အခန်း ၂၆၁
Viewers 38k

အခန်း (၂၆၁) – ကောင်းမွန်သော ဆက်ဆံရေး


နောက်တစ်နေ့၊ ဝမ်လီ၏ အမျိုးသားနှင့် ကလေးလေး ရောက်လာခဲ့သည်။


ဝမ်လီသည် ခွင့်တစ်ရက်သာ ယူခဲ့သည်။ သားအဖနှစ်ယောက်ဟာ တစ်ညအိပ်သာ တည်းခိုခဲ့ကြသည်။ ထိုနေ့တွင် ဝမ်လီက အိပ်‌ဆောင်သို့ ပြန်မအိပ်ပေ။ သူမသည် သူတို့နှင့်အတူ တည်းခိုခန်းသို့ လိုက်သွားခဲ့သည်။ နောက်ဆုံးတော့ သူတို့ တစ်ရက်သာ တွေ့ခဲ့ရသည်။


သားအဖနှစ်ယောက် ပြန်သွားသောအခါတွင် ဝမ်လီသည် စိတ်ဓာတ်ကျသွားသည်။


“ဘာစိတ်ဓာတ်ကျစရာရှိလို့လဲ။ နင် မကြာခင် ဘွဲ့ရတော့မှာ။ နင်ဘွဲ့ရပြီးရင် နင်တို့မိသားစု နေ့တိုင်း အတူတူရှိနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ရယ်ကာမောကာ ပြောလိုက်သည်။


လင်းချင်းဟယ်က စနောက်ကျီစယ်နေတော့ ဝမ်လီတစ်ယောက် ပြုံးရယ်သွားသည်။


လင်းချင်းဟယ်က သူမကို ပခုံးချင်း တိုက်ပြီး ဆက်လက် ကျီစယ်ခဲ့သည်၊ “နင့်မျက်လုံးအောက်က အမည်းကွင်းတွေကို ကြည့်ပါဦး။ မနေ့ညက နင် တစ်ညလုံး မအိပ်ခဲ့ရမှာကို ငါ စိုးရိမ်မိတယ်။”


ဝမ်လီရဲ့ မျက်နှာဟာ ချက်ချင်းပင် နီမြန်းသွားခဲ့သည်။ သူမက ချောင်းခြောက်ဆိုးပြီး “ရဲဘော် လင်းချင်းဟယ်၊ နင့်အတွေးတွေက မဖြူစင်ဘူး။”


“ငါက မဖြူစင်ဘူး။ နင်က အဖြူစင်ဆုံးပါ။” လင်းချင်းဟယ်က ရယ်မောလိုက်သည်။


ဝမ်လီတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ သူမရဲ့ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့သည်။

 

လင်းချင်းဟယ်က အရမ်းစိတ်လှုပ်ရှားသွားသည်။


သူမ အခင်ဆုံးသူငယ်ချင်းရဲ့ အမျိုးသားနဲ့ ကလေးဖြစ်လို့ သူမ သူတို့နဲ့ ရင်းနှီးဖို့ ခဏလောက် သွားတွေ့ခဲ့ဖူးသည်။


ဝမ်လီ၏ အမျိုးသားသည် ဝက်ဝံနက်နှင့်တူသည်။ ပုံပန်းသဏ္ဍာန်နှင့် အရွယ်အစား ကြီးမားသည်။ အရပ် ၅ပေ ၉လက်မခန့်ရှိပြီး ကျိုးချင်းပိုင်ထက် သိပ်မပုပေ။


တကယ်တော့ လင်းချင်းဟယ်ရဲ့အမြင်အရ သူက ဝမ်လီနဲ့ သိပ်မတန်ဘူး။


ဝမ်လီသည် သူမရဲ့ ပညာရေးကိုပင် ထည့်ပြောစရာ မလိုပေ။ ဝမ်လီက အတော်လေး ချောသည်။ သူမက ထက်မြက်ပြီး အရည်အချင်းရှိသည်။ သို့ပေမယ့် သူမက နောင်တရခြင်း မရှိပေ။


သူမအမျိုးသားနှင့်သား ရောက်လာသောအခါ သူမမျက်နှာက ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။ 


တစ်ခုတည်းသော အချက်ရှိသည်။ ထိုလူက ဝမ်လီကို မြင်သောအခါ သူ့မျက်ဝန်းထဲတွင် ဝမ်လီက တစ်ကမ္ဘာလုံးဖြစ်သည်။ ယင်းကို အခြေခံပြီးနောက် ဝမ်လီက သူမဘဝတွင် သစ္စာဖောက်ခံရမည်ကို စိုးရိမ်ရန် မလိုတော့ချေ။ 


“မင်း မသိဘူး။ ငါတို့ ကျေးလက်ကို သွားတုန်းက နေ့ရက်တွေက ငါတို့ တွေးထားတာနဲ့ လုံးဝ မတူဘူး။ အဲဒီအချိန်မှာ နေ့တိုင်းက သိပ်ခက်ခဲတာ” ဝမ်လီက အတိတ်ကို ပြန်ပြောပြသည်။ 


သူတို့အားလုံးသည် အလွန်စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ကျေးလက်သို့ သွားခဲ့ကြသည်။ သို့သော် အဆုံးတွင် သူတို့က အစစ်အမှန်ဖြင့် နိုးဆွခံလိုက်ရတော့သည်။ ယင်းက အမှန်တကယ်ပင် ခက်ခဲလှသည်။ များစွာသော အမျိုးသမီးပညာတတ်လူငယ်များက ညတွင် တိတ်တဆိတ် ငိုကြွေးခဲ့ကြရသည်။ 


သူမက မငိုကြွေးခဲ့သော်လည်း ဘဝက အမှန်ပင် ခက်ခဲပေသည်။ 


သူမ အသက်နှစ်ဆယ်နောက်ပိုင်းတွင် သူမ လက်ထပ်ခဲ့သည်။ သူမက လက်ရှိအမျိုးသားနှင့် လက်ထပ်ခဲ့၏။ 


သူက သူမကို တကယ်ချစ်ခဲ့သည်။ သဘာဝကျကျပင် သူသည် သူမကို အိမ်အလုပ်ပင် မလုပ်ခိုင်းခဲ့ပေ။ အစပိုင်းတွင် ဝမ်လီက သူ့ကို စိတ်မကျေနပ်ခဲ့ပေ။ သို့တိုင် သူမက လက်ခံခဲ့သည်။ 


လူ့နှလုံးသားက ကျောက်ခဲမဟုတ်ပေ။ လူတစ်ယောက်က သူမကို အင်မတိအင်မတန် ကောင်းကောင်း ဆက်ခံခဲ့ပြီး သူမယောက်ျားလည်း ဖြစ်သည့်နောက် သူမက ဘယ်လိုလုပ်ပြီး ခံစားချက် မရှိဘဲ နေပါ့မည်နည်း။ 


 သူ့လက်ထဲမှာ အစားကောင်းကောင်း ရှိတိုင်း သူက သူ့အတွက် မစားရက်ခဲ့ပေ။ သူမက အားလုံးကို သူမအတွက် ချန်ထားပေးခဲ့ပြီး များများစားစေခဲ့သည်။ ဆောင်းတွင်းည အေးသောအခါတွင် သူက သူမခြေထောက်များ နွေးထွေးစေရန် သူ့ဗိုက်ပေါ်တွင် တင်ထားစေခဲ့သည်။ 


သူမ ကိုယ်ဝန်ရှိသောအခါတွင်ပင် သူက သူမဒေါသကို သည်းခံပေးခဲ့သည်။ 


တစ်ကြိမ်တွင် သူမယောက္ခမနှင့် တခြားသူများက သူမ တက္ကသိုလ်ဝင်ခွင့်ရပြီးနောက် ထွက်သွားမည်ကို စိုးရိမ်သဖြင့် သူမကို ကောလိပ်ဝင်ခွင့်ဖြေဆိုဖို့ ခွင့်မပြုခဲ့ပေ။ 


သူမအမျိုးသားက သူမကို ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။ 


ဝမ်လီက သူမဘဝတွင် သူမအား ထိုသို့ဆက်ဆံပေးမည့်သူ တခြားအမျိုးသား ရှာတွေ့မည်မဟုတ်ဟု ခံစားခဲ့ရသည်။ 


ဆိုရလျှင် သူမက နှလုံးသား ပျော့ပျောင်းသူ မဟုတ်ချေ။ သဘာဝအားဖြင့် ယောက်ျားနှင့်မိန်းမ၏ ဆက်ဆံရေးက အထူးကောင်းမွန်သည်။ 


လွန်ခဲ့သောညက.. အဟွတ် အဟွတ်.. သူမသည် ကျိန်းသေ အလုပ်များခဲ့ပေသည်။ 


ဝမ်လီ၏မျက်နှာတွင် အလင်းတန်းတစ်ခု ရှိနေသည်။ 


လင်းချင်းဟယ်က သူမကို မြင်ပြီးနောက် ပြုံးလိုက်သည်။ “ပြုံးနေတာ တော်လောက်ပြီလား။ ပြုံးနေတာ တော်ရင် ဖတ်စာအုပ်ကို ဖွင့်ပါ။ မနေ့က ပျက်ထားတာကို လုပ်ဖို့ ရှိတယ်”


ဝမ်လီက လင်းချင်းဟယ်၏ရှင်းပြချက်ကို ခပ်မြန်မြန် နားထောင်လိုက်သည်။ 


လင်းချင်းဟယ်က သူမကို သင်ကြားပေးပြီးနောက် ပြောသည်။ “ဒီနှစ် ရှန်ဟိုင်းမြို့မှာ တွေ့ဆုံဖလှယ်ပွဲ ရှိမလားဆိုတာကို ငါ စူးစမ်းရမလား”


“နည်းပြဆရာကို မေးရင်ရော...” ဝမ်လီကလည်း သေသေချာချာ မသိပေ။ 


လင်းချင်းဟယ်က သူမ၏နည်းပြကို ရှာရန် လာခဲ့သည်။ 


သူမ၏ အကြံပေးဆရာက ပြုံးလိုက်ပြီးနောက်။ “ဒီနှစ် တစ်ခုတော့ ရှိလောက်တယ်။ မင်း သွားချင်လို့လား”


“အခွင့်အရေး ရမယ်ဆိုရင် ကျွန်မ ပါဝင်ချင်တယ်။ အဲမှာ သင်ယူဖို့ ထိုက်တန်တာတွေ အများကြီးရှိတယ်။ အနာဂတ်မှာ ကျွန်မ ကျောင်းအတွက် အလုပ်လုပ်တဲ့အခါ ကျွန်မတို့ကျောင်းက ကျောင်းသားတွေအတွက် အသုံးပြုနိုင်လိမ့်မယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ 


သူမ၏နည်းပြက ခေါင်းညိတ်လိုက်သည်။ “အခွင့်အရေးရှိရင် ငါ ပြောပေးမယ်”


လင်းချင်းဟယ်က ဆက်ပြောသည်။ “ဆရာမ.. နောင်မှာ ကျွန်မတို့ မိသားစုရဲ့အိမ်ထောင်စုဇယား ပြောင်းရွေ့ဖို့အတွက် ကူညီပေးဖို့ ကျောင်းကို ဒုက္ခပေးရအုံးမယ်”


“ဒါက ငါတို့ အလုပ်ပါပဲ။ မင်းကျောင်းအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိရင် ကျောင်းက မင်းတို့မိသားစု အိမ်ထောင်စုဇယား ပြဿနာကို ဖြေရှင်းပေးမှာပါ။ အသက်ငယ်ငယ်လေးနဲ့ မင်းကို မိသားစုနဲ့ ခွဲနေခိုင်းမှာ မဟုတ်ပါဘူး” သူမနည်းပြက သူမမိသားစုကို သိနားလည်စွာဖြင့် ပြန်ပြောသည်။ 


“ကျေးဇူးတင်ပါတယ် ဆရာ” လင်းချင်းဟယ်က စိတ်ရင်းမှန်စွာဖြင့် အရိုအသေပေးလိုက်သည်။ 


“ရပါတယ်...” သူမ၏နည်းပြက နက်နက်နဲနဲ ပြုံးလိုက်၏။ “မင်း ကျောင်းအတွက် အလုပ်လုပ်ပေးရင် ငါ့လည်းပဲ မျက်နှာရမှာ။ ငါ့မှာ စာအုပ်သစ်တစ်အုပ်ရှိတယ်။ ငါနဲ့လိုက်ယူ...”


“ကောင်းပါပြီ” လင်းချင်းဟယ်က ကျေးဇူးတင်စွာဖြင့် တုံ့ပြန်လိုက်သည်။ 


ရုံးသို့ ရောက်ပြီးနောက် သူမနည်းပြဆရာက သူမကို စာအုပ်ပေးလာသည်။ လင်းချင်းဟယ်က ပြောလိုက်သည်။ 


“ကျွန်မ ဒီစာအုပ်ကို တစ်ပတ်အတွင်း ပြန်ပေးပါ့မယ်”


“မင်း အချိန်ယူလို့ရတယ်။ အလျင်မလိုဘူး” သူမနည်းပြက ပြောသည်။ 


လင်းချင်းဟယ်က ယူလိုက်သည်။ ထိုအချက်အလက်စာအုပ်သည် အလွန်ကောင်းမွန်သည်။ လင်းချင်းဟယ်က ၎င်းကို စိတ်အားထက်သန်စွာ ကိုင်တွယ်ပြီး စတင်လေ့လာတော့သည်။ 


လင်းချင်းဟယ်၏ မှတ်ဉာဏ်က အမှန်ပင် ကောင်းမွန်၏။ သူမက ပင်ပန်းသည်ဟု မခံစားရပေ။ ကျိုးခိုင်က သူမအား အာဟာရရှိစေရန် တစ်နေ့လျှင် ကြက်ဥနှစ်လုံးပေး၍ ဖြစ်နိုင်သည်။ 


“အမေ့ကို တစ်ရက်မှာ တစ်လုံးပဲ ပေးပါ။ ကျန်တာကို မင်းစားလိုက်” လင်းချင်းဟယ်က တစ်ခုကိုသာ ယူလိုက်ပြီး ပြောသည်။ 


“ဒါက ကြက်ဥနှစ်လုံးတည်းပါ။ အမေ မဝလာပါဘူး” ကျိုးခိုင်က သူ့အမေ ဝလာမှာကို စိုးရိမ်ကြောင်း သိပြီး အခိုင်အမာဆိုသည်။ 


လင်းချင်းဟယ်က ပြော၏။ “အင်္ဂလိပ်စာမှာ မင်း နားမလည်တာ ရှိလား”


“ရှိတယ်” ကျိုးခိုင်က ခေါင်းညိတ်ပြသည်။ ပြီးနောက် သူက ကြက်ဥစားရင်း သူ့အမေ၏ သင်ကြားချက်ကို နားထောင်တော့သည်။ 


ကျိုးခိုင်က ယင်းကို နားလည်သွားပြီးနောက် လင်းချင်းဟယ်က သူ့ကို အဝေးသို့ သွားခိုင်းလိုက်ကာ သူမ၏လေ့လာမှုကို သူ့အား မနှောင့်ယှက်စေပေ။ 


“အမေ... မနက်ဖြန် နို့လာပို့မှာ။ နို့နှစ်ပုလင်း မှာထားတယ်။ တစ်ယောက်တစ်ပုလင်းစီ” ကျိုးခိုင်က ဆိုသည်။ 


“မင်း ရပြီးရင် ငါ့ကို လာပို့ပေးလိုက်” လင်းချင်းဟယ်က မငြင်းပေ။ 


ဤအချိန်တွင် နွားနို့က အလွန်လတ်ဆတ်သည်။ သူမတွင် ကောင်းမွန်သော မှတ်ဉာဏ်ရှိသည့်တိုင် သူမ၏အာဟာရကိုတော့ ထိန်းညှိရန်လိုသည်။ 


တစ်နေ့လျှင် နို့တစ်ပုလင်းက ကောင်းမွန်သည်။ 


ကျိုးခိုင်က အသိပေးပြီးနောက် ဘတ်စကတ်ဘောကစားရန် ထွက်သွားတော့သည်။ ဤကလေး၏အဆင့်က အတော်လေးကောင်းပြီး လင်းချင်းဟယ်က အလွန်တရာ မတင်းကျပ်ပေ။ သူ၏အရပ်ကိုသာ မကြည့်လေနှင့်။ သူမက သည်နှစ်တွင် ၁၅နှစ်သားသာ ရှိသေးသည်။ 


အစောပိုင်း နှစ်များတွင် သူမသည် သူ့အား တက္ကသိုလ်တက်ရန်အတွက် လမ်းပေါ်သို့ တွန်းတင်ခဲ့သည်။ ယခုတွင် သူ့အား မကောင်းသည့်အရာများ မလုပ်သရွေ့ သူလုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားသည်။ 


သူမက နှလုံးသားကြီးသည့် အမေမျိုးဖြစ်သည်။ သူမသည် ဤဘဝတွင် ပြောင်းလဲတော့မည် မဟုတ်ပေ။ 


လင်းချင်းဟယ်က ကောင်းမွန်သော မှတ်ဉာဏ်နှင့် ကောင်းမွန်သော နားလည်သဘောပေါက်နိုင်စွမ်းရှိသည်။ အချက်အလက်များကို နားလည်ရန် ဆယ်ရက်ခန့်သာ အချိန်ယူလိုက်ရသည်။


သင်ခန်းစာစာအုပ်ကို သူမက သူမနည်းပြထံ ပြန်ပေးသောအခါ အလွန်တရာ အံ့အားသင့်သွား၏။ 


သူမကို အနည်းငယ် စစ်ဆေးပြီးနောက် သူမ၏ကျောင်းသူက ဤနယ်ပယ်တွင် အလွန်စွမ်းရည်ရှိကြောင်း နားလည်သွားတော့သည်။ 


ထို့ကြောင့် ဧပြီလကုန်တွင် သူမနည်းပြက လင်းချင်းဟယ်နှင့် စကားပြောရန် ရောက်လာသည်။ သူမက သူမအား စာဆက်လေ့လာလိုသလားဟု မေးမြန်းလာသည်။ 


“မစီစဉ်ထားဘူး။ ကျွန်မက မနက်ဖြန် စာသင်ချိန်မတိုင်ခင် အပြီးသတ်ဖို့ စီစဉ်ထားတယ်။ အတန်းပြီးရင် မိသားစု ပြန်လည်ဆုံဆည်းဖို့အတွက် ကျွန်မအမျိုးသားနဲ့ ကလေးတွေကို ခေါ်ရမယ်” လင်းချင်းဟယ်က ပြုံးလျက် ပြန်ဖြေသည်။ 


သူမနည်းပြသည် သူမ၏အစောပိုင်း ဘွဲ့ရခြင်းအတွက် မအံ့ဩပေ။ ဤကျောင်းသူ၏အဆင့်သည် လုံးဝ အမှားမရှိချေ။ 


သူမက သူမမိသားစုကို အလွန်ချစ်ခင်၏။ မိသားစုကို ဦးစားပေးခြင်းက တချို့သော ယောက်ျားနှင့်ကလေးများကို ကွာရှင်းသူများထက် ပိုကောင်းပေသည်။