အခန်း ၃
Viewers 7k

အခန်း (၃) ဆိုးရွားမှုကို ထိန်းချုပ်ရန် ဆိုးရွားမှုကို အသုံးပြုပါ၊ အကြမ်းဖက်မှုကို ထိန်းချုပ်ရန် အကြမ်းဖက်မှုကို အသုံးပြုပါ


သို့ပေမယ့် အခု လက်ထပ်ဖို့ကို အလောတကြီးတွေးစရာမလိုပေ။


ရှစ်ချင်းလျို့က တိုးတိတ်စွာ ဆိုလေသည်။ "ထွက်လာခဲ့"


သိပ်မကြာခင်မှာပဲ သူမရဲ့ စိတ်ထဲမှာ နေရာလွတ်လေးတစ်ခု ပေါ်လာခဲ့သည်။


မော်ဒန်ခေတ်တုန်းက သူမ သိမ်းထားခဲ့သည့် ပစ္စည်းတွေက ထိုလျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်လေးတွင် ပေါ်လာခဲ့သည်။ သူမ ထိုနေရာကို ဝင်သွားလို့မရပေမယ့် ပစ္စည်းတွေကို ယူထုတ်လို့ရသည်။


နေရာလွတ်လေးက သိပ်မကျယ်ဘဲ စတုရန်းမီတာ ၃မီတာ ၄မီတာလောက်သာ ကျယ်ပြီး အထဲတွင် ရေကန်လေး ရှိသည်။


သူမက ရေတွေကို စမ်းသပ်ကြည့်ခဲ့သည်။ ထိုရေက ရောဂါ မကုသပေးသလို ပြန်လည်နုပျိုစေဖို့ အသုံးပြုလို့မရပေမယ့် ကိုယ်ခန္ဓာကြံ့ခိုင်စွမ်းအား တိုးစေပြီး ဖျားနာခြင်းကို ကာကွယ်ပေးသည်။


ထိုရေက အပင်တွေအပေါ် ပိုပြီး အကျိုးသက်ရောက်သည်။ အလျင်အမြန် ကြီးထွားလာစေတာမျိုး မဟုတ်ဘဲ ရေလောင်းလိုက်ပါက အပင်က မသေတော့ဘဲ အရသာပိုရှိသွားခြင်းမျိုးဖြစ်သည်။


မော်ဒန်ခေတ်တုန်းက သူမက ကျွမ်းကျင်စိုက်ပျိုးရေး ပညာရှင်ဖြစ်တာကြောင့် ထိုအစွမ်းထက်သည့်ရေက အသုံးဝင်လာခဲ့သည်။


သူမက ထပ်ကြည့်လိုက်သည်။ အရင်က နေရာလွတ်ထဲမှာ သူမ ထားခဲ့သည့် မျိုးစေ့တွေနှင့် အပင်မျိုးစုံတွေက နေရာမှာ ရှိနေဆဲဖြစ်သည်။


ထောင့်လေးနားတွင် ဓာတ်ခွဲခန်းထဲတွင် ရက်ရှည်စွာ အချိန်ပိုဆင်းရမှာကို သိတာကြောင့် သူမ ယူခဲ့သည့် အအေးမိပျောက်ဆေး၊ အရောင်ကျဆေးနှင့် အဖျားပျောက်ဆေးများရှိနေသည်။


ရှေးခေတ်တုန်းက ဖျားနာခြင်းက လူတွေကို သတ်နိုင်သည့်ရောဂါဖြစ်ပြီး ဆေးပညာက မဖွံ့ဖြိုးသေးပေ။ ထိုဆေးတွေက အသက်အာမခံနှင့် ညီမျှသည်။


ထိုနေရာလွတ်က မျိုးစေ့နှင့် ဆေးတွေအပြင် 'အချိန်ခရီးသွားစွယ်စုံကျမ်း' လည်းရှိသည်။


အချိန်ခရီးသွားခြင်းနှင့် ပြန်လည်မွေးဖွားခြင်း ရုပ်ရှင်တွေ ခေတ်စားသည့်အချိန် ရှိခဲ့သေးသည်။ သူမရဲ့ ညီမတစ်ဝမ်းကွဲက 'အချိန်ခရီးသွားစွယ်စုံကျမ်း' ကို တစ်စုတည်း စုစည်းခဲ့ပြီး သူမကို ကော်ပီပေးခဲ့သည်။


သူမက ဒါတွေနဲ့ဆိုရင် ကံကောင်းလိမ့်မည်ဟု ပြောခဲ့သည်။ တကယ်လည်း အချိန်ခရီးသွားလိုက်ရသည့် အချိန်မှာ ထိုအရာတွေက အသုံးဝင်လာခဲ့သည်။


ထိုစွယ်စုံကျမ်း စုစည်းထားခြင်းက ဟင်းလျာမျိုးစုံ ချက်ပြုတ်နည်းနှင့် တူသည်။


ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ပဲငံပြာရည်၊ ငံပြာရည်နှင့် ဝိုင် စသည်တို့ကို ထုတ်လုပ်မှု အဆင့်ဆင့်ကို ဖော်ပြထားခြင်းဖြစ်သည်။ 


အသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများ၊ အလှကုန်များ၊ ဆပ်ပြာ စသည့် ပစ္စည်းတွေ ထုတ်လုပ်ပုံတွေလည်း ပါသေးသည်။


ဘိလပ်မြေ၊ သံနှင့် စတီး စသည့်ပစ္စည်း ထုတ်လုပ်ပုံ အဆင့်ဆင့်လည်း ပါရှိသေးသည်။


ညွှန်ကြားချက်အတိုင်း အဆင့်လိုက် သေချာစိုက်ပျိုးပြီး ကြွယ်ဝချမ်းသာအောင်လုပ်လို့ရပြီး အရာအားလုံးကို တည်ဆောက်နိုင်သည်။


အရင်တုန်းကတော့ သူမ အတည်မယူခဲ့ပေ။ သာမာန်ကာလျှံကာဖြင့် လှန်ကြည့်ပြီးနောက် ထိုနေရာတွင် ဒီတိုင်းထားခဲ့ခြင်း ဖြစ်သည်။


အခုတော့ ထိုနေရာတွင် ထားခဲ့မိခြင်းအပေါ် အရမ်းကျေးဇူးတင်နေမိသည်။


ရှစ်ချင်းလျို့က ထိုနေရာလွတ်က ပစ္စည်းတွေအကုန် အကောင်းတိုင်း ရှိနေသေးတာကြောင့် စိတ်အေးသွားခဲ့ရသည်။


သူမက အရောင်ကျဆေးနှင့် သွေးတိတ်ဆေးအမှုန့်ကိုယူကာ ခေါင်းက ဒဏ်ရာပေါ်ထည့်ခဲ့သည်။ ထို့နောက် အရောင်ကျဆေးနှင့် ရေကန်ကရေကိုသောက်လိုက်ပြီး ပင်ပန်းစွာ အိပ်ပျော်သွားခဲ့သည်။


သူမက အိပ်သည့်အချိန်တွင် နိုးနိုးကြားကြားရှိသည်။ အခန်းထဲက လှုပ်ရှားသံလေးတစ်ခုဖြင့်ပင် နိုးလာနိုင်သည်။ ထို့ကြောင့် ထိုလူတွေ ဝင်လာပြီး သူမကို မကောင်းကြံမှာကို မကြောက်ပေ။


သူမ အိပ်သွားပြီး ဘယ်လောက်ကြာသည့်အချိန်တွင်လည်း မသိသည့်အချိန်တွင် လူငယ်လေးတစ်ယောက်က တိတ်တိတ်လေးခိုးဝင်ကာ ထင်းတဲတံခါးကို ဖြည်းဖြည်းလေး တွန်းဖွင့်လိုက်သည်။ 


သူက ရှစ်ချင်းလျို့ရဲ့ ခါးနားက ထုပ်ပိုးထားသည့် အမည်းရောင်အလုံးလေးတွေကို လိုချင်တာဖြစ်သည်။ သို့ပေမယ့် သူအနားမရောက်သေးခင်မှာပဲ ရှစ်ချင်းလျို့က မျက်လုံးပွင့်လာခဲ့သည်။


သူမ ကမေးလေသည်။ "သေချင်လို့လား"


လူငယ်လေးက ဗြောင်းဆန်သွားလေသည်။ ထိုအရူးက သူ့ကို ပြင်းပြင်းထန်ထန်ဆဲဆိုမှာကြောက်တာကြောင့် သူက ထွက်ပြေးသွားခဲ့သည်။


ထို့နောက် ရှစ်ချင်းလျို့က အပြင်က စကားသံတွေ ကြားလိုက်ရလေသည်။ သူမက ထိုအရာတွေကို ဂရုမစိုက်ဘဲ ဆက်အိပ်နေလိုက်သည်။


ရှန်းယွမ် တာအိုဘုရားကျောင်းက ပြန်လာတိုင်း သူမက ကြက်တွေထက် စောစောထပြီး နွားတွေထက် အလုပ်အရမ်းလုပ်နေလေ့ရှိသည်။ ဒီနေရာ အစားအသောက် အရည်အသွေးက မကောင်းတာကြောင့် သူမရဲ့ ကိုယ်ခန္ဓာက အားနည်းနေသည်။


နှစ်နာရီကြာပြီးနောက် အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက် လမ်းလျှောက်ဝင်လာခဲ့သည်။


သူမက ရှစ်ချင်းလျို့ကိုကြည့်ပြီး အော်လေသည်။ "အစ်မ ထပြီး ထမင်းစားတော့"


သူမက ရှန်းယွမ်၏ ညီမအရင်းဖြစ်သော်လည်း သူတို့ရဲ့ ဆက်ဆံရေးက မကောင်းပေ။ ထိုကောင်မလေးက အမျိုးသမီးနျို့ရဲ့ အလိုလိုက်မှုကို ခံရသော်လည်း ရှန်းယွမ်က အလွန်မုန်းသည်။ 


ထိုအခါမှ ရှစ်ချင်းလျို့ က နိုးလာပြီး အကြောဆန့်ကာ ထွက်သွားခဲ့သည်။


ရှစ်ချင်းလျို့ထွက်လာတော့ ရှစ်အိမ်က လူတွေက သူမကို အေးစက်စွာ ကြည့်နေခဲ့သည်။


သူမကတော့ ဘေးကလူတွေကို အာရုံမစိုက်ဘဲ ဝင်ထိုင်လိုက်သည်။


အဖွားကြီးရှစ်က အိမ်တွင် အစားအသောက် ပေးဝေသည့် တာဝန်ခံဖြစ်သည်။ အတိတ်တုန်းက သူမက ရှန်းယွမ်ကို စားစရာ နည်းနည်းသာပေးလေ့ရှိသည်။ ယခုအခါလည်း ထိုအတိုင်းသာဖြစ်သည်။


ရှစ်ချင်းလျို့က ရှန်းယွမ်လို သည်းခံတတ်သည့်လူမဟုတ်ပေ။ သူမ လက်ထဲက အမည်းရောင်အလုံးလေးတွေဖြင့် စားပွဲကိုခေါက်ကာ "ဒီလောက်အစားအစာလေးနဲ့ ဘယ်လိုလုပ် ဗိုက်ပြည့်မှာလဲ။"


သူမက အစ်မကြီးလေသံဖြင့် ဆက်ပြောလေသည် "အမျိုးသမီးနျို့က ကျွန်မကို ဒဏ်ရာရအောင်လုပ်ခဲ့တာ အခုထိမူးဝေနေတုန်းပဲ၊ အားပြန်ဖြည့်ဖို့ ကြက်ဥစားချင်တယ်၊ အခုသွားပြုတ်ပေး"


ရှစ်မိသားစုဝင်တွေက အသက်အောင့်ထားပြီး ဒီအမည်းရောင်အလုံးတွေနဲ့ မခေါက်လို့မရဘူးလား။ သူတို့က ကြောက်နေကြသည်။


"ဘာစောက်ကြက်ဥစားချင်တာလဲ၊ နင့်အတွက် အသားလေးပါ လှီးပေးရမှာလား၊ နင်…"

အဖွားကြီးရှစ်က ရုန့်ရင်းကြမ်းတမ်းစွာ အော်ဟစ်လေသည်။


သို့ပေမယ့် ရှစ်ချင်းလျို့က သူမ ရင်ဘတ်ထဲက တုန်ကင်းကိုယူပြီး အမည်းရောင်အလုံးလေးတွေဆီသို့ တိုးလိုက်တော့ သူမက ရုတ်တရက်ကြီး ထိတ်လန့်သွားခဲ့သည်။


အဖွားကြီးရှစ်က စိတ်ရှုပ်နေပြီး ကြက်ဥဖိုးကုန်တော့မှာမလို့ နာကျင်မှုကို ခံစားနေရကာ "ပြုတ်ပေးမယ် နင့်အတွက် ပြုတ်ပေးမယ်"


မသေမချင်းစားနေလိုက်။


ထို့နောက် သူမရဲ့ မြေးတွေထဲက တစ်ယောက်ကို ညွှန်ကြားခဲ့လေသည်။


ရှစ်ချင်းလျို့က စားသောက်ပြီးနောက် သူမရဲ့ အခန်းထဲ ပြန်သွားခဲ့သည်။


နောက်တစ်နေ့ကျတော့လည်း ထိုအတိုင်းသာ ထပ်လည်ပတ်ခဲ့သည်။ နေ့လည်စာစားရင်း သူမက ညစာအတွက် အသားပါတောင်းဆိုခဲ့သည်။ သူမ လိုချင်တာမရပါက ရှစ်မိသားစုကို ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်တတ်သည်။ သူတို့တွေက အရမ်းဒေါသထွက်နေပေမယ့် ဘာမှ ပြန်မပြောရဲပေ။


အရှုံးပေးကာ အသားဝယ်ပေးခဲ့ရသည်။


တတိယနေ့တွင် သူမက နေ့လည်စာ စားပြီးသွားပြီဖြစ်သည်။


ရှစ်မိသားစုက ဒီနေ့ ရှစ်ချင်းလျို့ အမည်းရောင်အလုံးလေးတွေ ချည်မထားတာကို တွေ့လိုက်လေသည်။ ထိုအစား သူမက စားပွဲပေါ်တွင် ဓားတင်ထားသည်။


ရှစ်မိသားစု ဒုတိယသား၊ အကြီးဆုံးသားနှင့် တတိယသားတို့ ပူးပေါင်းကာ ရှစ်ချင်းလျို့ကို ထိန်းချုပ်ဟန့်တားဖို့ လုပ်ခဲ့ကြသည်။


သို့ပေမယ့် ရှစ်ချင်းလျို့က ပြင်ဆင်ပြီးထားဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက်က သူမက ကောင်းကောင်းစား ကောင်းကောင်းအိပ်ခဲ့ရသည်။ သူမရဲ့ ကိုယ်ခန္ဓာက အားနည်းမနေတော့ဘဲ ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားရှိနေသည်။


မော်ဒန်ခေတ်တုန်းက သူမက တိုက်ခိုက်ရေးပညာ၊ တိုက်ကွမ်ဒိုတွေ သင်ယူခဲ့သည်။


သူမ အလွန်သောင်းကျန်းသည့် အချိန်တွေ ရှိခဲ့ဖူးသည်။ ကားပြိုင်ပွဲနှင့် ကလပ်များတွင် လူတွေနှင့် မကြာခဏ ရန်ဖြစ်ထိုးကြိတ်ခဲ့ဖူးသည်။


သူမ အဖိုးက သူမကို စစ်တပ်ထဲ နှစ်ဝက်လောက်ထည့်ကာ လေ့ကျင့်ပေးခဲ့သည်။ ဒါကြောင့် သူတို့လို လူအနည်းငယ်လောက်ကို တိုက်ခိုက်ရမှာ သူမအတွက် လွယ်ကူနေသည်။


သူမက အမြန်ရှောင်ကာ ရှစ်မိသားစု တတိယသားကို ကန်ပစ်ပြီး ပုခုံးကနေ ဆွဲကာ ပစ်ထုတ်လိုက်သည်။


ထို့နောက် အရှေ့တိုးကာ သူတို့၃ယောက်ကို ကောင်းကောင်း ရိုက်နှက်ပစ်ခဲ့သည်။


ရှစ်မိသားစုက လူတိုင်း ထိတ်လန့်သွားခဲ့သည်။ ဒီအယုတ်တမာမက တိုက်ခိုက်ရေးမှာ တစ်ဖက်ကမ်းခတ်တော်တာပဲ။


သူတို့ကို မြေပေါ်လဲကျအောင် ရိုက်နှက်ပြီးနောက် ရှစ်ချင်းလျို့က လက်ခုပ်တီးပြီးနောက် ရှစ်မိသားစုကို အေးစက်စွာကြည့်လိုက်သည်။


သူမက စားပွဲပေါ်က ဓားကိုယူပြီးနောက် ကျွမ်းကျင်စွာ ကစားပြခဲ့တာကြောင့် လူတိုင်း မိန်းမောတွေဝေနေမိခဲ့သည်။


ထို့နောက် ခြံထဲက သစ်သားပြားတစ်ခုကိုယူပြီး ကျွမ်းဘားကစားသမားလို ခုန်ပျံကျော်လွှားပြီး ဓားဖြင့် ပစ်ပြခဲ့သည်။


သူမ တပ်ထဲမှာနေတုန်းက ထောက်ပို့ဌာနက ခေါင်းဆောင်ဆီကနေ ထိုပညာကို သင်ယူခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက သူမက အလွန်သဘောကျသွားကာ သူမကို သင်ပေးဖို့ နားပူနားဆာလုပ်ခဲ့ခြင်း ဖြစ်သည်။


အခုတော့ သူတို့ကို ခြောက်လန့်ဖို့ အခွင့်အရေးကောင်း ဖြစ်လာခဲ့သည်။


ခဏအတွင်းပဲ ရှစ်မိသားစုက အောက်မေးရိုး ပြုတ်ကျမတတ် ထိတ်လန့်သွားခဲ့ကြသည်။ သစ်သားပြားအထူကြီးက သစ်သားစိတ်လေးတွေအဖြစ် ပြောင်းသွားတာကို သူတို့ ထိတ်လန့်စွာ တွေ့လိုက်ရလေသည်။


ဓားပညာမှာလည်း အရမ်းကျွမ်းကျင်တာပဲ...


"ဒီလိုလုပ်ဖို့ ထပ်မတွေးနဲ့၊ မဟုတ်လို့ကတော့ ဒီသစ်သားပြားလို ဖြစ်သွားအောင် လုပ်ပစ်မယ်။"


သူတို့က အရမ်းကြောက်နေသဖြင့် တံတွေးမျိုချလိုက်သည်။ မဟုတ်ဘူး အဲလိုမဖြစ်ချင်ဘူး။


သူတို့က ငိုချင်နေကြသည်။


သူတို့မိသားစုထဲမှာ ဘယ်လိုလုပ် ဒီလိုမကောင်းဆိုးဝါးသက်ရှိ ရှိနေရတာလဲ။ ဘယ်လို မကောင်းမှုကြောင့်လဲ။


အရင်တုန်းကတော့ လူကို အချိန်မရွေး ပေါက်ခွဲပစ်မှာ ကြောက်ခဲ့ရသည်။


အခုတော့ သူတို့ကို ခုတ်ဖြတ်ပစ်မှာကိုပါ စိုးရိမ်နေရပြီဖြစ်သည်။ သူမကို မတိုက်ခိုက်နိုင်ပါက ထိုအတိုင်းဆိုရင် ရှေ့လျှောက်မည်သို့ ရှင်သန်နေထိုင်ရမည်နည်း။


မကောင်းဆိုးဝါးကိုနှိမ်ဖို့ ပိုကြီးသည့် မကောင်းဆိုဝါးကို သုံးခဲ့ကာ အကြမ်းဖက်မှုကို နှိမ်နှင်းဖို့ ပိုကြီးသည့် အကြမ်းဖက်မှုကို သုံးခဲ့သည်။ အခုတော့ ရှစ်မိသားစုက သူမရှေ့တွင် မကောင်းမကြံရဲတော့ပေ။


ထိုအယုတ်တမာမကို နေ့တိုင်းကောင်းကောင်းဆက်ဆံရသည်။ မဟုတ်ပါက စပျစ်နွယ်ဖြင့် လူကိုရိုက်တတ်သဖြင့် အမျိုးသမီးနျို့ နှင့် တခြားလူတွေက ကျယ်လောင်စွာ ငိုကြွေးခဲ့ရသည်။


ရှစ်မိသားစုက ရွာသူကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်ကို အကူအညီ တောင်းချင်ခဲ့ပေမယ့် ရှစ်ချင်းလျို့က သူတို့ကို အရင်ဆုံး ကြိုသတိပေးထားခဲ့သည်။


သူများတွေကို ထိုကိစ္စ ပြောလိုက်ပါက ညသန်းခေါင်ကျရင် သေဖို့ စောင့်နေဟု သူမက သတိပေးခဲ့သည်။


ရှစ်မိသားစုက အလွန်ဒေါသထွက်ခဲ့ပေမယ့် အသက်ကို အလောင်းအစား မလုပ်ရဲခဲ့ပေ။


ထိုအယုတ်တမာမ အိမ်ကနေ မြန်မြန်ထွက်သွားဖို့သာ ဆုတောင်းခဲ့ကြသည်။ ရုတ်တရက်ကြီး ဖျားနာကာ သေသွားပါက ပိုကောင်းသည်ဟုလည်း ဆုတောင်းခဲ့ကြသေးသည်။