အခန်း (၂၄) သူတို့က လူကောင်းတွေပဲ
ရှောင်မိသားစု အကြီးဆုံးသားရဲ့ဇနီး အမျိုးသမီးဝမ်နှင့် ရှောင်မိသားစု တတိယသားရဲ့ဇနီး အမျိုးသမီးဝူက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခြံအဝင်နား သွားလိုက်ကြသည်။
ထို့နောက် လူတစ်ယောက်၏ မေးသံကို သူတို့ကြားလိုက်လေသည်၊ "တာ့လန်ရဲ့ဇနီးရေ ဒါကို တခြားရွာကိုကော ရောင်းမှာလား။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်၊ "ကျွန်မတို့က လုပ်ပြီး ရောင်းရမှာ ကျွန်မတို့မိသားစုက အဲလောက်ထိ မလုပ်နိုင်ဘူး၊ တကယ်လို့ ရှင်တို့အကြံရှိရင် ကျွန်မတို့ဆီက ဝယ်ပြီး မြို့ထဲ ဒါမှမဟုတ် တခြားရွာကို ယူရောင်းလို့ရတယ်၊ တစ်ခါတည်း ၃ကျင်းဝယ်မယ်ဆိုရင် ၁ကျင်းကို ပဲပိစပ် ၈ပြားဖိုးနဲ့ လဲလှယ်လို့ရသလို တစ်ကျင်းကို ၄ပြားနဲ့ဝယ်လို့ရတယ်။"
"၃ကျင်းထက် ပိုဝယ်ရင်တော့ ပိုက်ဆံ သို့မဟုတ် ပဲပ်စပ်နဲ့ပဲ လဲလှယ်လို့ရပြီး တခြားပစ္စည်းတွေနဲ့ လဲလှယ်လို့ မရဘူး။"
"၁ကျင်းကို ၅ပြား၊ ၆ပြားနဲ့ ပြန်ရောင်းလို့ရပြီး အဲထက်တော့ စျေးတင်လို့မရဘူး။"
ရှစ်ချင်းလျို့က တို့ဟူးစီးပွားရေးကို ချဲ့ထွင်ဖို့ ပြင်ဆင်ပြီးသားဖြစ်သည်။
ဒါကြောင့် တို့ဟူးစျေးနှုန်းက အရမ်းအတက်အကျဖြစ်လို့မရပေ။
သေချာသည့် စျေးနှုန်း မသတ်မှတ်ထားတာလည်း အကြောင်းတချို့ရှိသည်။
ဥပမာအားဖြင့် မြို့ထဲနှင့် တခြားပိုဝေးသည့်နေရာကို သွားရောင်းရပါက အချိန်ပိုကုန်သလို တို့ဟူးကို သယ်ရသည့် အားလည်း ပိုကုန်သည်။
ထိုအပေါ်ကို မူတည်ပြီး ၁ကျင်းကို စျေးနှုန်းအတက်အကျ ရှိနိုင်သည်။
ရှစ်ချင်းလျို့ရဲ့ စကားကိုကြားတော့ လူအများစုက စိတ်ဝင်စားလာခဲ့ကြသည်။
တာ့လျန်မင်းဆက် ထူထောင်ထားတာကြာပြီ ဖြစ်သည်။
မကြာခင်က စစ်ပွဲပြီးသွားပြီး ပြည်သူတွေ ပြန်အခြေကျပြီဖြစ်သော်လည်း ငွေသိပ်မရှာနိုင်သေးပေ။
ကျေးရွာတွေမှာ အားလပ်ချိန်ဆိုရင် ငွေရှာရတာ သဘောကျကြသည်။
"ကောင်းသားပဲ ငါ့မိသားစုက တို့ဟူး ကျင်းအနည်းငယ်လောက် ယူရောင်းမယ်။"
အမျိုးသားတစ်ယောက်က ထရပ်ကာ ပြောခဲ့သည်၊ "ဒါပေမဲ့ အခု ခင်ဗျားတို့မိသားစု တို့ဟူးလုပ်တာ အရမ်းနည်းတယ်၊ ဒီနေ့ တို့ဟူးမလောက်မှာကို ရွာသားတွေက စိုးရိမ်နေတာ၊ ငါတို့က အများကြီးလို ချင်ပေမယ့် ခင်ဗျားတို့မှာ မရှိတော့ဘူးလေ။"
တို့ဟူးအများစုက လဲလှယ်ပြီးကုန်ပြီဖြစ်သည်။
ရွာအတွက်တောင် မလုံလောက်ရင် တခြားရွာကို ဘယ်လိုရောင်းရမှာလဲ။
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်၊ "ဒါကြောင့် ၂ရက်အတွင်း တို့ဟူးပိုထုတ်လုပ်ဖို့ လူငှားထားတယ်၊ ထုတ်လုပ်ရေးက ပိုများလာမှာပါ၊ နေ့တစ်ပိုင်းအတွင်း ပြီးအောင် အကောင်းဆုံး လုပ်မှာပါ ဒါဆိုရင် ရောင်းမယ့်လူလည်း စောစောရောင်းရတာပေါ့။"
"ကောင်းတယ်။ ရက်အနည်းငယ်နေရင် ကျုပ် ကျင်းအနည်းငယ် ဝယ်မယ်။" ထိုလူကြီးက ခေါင်းငြိမ့်ကာ ပြုံးခဲ့သည်။
သူတို့မိသားစုက လုပ်သားအင်အားများသော်လည်း နယ်မြေကြောင့် အစားအစာ အရင်းအမြစ် မလုံလောက်ပေ။ ခေတ်ကောင်းတုန်းက လယ်ထဲက အစေ့အဆန်ပင် သူတို့စားဖို့ မလောက်တာကြောင့် မြို့ကိုသွားကာ ယာယီ အလုပ်လုပ်ခဲ့ရသည်။
သို့ပေမယ့်လည်း တစ်ရက်ကို ပြားအနည်းငယ်သာ ရှာနိုင်ခဲ့သည်။
အလုပ်ကြိုးစားခဲ့ပြီး နေ့စဥ်အလုပ်တာဝန်တောင် မသတ်မှတ်ထားပေ။
မနေ့က သူတို့ဝယ်သွားခဲ့သည့် တို့ဟူးက အလွန်စားကောင်းသည်။ ဟင်းသီးဟင်းရွက်ထက် ဗိုက်ပြည့်သည်။
ဒါ့အပြင် သူတို့မြို့ထဲမှာ အဲလို အစားအသောက် မရှိတာကြောင့် ရောင်းရလွယ်မည်ဟု သူ ထင်သည်။
ဒီတို့ဟူးသာ ရောင်းရလွယ်ပါက အချိန်ပိုင်းအလုပ်တွေလုပ်ရတာထက် ပိုက်ဆံရှာရပိုလွယ်နိုင်သည်။
စောစောရောင်းကုန်ပါက အိမ်ပြန်ပြီး လယ်ကူလုပ်လို့ရသည်။
ထို့သို့တွေးနေသည့် တခြားမိသားစုက သန်မာသည့်ယောက်ျားကြီးတွေလည်း ရှိသည်။
တစ်ယောက်ပြီးတစ်ယောက် နောက်နေ့ ပိုလုပ်ဖို့မှာခဲ့ကာ သူတို့ပြန်ရောင်းဖို့ လာယူမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။
မေးခွန်းမေးသည့် လူတွေလည်း ရှိသေးသည်၊ "တာ့လန်မိန်းမရေ တို့ဟူးလုပ်ဖို့ လူငှားတယ်ဆိုတော့ လူက ငှားပြီးကုန်ပြီလား၊ တစ်ရက် ဘယ်လောက်ပေးလဲ။"
တို့ဟူးကို သူတို့ဘာသာရောင်းတာထက်စာရင် ရှောင်မိသားစုနှင့် တို့ဟူးလုပ်ဖို့ စိတ်ဝင်စားသည့်လူတွေ ရှိသေးသည်။
ရှစ်ချင်းလျို့ကပြုံးကာ ပြန်ဖြေခဲ့သည်၊ "ကျွန်မယောက်ျားက သူကြီးဆီနဲ့ လူခေါ်ခိုင်းခဲ့တာ၊ အတိအကျတော့ ကျွန်မလည်း မသိဘူး။"
သူမဘာသာ လူခေါ်တာထက် သူကြီး လူခေါ်ပေးတာ ပိုအဆင်ပြေသည်။
ပထမတစ်ချက်အနေဖြင့် သူကြီးက ရှာ့ရှီရွာနှင့် ရင်းနှီးသည်။
အလုပ်အတွက် သင့်လျော်သည့်လူကိုရွေးပေးနိုင်ပြီး တို့ဟူးထုတ်လုပ်မှုပိုင်းမှာ ယုံကြည်စိတ်ချရနိုင်သည့်လူကို ရနိုင်သည်။
သူကြီးရှိနေတာကြောင့် အရွေးမခံရသည့်လူတွေလည်း အငြိုးထားမည်မဟုတ်ပေ။
ဒုတိယတစ်ခုက တို့ဟူးထုတ်လုပ်ခြင်းက ရှာ့ရှီ တစ်ရွာလုံးကို အကျိုးအမြတ်ရစေမည်။
ဒါက လူတိုင်းကို ကြွယ်ဝအောင်လုပ်တာနှင့် တူညီသည်။
ဒါကိုပဲ သူကြီးကမြင်ချင်တာကြောင့် သူက အားတက်သရောကူညီလိမ့်မည်။
တာ့လျန်အစိုးရက အခုမှ ထူထောင်ထားတာဖြစ်တာကြောင့် ဖွံ့ဖြိုးရေးပိုင်းမှာ လစ်ဟင်းမှုတွေ အများကြီး ရှိသေးသည်။
အိုးအိမ်စွန့်ပစ်ကာ စစ်ပြေးခဲ့ရသည့်လူတွေက အခုမှ ကိုယ့်ရွာကိုယ် ပြန်လာပြီး အခြေချကြတာ ဖြစ်သည်။
ဒါကြောင့်ပဲ ရွာသားအများစုက ရွာတစ်ရွာမှာ မျိုးရိုးနာမည် တစ်ခုတည်းကို မျှသုံးကြသည်။
သူတို့ရွာအတွက် သူကြီးက တာဝန်ယူသည်။
ရွာတွေမှာ မတူညီသည့် မျိုးရိုးနာမည်တွေအများကြီးရှိပြီး တစ်ရွာကို လူတစ်ယောက်ဖြင့် သူကြီးအဖြစ် ခန့်အပ်ထားခဲ့သည်။
ရွာသူကြီးက အလုပ်သမားစုဆောင်းပေးကြောင်းကြားတော့ လူအများစုက စိတ်ပျက်သွားခဲ့သည်။
အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူက ခဏလောက်တွေးလိုက်သည်။ သူတို့က အကြံတူနေသည်။
တို့ဟူးတွေ ရောင်းကုန်ခါနီးကျတော့ အမျိုးသမီးဝမ်က အမြန်လျှောက်သွားခဲ့သည်။
သူမက ယုံကြည်ချက်အပြည့်ဖြင့် စားပွဲပေါ်က ကျန်နေသည့် တို့ဟူးတွေကို ညွှန်ပြခဲ့သည်။
"ဟန်ကျန့်မိန်းမ ငါတို့ ဒီတို့ဟူးတွေ လိုချင်တယ်။"
သူတို့နှစ်ယောက် လက်ဗလာဖြင့် လာတာတွေ့တော့ ရှစ်ချင်းလျို့က မေးခဲ့သည်၊ "ဘာနဲ့လဲ မှာလဲ"
အမျိုးသမီးဝမ်က ခဏလောက် ကြက်သေသေသွားပြီး သူမက ခပ်မာမာ ပြောခဲ့သည်၊ "ငါက နင့်ကြီးဒေါ်၊ ငါ တို့ဟူးစားချင်တာကို လဲလှယ်စရာလိုလား။"
အမျိုးသမီးဝမ်က ပိုအကြံများသည်။
သူမက ပြုံးကာ ပါးပါးနပ်နပ် ပြောခဲ့သည်၊ "အဖိုးနဲ့ အဖွားက တို့ဟူးစားချင်တယ်ဆိုလို့ သူတို့က လာယူခိုင်းတာပါ။"
အမျိုးသမီးဝမ်ကလည်း ပြောလေသည်၊ "ဟုတ်တယ်၊ ဒီတို့ဟူးဗန်းက နင်တို့ အဖိုးအဖွားအတွက်၊ ဒါထက် နင့်ရဲ့မိသားစုက အသက်ကြီးပြီး အားနည်းပြီး ဖျားနာတဲ့လူနဲ့ ဘယ်လိုလုပ် တို့ဟူးဆိုင်ဖွင့်တာလဲ။"
"နင့်ဦးလေးကြီးနဲ့ တတိယဦးလေးကို စီမံခန့်ခွဲခိုင်းပါလား၊ တစ်မိသားစုလုံးအတွက် သူတို့ အလုပ်ကြိုးစားရင် ပြဿနာမရှိပါဘူး။"
သူမတွင် အစီအစဥ်ရှိပြီးသားဖြစ်သည်။ အရင်ဆုံး သူတို့မိသားစုက အမျိုးသားတွေကို တို့ဟူးထုတ်လုပ်ရေးကို အရင်စီမံခန့်ခွဲခိုင်းမည်။
အကယ်၍ အကျိုးအမြတ် ရလာပါက သူတို့ဘာသာ အကုန်သိမ်းယူမည်ဖြစ်သည်။
အကျိုးအမြတ် မရရင်လည်း မလုပ်တော့ဘဲ ထွက်ခွာမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွင် အရှုံး မရှိပေ။
ရှောင်ဟန်ကျန့်က အားနည်းနေတာကြောင့် အိပ်ရာထဲ လဲကာအနားယူနေကြောင်း သူတို့ ကြားသိခဲ့ရသည်။
ဒါကြောင့် ထုတ်လုပ်ရေးပိုင်းကို သူလိုက်မကြည့်နိုင်ပေ။ အမျိုးသမီးခုန်ကို သူတို့မကြောက်ပေ။
သူတို့စကားကိုကြားတော့ ရွာသားတွေက ဆွံ့အသွားခဲ့ကြသည်။
ရှောင်အိမ်က ချွေးမ နှစ်ယောက်က တကယ်အရှက်မရှိတာပဲ။
သူတို့က သူတို့တူရဲ့ တို့ဟူးထုတ်လုပ်ရေးကို လက်လွဲယူချင်နေတာပဲ။
လူတိုင်းက အမေရှောင်ကို လှည့်ကြည့်ခဲ့ကြသည်။
သူတို့ထပ်ပြီး အနိုင်ကျင့်ခံရတော့မယ်ထင်တယ်။
ရှောင်ဟန်ကျန့်ကလည်း နေပြန်မကောင်းသေးပေ။ မိသားစုထဲမှာ အားနည်းသည့် အမျိုးသမီး သုံးယောက်နှင့် ကလေးသာ ရှိသည်။
ရှောင်မိသားစုက အယုတ်တမာ နှစ်ယောက်နဲ့ သူတို့ ဘယ်လိုယှဥ်နိုင်မှာလဲ။
အမေရှောင်က ကြောက်နေခဲ့သည်။
ထို့နောက် သူမ၏ လက်ဖဝါးက နွေးထွေးမှုကို ခံစားလိုက်ရသည်။
"အမေ မကြောက်နဲ့၊ ကျွန်မ ရှိတယ်။"
အမေရှောင်က အဖွားအိုရှောင်ရဲ့ နှိပ်စက်မှုကို အမြဲခံခဲ့ရကြောင်း ရှစ်ချင်းလျို့ နားလည်သည်။
ဒီနှစ်ယောက်ရဲ့ အနိုင့်ကျင့်ခြင်းကိုလည်း ခံခဲ့ရတာကြောင့် သူတို့ကိုတွေ့တာနှင့် ကြောက်နေခြင်း ဖြစ်သည်။
ထိုအခါမှ အမေရှောင်က အံကြိတ်ကာ ခေါင်းငြိမ့်ပြခဲ့သည်၊ "အင်း အမေ မကြောက်ဘူး"
ထို့နောက်ရှစ်ချင်းလျို့ရဲ့ အားပေးသည့် အကြည့်အောက်မှာ သူမက အမျိုးသမီးဝမ်နှင့်အမျိုးသမီးဝူကို ကြည့်လိုက်သည်၊ "ဒါက ကျွန်မတို့မိသားစုရဲ့ တို့ဟူးလုပ်ငန်းပါ၊ အစ်မတို့ရဲ့ ယောက်ျားတွေကို ဒုက္ခမပေးချင်ပါဘူး၊ ဒီတို့ဟူးတွေကလည်း တခြားလူနဲ့ လဲလှယ်ဖို့ သဘောတူထားပြီးသားပါ၊ အလာနောက်ကျသွားပြီ။"
ထို့သို့ပြောပြီးနောက် သူတို့နှစ်ယောက်ကို ငြင်းဆန်ဖို့ အဲလောက် မခက်ခဲကြောင်း သူမ နားလည်သွားခဲ့သည်။
အမေရှောင်က သူတို့ကို ငြင်းဆန်ရဲလိမ့်မည်ဟု အမျိုးသမီးဝမ်က မထင်မိခဲ့ပေ။
သူမက ဒေါသထွက်စွာကြည့်ပြီး ပြောခဲ့သည်၊ "အင်း မပြောခင် သေချာတွေးတာ ပိုကောင်းမယ်"
ဘေးမှာ ရွာသားတွေသာမရှိပါက ထိုခွေးမကို အရင်လို သင်ခန်းစာကောင်းကောင်း ပေးလိုက်ပြီ ဖြစ်သည်။
အမေရှောင်က တောင့်ခဲသွားခဲ့သည်။
ဟန်ကျန့်သတိလစ်သွားကတည်းက ဒီနှစ်ယောက်ရဲ့ အကြိမ်များစွာ ရိုက်နှက်ခြင်းကို သူမ ခံခဲ့ရသည်။
အမျိုးသမီးဝမ်ရဲ့ မျက်နှာကိုတွေ့တော့ သူမအနည်းငယ် ကြောက်သွားခဲ့သည်။
ရှစ်ချင်းလျို့က အမေရှောင် အနိုင်ကျင့်ခံရဖို့အတွက် အမြဲပျော့ညံ့မနေစေချင်ပေ။
သူမဘာသာ ရပ်တည်ဖို့လိုသည်။
အစကတည်းက ရက်ရက်စက်စက်လုပ်ဖို့တော့ အစီအစဥ် မရှိပေ။
အခု အမေရှောင်က သတ္တိမွေးပြီး ထိုနှစ်ယောက်ကို ငြင်းဆိုနိုင်ခဲ့တာ ကောင်းမွန်သည့် အစဖြစ်သည်။
ထို့ကြောင့် သူမက မီးဖိုချောင်သုံးဓားကိုယူကာ စဉ့်နီတုံးကို ခုတ်ချလိုက်သည်။
ဘေးကလူတွေက ထိတ်လန့်သွားခဲ့သည်။
ရှစ်ချင်းလျို့က အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။
"ရှင်တို့နှစ်ယောက်က ဘာလို့ အမျိုးတွေဆိုပြီး အရူးလုပ်နေတာလဲ၊ ဦးလေးကြီးနဲ့ တတိယဦးလေးက ဘယ်သူတွေလဲ၊ ကျွန်မတို့က အမျိုးတော်စပ်သေးလို့လား။"
ချမ်းသာကြွယ်ဝချင်ပါက အနိုင်ကျင့်လွယ်သည့်ပုံစံနှင့် စကားပြောရလွယ်သည့်ပုံစံ ရှိမနေသင့်ပေ။
ရှစ်ချင်းလျို့က ရွာမှာ လုပ်ပိုင်ခွင့်ရဖို့ စီစဥ်ထားသည်။
သူတို့ဘာသာ လာခဲ့သည့် အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူက ဥပမာအနေဖြင့် ရှစ်ချင်းလျို့ အသုံးချတာ ခံရမည်။
သူတို့က ညှာတာထောက်ထားတတ်တဲ့ လူကောင်းတွေ ဖြစ်သည်။