဝမ်လီက မနာလိုစွာ ပြောသည်။


“မနက်ဖြန် နင့်အမျိုးသားနဲ့ ကလေး လာမှာ၊ မဟုတ်လား။” လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။


“မနက်ဖြန်ရောက်ဖို့ ဖြစ်နိုင်ခြေများတယ်။” ဝမ်လီလည်း ပြုံးပြီး ပြန်ဖြေခဲ့သည်။