အခန်း ၂၈၅
Viewers 38k

အခန်း (၂၈၅) - တစ်ယောက်ယောက်ကို ဆူပူလို


လင်းချင်းဟယ်က ညီအစ်မနှစ်ယောက်အကြောင်းကို မသိသေးသော်လည်း သူတို့က ရန်ဖြစ်နေကြပြီဖြစ်သည်။ 


အမျိုးသမီးကျန်းက သူတို့ကို ရပ်ရန် အော်ဟစ်လိုက်ရသည်။ 


ကျန်းမိသားစု၏ ချွေးမက ပြောသည်။ “နင်တို့နှစ်ယောက် ကိုယ့်အပိုင်ကို ကိုယ်လိုက်ဖမ်းချေ။ တကယ်လို့ မင်းတို့ အောင်မြင်ရင် နင်တို့ဘဝကို နင်တို့ကိုယ်တိုင်ပဲ ကျောင်းရမှာ၊ ဒါက ငါတို့နဲ့ မသက်ဆိုင်ဘူး။”


ဆိုလိုက်သည်မှာ ငါးကြီးကြီးဖမ်းရန် ပိုက်ကွန်တော့ ချရမည်။ 


ခြုံပြောရသော် ကျိုးမိသားစုရဲ့ သားအဖနှစ်ယောက်စလုံးက ကောင်းသော ဖမ်းဆုပ်မှု ဖြစ်သည်။ 


ကျိုးချင်းပိုင်နှင့် ကျိုးခိုင်သာ ယင်းကို သိလျှင် ဤည၌ပင် ရွေ့ပြောင်းသွားနိုင်သည်။ 


ကြောက်စရာမိသားစုတစ်စုပင်။ 


တစ်ယောက်က အသက်မပြည့်သေးသူကို လှုပ်ရှားချင်နေပြီး ကျန်တစ်ယောက်က လက်ထပ်ပြီး အမျိုးသားကို ကြံရွယ်ထားသည်။ ယင်းထက် ကြောက်စရာကောင်းနိုင်အုံးမလား။ 


ထိုရပ်ဝန်းကျင်မှ လူတိုင်းက ထိုအကြောင်း ပြောနေကြသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က ဒေါ်လေးမာထံမှ ယင်းကို သိလိုက်ရသည်။ သူတို့က ဂရုမစိုက်ချေ။ ဆိုရသော် ဒီနှစ်တွင် အရင်နှစ်ကထက် ပို၍ ကိုယ်ပိုင်အလုပ်လုပ်သူ များပြားလှသည်။ 


သူမချင်းပိုင်က ထိုအထဲမှတစ်ယောက်ဖြစ်သည်။ 


ဆိုင်ဖွင့်သည့် ဒုတိယနေ့တွင် ကျိုးချင်းပိုင်က ၂ယွမ်ထက် ပိုရခဲ့သည်။ လုပ်ငန်းက တည်ငြိမ်သည်ဟု ဆိုနိုင်သည်။ ငွေများများ မရသော်လည်း လင်းချင်းဟယ်က သဘာဝကျကျဖြင့် ဝင်မစွက်ဖက်ချေ။ သူမက ကျိုးချင်းပိုင်ကို သူ့ဘာသာ ကြိုးစားရန် ခွင့်ပြုထားသည်။ 


ဇန်နဝါရီလအဆုံးတွင် ဆိုင်ဖွင့်ခဲ့သည်။ ဖေဖော်ဝါရီလအဆုံးတွင် ကျိုးချင်းပိုင်က သူမကို ယွမ်၆၀ အပ်ခဲ့သည်။ 


လင်းချင်းဟယ်က အံ့ဩသွားပြီးနောက် ပြောလိုက်သည်။ "ကျွန်မကို အားလုံး ပေးမလို့လား။ ဆိုင်အတွက် ကုန်ကြမ်းပစ္စည်းတွေ လိုသေးတယ် မဟုတ်ဘူးလား”


“ကိုယ့်မှာ ရှိတယ်” ကျိုးချင်းပိုင်က ပြန်ပြောသည်။ 


ဤလ၏အမြတ်ငွေက ယွမ် ၇၀ နီးပါး ဖြစ်သည်။ ယွမ် ၆၀ ကို သူ့ဇနီးအား သိမ်းထားစေပြီးနောက် ကျန်သည်ကို သူက ကုန်ကျစရိတ်အတွက် သိမ်းထားသည်။


“လူနည်းပေမဲ့ ဝင်ငွေများတာလား” လင်းချင်းဟယ်က အလွန်အံ့အားသင်နေသည်။ 


သူမချင်းပိုင်၏လုပ်ငန်းက အလွန်ရိုးသားသည်။ ဖက်ထုပ်တစ်ပွဲအတွက် ၅ဆင့်သာ အမြတ်ရသည်။ သူက မနက်၆နာရီတွင် ထွက်ခွာပြီး ည၉နာရီအထိ ဆိုင်တွင်နေသည်။ 


လင်းချင်းဟယ်၏ အမြင်တွင် သူက အလွန်အလုပ်များ၏။ သို့သော် ကြည့်ရသည်မှာ သူက အလုပ်လုပ်ရသည်ကို ပျော်ရွှင်နေသဖြင့် လင်းချင်းဟယ်က ဘာမှထပ်မပြောတော့ချေ။ 


သူမက ဤလတွင် အမြတ်ငွေ ၃၀ယွမ်သာ ရမည်ဟု တွေးထားခဲ့သည်။ နှစ်ဆဖြစ်နေမည်ဟု မတွေးထားမိချေ။ 


“နောက်လမှာ လုပ်ငန်းက ပိုကောင်းလာလိမ့်မယ်” ကျိုးချင်းပိုင်က ထုတ်ပြောလိုက်သည်။ 


ယခုတွင် ယင်းကို စတင်ထားပြီးဖြစ်သည်။ မကြာမီဈေးတွင် ဟင်းခတ်ရွက်များကို ရရှိတော့မည် ဖြစ်သည်။ 


“လုပ်ငန်းရဲ့ အမြတ်နှုန်းက များမှတော့ ရှင်က အနားယူဖို့ အာရုံစိုက်သင့်တယ်။ လောင်တက နေ့ခင်းပိုင်း ရောက်လာရင် ရှင်က အပေါ်တက်ပြီး အနားယူလိုက်ပေါ့။ သူ့ကို ကိုယ်တိုင်ဖက်ထုပ်လုပ်ခိုင်းလိုက်” လင်းချင်းဟယ်က အကြံပြုသည်။ 


“ကောင်းပြီ” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်၏။ 


သားအကြီးဆုံးက ကူညီနိုင်သည်။ နေ့လယ်အထိ အပူတပြင်း လုပ်ပြီးနောက် သူက တစ်ကြိမ်တော့ သွားပြီး အနားယူနိုင်သည်။ 


သူ နိုးလာသည်နှင့် သူ့သားအကြီးဆုံးက အတန်းပြန်သွားတက်လိမ့်မည်။ ကျိုးချင်းပိုင်က ကျန်းမာရေးကောင်းသော်လည်း သူက အသက်၃၀ရှိပြီဖြစ်သည်။ သူက စောစောထသဖြင့် သူ့ကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်သည်။ 


နွေဦးဝင်လာပြီးနောက် ဈေးတွင် ကြက်သွန်မြိတ်များကို စတင်ရောင်းချကြပြီ ဖြစ်သည်။ 


ကျိုးချင်းပိုင်က မနက်၅နာရီခွဲတွင် ထွက်ခွာပြီး ၆နာရီတွင် ဈေးသို့ ရောက်သည်။ 


သူက ကြက်သွန်မြိတ်အများအပြားကို ဝယ်ယူသည်။ သူ ၎င်းတို့ကို အများအပြား ဝယ်ယူရတာက ဈေးပေါ၍ ဖြစ်သည်။ အထူးသဖြင့် သူတို့ကို နေ့တိုင်း လာဝယ်မယ်လို့ ပြောထားကတည်းက ဖြစ်သည်။ ထို့ကြောင့် သူက အများကြီး ဝယ်သည်။ ယင်းက သင့်တော်သောဝယ်ယူမှုဖြစ်ပြီး ဈေးနည်းသည်။ 


နှစ်ဖက်လုံးတွင် ပြဿနာနည်းမည် မဟုတ်ပါလား။ 


ကြက်သွန်မြိတ်များ ဝယ်ယူပြီးနောက် ကျိုးချင်းပိုင်သည် ဝက်သားကြက်သွန်မြိတ်ဖက်ထုပ်နှင့် ကြက်ဥကြက်သွန်မြိတ်ဖက်ထုပ်များကို သူ့ရဲ့ ရိုးရှင်းသော မီနူးတွင် ထည့်လိုက်သည်။


မူလက သူသည် ဒီလောက် ဖက်ထုပ်အမျိုးအစားစုံလင်အောင် ချက်ပြုတ်ပြီး ဒုက္ခခံစရာ လိုသည်ဟု မထင်ပေ။


အမျိုးမျိုးသော ဖက်ထုပ်များကို ပြုလုပ်ရန် အစီအစဥ် မရှိပေ။ သို့သော်လည်း သူ့ဇနီးက ဖက်ထုပ်အမျိုးအစား များတာက စားသုံးသူကို စိတ်ဝင်စားစေနိုင်သည်ဟု ဆိုသည်။ ပြဿနာများမှာ မကြောက်ပါနဲ့။ 


ထို့ကြောင့် သူက ပြဿနာများမည်ကို မကြောက်ပေ။


ဆိုင်ဖွင့်သည်နှင့် သူက အလုပ်လုပ်ရန် ထွက်သွားသည်။ ယင်းက ၆နာရီခွဲမျှသာ ရှိသေး၏။ ဧည့်သည်များက တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ 


ဟင်းခတ်ရွက်များ ပေါင်းထည့်လိုက်ပြီးသောကြောင့် အများစုက ဝက်သားကြက်သွန်မြိတ်ဖက်ထုပ်ကို မှာစားကြသည်။ ကြက်ဥကြက်သွန်မြိတ်ဖက်ထုပ်က ဒုတိယအများဆုံး ဖြစ်သည်။ 


ဆန့်ကျင့်ဘက်အနေဖြင့် လူအနည်းငယ်က ယခင်က ဂေါ်ဖီဝက်သားဖက်ထုပ်နှင့် ဟင်းရွက်ချဉ်ဝက်သားဖက်ထုပ်ကို မှာကြသည်။


ကျိုးချင်းပိုင်၏ လှုပ်ရှားမှုက အလွန်မြန်သည်။ သူက ဆိုင်ဖွင့်ပြီးချိန်မှစ၍ ၈နာရီမတိုင်ခင်အထိ အလုပ်အလွန်များပြီး သူက ထိုင်ရန်အချိန်ရသည်နှင့် ဝက်သားဟင်းရွက်ချဉ်တစ်ပန်းကန်ကို စားလိုက်သည်။ 


ပြောရမည်မှာ ယင်းက အလွန်မွှေးပျံ့ပြီး အထူးသဖြင့် ဆောင်းရာသီပြီးနောက်တွင်ဖြစ်သည်။ ဟင်းခတ်ရွက်များက အလွန်အရသာရှိ၏။ 


နေ့ခင်းပိုင်း လင်းချင်းဟယ် ရောက်လာသောအခါတွင် သူက ပြောသည်။ “နေ့လယ်စာအတွက် ဖက်ထုပ်အိုးကပ် စားမှာလား”


“ကောင်းပြီ” ကျိုးချင်းပိုင်သည် ယင်းက အလွန်ကောင်းမွန်သော ရွေးချယ်မှုဟု ခံစားရသည်။ 


ထို့ကြောင့် မိသားစုတစ်ခုလုံးက ဆိုင်မှ ဖက်ထုပ်အိုးကပ်များကို စားကြသည်။ လင်းချင်းဟယ်က မွှေးပျံ့သော ဖက်ထုပ်အိုးကပ်သုံးခုကို လုပ်ခဲ့သည်။ 


စားသုံးသူတစ်ယောက်က တောင်းဆိုလာသည်။ “အဲဒီဖက်ထုပ်အိုးကပ်တွေကို မီနူးမှ ဘယ်တော့ ရမှာလဲ”


“မဖြစ်နိုင်ပါဘူး။ ဒါက ကျွန်မတို့အိမ်လုပ်စားစရာပါ” လင်းချင်းဟယ်က ပြုံးလျက် ပြန်ဖြေသည်။ 


“ဘာဖြစ်လို့ မရောင်းတာလဲ” စားသုံးသူက မေး၏။ 


“ကျွန်တော့်အမေက ဒါကို လုပ်ခဲ့တာ။ သူမက အမြဲတမ်း အလုပ်သွားရတယ်။ ဒီဆိုင်က ကျွန်တော့်အဖေ ကြည့်တာ။ ကျွန်တော့်အဖေက ဖက်ထုပ်တွေပဲ လုပ်တတ်တာ” လောင်စန်းက ပြန်ရှင်းပြသည်။ 


သူတို့က မြို့တော်ကို ရောက်လာကတည်းက သူတို့၏အခေါ်အဝေါ်ကို ပြောင်းလဲခဲ့ပြီးဖြစ်သည်။ သူတို့က ဖေဖေနှင့် မေမေအစား အဖေနှင့်အမေဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ (တရုတ်စကားမှာတော့ ကွဲမယ် ထင်ပါတယ်။ ဒေသိယစကားနဲ့ ပြည်မစကား ဖြစ်လိမ့်မယ် ထင်တယ်)


စားသုံးသူက ရယ်မောလိုက်သည်။ “မင်းတို့အဖေကို ဘာလို့ သင်ယူခွင့် မပေးရတာလဲ”


“သူက မသင်ယူနိုင်ဘူး။ ကျွန်တော်တို့ နွေရာသီအားလပ်ရက်ကို စောင့်အုံး။ ကျွန်တော်တို့ ညီအစ်ကိုတွေ လာကြည့်မယ်။ ပြီးရင် အဲဒါကို လုပ်မယ်” လောင်စန်းက ယုံကြည်ချက်ရှိရှိ ထုတ်ပြောလိုက်သည်။ 


ဟုတ်ပေသည်။ သူ၏ဒုတိယအစ်ကိုနှင့် ဆွေးနွေးပြီး ဖြစ်သည်။ နွေရာသီအားလပ်ရက် ရောက်ပါက သူတို့က လာကူညီလိမ့်မည်။ 


လင်းချင်းဟယ်က သူတို့ကို ခွင့်ပြုထားသည်။ နွေရာသီအားလပ်ရက်တွင် သူနှင့် သူမချင်းပိုင်က တောင်ပိုင်းသို့ အလည်သွားရန် စီစဉ်ထားသည်။ မုန်လာဥခေါင်းလေးတွေက ဆိုင်မှာ ဆော့ချင်မှတော့ သူတို့ကို ဆော့ခွင့်ပြုထားသည်။ 


တကယ်တမ်းတော့ ယင်းက အိမ်ချက်ဟင်းသာ ဖြစ်သည်။ သူတို့၏အချက်အပြုတ်စွမ်းရည်က ထိပ်တန်းမဟုတ်သော်လည်း မဆိုးပေ။ နွေရာသီအားလပ်ရက်တွင် အလယ်အလတ်စွမ်းရည်က အထောက်အကူပြုပေးရန် လုံလောက်ပြီဖြစ်သည်။ 


နေ့ခင်းတွင် ဖက်ထုပ်အိုးကပ် စားပြီးနောက် လင်းချင်းဟယ်က သူ့သားငယ်နှစ်ယောက်ကို အိမ်ခေါ်သွားသည်။ သူမသည် ဆိုင်တာဝန်များကို သားကြီးနှင့် သူ့အဖေဆက်လုပ်ရန် ပစ်ထားခဲ့သည်။ 


“ကျွန်တော် မေ့တော့မလို့။ အမေ မနေ့က ဘေးအိမ်က အမျိုးသမီးကို တွေ့လိုက်တယ်။ သူမက အမေပြန်လာတဲ့အချိန် အဖေနဲ့ စကားပြောဖို့ ကြိုးစားနေတာ” သူတို့ ပြန်သောအခါ လောင်အာ့က ပြောသည်။ 


“မင်းအဖေရဲ့ အပြုအမူက ဘယ်လိုလဲ” ကလေးများက သူတို့အခေါ်အဝေါ်ကို ပြောင်းလိုက်ကတည်းက လင်းချင်းဟယ်ကလည်း သူတို့နှင့်အတူ လိုက်ပြောင်းခဲ့သည်။ 


“ဘာအပြုအမူ လုပ်နိုင်မှာလဲ။ သူက သူမကို လျစ်လျူရှုပြီးတော့ အိမ်ပြန်လာခဲ့တယ်” လောင်အာ့က ပြန်ဖြေသည်။ 


လင်းချင်းဟယ်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 


“ငယ်တဲ့တစ်ယောက်ကလည်း ရှိသေးတယ်။ ကျွန်တော့်အထင် သူမက ကျွန်တော့်အစ်ကိုကြီးကို နာခံသလို ပြုမူနေတယ်” လောင်အာ့က ဆက်ပြောသည်။ 


“သူမက မင်းအစ်ကိုကြီးကို ရည်ရွယ်နေတာ။ ပြီးခဲ့တဲ့အခေါက်က မင်းအစ်ကိုကြီး ခြောက်လှန့်ခံရလုနီးပါး ဖြစ်သွားသေးတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။


လင်းချင်းဟယ်က ဘေးအိမ် ကျန်းမိသားစုအိမ်ထောင်စုကို မည်သို့သော မိသားစုမှန်း မသိခဲ့ပေ။ 


ထိုသို့သော လူစားမျိုးများသည် ပို၍အာရုံစိုက်ပေးလေလေ သူတို့က ပို၍ အလေးထားလေလေ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ်က မျက်လုံးတစ်ဖက်ဖွင့်ပြီး မျက်လုံးတစ်ဖက်ကို အဆုံးထိ ပိတ်ထားမည် ဖြစ်၏။ ၎င်းက သူမ၏ အောက်ဆုံးစည်းကို မရောက်သေးသရွေ့ဖြစ်သည်။


သို့သော်လည်း ကျန်းမိသားစုမှ ကျန်းမေ့ဟယ်က စမ်းသပ်မှုအနည်းငယ် ပြုလုပ်ပြီးနောက် ကျိုးချင်းပိုင်နှင့် သူမအကြားမှ ဆက်ဆံရေးက ဆိုးဝါးသည်ဟု ပိုမိုလက်ခံယုံကြည်လာသည်။ 


ထို့ကြောင့် ကျန်းမေ့ဟယ်က ကျိုးချင်းပိုင်ကို ရှာရန် ဆိုင်သို့ သွားခဲ့သည်။ 


ကျိုးချင်းပိုင်က ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ 


သူက သူ့၏ဖြောင့်မှန်သောဘဝတစ်လျှောက်လုံးတွင် ထိုသို့သော အမျိုးသမီးကို မတွေ့ဆုံခဲ့ဖူးသဖြင့် သူသည် တစ်ယောက်ယောက်ကို ဆူပူရန် မတတ်နိုင်ခဲ့ပေ။ 


“အစ်ကိုကျိုး၊ ရှင့်အတွက် ကျွန်မခံစားချက်တွေကို မသိဘူးလား။ ဆရာမလင်းက ပေကျင်းတက္ကသိုလ်က ဆရာမ။ သူမက ရှင့်ကို မကြည့်ဘူး။ ပုံမှန်နေ့တွေမှာ သူမက ရှင့်ဆီ လမ်းလျှောက်တောင် မလာချင်တာကို ကျွန်မသိတယ်။ အဲဒါကို တွေ့တော့ ကျွန်မနှလုံးသားနာတယ်။ ရှင့်လိုလူကို ဘာလို့ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ” ကျန်းမေ့ဟယ်က တိုးတိုးလေး ပြောသည်။