အခန်း ၂၆၂
Viewers 43k

အခန်း (၂၆၂) - မုန့်ဖိုး


ချန်ရွှီနှင့် သူမအမျိုးသားကြားရှိ ဖြစ်ရပ်က ကျောင်းသို့ ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေခဲ့သည်ဟု ဆိုနိုင်သည်။ မည်သူမဆို သူတို့၏လက်ထပ်မှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။ သူတို့က ကွာရှင်းချင်လျှင် 

အခြားသူတစ်ယောက်က စွက်ဖက်လို့ မရနိုင်ပေ။ ယင်းက အလွန်အမင်း မဖြစ်သရွေ့ မည်သူ၏ ထင်မြင်ချက်ကိုမှ မလိုပေ။ 


သူမနည်းပြက လင်းချင်းဟယ်လိုမျိုးသူကို နှစ်ခြိုက်သည်။ 


သူမအတွေးက အလွန်ရှေးရိုးမစွဲသော်လည်း သဘောတရားကိုတော့ စောင့်ထိန်းဆဲ ဖြစ်သည်။ မိသားစုကို ဂရုစိုက်သော အမျိုးသမီးများသည် အမျိုးသမီးကောင်းများ ဖြစ်သည်။ 


ဧပြီအစောပိုင်းတွင် ကျောင်းသည် ဟိုင်မြို့နှင့် အခြားသော တွေ့ဆုံဖလှယ်ပွဲ စီစဉ်ခဲ့သည်။ သို့သော် ယင်းက အင်္ဂလိပ်စာဌာနအတွက် မဟုတ်ဘဲ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒမှ ဖြစ်သည်။ 


သူမ မသွားရသည့်အတွက် လင်းချင်းဟယ်က ဝမ်းနည်းသွားရသည်။ ကျိုးခိုင်ကတော့ ပါဝင်ခဲ့သည်။ သူက သင်္ချာနှင့် ပထဝီကို အထူးပြုယူထားသည်။ တခြားသော ဘာသာရပ်များလည်း ပါဝင်သည်။ သူ့ရလဒ်ကလည်း အတော်လေး ကောင်းသည်။ 


ထို့ကြောင့် သူက ပါဝင်ခဲ့သည်။ 


သူ မသွားခင်တွင် သူမက သူ့အမေကို အကြောင်းကြားခဲ့ပြီး သူမဝယ်လိုတာကို မေးမြန်းခဲ့၏။ 


လင်းချင်းဟယ်က မလိုအပ်ပေ။ အဆောင်တူအမျိုးသမီးတစ်ဦးက လည်စည်းအသစ်တစ်ထည် ဝယ်လာပေးရန် တောင်းဆိုခဲ့သည်။ 


သူ့အမေ၏အဆောင်တူ ဖြစ်၍ သူတို့၏ဆက်ဆံရေးက သာမန်မျှသာ ဖြစ်သည့်တိုင် သူက လက်ခံလိုက်သည်။ တကယ်တော့ သူမက သူ့အမေနှင့် အဆောင်ခန်းအတူတူတွင် နေထိုင်သူ ဖြစ်သည်။ 


လင်းချင်းဟယ်က လိုချင်တာ ဘာမှမရှိပေ။ သူမက သူ့ကို သူ ဝယ်ချင်တာ ဝယ်ဖို့ မုန့်ဖိုး အနည်းငယ် ပေးခဲ့သည်။ 


ကျိုးခိုင်က ရက်အနည်းငယ်သွားပြီးနောက် ပြန်လာသည်။ သူက အဆောင်တူအမျိုးသမီးကို လည်စည်းပဝါပေးပြီးနောက် သူ့အမေကို ဆွဲခေါ်သွားသည်။ သူက လေသံလေးဖြင့် ပြောသည်။ “အမေ.. အရင်တစ်ခေါက်က အမေ နာရီဝယ်လာတာ တစ်ယောက်ယောက်က အမေ့ကို လိမ်ခဲ့တာလား။ ကျွန်တော် သွားစစ်ကြည့်တာ။ အရင်တစ်ခါ အမေဝယ်လာတဲ့ နာရီက တစ်ရာလောက်ပဲ ရှိတာ”


“အလိမ်မခံရပါဘူး” လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်သည်။ 


ကျိုးခိုင်က ရှော့ခ်ရသွားသည်။ သူ့အမေကို ကြည့်လိုက်ပြီး သူက အသံနိမ့်နိမ့်ဖြင့် ပြောသည်။

 

“အမေ အမှန်ကိုပြောပါ... အမေက တိတ်တဆိတ် ရောင်းနေတာလား”


“ကောင်စုတ်လေး ကောင်းကောင်းမသင်ယူဘဲနဲ့များ...” လင်းချင်းဟယ်က သူ့နားကို ဆွဲလိုက်သည်။ “မင်းက မင်းအမေကို ဘယ်လိုမျိုး တွေးနေတာလဲ”


သူမက လုပ်ခဲ့သော်လည်း သူမသားကို သိခွင့်ပေးမည် မဟုတ်ပေ။ သူ လက်မခံမှာကို စိုးရိမ်၍တော့ မဟုတ်ပေ။ သူမပြုစုပျိုးထောင်ထားသော သားက စိတ်ဓာတ်ခိုင်မာသည်။ 


သူမသည် သူက သူမအတိုင်း လိုက်လုပ်မည်ကို စိုးရိမ်ခြင်းသာ။ 


သူမသည် နေရာလွတ်တစ်ခုကို ပိုင်ဆိုင်ထားပြီး မည်သည့်စစ်ဆေးမှုကိုမှ မကြောက်ပေ။ သူမက သူမသားကိုတော့ လုပ်ခွင့်မပြုနိုင်ချေ။ 


“အမေ... ကျွန်တော့်ကို မဖုံးကွယ်ထားပါနဲ့တော့၊ ဟိုးအရင်တည်းက ကျွန်တော့်စိတ်ထဲမှာ အရိပ်အမြွက်ကို သိနေပြီးသား။ ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ မိသားစုကပဲ အသားအများကြီး စားနိုင်တာ။ နွေရာသီရိတ်သိမ်းချိန်တိုင်း အန်တီ (ကျိုးရှောင်မိန်) ဆီကို စပါးတွေ သွားပို့တယ်။ အဲဒါတွေကို မှောင်ခိုဈေးကို ယူသွားတာ မဟုတ်လား” ကျိုးခိုင်က တီးတိုးပြောသည်။ 


“နင်တော့ အရိုက်ခံချင်နေပြီလို့ ငါထင်တယ်” လင်းချင်းဟယ်က စိုက်ကြည့်လိုက်သည်။ 


“အမေ ကျွန်တော်က အမေ့သားအရင်းပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြီးလာပြီ။ ကျွန်တော် တွေးတတ်တယ်” ကျိုးခိုင်က ပြောသည်။ 


လင်းချင်းဟယ်က ရယ်ချင်နေပြီး မာန်မဲလိုက်သည်။ 


“ငါ နင့်ကို ပညာပေးမှရတော့မယ်။ ငါ နင့်အမေက မသမာတာ ဘာမှမလုပ်ဘူး။ ငါ့မှာ စိတ်ကူးရှိရင်တောင် နင့်အဖေလို ရှေးရိုးစွဲကြီးက အရင်ဆုံး သဘောမတူမှာပဲ”


“အဖေက ပြန်လာပြီးနောက် အဖေနဲ့မတူတော့ဘူး။ အဖေက အမေ့ကြောင့် ပြောင်းလဲသွားပြီ” ကျိုးခိုင်က လှောင်ပြုံးလိုက်၏။ 


အတိတ်တွင်မူ သူ့အဖေက သေချာပေါက် တားမြစ်ခဲ့လိမ့်မည်။ သို့သော် မည်သို့ပင် ဆိုစေ သူ့အမေပြောသည့်အတိုင်း ဖြစ်သွားလိမ့်မည်။ တားမြစ်ဖို့က အကြောင်းမရှိပေ။ 


“မဟုတ်တာတွေကို မတွေးနေဘဲ ကြိုးကြိုးစားစား လေ့လာ။ ဘွဲ့ရပြီးရင် စစ်တပ်ထဲ ဝင်ချင်လား။ နင့်မှာ အစွန်းအထင်း ရှိလို့ မရဘူး” လင်းချင်းဟယ်က အလေးအနက် သတိပေးလိုက်သည်။ 


“အမေ ကျွန်တော်တို့အားလုံး ကြီးလာပြီ။ အမေ ဒါတွေ လုပ်ဖို့ မလိုတော့ဘူး။ နောင်မှာ ကျွန်တော်တို့ညီအစ်ကိုတွေ အမေ့ကို ထောက်ပံ့ပေးမှာ။ အမေက အလုပ်ကို ခက်ခက်ခဲခဲ လုပ်ဖို့ မလိုဘူး” ဟု ကျိုးခိုင်က အလေးအနက် ပြန်ဖြေသည်။ 


သို့သော် သူ့အမေ လက်မခံမှန်းကို သူ့စိတ်ထဲမှာ သိနေသည်။ 


သူမက အမြတ်ရလျှင်ပင် မများနိုင်ပေ။ ယင်းက ဟိုင်မြို့မှ ဖြစ်သည်။ ခရိုင်မြို့သို့ ယူသွားပြီး ရောင်းသောအခါ ဘယ်လောက်မှ ဈေးမများပေ။ 


အသွားအပြန် မည်မျှ ကုန်ကျမည်နည်း။ အချိန်နှင့် လုပ်အားများ မည်မျှ အသုံးပြုခဲ့ရသနည်း။ 

ကျိုးခိုင်သည် သူ့အမေက မိသားစု၏ကောင်းမွန်သော အခြေအနေအတွက် ဖြည့်ဆည်းပေးခဲ့သည်ဟု ခံစားရသည်။ 


“ငါ့ကို နင်တို့ ထောက်ပံ့ပေးဖို့ မလိုဘူး။ နင်တို့အဖေက ငါ့ကို ထောက်ပံ့ပေးနိုင်တယ်။ နင်တို့အဖေပြန်လာတုန်းက အငြိမ်းစားယူတဲ့ ပင်စင်ခ ဘယ်လောက်ပါလာလဲဆိုတာ နင် သိလို့လား။ ငါက ဒါမျိုးတွေ လုပ်ခဲ့တယ်လို့ နင် တွေးနေတာလား” လင်းချင်းဟယ်က တဖျစ်တောက်တောက် ပြောလိုက်သည်။ 


“အငြိမ်းစားပင်စင်ခ ဘယ်လောက်ပေးခဲ့တာလဲ။ ဖြစ်နိုင်တာက တစ်ထောင်ပေါ့” ကျိုးခိုင်က ပြောသည်။ 


“သုံးထောင်” လင်းချင်းဟယ်က သူ့ကို မထူးခြားနားစွာ စိုက်ကြည့်လိုက်သည်။

 

ကျိုးခိုင်က အသည်းအူထဲမှပင် ရှော့ခ်ရသွားသည်။ “အဖေပြန်လာတုန်းက ယွမ်၃၀၀၀ ပြန်ပါလာခဲ့တာလား။”


ထိုအချိန်တွင် ညီအစ်ကိုများက ငယ်သေး၏။ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်မည်။ လွန်ခဲ့သော ဆယ်နှစ်ကို မဆိုထားနှင့်၊ ယွမ် သုံးထောင် ဆိုသည့်ပမာဏက ယခုဆိုလျှင်ပင် အလွန်များပြားသေးသည်။ 


“ဟုတ်တယ်” လင်းချင်းဟယ်က ပြောသည်။ “ငါ နင့်အမေက ဒါကို လိမ်ညာမပြောခဲ့ဘူး။ နင် အိမ်ပြန်ရောက်တဲ့အခါ နင်တို့အဖေကို မေးနိုင်တယ်”


“တကယ် မသမာတဲ့ အလုပ်တွေ မလုပ်ဘူး မဟုတ်လား” ကျိုးခိုင်က သူမကို ယုံကြည်လုနီးပါး ဖြစ်လာသည်။ 


“ငါ အဲဒါတွေ မလုပ်ဘူးလို့ ပြောနေတယ်လေ။ နင် ငါ့ကို ဦးထုပ်ဆောင်းပေးနေတာလား” လင်းချင်းဟယ်က စိုက်ကြည့်လိုက်သည်။ 


ကျိုးခိုင်က ရယ်လိုက်ပြီးနောက် ပြောသည်။ “ငွေ ဘယ်လောက် ကျန်သေးလဲ”


“သုံးဖို့ လုံလောက်တယ်” လင်းချင်းဟယ်က လက်ကို ဝေ့ယမ်းလိုက်သည်။ 


အရင်နှစ်ကုန်တုန်းက သူမက ငွေအများအပြား ဖန်တီးခဲ့သည်။ အဖိုးတန်ပစ္စည်းများ စုဆောင်းဖို့ တချို့ကို သုံးလိုက်သေးသည်။ သို့တိုင် သူမတွင် သုံးဖြုန်းရန် မရှိပေ။ သူမ၏နေရာလွတ်ထဲတွင် ၆၀၀၀ နီးပါး ရှိသေး၏။ 


ယွမ်၃၀၀၀က မလျော့သွားဘဲ နှစ်ဆတိုးလာသည်။ 


ထို့အပြင် ယင်းက သူမသည် လက်ဖွာသော အနေအထားတွင် ဖြစ်သည်။ 


“အမေ ကျွန်တော် ဒါကို ပြန်ယူလာတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့လမ်းကြောင်း မရှိဘူး။ ကျွန်တော် ဒါကို ခန့်မှန်းနိုင်မှာပါ” ကျိုးခိုင်က နာရီတစ်လုံးကို ထုတ်လိုက်ပြီး ပြောသည်။ 


အမျိုးသမီးပတ်နာရီကို ကြည့်လိုက်သောအခါ လင်းချင်းဟယ်က နားလည်သွားသည်။ သူမက အနည်းငယ် အနည်းငယ် သိချင်သွားပြီး ထုတ်မေးလိုက်သည်။ 


“မင်း ဒီလောက်ငွေတွေ ဘယ်ကနေ ရတာလဲ”


“ကျွန်တော့်ဘာသာ ရှာထားတာ။ အမေပေးထားတာတွေလည်း ပါတယ်။ နို့နဲ့ သင်ထောက်ကူတွေကလွဲရင် ကျွန်တော့်မှာ တခြားငွေသုံးဖို့နေရာမရှိဘူး။ ဒီခရီးမှာ အားလုံးကို ကျွန်တော်နဲ့အတူ ယူသွားခဲ့တာ” ကျိုးခိုင်က ပြောသည်။ 


ထို့ကြောင့် သူက နာရီတစ်လုံး ဝယ်လာခဲ့သည်။ 


“ကောင်စုတ်လေး၊ ဒီတစ်ကြိမ်ပဲနော်။ နောက်တစ်ကြိမ်ဆို မရဘူး” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။ 


“ကျွန်တော် နားလည်ပါတယ်” ကျိုးခိုင်က ပြောသည်။ “အမေ ငွေနည်းနည်း ပေးပါဦး၊ ကျွန်တော် မနက်ဖြန် နို့ဖိုးရှင်းပေးရမှာ” 


လင်းချင်းဟယ်က သူ့ကို ၁၀ယွမ် ပေးလိုက်သည်။ 


ကျိုးခိုင်က သူ့အမေ၏ရက်ရောမှုကို သိရှိသွားပြီဖြစ်သည်။ သူသည် သူ့အတန်းဖော်များနှင့် တူညီသည်ဟု တွေးခဲ့သော်လည်း နောက်ပိုင်းတွင် မတူညီကြောင်း တွေ့ရှိခဲ့သည်။ 


မြို့တော်မှ သူ့အတန်းဖော် ဝိန်းကောလျန်ပင်လျှင် အများဆုံး ငါးပြားသာ ရနိုင်သည်။ 


သူ့အမေသာလျှင် တစ်မူထူးကဲ၏။ သူမက သူ့ကို ၁၀ယွမ် ပေးနိုင်သည်။ 


ယင်းက ဧရာမတွင်းပေါက်ကြီးဖြစ်သည်။ ကံကောင်းစွာဖြင့် သူက တွေးတောတတ်သောသားဖြစ်သည်။ မဟုတ်လျှင် အသုံးဖြုန်းကြီးသောသားကို ပြုစုပျိုးထောင်မိရန် လွယ်ကူလွန်းလှသည်။ 


ကျိုးခိုင်က ခေါင်းယမ်းလိုက်ပြီးနောက် စဉ်းစားကာ ထွက်သွားသည်။ 


“ဒီအပြုအမူက ဘာကို ဆိုလိုတာလဲ ဒီကောင်စုတ်လေးကတော့” လင်းချင်းဟယ်က ရေရွတ်လိုက်သည်။

 

ထို့နောက် သူမက အဆောင်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ကောလလိပ်တက်နေသော သားကြီးကို မုန့်ဖိုး ၁၀ယွမ်ပေးသည်နှင့် ပတ်သက်၍ လင်းချင်းဟယ်က တစ်မူထူးကဲမှုကို ရှာမတွေ့ခဲ့ချေ။ 


ယခုခေတ်တွင် အမှတ်စနစ်ကို အသုံးပြုနေသည့်တိုင် ၁၀ယွမ်က အလွန်များပြားသော ပမာဏဖြစ်နေသေးသည်။ 


ဆိုရလျှင် များစွာသော လူများ၏ လခသည် ယွမ်၃၀သာ ရှိသေး၏။ 


ဆိုရိုးစကား ရှိပေသည်။ အယူအဆကြောင့် အချင်းမများနှင့်။ သူမသည် သူမသားကြီးကို ၁၀ယွမ်ပေးပြီး သူ့ဘာသာ စီမံစေခြင်းက ပုံမှန်ဟုသာ သူမဘာသာ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်သည်။ 


တခြားမရှိတော့သည့်အတွက် လင်းချင်းဟယ်က အဆောင်ခန်းသို့ ပြန်လာသည်။ နာရီကိုမူ ဖယ်ထားလိုက်၏။ နွေရာသီအားလပ်ရက် သူမဇာတိမြို့သို့ ပြန်သောအခါ သူမက ယင်းကို ရောင်းလိုက်မည်။ 


“ချင်းဟယ် နင့်သားကို ငါ တကယ် ကျေးဇူးတင်လိုက်တာ၊ ငါ ဒီလည်စည်းကို တကယ်ကြိုက်တယ်” သူမအခန်းဖော်က အလွန်ပျော်ရွှင်နေခဲ့သည်။ 


“မင်း ကြိုက်တာ ကောင်းတယ်။ ငါက သူ့ရွေးချယ်မှုကို စိတ်ပူနေခဲ့တာ” လင်းချင်းဟယ်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ 


အစ်မမိန့်က တချို့တစ်လေ ပြန်ယူလာခိုင်းသည်ကို အမှတ်ရသွား၏။ ကိစ္စမရှိပေ။ နွေရာသီအားလပ်ရက် ရောက်သောအခါ သူမက ဟိုင်မြို့ကို ပထမဆုံး သွားလိုက်မည်။ ပြီးနောက် ဟိုင်မြို့မှတစ်ဆင့် သူမဇာတိမြို့သို့ ပြန်မည်။ 


တကယ်တမ်းတော့ သူမက ပြန်ရောင်းရန် ပစ္စည်းတချို့ ဝယ်ဖို့ရှိသည်။