အခန်း ၂
Viewers 7k

အခန်း (၂) - မိသားစုမှာ အကျင့်မကောင်းသူ


ရှစ်ချင်းလျို့သည် သူမ၏လက်ထဲတွင် အနက်ရောင်ဘောလုံးလေးကို မြှောက်လိုက်သည်။


သူမ မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာ ပေါ်လွင်နေသည်။ "နင်တို့ငါ့ကိုသေစေချင်တယ်ဆိုတော့ ငါနဲ့အတူလိုက်ခဲ့လိုက်လေ။"


ရှစ်မိသားစု တတိယသားက လှောင်ပြောင်သည်။ "နင် ငါတို့ကို ဒီအနက်ရောင်အရာဝတ္ထုနဲ့ သေစေချင်နေတာလား။ နင် ရူးများ ရူးနေလား။"


အခြားသူများကလည်း သူမ၏ လုပ်ရပ်ကို အလွန်အထင်သေးနေခဲ့ကြသည်။ ဒီမိန်းကလေးက ရူးနေတယ်လို့ သူတို့ ခံစားနေခဲ့ရသည် ။


ရှစ်ချင်းလျို့က ရယ်မောလိုက်သည်။ "ဒါဆို နင့်ကို ငါကြည့်ခွင့်ပေးမယ်။"


သူမ ရင်ဘတ်ထဲက မီးခြစ်တစ်လုံးကို ဆွဲထုတ်ပြီး အနက်ရောင်ဘောလုံးလေးပေါ်မှ ဖျူးအသေးလေးတစ်ခု မီးညှိလိုက်သည်။ ထို့နောက် ခြံ၏ တစ်ဖက်ခြမ်းရှိ နေရာလွတ်တစ်ခုဆီသို့ ထိုအနက်ရောင်ဘောလုံးလေးကို ပစ်ချလိုက်သည်။


ရှန်းယွမ်သည် နေ့တိုင်း မီးညှိပြီး ထမင်းချက်ရသည့်သူဖြစ်လို့ သူမဆီမှာ မီးခြစ်တစ်လုံး ရှိနေသည်။


သူမသည် ထိုအနက်ရောင်ဘောလုံးလေးအား သူ့ဆီကို ပစ်ပေါက်ချင်ပေမယ့် ပေါက်ကွဲမှုကြောင့် သူ ဒဏ်ရာရရင် ဒါမှမဟုတ် သေဆုံးသွားရင် သူမ ထောင်ကျရလိမ့်မည်။ ဒါက မတန်ဘူး။


"ဘုန်း..." အနက်ရောင်ဘောလုံးလေးက ပေါက်ကွဲသွားသည်။


ခြံဝင်းပေါက်အနားမှာ စိုက်ထားသော သစ်ပင်တစ်ပင်ကို တိုက်ရိုက်ထိမှန်ပြီး မြေပြင်ပေါ်တွင် အပေါက်တစ်ပေါက် ကျန်ခဲ့သည်။


ထိုအခြင်းအရာကြောင့် လူတိုင်း ထိတ်လန့်သွားခဲ့သည်။


သေးငယ်သော အနက်ရောင်ဘောလုံးများ၏ စွမ်းအားကိုမြင်လျှင် ရှစ်မိသားစုမှ လူများသည် အင်မော်တယ် တာအိုဘုန်းတော်အိုကြီးကို ပြန်ပြောင်းသတိရမိကြသည်။


လွန်ခဲ့သည့် နှစ်လက တောင်စောင်းပေါ်တွင် အလားတူ ကျယ်လောင်သော ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မီးတောက်များသည် ကောင်းကင်သို့ ပျံတက်သွားကာ တာအိုဘုန်းတော်အိုကြီး သေဆုံးပြီး ဘုရားကျောင်း၏ ပင်မခန်းမကြီး ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။


ရှစ်မိသားစု အပါအဝင် လူတိုင်းက တာအိုဘုန်းတော်အိုကြီးသည် အင်မော်တယ်လောကသို့ တက်လှမ်းသွားသည်ဟု ယုံကြည်ကြသည်။


ဒါပေမယ့် အခု‌တော့ သူတို့ နည်းနည်း မသေချာတော့ဘူး။


ရှစ်ချင်းလျို့သည် သူမ၏လက်ထဲတွင် အခြားအနက်ရောင်ဘောလုံးငယ်များဖြင့် ဆော့ကစားနေပြီး မျက်ခုံးပင့်ကာ ၎င်းတို့ကို ကြည့်လိုက်သည်။


"ဘယ်လိုလဲ။ ဒီမီးလုံးတွေရဲ့ အစွမ်းကို ထပ်မြည်းကြည့်ချင်လား။ ဒီအရာကို ငါ့ဆရာသခင်က ငါ့မှာ ဘေးအန္တရာယ်ကြုံလာရင် ငါ့ကိုယ်ငါ ခုခံကာကွယ်ဖို့ လက်ဆင့်ကမ်းပေးခဲ့တဲ့ အရာပဲ။ နင်တို့မယုံရင် ကိုယ်တိုင် စမ်းသပ်ကြည့်လို့ရတယ်။"


ရှစ်ချင်းလျို့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ငါ့ကို ဝူမိသားစုနဲ့ လက်ထပ်ပြီး သခင်လေးဝူနဲ့ သင်္ဂြိုဟ်မယ်ဆိုရင် ရှင်တို့အားလုံးကိုပါ သူ့နောက်လိုက်ပါနိုင်အောင် ငါ လုပ်နိုင်တယ်။ နောင်ဘဝကို ငါတို့ လူတော်တော်များများနဲ့ ရောက်သွားမယ်ဆိုတော့ အဲဒီမှာ အရမ်းတက်ကြွနေလိမ့်မယ်။"


ဤသည်မှာ အမှန်ပင် တာအိုဘုန်းတော်အိုကြီး၏ မြေသားဖောက်ခွဲရေးပစ္စည်းဖြစ်သည်။


တာအိုဘုန်းတော်အိုကြီးသည် အဂ္ဂိရတ်ပညာကို လေ့ကျင့်နေပြီး ဤဖောက်ခွဲရေးပစ္စည်းကို မတော်တဆ ဖန်တီးမိခဲ့သည်။


အဲဒီနောက်မှာတော့ ဘုန်းတော်အိုကြီးသည် သေစေနိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထပ်မံတီထွင်ဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။


တာအိုဘုန်းတော်အိုကြီး သေဆုံးပြီးနောက် ရှန်းယွမ်သည် ပေါက်ကွဲမှုမှာ မပါဝင်သွားသည့် အခန်းရှိ စာအုပ်များ၊ ပစ္စည်းသေတ္တာနှစ်လုံးနှင့် ပေါက်ကွဲမှု၏ အကြွင်းအကျန်များမှ အနက်ရောင်ဘောလုံးငယ်များကို ပြန်လည်ယူဆောင်လာခဲ့သည်။


ရှစ်ချင်းလျို့သည် ခေတ်သစ်မှ ဆင်းသက်လာသူဖြစ်ပြီး ဒါတွေကို သူမမှတ်ဥာဏ်ထဲမှာ မြင်လိုက်တာနဲ့ ဒါဟာ မြေကြီးဗုံးဖြစ်ကြောင်း သူမ သိလိုက်သည် ။


အဲ့ဒါကြောင့် သူမ ဒါကို အသုံးပြုချင်ခဲ့တာဖြစ်သည်။


ရှစ်မိသားစုသည် သူတို့ မသေချင်ဘူးဆိုရင် သူမကို သခင်လေးဝူရဲ့ ဂူသင်္ချိုင်းကို စေလွှတ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။


ရှစ်မိသားစုက တိတ်ဆိတ်နေခဲ့သည်။


မဟုတ်ဘူး၊ သူတို့က အဲဒါကို လုံးဝ မကြုံချင်ဘူး၊ သူတို့က နောက်ထပ် ပရိသတ်ကို မလိုချင်ဘူး။


တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော အဘိုးအိုရှစ်က "မင်း ဘာလိုချင်တာလဲ" ဟု မှုန်ဝါးဝါးပြောသည်။


ရှစ်ချင်းလျို့က "ရှင်တို့ ကျွန်မကို ဝူမိသားစုနဲ့ စေ့စပ်ထားတာကို ရှင်တို့ရဲ့ သဘောဆန္ဒအတိုင်း ဖြတ်ပစ်စေချင်တယ်။ အနာဂတ်မှာ ကျွန်မ လက်ထပ်ချင်တဲ့သူကို ကျွန်မကိုယ်တိုင် ရွေးချယ်မယ်။"


"မဟုတ်ရင် ကျွန်မ အခက်တွေ့လိမ့်မယ်။ အဲဒီအခါကျရင် ကျွန်မတို့အားလုံး အတူတူ သေကြတာပေါ့။" 


"စတုတ္ထဦးလေးက အလားအလာရှိတဲ့ ပညာတော်သင်သားပဲ။ သူက ထိပ်တန်းပညာတော်သင်တစ်ဦးတောင် ဖြစ်လာနိုင်တယ်။ သူ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ဘူး မဟုတ်လား။"


ရှစ်မိသားစု စတုတ္ထသားဖြစ်သူက တုံ့ဆိုင်းသွားသည်။ သူ တကယ် မသေချင်ဘူး။


ဒီသေသင့်တဲ့ ကောင်မလေးက သူတို့ရဲ့ အသက်သွေးကြောကို ချက်ချင်းဆိုသလို ဆုပ်ကိုင်ခဲ့သည်။


ထို့ကြောင့် အဘိုးအိုရှစ်သည် အဘွားအိုရှစ်ကို တစ်ချက်ကြည့်လိုက်သည်။


အဘွားအိုရှစ်သည် အထိန်းတော်အိုကြီးအား တောင်းပန်သည့် အပြုံးလေးသာ ပြုံးပြနိုင်ပြန်သည်။ "အဲ့တာကိုကြည့်၊ ငါတို့ ဘာမှလုပ်လို့မရဘူး။"


သူတို့သည် စေ့စပ်ကြောင်းလမ်းမှုကိုသာ ဖြတ်တောက်နိုင်ခဲ့ကြသည်။ ဒီလိုမှမဟုတ်ရင် ဒီစိတ်ညစ်စရာကောင်းတဲ့မိန်းကလေးက သူတို့ကို သူမနဲ့အတူ သေစေလိမ့်မည်။


ရှစ်ချင်းလျို့သည် အဘွားအိုကို စူးစူးဝါးဝါးကြည့်ကာ သူမ၏လက်ထဲတွင်ရှိသော အနက်ရောင်ဘောလုံးလေးကို ခါယမ်းလိုက်သည်။ "ဝူမိသားစုက ကျွန်မကို လက်ထပ်စေချင်တာလား၊ ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့အားလုံးက ရှင်တို့ရဲ့ သခင်လေးဝူကို သနားနေကြတာပဲ။ တကယ်ဆို ကျွန်မတို့က အပေါင်းအဖော်တွေအဖြစ် အတူတူ ဆင်းသွားနိုင်တာပဲလေ။"


ရှစ်ချင်းလျို့သည် နှုတ်ခမ်းပါးကို ကွေးညွှတ်ပြီး အမေးစကား ဆိုခဲ့သည်။ "ရှင်တို့အားလုံးက သခင်လဝူကို နောက်ကမ္ဘာမှာ ဆက်ပြီး အမှုတော်ထမ်းဆောင်ချင်ကြမယ်လို့ ကျွန်မယုံကြည်တယ်၊ ဟုတ်တယ်မဟုတ်လား။"


အဘွားအိုနှင့် သူ့နောက်က အစေခံတွေဟာ ကြက်သေ သေသွားခဲ့သည်။ မဟုတ်ဘူး၊ သူတို့က လုံးဝ မလုပ်ချင်ပါဘူး။


ဒီမိန်းမငယ်လေးရဲ့ လက်ထဲမှာ အသက်အန္တရာယ်ရှိတဲ့ အရာဝတ္ထုတစ်ခုရှိနေသရွေ့ သူမကို လုံးဝ မဖယ်ထုတ်နိုင်ဘူးဆိုတာ သူမ သိပါတယ်။ နောက်ဆုံးတော့ ဘယ်သူမှ မသေချင်ကြဘူး။


လူမပြောနဲ့၊ ယုန်တောင် စိတ်တိုနေချိန်မှာ ကိုက်လိမ့်မယ်။


ဒါတွေအားလုံးက ရှစ်မိသားစုရဲ့ အပြစ်ပဲ။ သူတို့သည် သေသင့်တဲ့ ကောင်မလေးကို သခင်လေးဝူနှင့်အတူ သေရတော့မယ်ဆိုတာကို အမှန်ပင် သိစေခဲ့သည်။ သူတို့သည် အစီအစဉ်ကို ပျက်စီးစေသည့် အသုံးမဝင်သော အမှိုက်များဖြစ်သည်။


အခုတော့ သတို့သမီးအသစ်ရှာဖို့ အရမ်းနောက်ကျသွားပြီလား မသိတော့ဘူး။


"မိန်းကလေးရှစ်က ဝူမိသားစုနဲ့ လက်ထပ်ဖို့ ဆန္ဒမရှိတာကြောင့်၊ ဒီသတင်းကို ကျွန်မပြန်သွားပြီး သခင်ကြီးနဲ့ မိန်းမဖြစ်သူကို အခုပဲ သတင်းပို့လိုက်ပါ့မယ်။"


ရှစ်ချင်းလျို့နှင့်စကားပြောပြီးသောအခါ၊ သူမသည် အဘွားအိုရှစ်ကိုကြည့်ကာ "စေ့စပ်ပွဲကိုဖြတ်ဖို့ ဝူမိသားစုကနေ တစ်ယောက်ယောက်ကို ထည့်ပေးလိုက်ပါ" ဟု ပြောခဲ့သည်။


အမျိုးသမီးရှစ်နှင့် သူမ၏တတိယသားဖြစ်သူကို အရုပ်ဆိုးတဲ့ မျက်နှာအမူအရာနဲ့ ကြည့်ပြီး "မင်းတို့နှစ်ယောက် လိုက်သွားကြ" ဟု ပြောလိုက်သည်။


ဝူမိသားစုဆီ လိုက်သွားရင်း နှစ်ယောက်သား ရှုံ့မဲ့သွားကြသည်။


သူတို့လက်ထဲမှာ ငွေတွေ မရှိတော့ပါဘူး။ သူတို့သည် ဒီကောင်မစုတ်လေးကို အမှန်တကယ် မထိဝံ့ကြပေ။


သူတို့ထဲမှ အနည်းငယ် ထွက်သွားပြီးနောက် ရှစ်ချင်းလျို့သည် ကျန်ရှိသော မြေလုပ်ဗုံး အနည်းငယ်ကို ကြိုးဖြင့်ချည်ကာ သူမ၏ခါးတွင် ရစ်ပတ်ဆွဲထားခဲ့သည်။ သို့ပေမယ့် သူမ၏ လက်ထဲတွင်တော့ မီးခြစ်ကို အမြဲကိုင်ထားသည်။


သူမ သေချာပြင်ဆင်ပြီးသွားပြီးနောက် ရှစ်မိသားစု တတိယသားကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ "ရှင်တို့ သေချင်ရင် ကြိုပြောထားပေါ့။ သူတို့ဆန္ဒကို ကျွန်မ သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်။"


အဘွားအိုရှစ်သည် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။ "အကြင်နာကင်းမဲ့တဲ့ မင်းက လူကြီးတွေကို ဒီလိုမျိုး မင်းဘယ်လိုလုပ်ရဲတာလဲ။ မင်း ငရဲကိုသွားရမှာ မကြောက်ဘူးလား။ မင်း..."


"ရှင်တို့အားလုံး ငရဲကိုမကြောက်ရင် ကျွန်မလည်း ဘယ်ကြောက်ပါ့မလဲ။" ရှစ်ချင်းလျို့က ရယ်မောလိုက်သည်။


"အဖွားက အဲဒီ့နေရာကို အရင်သွားကြည့်ချင်ပုံရတယ်နော်။"


ထို့နောက် သူမသည် အနက်ရောင်ဘောလုံးလေးများထဲမှ တစ်လုံးကို ဖြည်လိုက်ကာ လွှင့်ပစ်လိုက်တော့မည့်ဟန်ပြင်လိုက်သည်။


ဆက်လက်၍ ငြီးတွားနေသော အဘွားအိုရှစ်သည် အလွန်ကြောက်လန့်သွားပြီး တစ်စုံတစ်ယောက်က သူမ၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့သည်။


တခြားသူတွေလည်း ဒေါသထွက်လွန်းလို့ ရင်တွေ ပူလောင်နေပေမယ့် သူမကို ဘယ်သူကမှ မဆူငေါက်ရဲကြဘူး။


ရှစ်ချင်းလျို့က သမ်းဝေလိုက်သည်။ "ခဏအိပ်လိုက်ဦးမယ်။ ထမင်းစားချိန်ရောက်ရင် နှိုးလိုက်ပါ။"


"မဟုတ်ရင်‌တော့..." သူမလက်ထဲရှိ အနက်ရောင်ဘောလုံးလေးကို ပစ်ချသည့်ဟန်လိုက်ပြီး ခြံဝင်းထဲကလူတွေကို "ကျွန်မ ဘာကိုဆိုလိုချင်တယ်ဆိုတာ ရှင်တို့သိတယ်မလား။"


ရှစ်မိသားစုသည် စကားမပြောနိုင်တော့ပေ။ သူတို့မိသားစုတွင် ထိုသို့သော ယုတ်မာတဲ့ လူ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။


ရှစ်ချင်းလျို့သည် တံခါးကိုဖွင့်ပြီး ထင်းတဲထဲ ဝင်သွားခဲ့သည်။ ဤသည်မှာ ရှန်းယွမ်ပြန်လာပြီးနောက် နေထိုင်အိပ်စက်ရာနေရာ ဖြစ်လေသည်။


ရှန်းယွမ်သည် သစ်သားပျဉ်ပြားနှစ်ခုကို အသုံးပြုပြီး အိပ်ရာတစ်ခု၊ ကူရှင်တစ်ခုနှင့် စောင်တစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။ ဒါတွေက သူမကိုယ်တိုင် တာအိုဘုရားကျောင်းကနေ ပြန်ယူလာခဲ့တာတွေပဲ ဖြစ်သည်။


သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဘာဆက်လုပ်ရမလဲဟု စဥ်းစားနေမိသည်။


သူမ၏ မှတ်ဥာဏ်ကနေ ဒီမင်းဆက်ဟာ သမိုင်းမှာ မရှိခဲ့ဖူးတဲ့ မင်းဆက်တစ်ခုဆိုတာ သိလိုက်ရပါသည်။ ထန်မင်းဆက်အတွင်းမှာ အလှည့်အပြောင်းတစ်ခုရှိခဲ့ပြီး တာ့လျန်မင်းဆက် ဖြစ်လာခဲ့သည်။


တာ့လျန်မင်းဆက်သည် ထန်မင်းဆက်၏ ဒုတိယမျိုးဆက်သာ ဖြစ်သည်။


ထန်မင်းဆက်နှင့် ခပ်ဆင်ဆင်တူသည်၊ ပွင့်လင်းမြင်သာမှုရှိသည့်ခေတ်ဖြစ်၍ နောက်ပိုင်းမင်းဆက်များကဲ့သို့ အမျိုးသမီးများအတွက် လိုအပ်ချက်များသည် တင်းကျပ်ခြင်း မရှိပေ။


သို့သော်လည်း ဥပဒေအရ အမျိုးသမီးတစ်ဦးသည် မိခင်နှင့် မိသားစုမရှိလျှင် သို့မဟုတ် ခင်ပွန်းသေဆုံးပါက သူ့ဘာသာသူ လွတ်လပ်စွာ နေထိုင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။


ထို့ကြောင့် သူမကိုယ်တိုင် ရှစ်မိသားစုနှင့် ခွဲထွက်ရန် မဖြစ်နိုင်ပေ။


သူမတစ်ယောက်တည်း ထွက်ပြေးတာက ပိုလို့တောင် လက်တွေ့မကျဘူး။


အဘယ်ကြောင့်ဆိုသော် သူမသည် အဝေးတစ်နေရာသို့ ခရီးသွားရန် အထောက်အထားတစ်ခု လိုအပ်သောကြောင့် ဖြစ်သည်။


မဟုတ်ရင် သူမထွက်ပြေးပြီး ဖမ်းမိသွားရင် နာမည်ပျက် စာရင်းဝင် သွားပါလိမ့်မည်။ ထိုအခါ သူမ၏ အထောက်အထားသည် ကျွန်တစ်ဦးနှင့် ညီမျှသွားလိမ့်မည်။ သူမကို အာဏာပိုင်များက တရားဝင်ကျွန်အဖြစ် ရာထူးချခြင်းကို ခံရပြီး ရောင်းစားခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းခံရပါလိမ့်မည်။


အထူးသဖြင့် မင်းဆက်သစ် တည်ထောင်ချိန်ကစပြီး ခရိုင်အလိုက် လိုက်နာရမယ့် စည်းကမ်းအချို့ ရှိခဲ့ပါတယ်။ ခရိုင်အားလုံးသည် လူအင်အား ဆုံးရှုံးမည်ကို ကြောက်ရွံ့သောကြောင့် အိမ်ထောင်စုစာရင်းကို စီမံခန့်ခွဲရာတွင် အလွန်တင်းကျပ်သည်။


အသက် ဆယ့်ရှစ်နှစ်နှင့် ဆယ့်ခုနစ်နှစ်တွင် တစ်ကိုယ်ရေဖြစ်ဆဲ အမျိုးသား အမျိုးသမီး မည်သူမဆို အစိုးရမှ ဝင်ရောက်စွက်ဖက်ပြီး ထိမ်းမြားလက်ထပ်ဖို့ စီစဥ်ပေးနိုင်သည်ဟူသော အလွန်လိမ်လည်လှည့်စားသည့် ဥပဒေလည်း ရှိခဲ့သည်။


သူမသာ သဘောမတူဘဲ ကန့်ကွက်ပါက တရားဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ကျရပါလိမ့်မည်။


သူမသည် ယခုအခါ အသက်ဆယ့်ခြောက်နှစ်နီးပါးရှိပြီဖြစ်သောကြောင့် အစိုးရမှ အတင်းအကြပ် လက်ထပ်ခိုင်းစေဖို့ တစ်နှစ်ကျော်သာ ကျန်ရှိတော့သည်။


အဲဒါကို စဉ်းစားပြီးနောက်မှာတော့ ရှစ်ချင်းလျို့ဟာ လက်ရှိအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပဲ ရှိတာကို သဘောပေါက်သွားခဲ့သည်။ အဲ့တာက သူမ လက်ထပ်ဖို့ပဲ ဖြစ်သည်။


ရှစ်မိသားစုကိုသာ သူမကိုယ်စား ဆုံးဖြတ်ချက်ချစေခဲ့လျှင် သူမကို မီးတွင်းတစ်ခုမှ အခြားတစ်ခုကို ခုန်ဆင်းသွားရမည်ဖြစ်သည်။


ရှစ်ချင်းလျို့သည် သူ့ကိုယ်သူ နစ်နာစေတာကို ဘယ်တုန်းကမှ မကြိုက်နှစ်သက်ခဲ့ဘူး။


အိမ်ထောင်ရေးကို တစ်ပါးသူအား ချုပ်ကိုင်ခွင့်ပေးမည့်အစား သင့်တော်သော အိမ်ထောင်တစ်ခုကို သူမကိုယ်တိုင် ရှာဖွေလိုခဲ့သည်။