အခန်း ၂၆၅
Viewers 43k

အခန်း (၂၆၅) - နွေရာသီအားလပ်ရက် ပြန်လာခြင်း


ခေါင်းဆောင်ထံမှ အကောင်းဆုံးအမျိုးသမီးအဖြစ် ချီးကျုးခံရသည့် လင်းချင်းဟယ်သည် စာမေးပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့သည်။ 


သူမရဲ့ နည်းပြကလည်း တက္ကသိုလ်သို့ တင်ပြပေးခဲ့သည်။ တက္ကသိုလ်သည် လင်းချင်းဟယ်ကဲ့သို့သော ကျောင်းသားမျိုးကို ကျောင်းတွင် အလုပ်လုပ်ပြီး နေထိုင်ဖို့ ဖိတ်ခေါ်လျက်ရှိသည်။ အထူးသဖြင့် လက်ရှိတွင် တက္ကသိုလ်က အထောက်အပံ့ဆရာမများ အထူးလိုအပ်နေသည်။

 

ဤတစ်ကြိမ် ရလဒ်က လင်းချင်းဟယ်၏ စွမ်းရည်ကို အတည်ပြုပေးလိုက်သည်။ 


ဇွန်လအဆုံးတွင် ကျေးလက်ဒေသ၌ နွေရာသီအားလပ်ရက်က စတင်ပြီဖြစ်သည်။ 


ထိုရက်များတွင် မြို့တော်၌ မိုးရွာနေသည်။ ယင်းက မှောင်မည်းနေ၏။ အိမ်တွင် မည်သို့နေရမည်မှန်း မသိနိုင်ပေ။ 


နောက်ဆုံးစာမေးပွဲ ပြီးသွားသောအခါ လင်းချင်းဟယ်က သူ့သားကို အိမ်ပြန်မလားဟု မေးခဲ့သည်။ သူက မပြန်ဟု ဆိုသောကြောင့် လင်းချင်းဟယ်က သူ့ကို ခွင့်ပြုပေးလိုက်၏။ 


သူ့ကို ယွမ် ၅၀ ပေးပြီးနောက် လင်းချင်းဟယ်က ရှန်ဟိုင်းမြို့သို့ တစ်ခါတည်း တန်းသွားလိုက်၏။ 


သူမ လာကတည်းက သဘာဝကျစွာဖြင့် ပစ္စည်းများကို ဝယ်ရမည်။ နွေရာသီဖြစ်သည်။ ရွာတွင် လျှပ်စစ်မီးမရသေးသော်လည်း ခရိုင်တွင် ရသည်က ကြာပြီဖြစ်သည်။ 


လျှပ်စစ်ပန်ကာကဲ့သို့သော ပစ္စည်းမျိုးက သေချာပေါက် ရောင်းကောင်းပေမည်။ 


လင်းချင်းဟယ်က ရှောပင်းမောကြီးများစွာကို လှည့်လည်ကြည့်ရှုခဲ့သည်။ တစ်နေရာစီမှ လျှပ်စစ်ပန်ကာတစ်လုံး၊ နာရီ၊ လည်စီးပဝါများနှင့် အဝတ်အစားသစ်များကို ဝယ်ယူခဲ့သည်။ 


သူမက ရှန်ဟိုင်းမြို့တွင် ယွမ်၂၀၀၀ နီးပါး တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ဝယ်ယူခဲ့သည်။ ပြောရမည်မှာ ယင်းက စွန့်စားမှု ကြီးကြီးမားမား ပြုလုပ်ခြင်း ဖြစ်သည်။ နာရီများက အလွန်ဈေးများသောကြောင့်လည်း ဖြစ်ပေ၏။ 


လင်းချင်းဟယ်က ထိုပစ္စည်းများနှင့် ဇာတိမြို့သို့ ပြန်လာသည်။ 


မြူနီစီပယ်မြို့သို့ ရထားစီးသွားပြီး ပစ္စည်းတစ်သုတ်ကို ရောင်းလိုက်သည်။ သူမက ဝင်ငွေများများ မရှိခဲ့ပေ။ သူမက အရောင်းကိုယ်စားလှယ်သို့ တိုက်ရိုက်ပေးလိုက်ခြင်း ဖြစ်သည်။ 


ဥပမာအားဖြင့် နာရီဈေးက ယွမ် ၁၂၀ ဝန်းကျင် ဖြစ်သည်။ သူမက ယင်းကို ယွမ် ၁၆၀၊ ၁၇၀ဖြင့် ရောင်းလိုက်သည်။ ယွမ်ဒါဇင်ခန့်သာ အမြတ်ကျန်သည်။ နောက်ဆိုင်ခွဲတစ်ခုတွင် ယွမ် ၂၀၀ သို့မဟုတ် ယင်းက ၎င်းတို့၏ကိုယ်ပိုင် အရည်အသွေးပေါ် မူတည်ပြီး ယွမ် ၂၂၀ သို့မဟုတ် ယွမ် ၂၃၀ဖြင့် ရောင်းချနိုင်သည်။


ထိုသို့ဖြင့် သူမက လက်ထဲမှ လျင်မြန်စွာ ထုတ်လိုက်တော့သည်။ 


နာရီသုံးခုသာ ကျန်တော့သည်။ ၎င်းတို့ကို ခရိုင်တွင် ယွမ် ၂၀၀ဖြင့် ရောင်းလိမ့်မည်။ ကျန်သည်ကိုတော့ မြူနီစီပယ်မြို့တွင် ရောင်းခဲ့ပြီးဖြစ်၏။ 


ပြီးနောက် လင်းချင်းဟယ်က ခရိုင်မြို့သို့ ပြန်စီးလာခဲ့သည်။ 


သူမက လျှပ်စစ်ပန်ကာများကို ရောင်းရန် မှောင်ခိုဈေးသို့ သွားလိုက်သည်။ ပြီးနောက် သူမက ထောက်ပံ့ရေးရောင်းဝယ်ရေး သမဝါယမဆိုင်ရှိ ရှန်းယွီထံတွင် သူမ ဝယ်လာသော အဝတ်အထည်များကို ရောင်းလိုက်သည်။ 


ရှန်းယွီက အရင်နှစ်တွင် ချိုမြိန်မှုကို မြည်းစမ်းခဲ့ပြီးဖြစ်၏။ မနှစ်က လည်စီးပဝါများနှင့် အဝတ်အစားများမှ သူမက လခသုံးလစာမျှ ဝင်ငွေရရှိခဲ့သည်။ 


ဤနှစ်အစောပိုင်းတွင် လင်းချင်းဟယ်က ကလေးများကို မြို့သို့ ခေါ်လာခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေးသမဝါယမသို့ သွားရောက်ခဲ့သည်။ ရှန်းယွီက ထိုအချိန်တွင် အလုပ်လုပ်နေခဲ့၏။ သူမက လင်းချင်းဟယ်ကို ဘေးဘက်သို့ ဆွဲခေါ်ပြီး သူမသာ ပစ္စည်းကောင်းများ ရလာပါက သူမကို နောက်တစ်ကြိမ်ပေးရန် အသိပေးခဲ့သည်။ 


ရှန်းယွီက သူမဘာသာ သိုဝှက်မထားပေ။ သူမက မိသားစုရှိသော တခြားလုပ်ဖော်ကိုင်ဖက်ကို အတူတူ လုပ်ကိုင်ရန် ဆွဲထည့်လိုက်သည်။ နှစ်ယောက်သားက အမြတ်များကို ခွဲပြီးနောက် သူတို့က လခသုံးလစာထက်မနည်း ဝင်ငွေရခဲ့သည်။ 


ဤနယ်ပယ်တွင် အမြတ်ငွေမည်မျှ ရနိုင်သည်ကို စိတ်ကူးနိုင်ပေ၏။ 


လင်းချင်းဟယ် ပြန်ရောက်လာပြီးနောက် ရှန်းယွီက ၎င်းကို ယူနိုင်ကြောင်း ဖော်ပြခဲ့သည်။ 


ဟိုင်မြို့မှ ပစ္စည်းများအားလုံးသည် အသစ်များဖြစ်ပြီး ခေတ်အစားဆုံးဖြစ်သည်။ ၎င်းတို့က တောင်းဆိုမှုများသည်။ 


“နင့်ဘက်မှာ နင်သဘောတူရင် ပြီးပြီ၊ နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အရင်ဆွေးနွေးပါဦး။” သူမက ယင်းကို သိပြီးနောက် လင်းချင်းဟယ်က ပြောလိုက်သည်။ 


“အစ်မ၊ ဒါကို စိတ်မပူနဲ့၊ ညီမ လုပ်ဖော်ကိုင်ဖက်က ညီမကို ပြောပြီးသား၊ ပစ္စည်းတွေ ဖြစ်နေသရွေ့ အားလုံးကို ယူမှာ” ရှန်းယွီက တီးတိုးပြောသည်။ 


နှစ်ယောက်သား၏ ရပ်တည်ချက်က ဆက်လက်လုပ်လိုခဲ့သည်။ သူတို့က တစ်ရက်အတွင်း ပစ္စည်းအမျိုးအစားများကို အကြံပြုနိုင်သည်။ 


ပစ္စည်းတစ်မျိုးလျှင် နှစ်ယွမ်ခန့် အမြတ်ရနိုင်၏။ ပစ္စည်းအမျိုးအစားအချို့၏ ဝင်ငွေကို ခွဲလိုက်ပါက တစ်ယောက်လျှင် ယွမ်အချို့ ရနိုင်သည်။ နှစ်ယောက်သားက အထည်အလိပ်ပိုင်းကို တာဝန်ယူရခြင်း ဖြစ်သည်။ သူတို့၏တစ်လလခသည် ယွမ် ၃၀ အထိသာ တိုးမြင့်ခဲ့သည်။ 


ထိုသို့သော ဝင်ငွေနှင့် ရင်ဆိုင်ရသောအခါ သူတို့ ဘာလို့ မတုန်လှုပ်ဘဲ နေမည်နည်း။ 


ယင်းသို့သောပစ္စည်းများ ရောင်းခြင်းက အနည်းငယ် စွန့်စားသလိုမျိုးတော့ ဖြစ်သည်။ သို့သော် သဘာဝကျကျပင် ယင်းက ကိစ္စမရှိချေ။ 


ဧည့်သည်များ လာသောအခါ သူတို့နှစ်ယောက်က သူတို့သူငယ်ချင်း ရှန်ဟိုင်းမြို့မှ ယူလာသော စတိုင်အသစ်အဝတ်အထည်များဟု ရှင်းပြလိုက်မည်။ သူတို့က မဝတ်ချင်သဖြင့် သူတို့ကို သဘောကျသလားဟု မေးလိုက်မည်။ 


သူတို့က အမျိုးအစားတစ်ခုလျှင် ၂ယွမ်သာ ရသည်။ လင်းချင်းဟယ်က ကြားလူအနေဖြင့် ယင်းက သိပ်မများသည့်တိုင် အမြတ်ကောင်းကောင်း ရသည်။ စတိုင်သစ်အဝတ်အထည်များကို ဝယ်ယူသော အမျိုးသမီးများက ပြဿနာမများပေ။ 


ထို့ကြောင့် အလုပ်ဖြစ်ခဲ့သည်။ အတိုင်ခံရလျှင်ပင် ဇာတ်လမ်းက အတူတူသာ ဖြစ်၏။ ယေဘုယျအားဖြင့် မည်သူမျှ မတိုင်ကြပေ။ 


လင်းချင်းဟယ်က သူမ ထို့သို့ပြောသည်ကို သိပြီးနောက် သူမက ပြုံးလျက် အဝတ်အထည်အားလုံးကို ပေးလိုက်သည်။ သိပ်မများဘဲ စုစုပေါင်း အိတ်နှစ်လုံးစာသာ ရှိသည်။ 


လင်းချင်းဟယ်က သူမအား စာရင်းတစ်ခု ပေးလိုက်ပြီးနောက် ပြောသည်။ “ဒါက ငါ လုပ်ထားတဲ့ စာရင်းပဲ။ ထိပ်ဆုံးမှာ ဈေးနှုန်းပါတယ်။ နင် အလုပ်ဆင်းရင် နင့်အိမ်မှာ ပြန်စစ်ကြည့်လိုက်”


“အစ်မ ငါ့ကို ခဏစောင့်ပေးဦး။ ညွှန်ကြားရေးမှုးအိမ်မှာ သွားခွင့်တောင်းလိုက်ဦးမယ်။ သူက ဒီနေ့ ဆေးရုံတက်နေရလို့ ဒီကို မလာဘူး” ဟု ရှန်းယွီက လျင်မြန်စွာ ပြောသည်။ 


“ဒါဆို ငါ နင့်ကို နင့်အိမ်ဝင်ဝမှာ စောင့်နေမယ်။” လင်းချင်းဟယ်က တုံ့ပြန်လိုက်သည်။

 

“ရတယ်၊ အစ်မ အရင်သွားနှင့်လိုက်လေ။” ရှန်းယွီက ခေါင်းညိတ်လိုက်သည်။

 

သူမအိမ်က ဤနေရာနှင့် သိပ်မဝေးပေ။ ဆယ်မိနစ်စာသာ ရှိသည်။ 


ရှန်းယွီက ဆေးရုံသို့ သွားကာ ခွင့်တောင်းပြီး မြန်မြန် ပြန်လာသည်။ လင်းချင်းဟယ်က သူမကို အိတ်နှစ်လုံးဖြင့် တံခါးနားတွင် စောင့်နေသည်။ 


ရှန်းယွီ၏ကလေးနှစ်ယောက်ကို သူမယောက္ခမက သဘောတကျ ရှိ၏။ သူမက လတိုင်း ငွေအနည်းငယ်ပေးသည်။ ယင်းက ပြဿနာမရှိပေ။ 


သူမအမျိုးသားကမူ ဤအချိန်တွင် အလုပ်မှ မဆင်းသေးပေ။ သူက သတင်းအချက်အလက်ဌာန၌ ရှိသည်။ 


အိမ်သည် လင်းချင်းဟယ် ကူညီပြီး ရှာပေးခဲ့သောအိမ်ဖြစ်သည်။ 


ရှန်းယွီက တံခါးကို ဖွင့်လိုက်ပြီးနောက် သူမကို အထဲဝင်စေသည်။ 


လင်းချင်းဟယ်က အိမ်ပြန်ရန် လောနေခဲ့ပြီး သူမက ပစ္စည်းများကို စတင်စစ်ဆေးတော့သည်။ လွန်ခဲ့သော နှစ်များက လင်မယားက ငွေများစွာ စုဆောင်းမိခဲ့ပြီး သူမက လင်းချင်းဟယ်ကို ငွေကြိုချေပေးခဲ့သည်။ 


“အခု ယူထားလိုက်ဦး၊ နင်ရောင်းပြီးမှ ငါ့ကို ငွေရှင်းလည်း ရတယ်” လင်းချင်းဟယ်က အကြံပေးလိုက်သည်။ 


“မလိုဘူး အစ်မ။ နောက်တစ်ကြိမ် တချို့ ရလာရင်လည်း အဲဒါတွေကို ညီမဆီ ထပ်ယူလာပေးဖို့ သတိရနော်။” ရှန်းယွီက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ 


နောက်ဆုံးတစ်ကြိမ်က ဘယ်လောက်တောင် ကြာနေပြီလဲ။ လခသုံးလစာက သူတို့လက်ထဲကို ရောက်လာသည်။ သိုးဝဝတွေကို ဆုံးရှုံးဖို့ သူမက ဘာလို့ ဆန္ဒရှိမှာလဲ။ 


သူမ၏အပြုအမူကြောင့် လင်းချင်းဟယ်က များများ မငြင်းဆန်တော့ဘဲ ငွေများကို လက်ခံလိုက်သည်။ သူမက ပြောလိုက်သည်။ “ဒါဆို ငါ အရင်ပြန်တော့မယ်”


“ကောင်းပြီ” ရှန်းယွီက သူမကို အပြင်သို့ လိုက်ပို့ပေးသည်။ 


လင်းချင်းဟယ်က အစောပိုင်းတွင် ကျိုးရှောင်မိန်ထံမှ စက်ဘီးငှားရန် စီစဉ်ထားသည်။ မထင်မှတ်ထားဘဲ ထွန်စက်ပိုင်ရှင်တစ်ဦးက တခြားရွာသို့ သွားရန်ဦးတည်နေခဲ့ရာ လင်းချင်းဟယ်က ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမဆိုင်မှ ကုန်ကြမ်းတချို့နှင့် ဖရဲသီးကြီးတစ်လုံးကို သယ်ယူလိုက်ပြီး အိမ်ပြန်လာခဲ့သည်။ 


ဇူလိုင်လအစောပိုင်းတွင် ဖြစ်၏။ ရွာက အလွန်အလုပ်များနေသေးသည်။ 


သူတို့က နွေရာသီရိတ်သိမ်းမှုတွင် ဝင်ပါနေကြသည်။ 


နွေရာသီရိတ်သိမ်းမှုက သံသယဖြစ်ဖို့ မလိုအောင် အလုပ်ရှုပ်သည်။ လင်းချင်းဟယ် ပြန်လာသောအခါ အိမ်တွင်မည်သူမျှ မရှိပေ။ အိမ်တံခါးက သော့ခတ်ထား၏။ 


ကံကောင်းပြီး လင်းချင်းဟယ်ထံ၌ သော့ရှိနေသောကြောင့် သူမက အိမ်ထဲသို့ ဝင်နိုင်ခဲ့သည်။ 


ညနေခင်းအစောပိုင်း ငါးနာရီခွဲဝန်းကျင်တွင် ဖြစ်၏။ ကလေးများနှင့် ကျိုးချင်းပိုင်က အိမ်တွင် မရှိပေ။ အဖေကျိုးနှင့် အမေကျိုးကလည်း ထို့နည်းတူပင်။ 


လင်းချင်းဟယ်က သူ အလုပ်များသည်ကို နားလည်၏။ နွေရာသီရိတ်သိမ်းမှုနှင့် ဆောင်းရာသီရိတ်သိမ်းမှုကဲ့သို့သော နေ့ရက်များသည် နတ်ဘုရားနှင့်အတူ အစာရှာရန် တိုက်ခိုက်လုနီးပါးဖြစ်သည်။ 


အိပ်ရာမှ မထနိုင် မဖြစ်သရွေ့ သူတို့က ပါဝင်ရပေမည်။ 


အလုပ်မှာ မပါဝင်တော့သည့် အမေကျိုးနှင့် အဖေကျိုးကတောင် ဤကာလများတွင် ကူညီပေးရသည်။ 


လင်းချင်းဟယ်က များများ ဝင်မစွက်ဖက်တော့ပေ။ သူမက အိတ်ကို ချလိုက်ပြီးနောက် စတင်ချက်ပြုတ်တော့သည်။ 


နွေရာသီရိတ်သိမ်းမှုကဲ့သို့သော အလုပ်များသော နေ့တွင် လင်းချင်းဟယ်က ဆန်မုန့်ဝိုင်းနှင့် မန်ထိုကို ပြုလုပ်ခဲ့သည်။ သူမက တချို့သော အရံဟင်းများကိုလည်း ချက်ပြုတ်ခဲ့၏။ 


ကြက်ဥသခွားသီးမွှေကြော်နှင့် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ် ဖြစ်သည်။ အိုးတစ်လုံးထဲမှ ငါးရှဉ့်ကို တွေ့ပြီးနောက် သတ်လိုက်ကာ ဟင်းရွက်ချဉ်နှင့် ရောချက်လိုက်သည်။ 


လောင်အာ့နှင့် လောင်စန်း ညီအစ်ကိုက အရင်ဆုံး ပြန်ရောက်လာသည်။ သူတို့က ချက်ပြုတ်ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။ 


ဘယ်အချိန်က စမှန်း မသိသော်လည်း သူတို့ညီအစ်ကိုများက မိသားစုထမင်းဝိုင်းကို စတင်ချက်ပြုတ်ပေးခဲ့ကြသည်။ ငါးရှဉ့်ဖမ်းခြင်းနှင့် တခြားသောအရာများတွင် သူတို့က ကျွမ်းကျင်ပြီး လျင်မြန်သည်။ 


အမေကျိုးက အပြင်ထွက်တဲ့အခါအတိုင်း ချီးမွမ်းခဲ့သည်။ မိသားစုထဲတွင် သမီးမရှိပေ။ သို့တိုင် ကောင်လေးများက သမီးတွေထက် ပို၍ အသုံးဝင်လေသည်။ 


ရွာထဲမှလူများက လောင်တကို ပစ်မှတ်ထား၍ မရတော့ကတည်းက သူတို့က သူတို့ညီအစ်ကိုကို စတင်မျက်စိကျလာတော့သည်။