အခန်း (၂၈၃) - ဆိုင်အသစ်ဖွင့်လှစ်
သူမက မျက်မြင်တွေ့ခဲ့သည်။ ဆရာမလင်းတို့ မိသားစု ရောက်ပြီး ရေချိုးရုံသို့ သွားလိုက်ကတည်းက ကျန်းမိသားစုက သမီးကြီးက အကြိမ်ရေတချို့ ထွက်လာပြီး စစ်ဆေးခဲ့သည်။ သူမ တွေ့ချင်တဲ့သူ ဘယ်သူဆိုတာ ခန့်မှန်းဖို့တောင် မလိုပေ။
သူ့တွင် ဇနီးသည်နှင့် ချောမောတဲ့သားသုံးယောက်ရှိတာကို မမြင်ခဲ့ဘူးလား။
ကံကောင်းစွာဖြင့် သူမက တံခါးကို ဖွင့်ထားခဲ့ပြီး တစ်ချက် ကြည့်လိုက်သည်။ ထိုမေ့ဟယ်ရဲ့ မျက်လုံးများက ထိုအမျိုးသားထံတွင် ကပ်တွယ်နေခဲ့သည်။
ဒေါ်လေးမာက မတတ်နိုင်ဘဲ အကြံဉာဏ်ပေးရတော့သည်။
ကျိုးချင်းပိုင်က အနည်းငယ်ရှက်သွားသည်။ (အင်္ဂလိပ်ဘာသာပြန်သူရဲ့ မှတ်စု- နောက်ဆုံးတော့ ကျိုးချင်းပိုင်ရဲ့မျက်နှာကို ပြပြီ)
လင်းချင်းဟယ်က စိတ်အခြေအနေ ကောင်းစွာ ပြောလိုက်သည်။
“အဒေါ်၊ စိတ်မပူပါနဲ့။ ကျွန်မယောက်ျားသာ ကျွန်မကို အမှားလုပ်ရဲရင် ကျွန်မက သားသုံးယောက်ကို ခေါ်ပြီးတော့ သူ့ကို ကောင်းမွန်ပါစေဖို့ ဆုတောင်းပေးလိုက်မယ်။ ပြီးရင်တော့ ကျွန်မက နောက်ထပ်တစ်ယောက် ရှာလိုက်မယ်။ ကျောင်းမှာ လိုက်ဖက်ညီတဲ့သူတွေ ပြတ်လပ်မနေဘူး”
ကောင်းပြီ။ ယုံကြည်မှုရှိပေမဲ့ ရိုက်သွင်းဖို့တော့ လိုသေးတယ်။
ရွေးချယ်ဖို့မရှိပေ။ ထိုကျန်းမေ့ဟယ်က တအားရဲတင်းလွန်းသည်။ သူမက သူမ၏ချင်းပိုင်ကို သူမသဘောထားကို သိခွင့်ပြုထားရမည်။
ကျိုးချင်းပိုင်၏အမူအရာက လေးနက်သွားသည်။
ဒေါ်လေးမာက ပြုံးပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“အခုတော့ မင်းတို့ ရောက်လာတော့ မိသားစုက အတူတူ ဆုံစည်းကြလို့ ဝမ်းသာပါတယ်။ အိုး၊ ဆရာမလင်းက တအားမွေးနိုင်တာပဲ။ သားသုံးယောက်တောင် ဆက်တိုက်ပဲ။ မင်းက သူတို့ကို ကောင်းကောင်း စောင့်ရှောက်ထားတာပဲ။ သူတို့ကို ငါ့မြေးတွေအဖြစ်နဲ့ ခေါ်သွားချင်လိုက်တာ”
“အခု သူတို့က နောက်ဆုံးတော့ ပိုတွေးတတ်လာပြီ။ သူတို့ ငယ်ငယ်တုန်းကဆိုရင် တအားကို အနှောင့်အယှက်ပေးတာ” လင်းချင်းဟယ်က ပြုံးလိုက်သည်။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းက ထိုသို့သာ ဖြစ်သည်။ အစတွင်ခါးသီးပြီး နောက်မှ ချိုမြိန်လာမည်။ အစတွင် မလွယ်ကူသော်လည်း အဆုံးတွင်မူ အလွန်လွယ်ကူသွားပြီဖြစ်သည်။
သေချာသည်မှာ ကလေးများကို ပညာကောင်းကောင်း သင်ပေးရမည် မဟုတ်ပါက သူတို့က တစ်ဘဝလုံး ဒုက္ခကို ခံစားရလိမ့်မည်။
အမှန်အတိုင်း ဆိုရလျှင် လင်းချင်းဟယ်က ကလေးများကို ပညာသင်ပေးဖို့ဆိုတာ မသိသော်လည်း သူမ၏နည်းလမ်းကတော့ သိသိသာသာ အလုပ်ဖြစ်ပေသည်။ သူတို့၏အမြင်များက ကောက်ကျစ်မနေတော့ဘဲ ကောင်းကောင်းကြီးပြင်းလာသည်။
ခဏအကြာတွင် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ခေါ်ပြီး အိမ်ပြန်လာသည်။
ကျိုးချင်းပိုင်က နေရာကို အလေးအနက် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
အိပ်ခန်းနှစ်ခု ရှိသည်။ တစ်ခုက ကလေးများအတွက် ဖြစ်ကာ တစ်ခုက သူတို့လင်မယားအတွက် ဖြစ်သည်။ ပရိဘောဂများကလည်း အစုံအလင်ပါရှိပြီး သူတို့အား ကြိုဆိုရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
“မင်း ပင်ပန်းသွားခဲ့ပြီ” ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်လိုက်သည်။
“ဘာကို အလုပ်ပင်ပန်းမှာလဲ။ အသေးလေးတွေကို ကျွန်မနဲ့ လောင်တက ယူလာတာ။ ကြီးတာတွေကိုတော့ တခြားသူတွေကို အလုပ်သမားခပေးပြီး ပို့ခိုင်းလိုက်တာ” လင်းချင်းဟယ်က ပြောသည်။
“ဘေးအိမ် ကျန်းမိသားစုက ဘာဖြစ်တာလဲ” ကျိုးချင်းပိုင်က မေးလိုက်သည်။
သူတို့က အိမ်နီးချင်းများဖြစ်သည်။ သူသည် သဘာဝကျကျပင် ထိုအကြောင်းကို သိထားဖို့ လိုအပ်သည်။
လင်းချင်းဟယ်က သူ့ကို ပြောပြလိုက်သည်။
ကျိုးချင်းပိုင်က ကြားပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ လင်းချင်းဟယ်က ထုတ်ပြောလိုက်သည်။
“ရှင်သာ ကြိုက်သွားခဲ့ရင် ကျွန်မရှင့်ကို တားမှာ မဟုတ်ဘူး။”
သူမ၏လေသံတွင် ယုံကြည်မှုအပြည့် ရှိနေသည်။
ပြီးနောက် ကျိုးချင်ပိုင်က သူမကို အခန်းထဲ ဆွဲသွင်းသွားတော့သည်။
သူက အခန်းထဲကို ဘာလုပ်ဖို့ သွားမှာလဲ။ သူ့နှလုံးသားကို သဘာဝကျကျနဲ့ သက်သေပြဖို့သာ ဖြစ်လေသည်။
နောက်နေ့အတန်းချိန်အထိ လင်းချင်းဟယ်က အိပ်ပျော်သွားတော့သည်။ မကြာမီတွင် ကျိုးခိုင်က သူ့ညီနှစ်ယောက်ကို ပြန်ခေါ်လာသည်။
ကျိုးချင်းပိုင်က သူ့သားငယ်နှစ်ယောက်ကို အိမ်ထဲတွင် နေခိုင်းလိုက်သည်။ အဝတ်ဝတ်ပြီးနောက် ကျိုးချင်းပိုင်က ဆိုင်သို့သွားရန် သူ့သားကြီးနောက်မှ လိုက်လာခဲ့သည်။
ကျိုးခိုင်ထံတွင် သော့တစ်ချောင်း ရှိသည်။ စုစုပေါင်း သော့က နှစ်ချောင်းရှိ၏။ တံခါးသော့ခလောက်ကို အသစ်ပြောင်းထားပြီးဖြစ်သည်။ “အဖေ.. အခုကစပြီး ဒီသော့ကို သိမ်းထားလိုက်တော့.. အမေ့မှာ နောက်တစ်ချောင်းရှိတယ်”
ကျိုးချင်းပိုင်က တုံ့ဆိုင်းမနေပေ။ သူက ဆိုင်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ယင်းက တကယ်ကောင်း၏။
“ကျွန်တော် ဒီရက်ထဲမှာ အလှဆင်ဖို့ ရှိသေးတယ်။ အဖေ၊ မနက်ဖြန် လိပ်စာနဲ့ သွားပြီးတော့ တစ်ယောက်ယောက်ကို မေးလို့ရတယ်။ ကျွန်တော်တို့ ပြန်ရောက်ရင် အဖေ့ကို ရေးပေးမယ်” ကျိုးခိုင်က ပြောသည်။
“အမ်း” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
ကျိုးခိုင်က အသာအယာ ချောင်းဟန့်လိုက်ပြီး “အဖေ၊ အမေနဲ့အဖေက စီးပွားရေးကို ဘယ်ကတည်းက စခဲ့တာလဲ။ ဒီဆိုင်ကုန်ကျငွေက များလွန်းတယ်။ အမေက တစ်ချက်တည်း ထုတ်ပေးနိုင်ခဲ့တာ။”
“မင်းစာကိုသာ မင်းလေ့လာ” ကျိုးချင်းပိုင်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
သူ သိရမှာ မဟုတ်မှန်း ကျိုးခိုင်က သိပြီးသား ဖြစ်သည်။ သူ့အဖေ၏ပါးစပ်သည် ပုလင်းအဝထက် ပို၍ တင်းကျပ်ပေသည်။
ဆိုင်ကို ကြည့်ရှုပြီး တည်နေရာကို သိရှိပြီးနောက် ကျိုးချင်းပိုင်က ကြာကြာ မနေတော့ချေ။ သူက သူ့သားကြီးကို ခေါ်ပြီး အိမ်ပြန်လာသည်။
တိုက်ဆိုင်မှုလား မသိသော်ငြား သူတို့က ကျန်းမေ့ဟယ်နှင့် ပြန်ဆုံသည်။ ကျန်းမေ့ဟယ်က တက်သစ်စကောင်လေး ကျိုးခိုင်ကို လျစ်လျူရှုလိုက်သည်။ သူက ယခုတွင် ၁၆နှစ်သာ ရှိသေးပြီး ကလေးသာ ဖြစ်သည်။
သူမမျက်လုံးများက ကျိုးချင်းပိုင်ကို မျက်စိကျနေသည်။
ထိုယောက်ျားက အလွန် ဆွဲဆောင်မှုရှိသည်။ အကြည့်တစ်ချက်ကြောင့်ပင် သူမခြေထောက်များ ပျော့ခွေသွားနိုင်သည်။
သူမက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။ သို့သော်ငြား ကျိုးချင်းပိုင်က သူ့ခေါင်းကို ရှေ့သို့သာ တည့်တည့်ထားလျက် သူ့သားကြီးနှင့်အတူ အိမ်သို့ ပြန်သွားသည်။
ဒုတိယနေ့တွင် သူနှင့် လင်းချင်းဟယ်က အသိအမှတ်ပြုလက်မှတ်ကို ထုတ်ယူဖို့ရန် ကျောင်းသို့ ရောက်လာသည်။ ပြီးနောက် သူတို့က ပြောင်းရွေ့ အိမ်ထောင်စုစာရင်းကို လုပ်ဆောင်ရန်သွားခဲ့သည်။
သူက ထုတ်ယူလာသော မြို့တော်မှ အိမ်ထောင်စုစာရင်းအသစ်ကို ရသောအခါ ကျိုးချင်းပိုင်းက အနည်းငယ် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။
သူသည် အိမ်ထောင်စုစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည်။ ပြီးနောက် သူ့ဇနီးဖြစ်သည်။ ပြီးလျှင် သူသားသုံးယောက်ဖြစ်၏။ ယင်းက မိသားစုတစ်ခုလုံး၏ မြို့တော်မှ အိမ်ထောင်စုစာရင်းဖြစ်သည်။
ယခု အိမ်ထောင်စုစာရင်းကို ရရှိပြီးဖြစ်၍ လောင်အာ့နှင့် လောင်စန်းတို့၏ ကျောင်းပြောင်းရွေ့ရေးသာ ကျန်တော့သည်။
ကျိုးချင်းပိုင်က ယင်းကို ဂရုစိုက်ဖို့ သွားခဲ့သည်။ ကျောင်းများက မကြာမီ စတော့မည်။ သဘာဝကျကျပင် အရာရာတိုင်းက အဆင်သင့်ဖြစ်ချေပြီ။ ကျိုးချင်းပိုင်က သူ့ဖာသာ လမ်းလျှောက်ထွက်လာပြီး ကိုယ်ပိုင်အလုပ်လုပ်သူတွေ အများအပြားရှိမှန်း တွေ့လိုက်ရသည်။
ထိုဗဟုသုတကို ရရှိပြီးနောက် သူက ဆိုင်သို့ ပြန်လာခဲ့သည်။
သူက ဆိုင်အတွင်းပိုင်းကို လေးလေးနက်နက် စတင်တွေးတော့သည်။
လင်းချင်းဟယ်က ကျောင်းပြန်ဖွင့်တော့မည်ဖြစ်၍ အလုပ်များနေသည်။ ကျိုးချင်းပိုင်သည် ဆိုင်အလှပြင်ခြင်းနှင့် ဆိုင်တွင်းပစ္စည်းများအတွက် တာဝန်ယူထားရသည်။ အားလုံးက သူ့တာဝန်သာ ဖြစ်သည်။
မတိုင်မီက လင်းချင်းဟယ်သည် အချိန်ရှိသော်လည်း သူမက ‘T’ အတွက် အရာအားလုံးကို မစီမံလိုခဲ့ချေ။ ထိုအမျိုးသားကို သူ့ကိုယ်ပိုင် လုပ်ပိုင်ခွင့် ပေးလိုက်တာ ပိုကောင်းသည်။ ထိုနည်းဖြင့် သူက သူ့ကိုယ်ပိုင်တန်ဖိုးကို ပြန်ရှာတွေ့နိုင်သည်။
အနည်းဆုံးတော့ လင်းချင်းဟယ် အိမ်ပြန်လာသောအခါ ကျိုးချင်းပိုင်၏ မျက်ဝန်းများက လေးနက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများပြည့်နေသည်ကို တွေ့လာသည်။
တစ်ချိန်တည်းမှာပင် လောင်အာ့နှင့် လောင်စန်းတို့က ကျောင်းသွားကြပြီဖြစ်သည်။ လင်းချင်းဟယ်က သူတို့ကို ပြည်မဘာသာစကားကို စောစောတည်းက သင်ပေးခဲ့ပြီဖြစ်သည်။ ထိုအသံပြောင်းလဲခြင်းက သိပ်မခက်ပေ။ ယင်းက ကောင်းမွန်ပြီး သက်သောင့်သက်သာဖြစ်ခဲ့သည်။ သို့တိုင် ထိုအရာကို လောင်အာ့က ပို၍ ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီလကုန်ပြီးနောက် ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင်ကို ဖွင့်လိုက်သည်။
ကျွမ်းကျင်သူတစ်ဦးကို ငှားယမ်းပြီးနောက် နှစ်ယောက်သားက ဆိုင်ကို အတူတကွ အလှဆင်ကြသည်။ ယင်းက ပိုက်ဆံအများကြီး သက်သာစေသည်။ အလှဆင်ခြင်း ပြီးနောက်တွင် သူက အိုးနှင့် ပန်းကန်များကို သူ့ဘာသာ ဝယ်ယူခဲ့သည်။ ပြီးနောက် သူက ကုန်ကြမ်းသွင်းသူများကို ရှာဖွေခဲ့သည်။
လင်းချင်းဟယ်က ဝင်မစွက်ဖက်ချေ။ ကျိုးချင်းပိုင်ဘာသာ လုပ်ကိုင်ခဲ့ရသည်။
သူမ၏သဘောထားအရ လွတ်လပ်မှုပေးခြင်းက မှန်ကန်သော အရွေ့ကို သိသာစေသည်။ ကျိုးချင်းပိုင်က ဆိုင်ဖွင့်ပြီးနောက် ပို၍ ယုံကြည်မှုရှိလာသည်။
“အလုပ်ကြိုးစား၊ ရှင့်ဇနီးနဲ့ ကလေးတွေက ကောင်းကောင်းစား ကောင်းကောင်းသောက်ဖို့ ရှင့်ကို အားကိုးရမှာ” ဆိုင်ဖွင့်သောနေ့တွင် လင်းချင်းဟယ်က အတန်းရှိနေသည်။
သားသုံးယောက်ကတည်း အတူတူပင်ဖြစ်သည်။ လောင်တက ပို၍ စိတ်သက်သာရာရစေသည်။
“ကျွန်တော် မနက်ခင်း အတန်းနှစ်ချိန်ရှိတယ်။ ပြီးရင်တော့ ကျွန်တော် ပြန်လာပြီးတော့ ကူပေးမယ်နော် အဖေ”
“အမ်း” ကျိုးချင်းပိုင်က မငြင်းပေ။
မနေ့ညတုန်းက သူ ပြင်ထားသော အားဖြည့်စာကို ယူပြီးနောက် ဆိုင်သို့ သွားလိုက်သည်။
နေ့လယ်ခင်းတွင် လင်းချင်းဟယ်က ရောက်လာသည်။ လောင်အာ့နှင့် လောင်စန်းတို့က အနည်းငယ် နောက်ကျသည်။ သူတို့ ရောက်လာပြီးနောက် ဆိုင်မှာ လူတစ်ယောက်မှ မရှိတာကို သူတို့ တွေ့လိုက်ရသည်။
“မရောင်းရဘူးလား” လောင်အာ့က မှင်တက်သွားသည်။
“အရှုံးပေါ်ပြီလား” လောင်စန်းက ပြောသည်။
“ဘာရှုံးမှာလဲ။ အခုပဲ တချို့တွေ ထွက်သွားတာ” ကျိုးခိုင်က အတန်းနှစ်ချိန်ပြီးနောက် ရောက်နေတာဖြစ်သည်။ ယင်းက သိသာသည်။ ပထမဆုံးနေ့တွင် လူအများကြီးက မသိကြသေးပေ။ ဒီလုပ်ငန်းအမျိုးအစားက အဆင်ပြေသေးပါသည်။
ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်လိုက်သည်။
“ဝက်သားနဲ့ဂေါ်ဖီထုပ် ဖက်ထုပ်လား”
“ဟုတ်ပြီ” လင်းချင်းဟယ်က သူ့စိတ်ခံစားချက်ကို သက်ရောက်မှု မရှိကြောင်း သိသွားပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။
ကျိုးချင်းပိုင်က ဝက်သားနှင့် ဂေါ်ဖီထုပ်ဖက်ထုပ်များကို ချက်ပြုတ်တော့သည်။ မိသားစုက စားသောက်နေစဉ် စားသုံးသူတစ်ယောက်က ရောက်လာသည်။ ထိုလူက ဝက်သားနှင့်ဂေါ်ဖီဖက်ထုပ်တစ်ပန်းကန်ကို မှာယူခဲ့သည်။
ကျိုးချင်းပိုင်က သွားချက်ပေးသည်။ ပြီးနောက် သူက ပြန်လာစားသည်။
အလုတ်အနည်းငယ်သာ ကိုက်ရသေးပြီး နောက်ထပ်တစ်ယောက် ရောက်လာသည်။ ထိုလူကလည်း ဝင်ထိုင်ပြီးနောက် ဖက်ထုပ်များကို မှာယူလာသည်။