အခန်း ၂၆၃
Viewers 43k

အခန်း (၂၆၃) - ကျိုးချင်းပိုင် လာလည်ခြင်း


ယခုတော့ အားလပ်ချိန် မရှိချေ။ 


ကျောင်းတက်ရသောနေ့ရက်များက အလွန်အလုပ်များ၏။ ဤနှစ်တွင် သူမ၏ဇာတိမြို့က ကြီးကြီးမားမား ပြောင်းလဲခဲ့သည်။


ပထမဆုံးက ပညာတတ်လူငယ်များ မြို့သို့ ပြန်လာသည်။ များစွာသော ပညာတတ်လူငယ်များက ပြန်လာခဲ့ကြသည်။ ပညာတတ်လူငယ်များစွာသည် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများမှတဆင့် ပြန်လာသော်ငြား တချို့ကတော့ ပြန်မလာကြသေးပေ။ သူတို့က ခေတ္တနေထိုင်ကြမည် ဖြစ်သော်ငြား ကြာကြာ‌တော့ နေကြမည် မဟုတ်ပေ။ 


လက်ရှိအခြေအနေအရ သူတို့ ပြန်မသွားခင် အချိန်တစ်ခုစာသာ ရှိသည်ဟု ခံစားရသည်။ 


ရွာကလူတွေက အတော်လေး ဖျားနာကြသည်။ သို့တိုင် ကုန်ထုတ်မှုကိုတော့ မထိခိုက်ပေ။ 


ရွာမှာ အကြီးမားဆုံး ပြောင်းလဲမှုသည် ကြက်မွေးမြူရေးအရေအတွက် နှစ်ဆ ဖြစ်လာခြင်း ဖြစ်သည်။ 


အဖေကျိုးက ဒီနှစ်မှာ လယ်ထဲဆင်းတာကို ရပ်လိုက်သည်။ သူက မြစ်ထဲသို့ ဘဲများ ကျောင်းသည်။ အမေကျိုးက နေ့လယ်စာ သွားပို့ပေး၏။ သူတို့ တစ်နေကုန် အိမ်ပြန်လာဖို့ မလိုပေ။ သူက အေးအေးလူလူ တစ်နေရာရှာနိုင်သည်။ 


ညနေခင်းတွင် သူက ဘဲအုပ်ကို ကျောင်းပြီး ပြန်လာမည်။ 


လက်ရှိတွင် ဘဲများက အသက်တစ်ဝက်သာ ရှိသေးပြီး ဥမဥနိုင်သေးချေ။ သူတို့ ကြီးလာပါက သူက အပြင်ဘက်တွင် ဥ မဥအောင် ဂရုစိုက်ရပေမည်။ 


အစပိုင်းတွင် သူတို့က လေး ငါးကောင်သာ မွေးရန် စီစဉ်ထားသော်လည်း အဖေကျိုးက အလွန်နည်းလွန်းပြီး အကျိုးသက်ရောက်မှုမရှိဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူက ၇ကောင် ၈ကောင်သို့ တိုက်ရိုက်တိုးလိုက်တော့သည်။ 


ဘဲများစားရန် မိသားစုက မည်သည့်ထောက်ပံ့မှုမှ မကုန်ကျပေ။ သူတို့ကို အပြင်သို့ မောင်းထွတ်သွားပြီးနောက် မြစ်ထဲရှိ ငါးငယ်များ၊ ပုဇွန်လေးများကို စားစေလိုက်သည်။ သူတို့ကို အမြီးဖြတ်ရမည် ဆိုလျှင်လည်း ဖြတ်လိုက်ပေမည်။ 


ဆိုရလျှင် ကျိုးချင်းပိုင်က မကန့်ကွက်ခဲ့ပေ။ ထို့ကြောင့် သူက အဆုံးတွင် ဘဲများစွာကို မွေးမြူမိသွားသည်။ 

အနောက်ခြံဝန်းထဲတွင် များစွာသော ကြက်များလည်း ရှိသည်။ 


ယင်းက ရွာထဲမှလူများကလည်း ထိုနည်းတူ ဖြစ်သည်။ မည်သူကမျှ အခြားသူကို အပြစ်ရှာလို့ မရချေ။ 


မည်သူကမှ မတိုင်သောကြောင့် မည်သူကမှ မတားမြစ်တော့ပေ။ ဆိုရလျှင် ကျိုးကျားရွာတစ်ခုတည်းကသာ ထိုသို့ ပြုလုပ်ခြင်း မဟုတ်ပေ။ 


တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်လေးဦး ကျဆင်းသွားပြီးနောက် ယခင်နှင့် မတူတော့ပေ။


ကျိုးချင်းပိုင် လယ်ကွင်းမှ ပြန်လာသောအခါ လောင်အာ့နှင့် လောင်စန်းတို့က ချက်ပြုတ်ပြီးပြီ ဖြစ်ကာ ပြောလာသည်။ 


“အဖေ၊ အမေချန်ထားခဲ့တဲ့ ဝက်ပေါင်ခြောက်နဲ့ဝက်အူချောင်းက ကုန်သွားပြီ။ ဒီနေ့ကစပြီးတော့ ကျွန်တော်တို့က အသက်ရှင်ဖို့ ခါးပတ်ကို တင်းတင်း ပတ်ထားရတော့မယ်”


သူတို့အမေမသွားခင်က သူမက ဝက်ပေါင်ခြောက်အများအပြား ပြုလုပ်ထားခဲ့သည်။ ယင်းက ကြာရှည်ခံနိုင်၏။ သူတို့က အသုံးပြုရာတွင်လည်း ချင့်ချိန်ခဲ့သည်။ ထို့ကြောင့် မကြာခင်ကအထိ စားသုံးနိုင်ခဲ့သည်။ 


ကျိုးချင်းပိုင်က ပြောသည်။ “မနက်ဖြန် အသားရမယ်”


သူက အစ်မမိန်ထံတွင် ကြိုတင်မှာထားပြီးဖြစ်ကာ ဒီညနေခင်းအစောပိုင်းတွင် သွားယူနိုင်မည်။ 

ထို့ကြောင့် သူတို့ ယနေ့ လုပ်နိုင်သည်မှာ..


ကြက်ဥမွှေကြော်၊ ဂေါ်ဖီနှင့် မန်ထိုဖြစ်သည်။ ယင်းကပင် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ 

သူတို့အမေ အိမ်တွင် ရှိနေစဉ်ကနှင့် နှိုင်းယှဉ်လျှင်တော့ သေချာပေါက် ဝေးကွာနေဆဲ ဖြစ်သည်။ 


အမေကျိုးက အဖေကျိုးအတွက် အရင်ဆုံး ခွဲချန်ထားပြီးနောက် သူမ၏သားနှင့် မြေးများကို ဦးစွာစားစေသည်။ စားပြီးမှ ပို့ပေးမည်ဆိုပါက နောက်ကျသွားပေမည်။ 


“အဖေ၊ အမေ့ကို ဘယ်အချိန် သွားတွေ့မှာလဲ” လောင်စန်းက ညစာစားပွဲတွင် မေးလာသည်။ 


“ဒီရက်တွေမှာ အားလို့လား” အမေကျိုးက သူမသားကို ပြန်ကြည့်လိုက်၏။ 


“မအားဘူး” ကျိုးချင်းပိုင်က ခေါင်းယမ်းလိုက်သည်။ 


သူက သူ့ဇနီးကို သွားတွေ့ချင်သော်လည်း နွေဦးစိုက်ပျိုးရာသီက အလွန်အလုပ်များသော ကာလဖြစ်သည်။ ယင်းက ခရီးသွားပါက အသွားအပြန် ရက်များစွာ ယူရပေမည်။ သူက မသွားနိုင်ချေ။ 


သို့သော်ငြား မိုးရွာပါက သူက ခရီးတိုတစ်ခေါက် သွားနိုင်ပေသည်။ 


ဆိုရလျှင် တစ်ခါတရံ မိုးက ခုနှစ်ရက် ရှစ်ရက်ရွာတတ်သည်။ အသွားအပြန် အတွက် လုံလောက်၏။ 


ကျိုးချင်းပိုင်က ယခုတွင် မိုးရွာရန် စောင့်မျှော်နေသည်။ ကောင်းပြီ၊ သူလုပ်ချင်သည့် သူ့ဆန္ဒက အဖြေဖြစ်လာသည်။ မေလအဆုံးတွင် ရာသီဥတုက တိမ်ထူထပ်လာသည်။ 


ရွာမှလူတိုင်းက မိုးက သည်းမည်မှန်း သိကြပေသည်။ 


ထိုအချိန်တွင် လယ်ကွင်းမှ ပျိုးပင်များက သန်မာစွာ ကြီးထွားနေကြသည်။ ၎င်းတို့က မိုးကို တောင့်ခံနိုင်ပေသည်။ ကျိုးချင်းပိုင်က ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် ခေါင်းဆောင်ကို ရှာလိုက်တော့သည်။ 


သူက ထွက်ခွာရန် ခွင့်တောင်းလိုက်သည်။ 


ခေါင်းဆောင်ကလည်း အလွန်နားလည်မှုရှိသည်။ သူ့ဇနီးက မြို့တော်ကဲ့သို့သော နေရာတွင် ရှိ၏။ သူက အဘယ်ကြောင့် ယခု သွားမလည်ရမည်နည်း။ 


အထူးသဖြင့် ချင်းပိုင်၏ဇနီးက အလွန်လှပပြီး ပညာတတ်သောကြောင့် လူကြိုက်များနိုင်သည်။ 


ခေါင်းဆောင်က ပြောသည်။ “မင်း မနက်ဖက် သွားပါလား၊ စောစောသွား စောစောပြန်လာခဲ့။ ဒီနွေရာသီရိတ်သိမ်းတာက ဒီလအဆုံးမှာ ဖြစ်မယ်”


“ကောင်းပြီ” ကျိုးချင်းပိုင်က ငြင်းဆန်ရန် မည်သည့်အကြောင်းပြချက်မှ မရှိပေ။


သူက အစ်မမိန့်ကို ရှာရန် စက်ဘီးစီးသွားလိုက်သည်။ မနက်စောစောတွင် သူက ဝက်သားအချို့ ထပ်ဝယ်လာသည်။ 


ညလယ်တွင် ကျိုးချင်းပိုင်က ပြန်လာပြီး ဝက်သားများ ကျင်းအချို့ ယူလာကာ အဆီများသောအသားက နှစ်ကျင်း၊ သူ့သားများနှင့် သူ့မိဘများအတွက် ဝက်ရိုးများဖြစ်သည်။ ထို့နောက် သူက မနက်စောစောတွင် စာတစ်စောင်ရေးထားခဲ့ပြီး ထွက်လာခဲ့သည်။ 


သူက ရထားပေါ် တက်သောအခါတွင် မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။ 


ရွာရှိရာနေရာမှ တိမ်များသို့ သူက လှမ်းကြည့်လိုက်သည်။ ရွာတွင်လည်း ထိုနည်းတူ မိုးများသည်းနေလိမ့်မည်။ 


ရွာတွင် မိုးက သည်းထန်စွာ ရွာသွန်းနေခဲ့သည်။ အဖေကျိုးနှင့် အမေကျိုးက အိမ်ထဲတွင် နေနေပြီး အပြင်ထွက်ဖို့ ရည်ရွယ်ချက်မရှိပေ။ 


လောင်အာ့နှင့် လောင်စန်းကတော့ ကျောင်းသွားရန် လိုသေးပေသည်။ 


“အဖေ မိုးမိပြီး ရွှဲရွှဲစိုသွားနိုင်တယ် မဟုတ်လား” လောင်အာ့က ပြောသည်။ 


“အဖေက အစောကြီး ထွက်သွားတာ သူ မစိုနိုင်ပါဘူး” လောင်စန်းက ကျိန်းသေပေါက်ပမာ ခေါင်းညိတ်လိုက်သည်။ 


“အဖေက ဝက်သားတွေအများကြီး ယူလာတယ်။ ဒီနေ့ခင်းတော့ ငါတို့ ဘာစားကြမလဲ” လောင်အာ့က မေးသည်။ 


“ဝက်သားနဲ့ ဂေါ်ဖီထုပ် ရောကြော်မယ်” လောင်စန်းက ပြန်ပြော၏။ 


ညီအစ်ကိုနှစ်ယောက်က အဘိုးအဘွားများ လုပ်ပေးရန် မလိုဘဲ မီးဖိုချောင်သို့ သွားလိုက်ကြသည်။ ပထမဆုံး ဝက်ဆီကို အပူပေးလိုက်သည်။ ပြီးနောက် ဝက်ဆားနယ်ကို ဆီထဲတွင် ကြွပ်အောင် ကြော်လိုက်တော့သည်။ 


တစ်ကြိမ်ကြော်ပြီးနောက် ဂေါ်ဖီများကို ဆီထပ်မထည့်တော့ဘဲ ကြော်လိုက်သည်။ အဆုံးတွင် အလွန်အရသာရှိပေသည်။ 


ယင်းက သူတို့အမေသင်ပေးခဲ့ခြင်း ဖြစ်သည်။ 


ဝက်နံရိုးနှင့် ကျောက်ပွင့်စွပ်ပြုတ်ကိုလည်း ထပ်ချက်လိုက်သေးသည်။ သူတို့အဖေမရှိသောအခါ ဘိုးဘွားများနှင့် သူတို့သာ ကျန်နေခဲ့ပြီး အစားအသောက်များကို အလေးအနက်မထားတော့ပေ။

သို့သော်လည်း အစားအစာများက အရည်အသွေးတစ်ခုတော့ ရှိသေးပေသည်။ ပြောရန်မလိုဘဲ မြန်မြန်စားလိုက်ကြသည်။ 


အိမ်တွင် မည်သည့်ပူပန်စရာမှ မရှိပေ။ ကောင်လေးနှစ်ယောက်က အလွန်ထက်မြက်ပြီး သူတို့အဘိုးအဘွားများကို စောင့်ရှောက်နိုင်ကြသည်။ 


ရက်တချို့ ခရီးသွားပြီးနောက် ကျိုးချင်းပိုင်က မြို့တော်သို့ ရောက်လာသည်။ 


လင်းချင်းဟယ်က သူ ရောက်လာမည်ဟု မတွေးထားမိခဲ့ပေ။ သူမက သူ့ကို လွမ်းနေသည့်အချိန် လုံခြုံရေးအစောင့်၏ သတိပေးချက်ကြောင့် ထွက်လာပြီး ကျိုးချင်းပိုင်ကို တွေ့သောအခါ လင်းချင်းဟယ်က မှင်တက်သွားတော့သည်။ 


ပြီးနောက် သူမက ပျံတက်လုမတတ်ပင်။ သို့သော်လည်း တခြားလူများ သွားလာနေသော ပတ်ဝန်းကျင်တွင် သူမက သူ့ကို မဖက်လိုက်ပေ။ ဆိုရလျှင် ဒီအထူးခေတ်ကာလတွင် ချစ်ခြင်းမေတ္တာကို ပြသခြင်းက သိပ်မကောင်းပေ။ 


“ရှင် ဘယ်လို လာခဲ့တာလဲ။ အသိလည်း မပေးဘူး” လင်းချင်းဟယ်က သူမယောက်ျားကို စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။ 


“အိမ်မှာ မိုးတွေ ရွာနေတာလေ။ ဒီတော့ ကိုယ်က ခေါင်းဆောင်ကို နားရက်ရမလားလို့ မေးလိုက်တာ” 

ကျိုးချင်းပိုင်က လင်းလက်နေသော သူ့ဇနီးကို ကြည့်ပြီးနောက် ပြန်ဖြေသည်။ 


သည်ခရီးစဉ်သည် အချိန်ကုန်ပြီး မလွယ်ကူသော်လည်း ကျိုးချင်းပိုင်က ဤကာလလေးအတွက် အရာရာတိုင်းက ထိုက်တန်သည်ဟု ခံစားမိလေသည်။ 


“ခဏစောင့်နေဦး။” လင်းချင်းဟယ်က သူမလက်ထဲက စာအုပ်ကိုင်ထားသေးဆဲ ဖြစ်ကာ သူ့ကို ပြောလိုက်သည်။ သူမက အဆောင်ခန်းထဲတွင် စာအုပ်ကို သွားထားလိုက်ပြီး သူမနည်းပြဆရာထံမှ တစ်ရက် ခွင့်ယူလိုက်သည်။ ပြီးနောက် သူမက ထွက်လာတော့၏။ 


ပထမဆုံး သူမက ကျိုးချင်းပိုင်ကို တစ်နပ်ကောင်းကောင်း စားရန် နိုင်ငံပိုင်စားသောက်ဆိုင်သို့ ခေါ်သွားလိုက်သည်။ ပြီးနောက် သူမက တည်းခိုဆောင်သို့ ဦးဆောင်သွားလိုက်တော့သည်။ 


သူမက သူ့ကို ရေချိုးစေလိုက်သည်။ သူက မည်သည့်အဝတ်မျှ မယူခဲ့ပေ။ သူသည် ငွေနည်းနည်း၊ လက်မှတ်များနှင့် မိတ်ဆက်စာတစ်စောင်သာ ရှိသည်။ 


သို့သော်လည်း လင်းချင်းဟယ်၏ နေရာလွတ်ထဲတွင် သူ့အဝတ်များရှိသည်။ သူမသည် မြို့တော်တွင် အထည်များ ပြုလုပ်ပေးရန် တစ်ယောက်ယောက် ရရှိထားသည်။ လုပ်ပြီးနောက် သူမက လျှော်ဖွတ်ပြီး အခြောက်ခံထားခဲ့သည်။


အစပိုင်းတွင် သူမက နွေရာသီအားလပ်ရက် ပြန်ချိန်၌ သူ့အတွက် ယူသွားဖို့ တွေးထားသည်။ မမျှော်လင့်ဘဲ သူက ရောက်လာသည်။ 


ကျိုးချင်းပိုင်က ရေချိုးလိုက်သည်။ လင်းချင်းဟယ်က အသည်းယားလာသည်။ သူမက ချောင်းခြောက်ဆိုးလိုက်ပြီးနောက် ပြောလိုက်သည်။ “ရှင် အဝတ်ဝတ်လိုက်၊ ကျွန်မလည်း ရေချိုးလိုက်ဦးမယ်”


သူမက ရေချိုးပြီး ထွက်လာသောအခါ အဝတ်မဝတ်သေးဘဲ သူမကို စောင့်နေသော ကျိုးချင်းပိုင်ကို တွေ့လိုက်ရသည်။