အခန်း (၂၈၄) - မင်းအတွက် သူက ဘာလို့ ကျရှုံးမှာလဲ
ထမင်းစားသောက်နေစဉ်အတွင်း စုစုပေါင်း ဧည့်သည်လေးယောက် လာသည်။ အားလုံးပြီးနောက် နောက်ထပ် တစ်ယောက် ထပ်မံ ရောက်လာသည်။
ထိုနည်းအရဆိုလျှင် စီးပွားမဖြစ်ဟု အခြေခံကျကျ တွက်ဆ၍ မရချေ။ လင်းချင်းဟယ်က စီးပွားရေးက အလွန်ကောင်းသည်ဟုပင် ခံစားလိုက်ရသည် မဟုတ်လား။
ကျိုးချင်းပိုင်က စားပွဲကို သန့်ရှင်းလိုက်ပြီး သန့်ရှင်းရေး လုပ်လိုက်သည်။
သူမက အငယ်နှစ်ယောက်ကို အိမ်ခေါ်သွားပြီး အနားယူရန် သွားလိုက်တော့သည်။ ကျိုးချင်းပိုင်က ကျိုးခိုင်နှင့်အတူ ဆက်လက် အလုပ်လုပ်နေခဲ့သည်။
သူတို့က ဖက်ထုပ်ကို ညမှာမရောင်းပေ။ ထိုအစား မန်ထို ရောင်းသည်။ သူတို့က အိမ်မှာ မီးဖိုလုပ်ဖို့ မတွေးထားပေ။ ရိုးရိုးရှင်းရှင်းပင် စားရန် ဆိုင်သို့ လာခဲ့သည်။
အဓိကကတော့ မန်ထိုဖြစ်သည်။ ပြီးလျှင် သိုးသားစွပ်တစ်အိုးလည်း ရှိ၏။
လင်းချင်းဟယ်က အလွန်အံ့အားသင့်သွားသည်။ “သိုးသားကို ဘယ်ကနေ ရတာလဲ”
“ဒါက အခု သိပ်မများသေးဘူး။ ဒီနှစ်ကုန်မှာ ပိုများလာလိမ့်မယ်” ကျိုးချင်းပိုင်က ဆိုသည်။
ဆိုင်ပိုင်ရှင်က ဒီနှစ်မှာ အများအပြား တိုးမြှင့်ဖို့ စီစဉ်ထားတဲ့အကြောင်း သူ့ကို ပြောခဲ့သည်။ သိုးသားကုန်ကြမ်းက အတော်လေး များလာလိမ့်မည်။
မိသားစုတစ်ခုလုံးက သိုးသားစွပ်ပြုတ်နှင့် မန်ထိုကို စားလိုက်ပြီးနောက် စိတ်ကျေနပ်သွားကြသည်။
အချိန်က အမှန်ပင် နောက်ကျနေပြီး ၇နာရီပင်ရှိလုနီးပါး ဖြစ်သည်။ မိသားစုက မန်ထိုနဲ့သိုးသားစွပ်ကို စားနေတုန်းမှာ ဧည့်သည်တွေက ဝင်လာသေးဆဲ ဖြစ်သည်။
ထိုလူက မေးလာသည်။ “သိုးသားဖက်ထုပ် ရလား”
“မရှိဘူးဗျ” ကျိုးချင်းပိုင်က သူ/သူမကို ဝန်ဆောင်မှုပေးရင်း မီနူးကို ပြလိုက်သည်။ ယင်းက အလွန်ရိုးရှင်းသည်။ ရွေးချယ်စရာလေးခု ရှိသည်။ ဝက်သားဂေါ်ဖီအစာသွပ်ဖက်ထုပ်၊ ဝက်သားမှိုအစာသွပ်၊ တို့ဟူးဝက်သားအစာသွပ်နှင့် ဝက်သားဟင်းရွက်ချဉ်အစာသွပ် ဖြစ်သည်။
မတတ်နိုင်ပေ။ လက်ရှိတွင် ပါဝင်ပစ္စည်းများက များလွန်းသည်။ နွေဦးအစရောက်မှ ဈေးတွင် အသီးနှင့်အရွက်များ ပေါများလာလိမ့်မည် ဖြစ်ပြီး ထိုအခါ အမျိုးကွဲများ လုပ်၍ ရလိမ့်မည်။
သို့တိုင် အညတရဖက်ထုပ်ဆိုင်ကို မည်သူမျှ သဘောမကျပေ။ စီးပွားရေးလုပ်သူ သိပ်မရှိတော့ သူတို့က လုံးဝ စိတ်ထဲမထားပေ။
စာသုံးသူက ထိုင်ချလိုက်ပြီးနောက် ဝက်သားအရွက်ချဉ်ဖက်ထုပ်နှင့် စွပ်ပြုတ်တစ်ခွက်ကို စားသွားသည်။ ပြီးနောက် သူက ငွေပေးချေပြီး ထွက်သွား၏။
လင်းချင်းဟယ်က ပုံမှန်အတိုင်း ရှေ့ဆက်သည်။ စားသောက်ပြီးနောက် သူမက အငယ်နှစ်ယောက်ကို ခေါ်ကာ အိမ်ပြန်ပြီး သူတို့က လုပ်သင့်တာကို လုပ်စေသည်။ သင်ခန်းစာများကို လေ့လာစေသည်။
ကျိုးခိုင်နှင့် ကျိုးချင်းပိုင်က ဆိုင်ကို ည၉နာရီအထိ ဖွင့်ထားပြီးမှ ပြန်လာသည်။
အကျဉ်းချုပ်ရှင်းပြီးနောက် သူတို့က အိမ်ကို ပြန်လာပြီး တစ်နေ့တာ ဝင်ငွေကို စစ်ဆေးကြသည်။
သူက တွက်ချက်မှုကို အတိအကျ လုပ်ခဲ့သည်။ တစ်ပွဲစာလေးတောင် မချန်ထားချေ။ ငါးဆင့်ကို လုပ်အားခအဖြစ် သတ်မှတ်ထားသည်။
ယနေ့ စုစုပေါင်း ၃၇ပွဲ ရောင်းချခဲ့ရ၏။ သူက ၂ယွမ်နီးပါး ရလာသည်။
၂ယွမ်က မများပေ။ သို့သော်ငြား လင်းချင်းဟယ်က ငွေစာရင်းကို ထိန်းသိမ်းနေသော သူ့ကို မြင်ရသည်က ချစ်ဖို့ကောင်းကြောင်း သူမ ရှာတွေ့လိုက်သည်။
ဒါကို ချစ်ဖို့ကောင်းလွန်းတယ်လို့ ပြောတာ ဖြစ်နိုင်တယ်။ (ဒီမှာ gap moe ဆိုပြီးတော့ သုံးထားတာပါ။ Gap moe ဆိုတာက သူ့ရဲ့ပုံပန်းသဏ္ဌာန်နဲ့ ဆန့်ကျင်ပြီးတော့ နှစ်သက်ဖို့ကောင်း ချစ်ဖို့ကောင်းနေတာကို ဖော်ညွှန်းတဲ့အချိန်မှာ သုံးတာပါ။ ဥပမာ သေးသေးကွေးကွေးနဲ့ မိန်းကလေးက အင်အားကြီးမားပြီးတော့ တိုက်ခိုက်နိုင်နေတဲ့အချိန်မှာ ကြွေကျသွားတဲ့လူတစ်ယောက်က gap moe ဆိုတာကို သုံးပါတယ်။ ဂျပန်ဗန်းစကားလုံးပါ)
“နောင်မှာ ပိုပိုပြီးတော့ ရလာလိမ့်မယ်” ကျိုးချင်းပိုင်က သူ့ဇနီးက သူ့ကို ကြည့်နေတာကို တွေ့တော့ လှမ်းပြောသည်။
ယနေ့ အလုပ်တွင် သူ့ကိုယ်သူ ယုံကြည်မှုများစွာ ရရှိခဲ့သည်။ ချုံကြည့်ရသော် ယင်းက သိပ်မခက်ပေ။ ဧည့်သည်များ လာသောအခါ သူတို့လိုချင်တာကို သူတို့ မှာပြီး သူက သူတို့ကို ဧည့်ခံနိုင်သည်။
ယနေ့တွင် အမျိုးသမီးကြီးတစ်ယောက်က စားဖို့ ရောက်လာပြီး အမျိုးသားတန်မဲ့ သူ့ကိုယ်တိုင်ဆိုင်ဖွင့် နေသည့်အကြောင်းကို မေးသည်။
သူက သူ့ဇနီးက စာသင်ကြားနေကာ သူ့သားက စာသင်ယူနေ၍ အချိန်မရှိကြောင်း ပြန်ဖြေခဲ့သည်။ သူ့ သူ့ကိုယ်သူ အားကိုးနိုင်သည်။
ပေကျင်းတက္ကသိုလ်တွင် စာသင်နေကြောင်းကို ကြားသောအခါ သူမက သူ့အား အမြင်ကောင်းရှိကြောင်းနှင့် ဇနီးကောင်းကို ရှာဖွေနိုင်ခဲ့ကြောင်း ချီးကျူးသွား၏။
ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွား၏။ လင်းချင်းဟယ်က သူ ဒီနေ့ ငွေရှာနိုင်ခဲ့သောကြောင့် ခံစားချက်ကောင်းနေသည်ဟု ထင်သွားသည်။ သူမက သူ့ကို သွားနမ်းလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီနေ့ဆိုင်ဖွင့်တာ အတော်လေးအေးတယ်။ လတ်တလော လုပ်ငန်းလုပ်သူတွေက သိပ်မများဘူး။ အမှာစာများများ ရမှတော့ အလားအလာကောင်းတယ်လို့ ဆိုနိုင်တယ်။ နွေရာသီ ရောက်လာရင်တော့ ဘာဖြစ်မယ်ဆိုတာ ထုတ်ပြောဖို့ မလိုတော့ဘူး”
“အင်း” ကျိုးချင်းပိုင်က တုံ့ပြန်ပြီးနောက် ပြောသည်။
“အတော်လေး နောက်ကျနေပြီ။ အိပ်ချိန်ရောက်ပြီ”
လင်းချင်းဟယ်က အိပ်လိုက်တော့သည်။ ဖြစ်နိုင်တာက သူမမိသားစုမှ ချင်းပိုင်က ယနေ့ အနည်းငယ် စိတ်လှုပ်ရှားနေပြီး တောင်းဆိုမှုပိုများနေသည်။ လင်းချင်းဟယ်က သူ့စိတ်ကြိုက် ခွင့်ပြုပေးလိုက်သည်။
စားသောက်ပြီးနောက် ကျိုးချင်းပိုင်က နောက်ရက်စောစောတွင် ဆိုင်ဖွင့်ရန် သွားသည်။
လင်းချင်းဟယ်က သားသုံးယောက်ကို မနက်စာစားရန် ခေါ်လာပြီး သူတို့ကျောင်းသို့ အသီးသီး သွားကြသည်။
ကျိုးချင်းပိုင်က ဈေးဘက်တွင် ကိုယ်ပိုင်ဖက်ထုပ်ဆိုင်ဖွင့်သည့် အကြောင်းက တိုက်ခန်းအဆောက်အဦအတွင်း ပျံ့နှံ့သွားတော့သည်။
ဤခေတ်တွင် ဆက်သွယ်ရေးပစ္စည်းများ မရှိ၍ သတင်းက နှေးကွေးမည်ဟု မထင်ပါနှင့်။ သတင်းက အလွန်မြန်ဆန်သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်ပင် ယင်းကို မပြောကြရသေးမီ လူအများက သိသွားကြသည်။
“ကိုယ်ပိုင်အလုပ်လုပ်တာကို မရှက်ဖူးလား။ သူ့ဇနီးနဲ့ ကလေးတွေက ကောလိပ်ကျောင်းသားတွေ။ အထူးသဖြင့် သူ့မိန်းမက ကျောင်းဆရာမလေ။ ဒါပေမဲ့ သူကတော့ သွားပြီးတော့ ကိုယ့်ဖာသာ အလုပ်လုပ်နေတယ်” တချို့က ပြောကြသည်။
“ကိုယ်ပိုင်အလုပ်လုပ်တာ ဘာမှားလို့လဲ။ ဒါက စားနိုင်စွမ်းအပေါ် မူတည်တယ်”
“အဲဒါတော့ ကြောက်တယ် အလုပ်က အဆင်မပြေရင် ငှားခတောင်မှ တတ်နိုင်ပါ့မလား မသိဘူး”
“အင်း တခြားတစ်ခုခု လုပ်လို့မရဘူးလား။ ဖက်ထုပ်တဲ့ရောင်းတာလား။ ဒါက ရှားပါးပစ္စည်းမဟုတ်ဘူးလေ”
“ငါ ဖြတ်သွားတော့ အထဲမှာ လူတွေစားနေတာ တွေ့တယ်”
“ဒါပေမဲ့ ငွေအများကြီး မရှာနိုင်ဘူး”
“…”
ထိုစကားလုံးများက ဘေးအိမ်ကျန်းမိသားစုထံ ရောက်သွားသည်။ ပြီးနောက် ကျန်းမိသားစုက ကျိုးချင်းပိုင် အိမ်မှာ မရှိသည်မှာ ဆိုင်သွား၍မှန်း သိသွား၏။
ကွာရှင်းပြီး ပြန်လာသော ကျန်းမိသားစု၏သမီးကြီး ကျန်းမေ့ဟယ်က လင်းချင်းဟယ်နှင့် သားများ မရှိသည်ကို အခွင့်ကောင်းယူပြီး အကူအညီအတွက် အိမ်တံခါးကို တစ်ကြိမ်မက လာခေါက်ဖူးသည်။
သို့သော်လည်း ကျိုးချင်းပိုင်က ဘယ်တော့မှ မဖွင့်ပေးသလို မည်သူကမျှ မတုံ့ပြန်သည်ကတော့ သနားစရာပင်။
သူ ဆိုင်ဖွင့်ထားသည့်အကြောင်းက ပေါ်လာသည်။
သူမညီမ ကျန်းမေ့လျန်က ပြောသည်။ “ငါပြောမယ် အစ်မ ဒီလက်ထပ်ထားတဲ့ အမျိုးသားကို နင် ကြိုက်လို့ မရဘူး”
“ဘာလက်ထပ်ထားတဲ့လူလဲ။ အဲဒီလင်းမျိုးရိုးနာမည်နဲ့သူက သူနဲ့ မထိုက်တန်ဘူး။ ဒီတော့ ငါက သူနဲ့ရင်းနှီးချင်ရုံပါ။ နင် သူမကို နောက်ဆုံးတစ်ကြိမ်တုန်းက မတွေ့လိုက်လို့။ သူမရဲ့သဘောထားက သိပ်ဆိုးတာ။ သူမက ငါ့ရှေ့မှာ အစ်ကိုကျိုးကို ဆိုးဝါးတဲ့သဘောထားပေးခဲ့တာ” ကျန်းမေ့ဟယ်က ပြန်ဖြေသည်။
“အစ်မ နင် သူနဲ့ တစ်ခုခု ဖြစ်သွားရင် ငါ ဘယ်လိုလုပ်ရမလဲ။ ငါက ကျိုးခိုင်ကို သဘောကျနေတာ”
ကျိုးခိုင်ကို ထုတ်ပြောပြီးသည်နှင့် ကျိုးမေ့လျန်၏မျက်နှာက နီရဲသွားသည်။
အရပ်မြင့်မြင့်နှင့် ကောင်လေး၏ခန္ဓာကိုယ်တစ်ခုလုံးက ဆွဲဆောင်မှုရနံ့များ တကယ်ရှိသည်။
တစ်ခါက သူမက အောက်ဆင်းလာပြီး သူက ပြေးတက်လာချိန် သူ့ခန္ဓာကိုယ်မှ အမျိုးသားဟော်မုန်းနံ့ကို ရခဲ့ဖူးသည်။
သူမက စွဲလမ်းသွားခဲ့သည်။
သူက သူမထက် သုံးနှစ်ငယ်သော်လည်း ကိစ္စမရှိပေ။ သူမက သူကြီးလာသည်အထိ စောင့်နိုင်သည်။
ဤနှစ်တွင် သူက ၁၆နှစ်ဖြစ်သည်။ သူက ပိုပိုကြီးပြင်းလာပြီးနောက် သူ့သွင်ပြင်က ပိုစိတ်ဝင်စားဖို့ကောင်းလာမည်။ သူမက သူ့ကို နှစ်နှစ်စောင့်ဖို့ ဆန္ဒရှိသည်။ သူ ၁၈နှစ် ရောက်ပါက သူမက လက်မှတ်ရရန် သူနှင့်အတူ သွားနိုင်သည်။
ပြီးတော့ သူမက သူ့အမျိုးသမီးဖြစ်ရန်လည်း ဆန္ဒရှိသည်။
သူမ၏ယခင်အတွေ့အကြုံများအရ သူမက များများ ထပ်မတွေးတော့ပေ။ သူမက ကျိုးခိုင်နှင့်နေရန် ဆုံးဖြတ်ပြီးဖြစ်သည်။
ကျန်းမေ့ဟယ်က သူ့ညီမလေးက သူ့ကြိတ်သဘောကျနေသော အမျိုးသား၏ သားကို တကယ်ကြီး ကြွေဆင်းနေမှန်း မသိခဲ့ပေ။ သူမမျက်နှာက မင်းအမှားလုပ်ထားတယ်ဆိုသည့် အနေအထားနဲ့ ပြောလိုက်သည်။ “သူက အမွေးတောင်မစုံသေးတဲ့ကောင်လေးပဲ။ နင်က သူ့ထက်လည်း ကြီးတယ်။ ပြီးတော့ သူက ပေကျင်းတက္ကသိုလ်က ကျောင်းသား။ ဘွဲ့ရပြီးရင် သူက အလုပ်ခန့်အပ်ခံရတာ ဖြစ်နိုင်တယ်။ သူက ဘယ်လိုလုပ် နင့်ကို ကြည့်မှာလဲ”
ကျန်းမေ့လျန်သည် သူ့အစ်မထံမှ သူ့ကိုယ်ပိုင်စိတ်ကူးယဉ်မှုကို အညှာအတာမဲ့စွာ ထုတ်ဖော်ခြင်း ခံလိုက်ရသည်။
သို့သော် သူမသည် တွန်းလဲခံရ၍ လဲကျသွားမည့်သူမျိုး မဟုတ်ပေ။ သူမက သူ့အစ်မကို ကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒါက ဘာဆိုလိုတာလဲ။ ငါက ကျိုးခိုင်ကို ကြွေတော့ရော ဘာဖြစ်လဲ။ ငါ ကျိုးခိုင်ကို သဘောကျတာက နင့်လို ဇနီးမယားရှိတဲ့သူတွေကို လိုက်ကြည့်တာထက်တော့ ပိုကောင်းသေးတယ်။ နင် မသင်ယူဖူးဘူးလား။ လမ်းမခွဲသေးဘဲ လက်ထပ်ထားတဲ့ယောက်ျားရဲ့ ကလေးကို ဖျက်ချလိုက်တာနဲ့ နင် လွတ်မြောက်နိုင်မှာတဲ့လား။ အခုရော.. နင် ပြန်လာပြီးတော့ ဒီလိုပဲ လုပ်မလို့လား”