အခန်း၂၆၄
Viewers 38k

အခန်း (၂၆၄) - ဖြစ်နိုင်သမျှ တုန်နေအောင်ချစ်


လင်မယားနှစ်ယောက်သား မတွေ့တာကြာတော့ ထိုနည်းအတိုင်း ထပ်ဖြစ်သည်။ ဘာမှပြောရန်ပင် မလိုပေ။ 


နှစ်ယောက်သားက သဘာဝကျကျပင် ရင်းနှီးသွားသည်။ 


ငြိမ်သက်အေးဆေးသွားပြီးနောက် သူတို့က ပူလောင်မှုနှင့် ချွေးများကို စိတ်ထဲ မထားကြပေ။ 


လင်းချင်းဟယ်က စကားပြောလာသည်။ “ကျွန်မက နောက်လ အားလပ်ရက်မှာ ပြန်ဖို့ စီစဉ်ထားတယ်”

ကျောင်းတက်ရက်များက အလျင်အမြန် ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း ဇွန်လသို့ ရောက်ရှိလာသည်။ အားလပ်ရက်က ဇူလိုင်တွင် ဖြစ်သည်။ ယင်းက တစ်လသာ လိုတော့သည်။ 


“ဒါဆို နောက်လကျရင် ပြန်သွားပေါ့” ကျိုးချင်းပိုင်က သူမကို သူ့လက်မောင်းများအတွင်း ထည့်ထားပြီး ပြောသည်။ 


သူက သူမကို လွမ်းနေမှန်း လင်းချင်းဟယ် သိသည်။ ထိုသို့မဟုတ်ပါက သူက အလျင်လိုမည် မဟုတ်ပေ။ သူမက အလွန်စိတ်ခံစားချက်ကောင်းနေမှန်း ရှင်းလင်းလှသည်။ 


“အိမ်မှာ အားလုံး အဆင်ပြေရဲ့လား” လင်းချင်းဟယ်က ဆက်ပြောသည်။ 


“အားလုံးကောင်းတယ်။ စိတ်မပူနဲ့” ကျိုးချင်းပိုင်က ပြန်ပြော၏။ 


ယခုတွင် စည်းမျဉ်းများက ပိုပိုလျော့နည်းလာသည်။ ဥပမာအားဖြင့် ဤနှစ်တွင် သူတို့ဇာတိမြို့မှ လူများစွာက ကြက်များ ဘဲများကို အများအပြား မွေးမြူထားကြသည်။ အားလုံးက သတ်မှတ်ချက်များ မရှိတော့ပေ။ မကြာမီတွင် စည်းမျဉ်းများက ပိုကောင်းလာပေမည်။ 


“ရှင် ကျွန်မတို့သားအမိကို စိတ်ပူဖို့ မလိုပါဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။ 


“ကိုယ် စိတ်ပူတာပေါ့” ကျိုးချင်းပိုင်က ထုတ်ပြောသည်။

 

လင်းချင်းဟယ်က သူ့ကို မော့ကြည့်လိုက်သည်။ ကျိုးချင်းပိုင်၏အကြည့်က သူမထံ အင်မတိအင်မတန် နူးညံ့စွာ ရောက်ရှိလာသည်။ လင်းချင်းဟယ်က သူ့ကို မှီလိုက်ပြီး နမ်းလိုက်သည်။ 


“ရှင် ကောင်းကောင်း အနားယူပြီးပြီလား” ထိုစကားကို ကြားပြီးနောက် ကျိုးချင်းပိုင်က အဓိပ္ပာယ်ကို နားလည်လိုက်သည်။ 


နှစ်ယောက်သားက တည်းခိုဆောင်တွင် ညနေပိုင်းအထိ နေခဲ့ကြသည်။ သူတို့က ညစာအတူစားရန် ထွက်လာပြီးနောက် တည်းခိုဆောင်သို့ မပြန်မီတွင် မြို့တော်ကို လည်ပတ်ကြသည်။ 


နောက်ရက်မနက်စောစောတွင် ကျိုးချင်းပိုင်က ထွက်ခွာသွား၏။ လင်းချင်းဟယ်က သူ့ကို လိုက်ပို့ပေးသည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင် လမ်းတွင်စားရန် သူ့အတွက် ဘန်းမုန့်ကြီးများ ထည့်ပေးလိုက်သည်။ လင်မယားနှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် မခွဲနိုင်မခွာရက် နှုတ်ဆက်လိုက်ကြသည်။ ရထားထွက်ခါနီးမှသာလျှင် ကျိုးချင်းပိုင်က ရထားပေါ် တက်သွားသည်။ 


လင်းချင်းဟယ်က သူမဘာသာ ပြန်လာ၏။ 


ကျိုးခိုင်က သူမကို အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ သူ့အမေ ပြန်လာသည်ကို ကြားပြီး မကြာမီတွင် သူက နောက်တစ်ကြိမ် ပြန်လာခဲ့သည်။ 


“အမေ၊ မနေ့က အဖေလာတာ မဟုတ်ဘူးလား” ကျိုးခိုင်က လျင်မြန်စွာ မေးသည်။

 

မနေ့က သူ ရောက်လာသောအခါ သူ့အမေကို တစ်ယောက်ယောက်က ရှာနေကြောင်း သူ့အတန်းဖော်ထံမှ ကြားခဲ့ရသည်။ သူက ဂိတ်တဲမှ လုံခြုံရေးအစောင့် ဦးလေးကြီးကို မေးရန် ချက်ချင်း ထွက်လာခဲ့သည်။ 


ထို့နောက် သူ့အမေကို ရှာနေသော လူကို သူ သိလိုက်ရသည်။ ဦးလေးကြီး၏ ဖော်ပြချက်ကို နားထောင်ခြင်းအရ ထိုသူသည် သူ့အဖေကလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။ 


ကျိုးခိုင်၏ မျှော်လင့်ချက်အရ သူ့အဖေ ရောက်လာကတည်းက မိသားစုက ဆုံတွေ့ပေလိမ့်မည်။ 


ကြီးမားသော စားသောက်ဆိုင်တွင် တစ်နပ်သွားစားမည်က သေချာပေါက်ပင်။ 


သို့သော် မည်သူ သိမည်နည်း။ သူ့အဖေနှင့်သူ့အမေက သူ့ကို မစောင့်ဘဲ ချန်ထားခဲ့ပြီး သူတို့ဘာသာ သွားခဲ့ကြသည်။ 


“သူ...” လင်းချင်းဟယ်က အစောတုန်းအချိန်ကအထိ သူမထံတွင် သားတစ်ယောက် ရှိသေးကြောင်းကို သတိမရခဲ့ပေ။ သူမက သူ့ကို ပြောလိုက်သည်။ “မင်းအဖေက ပြန်သွားပြီ”


ကျိုးခိုင်က ပြောသည်။ “ကျွန်တော် သိပြီ။ အမေတို့နှစ်ယောက်က ကျွန်တော့်ကို မေ့ထားကြတာပေါ့လေ”


“မြန်မြန် အတန်းသွားတက်တော့” လင်းချင်းဟယ်က သူမကလက်ကို ဝေ့ယမ်းလိုက်ပြီးနောက် အဆောင်ခန်းထဲသို့ ပြန်လာခဲ့တော့သည်။ 


ဝမ်လီက အခန်းထဲတွင် ရှိနေသည်။ လက်ကျန်အတန်းများ ရှိသေးသည်။ ဝမ်လီမှာတော့ မရှိပေ။ သူမ ပြန်လာတာကို မြင်သောအခါ သူမက မတိုင်မီက လင်းချင်းဟယ် သူမကို စနောက်သည့်အတိုင်း ချက်ချင်း စနောက်တော့သည်။ 


“အိုး... မျက်လုံးအောက်မှာ အမည်းစက်ဝိုင်းတွေနဲ့... ညတုန်းက အလုပ်များခဲ့တာပဲ ဖြစ်ရမယ်”


“သိပ်မများပါဘူး။ ခုနှစ်ကြိမ်တည်းပါ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ 


“ခုနှစ်ကြိမ်လား” ဝမ်လီက တံထွေးသီးလုမတတ်ပင်။ ယင်းက အတော်လေး အားကောင်းလွန်း၏။ 


လင်းချင်းဟယ်က တည်ငြိမ်စွာဖြင့် အသိပညာကို ပြန်သုံးသပ်ရန် စာအုပ်ကို ဖွင့်လိုက်သည်။ ဝမ်လီက သူမကို ကြည့်ပြီးနောက် ပြောလာသည်။ “မင်း အနားမယူတော့ဘူးလား” 


“မမောပါဘူး။ ပျော်ဖို့ကောင်းတယ်” လင်းချင်းဟယ်က ရဲတင်းတဲ့အမူအရာက ဆက်ပြောလိုက်သည်။ 


ဝမ်လီက ပေါက်ကွဲမတတ် ရယ်တော့၏။ “နင် မရှက်တော့ဘူးလား”


“ငါတို့က သူငယ်ချင်းကောင်းတွေလေ” လင်းချင်းဟယ်က အားလုံးကို စိတ်ထဲ မထားပေ။ 


တစ်ညတည်းနှင့် ခုနှစ်ကြိမ်၊ ယင်းက အမှန်ပင် လေလုံးထွားခြင်းဖြစ်သည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်၏ စွမ်းဆောင်ရည်ကို သံသယမရှိချေ။ 


သို့သော်ငြား သူက အဝေးကြီးမှ လာခဲ့ပြီးနောက် ထိုအရာများကို သူတို့က အာရုံမစိုက်ထားချေ။ 

၎င်းက တွန်းအားမှ ထွက်ပေါ်လာခြင်းသက်သက်သာ ဖြစ်၏။ 


ထိုအရာများ လုပ်မည့်အစား သူတို့က အချင်းချင်း ပွေ့ဖက်ထားပြီး စကားများစွာ ဆိုခဲ့ကြသည်။ သို့တိုင် သူမက သူ့ကို မမောပန်းစေလိုခဲ့ချေ။ သူက ရထားတက်ရန် ရှိသေးသည်။ 


သူမက ကျိုးချင်းပိုင်ကို ဘယ်လိုလုပ်ပြီး ခန်းခြောက်အောင် လုပ်ရက်နိုင်ပါ့မည်နည်း။ 


ဝမ်လီက ကျီစယ်ခြင်းသာ ဖြစ်၏။ သူမက လာမည့်စာမေးပွဲသို့ ခေါင်းစီးကို ပြောင်းလဲလိုက်သည်။

 

လင်းချင်းဟယ်က ခန့်မှန်းလိုက်၏။ “ခက်ခဲမှုက သိပ်တော့ မကြီးဘူး။ ဒါပေမဲ့ လွယ်လည်း မလွယ်ဘူး။ အလယ်အလတ်လောက်ပဲ”


ဝမ်လီက ပြောသည်။ “စာမေးပွဲပြီးရင် နေ့ဝက်လောက်တော့ ငါ အချိန်ရလောက်တယ်”


“အမ်း...” လင်ချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ ဖတ်ရှုနေချိန်အတွင်း သူမစိတ်ထဲတွင် ကျိုးချင်းပိုင်က ရှိနေသည်။ 


ကျိုးချင်းပိုင်က လွန်ခဲ့သောရက်အနည်းငယ်က ဇာတိမြို့သို့ ရောက်သည်။ 


မိုးက ယမန်နေ့မတိုင်မီက ရပ်သွား၏။ ယနေ့ ပြန်ရောက်တော့ မည်သည့်ကြန့်ကြာမှုမှ မရှိချေ။ 


သူ့ဇနီးထံ သွားလည်သောကြောင့် ကျိုးချင်းပိုင်၏စိတ်ခံစားချက်က အလွန်အမင်း တိုးတက်လာသည်။ သူ ပြန်ရောက်သောအခါ အလုပ်ကြိုးစားတော့သည်။ 


ခေါင်းဆောင်၏ ခံစားချက်က သိပ်မကောင်းပေ။ 


ကျိုးချင်းပိုင်က တိုက်ရိုက်မမေးခဲ့ချေ။ ထိုအစား သူ့အမေကို မေးရန် ပြန်လာသည်။ 


အမေကျိုးက သက်ပြင်းချ၏။ “ခေါင်းဆောင်ရဲ့သမက်က ကောလိပ်ဝင်ခွင့် ကျလာတယ် မဟုတ်လား။ ကောင်းပြီ။ ဒီနှစ် သူ့မိသားစုကနေ စာရောက်လာတယ်။ သူက မြို့ကို ပြန်ရတော့မယ်”


“သူ့မိန်းမနဲ့ ကလေးတွေကို ဘယ်လို လုပ်မလဲ” ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ 


“သူ ပြန်မလာခင်က ဟိုဘက်မှာ အခြေကျရင် သူတို့ကို ပြန်လာတွေ့မယ်လို့ ပြောခဲ့တာ။ ဘယ်သူကမှ အမြဲတမ်း တွေ့ဖို့ ပြန်မလာနိုင်ဘူးလေ။ ခေါင်းဆောင်က လတ်တလော စိတ်ခံစားချက် ဆိုးနေမှာပဲ” အမေကျိုးက ခေါင်းယမ်းလိုက်သည်။ 


ယင်းက ခေါင်းဆောင်၏သမီးကို ရူးသွားပြီဟု ဆိုနိုင်သည်။ သူမက သူမအမျိုးသားမြို့ကို ပြန်ရန်အတွက် စာရွက်စာတမ်းများကို ခိုးခဲ့ပြီး သူ့ကို မြို့သို့ ပြန်စေခဲ့သည်။ 


သူက ညလယ်တွင် ထွက်သွားခဲ့၏။ တိတ်တဆိတ် ထွက်သွားပြီး နောင်တွင် သူက အမှန်တကယ်ပင် ပြန်လာပါမည်လော။


သို့သော်လည်း ခေါင်းဆောင်၏သမီးက သူက သူတို့ကို လာခေါ်မည်ဟု ကျိန်းသေနေသည်။

 

ရက်အနည်းငယ် ကြာပြီးနောက် ခေါင်းဆောင်၏ဇနီးက သူ့သမီးအငယ်ဆုံးကို ထိုအခြေအနေသို့ ပြုစုပျိုးထောင်ခဲ့သည့်အတွက် သူမကိုယ်သူမ ဆူပူနေမိသည်။ သူမက ပညာတတ်လူငယ်နှင့် လက်ထပ်ရန် သူမသမီးငယ်ကို ခွင့်ပြုပေးခဲ့မိသည်ကိုလည်း နောင်တရနေသည်။  


“ဒီတစ်ကြိမ် နင်သွားလည်တော့ နင့်ဇနီးသည်က ဘယ်လို ပြုမူလဲ” အမေကျိုးက ထပ်မေးသည်။ 


“ကျွန်တော့်ဇနီးက ပျော်ရွှင်နေတယ်” သူ့ဇနီးအကြောင်း ပြောသောအခါ သူ့အမူအရာက ပို၍ ပျော်ရွှင်လာသည်။ 


“နင့်ဇနီးက အရမ်းကောင်းတဲ့သူပဲ” အမေကျိုးက စိတ်ထဲထိရှသွားပြီး မှတ်ချက်ချသည်။ 


ထိုနေ့ရက်များတွင် ကိစ္စများစွာ ဖြစ်ပျက်ပြီးနောက် သူမသည် စတုတ္ထလေး၏ ဇနီးသည်၏ ကိုယ်ကျင့်တရားသည် အလွန်ကောင်းသည်ဟု ခံစားလိုက်ရသည်။ 


လက်ရှိတွင် သူမ၏အခြေအနေက ကောင်းမွန်လှသော်လည်း သူမက သူမယောက်ျားကို ကျေးတောသားဟူ၍ အထင်သေးခြင်း လုံးဝမရှိချေ။ 


သူမက မြေးသုံးယောက်လုံးကိုလည်း ကောင်းကောင်း ပညာသင်ပေးခဲ့သည်။ 


အမေကျိုးက ပြောလိုက်သည်။ “မင်းမိန်းမက အနာဂတ်မှာ မြို့တော်ကို မိသားစုလိုက် ပြောင်းဖို့ ပြောသေးလား”


“အာမ်... သူမက စောစော ဘွဲ့ရဖို့ မျှော်လင့်နေတာ။ နောက်နှစ်မှာ သူမက ဆရာမ ဖြစ်လာလိမ့်မယ်” 

ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ 


လင်မယားနှစ်ယောက်က ထိုညက အချင်းချင်း ပွေ့ဖက်ထားပြီး စကားစမြည်းပြောဆိုသောအခါ သူ့ဇနီးက သူမနည်းပြ၏ တရားဝင်လက်ခံမှုအကြောင်း ပြောခဲ့သည်။ 


“ဒီတော့ ပိုကောင်းတာ မရှိတော့ဘူး။ အဲအချိန်ရောက်ရင် မင်းက အိမ်ထောင်စုကို အရင်ဆုံး ပြောင်းရွေ့လိုက်။ လောင်အာ့နဲ့ လောင်စန်းကို အရင်ဆုံး ဒီမှာနေခိုင်းလိုက်။ သူတို့မှာ မင်းအဖေနဲ့ငါ ရှိတယ်။ မင်းတို့ အရင်အခြေချ ပြီးမှ သူတို့ကို လာခေါ်” အမေကျိုးက ၎င်းကို ကြားပြီးနောက် ပြန်ပြောသည်။ 


“ကျွန်တော်တို့ နောက်နှစ်မှ ဆုံးဖြတ်ကြတာပေါ့” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။ 


ခေါင်းဆောင်က သိပ်မငယ်တော့ပေ။ သူက သူ့သမီးအငယ်ဆုံးကြောင့် ဤကာလအတွင်း အနည်းငယ် စိတ်ဓာတ်ကျနေသည်။ သူက ကျိုးချင်းပိုင်နှင့် သီးသန့် လာတွေ့ခဲ့ပြီး နောက်နှစ်အတွက် ခေါင်းဆောင်ဖြစ်ရန် သင်ကြားပေးပြီး တာဝန်လွှဲပြောင်းပေးလိုနေသည်။ 


ယခင်ကသာဆိုလျှင် ကျိုးချင်းပိုင်က သဘောတူလိမ့်မည်။ သို့သော် ယခုတွင်မူ သူက ခေါင်းခါလိုက်၏။ 


“ကျွန်တော့်ဇနီးက မြို့တော်မှာ တက္ကသိုလ်နည်းပြအဖြစ် အလုပ်ပြန်ဝင်မှာ။ ကျွန်တော်တို့က အဲ့ကို ရွေ့ပြောင်းရလိမ့်မယ်”


ခေါင်းဆောင်က နားလည်ပြီး သူ့ကို အားပေးခဲ့သည်။ သူက သူ့ပခုံးကို ပုတ်လိုက်ပြီးနောက် ပြောသည်။ 

“မင်းရဲ့ဇနီးက အရမ်းကောင်းတယ်။ သူမကို ပိုချစ်ခင်ပေးလိုက်ပါ”


ဆယ်မိုင်နှင့် ရှစ်ရွာအတွင်း ထိုသို့သော ထူးချွန်သည့်အမျိုးသမီးကို ထပ်ရှာတွေ့ရန်မှာ မဖြစ်နိုင်ပေ။