အခန်း ၁၇
Viewers 7k

အခန်း (၁၇) ဒီလိုပြောရတာမရှက်ဘူးလား


ခဏလောက်ထိုင်ပြီးနောက် အမေရှောင်က အပြုံးဖြင့် ထွက်သွားခဲ့သည်။


ရှစ်ချင်းလျို့က ဒီနေ့ အစောကြီး ထခဲ့ရတာကြောင့် အိပ်ချင်နေသည်။


သူမ သန့်ရှင်းပြီး အခန်းထဲပြန်ဝင်လာပြီး အိပ်ရာကို သပ်ရပ်အောင်လုပ်ပြီးနောက် ထောင့်နားက ညောင်စောင်းလေးကို တွေ့လိုက်ရသည်။


သူမ မကောင်းမကန်း မဆက်ဆံခံရတာ သေချာလုပ်လိုက်သည်။


ရှောင်ဟန်ကျန့်ရဲ့ အိပ်ရာဘေးကို လျှောက်သွားလိုက်ပြီး မေးလေသည်၊ "အထဲနဲ့ အပြင်မှာ ဘယ်မှာအိပ်ရတာကိုကြိုက်လဲ။"


ရှစ်ချင်းလျို့ရဲ့ ဆုံးဖြတ်ချက်ကို ရှောင်ဟန်ကျန့် မအံ့သြပေ။


သူက ခပ်ဖွဖွရယ်ကာ "ခင်ဗျား ကျုပ်ကို ညောင်စောင်းလေးမှာ အိပ်ခိုင်းမယ်ထင်တာ" ဟု ပြောသည်။


သူမက ဒေါသထွက်စွာ ပြောလေသည်၊ "အခု ရှင်သာ လူနာမဟုတ်ရင် သေချာပေါက် ညောင်စောင်းပေါ်မှာ အိပ်ခိုင်းမှာ။"


"ကျေးဇူးတင်ပါတယ်ဗျာ"ရှောင်ဟန်ကျန့်က ငိုရမလား ရယ်ရမလား မသိတော့ပေ။


ရှစ်ချင်းလျို့က လက်ခါယမ်းပြပြီး "ရပါတယ်" ဟု ပြောသည်။


"အပြင်ဘက်မှာ အိပ်မလား"


ရှောင်ဟန်ကျန့်က စိတ်ထဲမထားဘဲနဲ့ ဖြေလေသည်၊ "ရတယ်လေ"


ထိုအခါမှ ရှစ်ချင်းလျို့က ဖိနပ်ချွတ်ပြီး သူ့ခြေထောက်ကိုကျော်ကာ အိပ်ရာ အတွင်းဘက်ကို ဝင်သွားခဲ့သည်။


ရှောင်ဟန်ကျန့်ရဲ့ အိပ်ရာက ၅ပေ ၁၁လက်မလောက် ကျယ်သည်။


သူတို့နှစ်ယောက်လုံးက ပိန်တာကြောင့် ရှစ်ချင်းလျို့ဘက်မှာ နေရာအကျယ်ကြီးလွတ်နေသည်။


သူမက စောင်ဆွဲခြုံလိုက်ပြီး ရှောင်ဟန်ကျန့်ကို ကြည့်ကာ မေးလေသည်၊ "မအိပ်သေးဘူးလား"


သူမက အရမ်းရဲတင်းသည်ဟု ရှောင်ဟန်ကျန့် ထင်သည် "ကျုပ် ခင်ဗျားကို တစ်ခုခုလုပ်ပစ်မှာကို မကြောက်ဘူးလား"


ရှစ်ချင်းလျို့က မျက်လုံးလည်လိုက်ပြီး "လာလေ ကျွန်မရဲ့ လက်ရှိ ပဲပင်ပေါက်အညှောင့်လို ဖြူဖတ်ဖတ် ပိန်ပိန်လှီလှီပုံစံတဲ့ တော်တော် အကျည်းတန်နေပြီ၊ ရှင်က တစ်ခုခုလုပ်ဖို့ တွေးနိုင်သေးလား"


ရှောင်ဟန်ကျန့်က ရယ်လိုက်ပြီး "ဟုတ်သားပဲ"


မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် ကိုယ့်ဘာသာကိုယ် အဲလိုပြောနိုင်တာလဲ။


ရှစ်ချင်းလျို့က မျက်ခုံးပင့်ပြီး ရှောင်ဟန်ကျန့်ကို တစ်ချက်ကြည့်လိုက်သည်။


သူမက နက်နက်နဲနဲ တွေးပြီးနောက် ပြုံးလေသည်၊ "ပြီးတော့ လေတိုက်ရင်တောင် လဲကျတော့မည့် ကိုယ်ခန္ဓာနဲ့ တစ်ခုခုလုပ်နိုင်မယ်ဆိုတာ သေချာလို့လား"


မူလက ပြုံးနေသည့် ရှောင်ဟန်ကျန့်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။


ဒီအမျိုးသမီးက တကယ်အရှက်မရှိတာပဲ။ သူ့စွမ်းရည်ကို သံသယဝင်ရဲတယ်။


သူက ရှင်းပြခဲ့သည်၊ "ကျုပ်နေမကောင်းဖြစ်ခင်တုန်းကဆိုရင် ကိုယ်ခန္ဓာက သိပ်ကျန်းမာတာ"


ရှစ်ချင်းလျို့က ဂရုမစိုက်ဘဲ သမ်းဝေလိုက်သည်၊ "ရှင်အရင်လိုပြန်ဖြစ်ရင်တောင် ကျွန်မ ခွင့်ပြုချက်မရဘဲ ဘာကြမ်းတမ်းတဲ့ လှုပ်ရှားမှုမှ မလုပ်ရဘူး၊ ကျွန်မကို ကိုယ်ထိလက်ရောက် စော်ကားရဲလို့ကတော့ ခေါင်းဖြတ်ပစ်မယ်"


"ကျွန်မတော့ အရင်အိပ်ပြီ၊ ရှင့်ဘာသာ အိပ်ချင်အိပ် မအိပ်ချင်နေ" ထို့နောက် သူမက စောင်ဖြင့်လိပ်ကာ သူ့ကိုကျောပေးအိပ်လိုက်လေသည်။


သူမက သတ္တိရှိရုံတင်မကဘဲ ကျားမလေးဖြစ်ကြောင်းလည်း တစ်ယောက်တည်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။


နောက်ကျရင် ဘာလုပ်ရမလဲဆိုတာ သူထိုင်တွေးနေခဲ့သည်။


သူ့ဇနီးလေးက ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့ပေးမည့်အကြောင်း ပြောခဲ့ပေမယ့် သူအတည်မယူပေ။


ဒါဟာ သူမကို အထင်သေးလို့မဟုတ်ဘဲ ယောက်ျားဖြစ်သည့်သူက မိသားစုတာဝန်တွေကို ပုခုံးထမ်းသင့်ခြင်းကြောင့်ဖြစ်သည်။


သေချာပေါက် ဇနီးဖြစ်သူ ပိုက်ဆံရှာချင်တာတို့ တစ်ခုခု လုပ်ချင်တာတို့ကို သူ တားမြစ်မည်မဟုတ်ပေ။


သူက အစမ်းလက်ထပ်ဖို့သဘောတူခဲ့ပြီး မိသားစုဖြစ်လာပါက ထိုကိစ္စနှင့်ပတ်သက်ပြီး သူချုပ်ချယ်ပါက သူတို့ဆက်ဆံရေး တင်းမာနိုင်သည်။


အသက်ရှူသံမှန်မှန်ကို ကြားလိုက်ရတော့ သူ့နှုတ်ခမ်းတွေ ကော့တက်သွားခဲ့သည်။


သူက မီးမှုတ်ပြီး လဲချလိုက်သည်။


အရင်ဘဝက နေ့တိုင်း အိပ်မပျော်သည့် ရောဂါရှိခဲ့သည်။ ညဆိုရင် အိပ်ပျော်ဖို့ အလွန်ခက်ခဲသည်။


၅နာရီ ၆နာရီလောက် အိပ်ပျော်ဖို့ကို အိပ်ဆေးတွေ မှီဝဲခဲ့ရသည်။


သူ့ဘေးမှာ တခြားလူရှိနေတာကြောင့် လွယ်လွယ် အိပ်မပျော်နိုင်ဘူးဟု သူထင်ခဲ့သည်။


ရှောင်ဟန်ကျန့်က မိုးစင်စင်လင်းမှ နိုးလာလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ပေ။


သူ့ကိုယ်တိုင်လည်း အံ့သြခဲ့လေသည်။


ရှစ်ချင်းလျို့က စောစောထပြီး ထိုက်ချိ လေ့ကျင့်နေသည်။


ရှန်းယွမ်ရဲ့ မှတ်ဉာဏ်အရ တာအိုဘုရားကျောင်းမှာ နေခဲ့ရသည့် သူ့နေ့ရက်တွေက အလွန်အဆင်ပြေခဲ့သည်။


ဘုန်းတော်ကြီးက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဗိုက်ပြည့်အောင် ကျွေးမွေးသည်။


သို့ပေမယ့် တာအိုဘုန်းတော်ကြီးက အသားမစားတာကြောင့် သူတို့လည်း သားသတ်လွတ်သာ စားခဲ့ရသည်။


နှစ်ပေါင်းများစွာ အသားမစားခဲ့တာကြောင့် ရှန်းယွမ်ရဲ့ အာဟာရဓာတ်က ဟန်ချက်ပျက်သွားခဲ့သည်။


သူမ အိမ်ပြန်ရောက်သည့်အချိန်မှာ စောစောထပြီး နောက်ကျမှ အိပ်လေ့ ရှိသည်။


နေ့တိုင်း အလုပ်အများကြီး လုပ်ရသည်။


အစားအစာက မကောင်းသည့်အပြင် လုံလောက်အောင်လည်း မစားခဲ့ရပေ။


အာဟာရမပြည့်ခြင်း၊ ကျန်းမာသည့် အလေးချိန် မရှိခြင်း၊ ဖြူဖတ်သည့်အသားအရေကြောင့် ကြုံလှီဖြူစုတ်လာခဲ့သည်။


သူမအရင်ဘဝတုန်းက အမျိုးသမီးတွေ လိုချင်သည့် ကောက်ကြောင်းလှလှလေးတွေရှိသည့် အလှလေး ဖြစ်ခဲ့သည်။


ရှန်းယွမ်က သူမနှင့် ၇၀-၈၀ ရာခိုင်နှုန်းလောက် တူပေမယ့် လက်ရှိ ရုပ်ရည်ကို သူမဘာသာတောင် ပြန်မကြည့်ချင်ပေ။


ကံကောင်းချင်တော့ သူမမှာ မှန်မရှိကြောင့် ရေမျက်နှာပြင်မှာ ထင်ဟပ်သည့် ပုံကိုသာ ကြည့်နိုင်သည်။ မဟုတ်ပါက သူမ ငိုမိလောက်သည်။


ဒါကြောင့် ကိုယ်ခန္ဓာကို မြန်မြန်လေး ဂရုစိုက်ရမည်။


သူမအတိတ်ဘဝကပုံစံလို ၇၀-၈၀ ရာခိုင်နှုန်းလောက် တူအောင် ပြန်လုပ်ယူရမည်။


သူမ တွေးတောနေတုန်း တစ်ယောက်ယောက်က အနောက်ကနေ စိုက်ကြည့်နေတာကို ခံစားမိလိုက်သည်။


သူမ လှည့်ကြည့်လိုက်တော့ ရှောင်ဟန်ကျန့်က လမ်းလျှောက်တုတ်နှင့် တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။


မနေ့ညက သူ အာဟာရပြည့်ဖို့အတွက် ကလူးဂို့စ်နှင့် အာဟာရဓာတ်စာ နောက်တစ်ခေါက် တိုက်ကျွေးခဲ့သည်။


ပိုအရေးကြီးတာက သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့်နေရာလေးက နွေဦးစမ်းရေကိုယူပြီး အကြိမ်များစွာ တိုက်ခဲ့တာကြောင့် အခုလို လမ်းလျှောက်နေနိုင်တာ ဖြစ်သည်။


ရှောင်ဟန်ကျန့်က ပြုံးပြီး မေးလေသည်၊ "ဘာထိုးချက်တွေ လေ့ကျင့်နေတာလဲ"


သူ အရင်က တစ်ခါမှ ထိုထိုးကွက်မျိုး မတွေ့ဖူးခဲ့ပေ။


နူးညံ့ပုံပေါ်ပေမယ့် ထိုအထဲမှာ လျှို့ဝှက်ထားသည့် ခွန်အားရှိနေဟန်တူသည်။


ရှစ်ချင်းလျို့က ပြန်ဖြေလေသည်၊ "ထိုက်ချိလေ ကျွန်မ ဆရာသင်ပေးခဲ့တာ"


"ရှင်သာ အားနည်းမနေရင် ဒီနည်းကို သင်ပေးပါတယ်၊ ဒါက ယင်ယန်ကို မျှတစေပြီး ကိုယ်ခန္ဓာအားတိုးစေတယ်"


ရှောင်ဟန်ကျန့်က ပြုံးပြပြီး ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်ပါပြီ"


ရွာသားတွေ ခဏခဏပြောနေသည့် တာအိုဘုန်းတော်ကြီးကို သူ တွေ့ဖူးသည်။


သူက တုတ်ချောင်းလေးလိုပိန်ပြီး ကိုယ်ခန္ဓာ အခြေအနေ ကောင်းမွန်ပုံ မပေါ်ပေ။


သူက တစ်ခုခုကို စွဲလမ်းနေပုံရပြီး ညလည်း မကြာခဏ ဖယောင်းဆီရှို့တတ်သည်။


သူ့ကိုယ်ခန္ဓာအားတိုးလာဖို့ လေ့ကျင့်နည်းကို သူမ သိဟန် မတူပေ။


ရှစ်ချင်းလျို့က ထိုက်ချိလေ့ကျင့်လို့ပြီးပြီဖြစ်သည်။


သူမက နဖူးပေါ်က ချွေးတွေကိုသုတ်ပြီး ရှောင်ဟန်ကျန့်ကိုကြည့်ကာ မေးလေသည်၊ "ရှင် တို့ဟူးကို သိလား"


ရှောင်ဟန်ကျန့်က အူလည်လည် ဖြစ်သွားသည်၊ "ဘာတို့ဟူးလဲ"


ရှစ်ချင်းလျို့က ပြုံးလိုက်သည်၊ "စားစရာလေ"


ရှန်းယွမ်ရဲ့ မှတ်ဉာဏ်ထဲမှာ တို့ဟူးအကြောင်း မတွေ့ဖူးပေမယ့် ဒီကမ္ဘာမှာ တကယ်မရှိတာလားဆိုတာ မသေချာပေ။


အခု ရှောင်ဟန်ကျန့်ရဲ့ အဖြေကိုကြားလိုက်မှ တကယ်မရှိကြောင်း သိလိုက်ရသည်။


တို့ဟူးက စုန်မင်းဆက်ရဲ့ မှတ်တမ်းမှာမှ ပါဝင်ခဲ့သည်။


လက်ရှိ တာ့လျန်မင်းဆက်က အစောပိုင်း ထန်မင်းဆက်နှင့် တူသည်။


တခြားနေရာတွေမှာ ရှိနေပြီဆိုရင်တောင် သူတို့မြို့မှာ သေချာပေါက် မရှိသေးပေ။


ရှစ်ချင်းလျို့က ပြောလေသည်၊ "ဒီနေ့စားဖို့ တို့ဟူးလုပ်ရအောင်"


သူမ ကမ္ဘာလည့်ခရီးထွက်တုန်းက တို့ဟူးလုပ်သည့် ရွာကို တစ်ခါအလည်ရောက်ခဲ့ဖူးသည်။


ထိုနေရာမှာ တို့ဟူးက နိုင်ငံခြားသားတွေကို ဆွဲဆောင်သည့် အဓိကအရာ ဖြစ်ခဲ့သည်။


နိုင်ငံခြားသားတွေအနေနှင့် တို့ဟူးလုပ်သည့်နေရာကို လည်ပတ်ရရုံသာမက လုပ်နည်းပါ သင်လို့ ရသည်။


သူမလည်း သူငယ်ချင်းဖြစ်သူနှင့်အတူ သင်ယူခဲ့သည်။


သူမ မပြန်ခင်မှာ သူငယ်ချင်းဖြစ်သူက ဆားငန်ရေတချို့ဝယ်ခဲ့ပြီး သူမကိုပေးခဲ့ကာ ပြန်ရောက်ရင် ကိုယ်တိုင်တို့ဟူး လုပ်စားလို့ရကြောင်း ပြောခဲ့သည်။

 

အိမ်ပြန်လမ်းမှာ ဆားရေတွေ အဝတ်အိတ်ကို ပေသွားမှာ ကြောက်လို့ သူမက လျှို့ဝှက်ဆန်းကြယ်သည့် နေရာလေးမှာ ထည့်ထားခဲ့သည်။


သူမ ပြန်ရောက်တော့ ထိုအကြောင်းကို တဖြည်းဖြည်း မေ့သွားခဲ့သည်။


ရှီမိသားစုဆီမှာ သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့်နေရာလေးကို ရှင်းလင်းရင်းမှ ထောင့်လေးမှာ ဆားငန်ရည်ကို တွေ့ခဲ့သည်။


လျှို့ဝှက်ဆန်းကြယ်သည့်နေရာက အချိန်က ရေသေဖြစ်တာကြောင့် ဒိတ်ကုန်မည်မဟုတ်ပေ။


ဒါကြောင့်ပဲ ရှစ်မိသားစုဆီက ပဲပိစပ်ကို တောင်းယူခဲ့တာ ဖြစ်သည်။


ရှောင်ဟန်ကျန့်က သူမကိုကြည့်ပြီး ခပ်ရေးရေးပြုံးကာ မေးခဲ့သည်၊ "ဒါလည်း ခင်ဗျားရဲ့ဆရာ သင်ပေးခဲ့တာလား"


တစ်ခုခုကို မြင်နေရသလို သူ့ရဲ့ မည်းနက်သည့် မျက်လုံးအကြည့်တွေကို ရှစ်ချင်းလျို့မြင်လိုက်တော့ လိပ်ပြာမလုံတာမျိုးမဖြစ်ဘဲ အကြည့်လွှဲလိုက်သည်။


ထိုအစား သူမက ယုံကြည်ချက်ရှိရှိ ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်တယ် တို့ဟူးလုပ်ဖို့ ဆားငန်ရေတချို့ကို တောင်ပေါ်ယူလာခဲ့တယ်။"


သူတို့သာ အတူတူ အချိန်အကြာကြီးဖြုန်းပါက ရှောင်ဟန်ကျန့်လို ဉာဏ်ကောင်းသည့်လူက သူမရဲ့ လျှို့ဝှက်ချက်ကို သေချာပေါက် သိသွားတော့မည်ဖြစ်သည်။


သူမ တာအိုဘုရားကျောင်းက မသင်ယူခဲ့တာကို သူ သံသယဝင်နေပုံရသည်။


ဒါပေမဲ့ သူ သံသယဝင်နေတော့ကော ဘာလုပ်ရမှာလဲ။ မကြောက်ပါဘူး။


ဘယ်ကိစ္စမဆို သတ္တိရှိဖို့ တာအိုဘုန်းတော်ကြီးက သင်ပေးခဲ့သည်။


သွားစုံစမ်းလည်း ကိစ္စမရှိပေ။


တာအိုဘုန်းတော်ကြီးက ပျံလွန်တော်မူသွားပြီဖြစ်ကာ တာအိုဘုရားကျောင်းရဲ့ အဓိကခန်းမကိုပါ ဖျက်စီးသွားတာကြောင့် သက်သေပြစရာမရှိပေ။


"ကောင်းပြီ ကျုပ်ဘာလုပ်ပေးရမလဲ၊ ကျုပ်အကူအညီလိုလား" ရှောင်ဟန်ကျန့်က သံသယဝင်နေသော်လည်း မဖော်ထုတ်ခဲ့ပေ။


သူ့ဇနီးလေးက သူက တာအိုဘုန်းတော်ကြီးဆီက သင်ယူခဲ့ကြောင်း ပြောကတည်းက အနာဂတ်မှာ တစ်စုံတစ်ယောက်က ထိုအကြောင်းမေးခဲ့ရင်လည်း သူမက ထိုအတိုင်းသာ ဖြေလိမ့်မည်။


ဘာပဲဖြစ်ဖြစ် ရွာသားတွေအတွက် တာအိုဘုန်းတော်ကြီးက မသေမျိုး ဖြစ်သည်။


မသေမျိုးအနေနှင့် လူတွေတစ်ခါမှမတွေ့ဖူး မကြုံဖူးသည့်အရာတွေကို သူသိသည်။


ရှောင်ဟန်ကျန့်က ကူညီပေးဖို့ အရင်ပြောလာမည်ဟု သူမ မထင်မိခဲ့ပေ။


ထိုအမျိုးသားက အသိတရားရှိပြီး မဆိုးဘူးဟု သူမခံစားလိုက်ရသည်။