အခန်း (၅၇) – သူမရဲ့ ရွှင်လန်းတက်ကြွနေသောအသံက လီဝမ့်ကျင်းရဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်အား ပျောက်ဆုံးသွားစေခဲ့သည် (၁)
လီဝမ့်ကျင်းသည် သူတို့၏ပိုင်ဆိုင်မှုများ ခွဲဝေရာတွင် ဖန့်ကျွင်းရုံက သူ့အပေါ်တွင် ညစ်နေသဖြင့် ဒေါသထွက်လာသော်လည်း ဖန့်ကျွင်းရုံကို မနှောင့်ယှက်ရဲပေ။ သူမက ကွာရှင်းဖို့ကို စိတ်ပိုင်းဖြတ်ထားခဲ့ပြီး သားဖြစ်သူကတောင် သူမကို စိတ်ပြောင်းသွားအောင် မလုပ်နိုင်ခဲ့ပါ။
သူက သူတို့သမီးဖြစ်သူကို ဖုန်းခေါ်ဖို့ စဉ်းစားခဲ့ပြီး သူမကို အိမ်သို့ ပြန်ခေါ်ခဲ့သည်။ သူက ဖန့်ကျွင်းရုံဟာ သမီးဖြစ်သူကို အလေးပေးတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားသည်။ သူက ထို့အတွက် ဂရုမစိုက်သော်လည်း သူက ၎င်းကို တွန်းအားပေးနေခြင်းကို ရပ်တန့်ပေးလိမ့်မည် မဟုတ်ပါ။ လီရှင်းယွင်ကို သူ ဖုန်းခေါ်ချိန်တိုင်း သူမဖုန်းကို ပိတ်ထားခဲ့သည်။ သူမကို အကြိမ်များစွာခေါ်ခဲ့သော်လည်း ခေါ်မရပေ။ မည်သို့ပင်ဆိုစေကာမူ သူမဖုန်းမကိုင်တာကို သူလည်း လုပ်နိုင်စွမ်း အများကြီး မရှိခဲ့ပါ။
သူသည် သူတို့ပိုင်ဆိုင်သည့်ပစ္စည်းများကို ဖန့်ကျွင်းရုံက ခွဲဝေနေတာကိုကြည့်ပြီး ဝမ်စစ်ရှန်းအပေါ် အကူအညီမဲ့စွာ အပြစ်ပုံချဖို့ မလုပ်ချင်သော်လည်း နောက်တဖန် နောင်တ အကြီးအကျယ်ရခဲ့သည်။ သူမက စိတ်မရှည်ပဲ သူ့ကိုမဆွဲဆောင်ခဲ့ဘူးဆိုရင် သူက အမှားလုပ်မိမှာ မဟုတ်ဘူး။ သူက ထိုနေ့ကသောက်ခဲ့သည့်ဝိုင်မှာ ဆေးခတ်ထားခဲ့လားဆိုသည်ကိုပင် သူ စတင် မေးခွန်းထုတ်မိခဲ့သည်။
"ဒါက မင်းလိုချင်တာ သေချာရဲ့လား။ နောက်ဆုံးမှာေတာ့ ကိုယ့်တို့လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီပဲလေ။" ကွာရှင်းပြတ်ဆဲဖို့ ပိုင်ဆိုင်မှုခွဲဝေနေသည့်စာချုပ်များကိုကြည့်ရင်း သူအကူအညီဖြစ်နိုင်မှန်း မသေချာသော်လည်း နောက်ဆုံးအကြိမ် ကြိုးစားသည့်အနေဖြင့် မေးလိုက်သည်။
ဖန့်ကျွင်းရုံက သူ့ကို အေးစက်သောအကြည့်တစ်ချက် ပေးလိုက်သည်။ "ရှင့်ရဲ့ပိုက်ဆံတွေနဲ့ မခွဲနိုင်ဘူးလား။ ရှင် ဒီလိုလူလတ်တန်းစားတွေပုံစံမျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ ထင်ခဲ့တာ။"
"အဲ့လို သဘောမဟုတ်ပါဘူးကွာ။ ကိုယ်တို့ကြား သံယောဇဉ်တွေကို ပြန်စဉ်းစားပြီးတော့ ကိုယ့်ကို ခွဲမသွားပါနဲ့လား။"
လီဝမ့်ကျင်း၏အတိုင်းအတာတစ်ခုအထိ အရှက်ကင်းမဲ့မှုအဆင့်ကို ဖန့်ကျွင်းရုံ လက်လန်သွားခဲ့သည်။ သူ့မှာ အခုအချိန်အထိ သူမအတွက် ခံစားချက်တွေ ရှိနေသေးတယ်လို့ ဘယ်လိုနည်းနဲ့ အရှက်တရားကင်းမဲ့စွာ ဟန်ဆောင်နိုင်ရတာလဲ။ သူမ စက်ဆုပ်ရွံရှာဖွယ်ရာ အပြုအမူကိုသာ တွေ့ရှိခဲ့ရသည်။
သူမနှုတ်ခမ်းလေးဟာ အနည်းငယ်တွန့်ကွေးသွားခဲ့ပါသည်။ သူမမျက်နှာမှာ အသည်းခိုက်အောင် အေးစက်စက် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားလေသည်။ "ဒါဆိုရင် ရှင် ကျွန်မကို ဘယ်လောက်ချစ်လဲဆိုတာကို သက်သေပြဖို့ ရှင့်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ကျွန်မကို ဘာလို့ မပေးရတာလဲ။"
လီဝမ့်ကျင်းသည် ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။
ဖန့်ကျွင်းရုံသည် မတ်တပ်ထရပ်လိုက်ပြီးတော့ သူ့ကို စကားစဖြတ်ခဲ့သည်။ "ရှင် မနက်ဖြန်မှာ ရေပန်းစားဆုံးသတင်းမှာ မပါရင် အသုံးမဝင်တာတွေ လုပ်မနေနဲ့။ ပြည်သူ့ရေးရာဌာနမှာ ရှင့်ကို ကျွန်မ တွေ့ချင်တယ်။"
သူမသည် လီဝမ့်ကျင်းစိတ်ပြောင်းလဲသွားမည်ကို မစိုးရိမ်ပေ။ နောက်ဆုံးတွင် သူ့ဂုဏ်သတင်းက သူ့အတွက် အလွန်အရေးကြီးေသာကြောင့် သူက ညစ်ညမ်းဗီဒီယိုအချို့၏ အဓိကဇာတ်လိုက်ဖြစ်ခြင်းကို သည်းမခံနိုင်လောက်ပါ။
တစ်ရာရာခိုင်နှုန်းဘေးကင်းလုံခြုံမှုရှိဖို့ သူမက လီဝမ့်ကျင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားခဲ့သည်။
လီဝမ့်ကျင်းသည် စိတ်ပျက်အားငယ်စွာ သူ့ကုမ္ပဏီထံသို့ပြန်သွားခဲ့ပြီး အကြံဉာဏ်ကောင်းများ ရနိုင်မလားလို့ ယုံကြည်စိတ်ချရသောလက်ထောက်နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။
သူ့လက်အောက်ခံ ကျိုးကျစ်က ခေါင်းခါပြလိုက်သည်။ "သူဌေးကတော်က သူဌေးဆီက ဘယ်နေရာကို လိုချင်နေတာလဲ။ တကယ်တော့ သူဌေးက အခုအမှားတစ်ခု လုပ်မိတာပဲ။ သူဌေးကတော်ကလည်း တူညီတဲ့အမှားမျိုး လုပ်မိနိုင်တာပဲလေ။"
သူ့စကားများက သူတို့ပြုလုပ်လို့ရနိုင်သည့်အကြောင်းကို အရိပ်အမြွတ်ပြနေသလိုမျိုးပင်။
လီဝမ့်ကျင်းသည် သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ခဲ့သည်။ သူက ဖန့်ကျွင်းရုံအတွက် ခံစားချက်မရှိတော့ဘူးဆိုရင်တောင်မှ သူတို့အိမ်ထောင်ကျခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ သူသည် သူမအား သူ့ပိုင်ဆိုင်မှုအဖြစ် အချိန်အတော်ကြာကတည်းက ရှုမြင်ခဲ့သည်။ သူထံမှ သူ့မကို ခိုးယူဖို့ စေတနာ မထားနိုင်ပေ။ ဘယ်ယောကျာ်းကိုမျှ မပေးနိုင်ပေ။
ထို့အပြင် ဖန့်ကျွင်းရုံက ယခုအချိန်တွင် အိမ်သို့ ပြန်ရောက်နေခဲ့ပြီး သူမအနေဖြင့် မနက်ဖြန်တွင် သူ့ကို ပြည်သူ့ရေးရာဌာနမှာ တွေ့လိုသည် မဟုတ်ပါက သူက ရေပန်းစားဆုံးသတင်းမှာ ပါဝင်သွားလိမ့်မည်ဟု သူ့အား ရာဇသံပေးခဲ့သည်။ အချိန်တစ်ရက်တည်းဖြင့် သူလိုချင်လျှင်ပင် ထိုအဖြစ်အပျက်ကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါ။
သူ့မှာ ကွာရှင်းရမည့်ကံကြမ္မာကို ရွေးချယ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါ။ သူက အလွန်မတရားသလို ခံစားခဲ့ရသည်။ ပိုင်ဆိုင်မှုတော်တော်များများနှင့် သူတို့ထဲမှ အများစုဟာ သူ့အတွက်သာ ဖြစ်သင့်လေသည်။
၎င်းအကြောင်းများကို သူများများတွေးလေလေ ပိုမပျော်ရွှင်လေလေ ဖြစ်လာခဲ့သည်။
ပြီးနောက် သူ့လက်ထောက်ဟာ လမ်းလျှောက်ဝင်လာခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့ရဲ့ကြေးနီရောင်အသားအရေဟာ တောက်ပနေခဲ့သည်။
"သူဌေး ကျွန်တော် မြို့တော်အစိုးရကနေ လာမည့်နှစ်အတွင်း စီးပွားရေးဧရိယာအသစ်တစ်ခု တည်ဆောက်ဖြစ်လိမ့်မယ်ဆိုတဲ့သတင်းကြားခဲ့ရတယ်။ အဲဒီစီးပွားရေးဧရိယာအသစ်က ကျွန်တော်တို့စက်ရုံအနီးက နန်ဟဲခရိုင်မှာ တည်ဆောက်ဖို့ ဖြစ်နိုင်တယ်တဲ့။"
အေရွန်၏ဌာနချုပ်သည် မြို့လယ်ခေါင်တွင်တည်ရှိသော်လည်း သူတို့၏စက်ရုံကို ပိုစျေးသက်သာသည့် ဝေးလံသည့်နေရာများတွင် တည်ဆောက်ထားခဲ့သည်။ ထို့အပြင် သူတို့က ကုမ္ပဏီငယ်လေး မဟုတ်သည့်အတွက် သူတို့၏စက်ရုံက အတော်အသင့်လေးတော့ ကြီးမားသည်။
အခန်း (၅၈) – သူမရဲ့ ရွှင်လန်းတက်ကြွနေသောအသံက လီဝမ့်ကျင်းရဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်အား ပျောက်ဆုံးသွားစေခဲ့သည် (၂)
လီဝမ့်ကျင်း၏မျက်နှာဟာ ဝင်းးပသွားခဲ့ပြီး ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး သူ့လက်ထောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးမှာ မေးခွန်းအပြည့်ဖြင့် မေးလိုက်ေလသည်။ "မင်း အဲ့ဒီသတင်းက သေချာရဲ့လား။"
ကျိုးကျစ်က ခေါင်းကို အလျင်အမြန်ညိမ့်လိုက်သည်။ "ကျွန်တော့်နားတစ်စုံနဲ့ အဲ့သတင်းကို သေချာကြားခဲ့ရတာ"
လီဝမ့်ကျင်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး စိတ်လှုပ်ရှားစွာ သူ့လက်များကို ပွတ်တိုက်နေမိခဲ့သည်။ အကယ်၍ ဒီသတင်းသာ မှန်ခဲ့ပါက သူ့ကုမ္ပဏီအတွက် များစွာ အကျိုးရှိပေလိမ့်မည်။ သူတို့သည် ထိုမြေကွက်၏ကုန်ကျစရိတ်ကို အနည်းဆုံးခြောက်ဆအထိ ပြုလုပ်နိုင်သဖြင့် ကုမ္ပဏီ၏တန်ဖိုးကို ယွမ်ဘီလီယံသုံးဆယ်အထိ မြှင့်တင်နိုင်ပေသည်။
သူက ထပ်မေးလိုက်ပြန်သည်။ "မင်း အဲ့သတင်းစကားကို ဘယ်နေရာက ကြားလာတာလဲ။"
"ဟဲကျန့်ပင်းက သူ့သူငယ်ချင်းတစ်ယောက်နဲ့ နေ့လည်စာစားရင်း အဲ့အကြောင်းပြောနေတာကို ကျွန်တော် ကြားခဲ့တာ" ဟု ကျိုးကျစ်ကပြန်ဖြေလိုက်သည်။
လီဝမ့်ကျင်းက မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့ ဘယ်လို ဂရုမစိုက်ကြတာလဲ။ သူဟာ သူ့ဇနီးရဲ့ အထက်တန်းတုန်းကသူငယ်ချင်းဖြစ်တဲ့ ဟဲ့ကျန့်ပင်းဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို သူသိခဲ့သည်။ သူမက ဂရုစိုက်တတ်သောလူတစ်ဦးဖြစ်ပြီး အလွန်အရေးကြီးသောကိစ္စများကို အများပြည်သူပိုင်နေရာတွေမှာ ဘယ်တော့မှ မျှဝေပြောဆိုလိမ့်မည် မဟုတ်ပါ။
"မဟုတ်ဘူး။ ကျွန်တော် အဲ့အကြောင်းကို သူတို့သီးသန့်အခန်းကို စားပွဲထိုး ဝင်သွားချိန်မှ တစွန်းတစ်စကြားခဲ့ရတာ" ဟု ကျိုးကျစ်က ပြောလိုက်သည်။ သူက လီဝမ့်ကျင်းကို ကြည့်လိုက်သည်။ လီဝမ့်ကျင်းက ဟဲအိမ်တော်ထံမှ အတွင်းသတင်းများကို အမြဲတမ်းလိုချင်နေခဲ့သော်လည်း မည်သည့်အခါကမျှ အခွင့်အရေးမရခဲ့ကြောင်းကို ကောင်းစွာသိခဲ့လေသည်။
"ကျွန်တော် အဲ့သီးသန့်အခန်းကို တာဝန်ယူရတဲ့စားပွဲထိုးကို ပိုက်ဆံပေးပြီး မေးခဲ့တာ" ကျိုးကျစ်က အဲ့အကြောင်းကို ပြောနေချိန်မှာ အပြစ်ရှိတယ်ဆိုတဲ့အမူအရာမျိုးကို ပြသခြင်း မရှိခဲ့ပါဘူး။ သူက သတင်းအချက်အလက် လုံလုံလောက်လောက်သိခဲ့တယ်ဆိုတာကိုသာ ဂုဏ်ယူမှာဖြစ်ကြောင်းကို ကောင်းစွာ နားလည်ခဲ့သည်။
ထိုအကြောင်းကိုကြားလိုက်ရတော့ လီဝမ့်ကျင်း၏မျက်မှောင်ပြေလျော့သွားခဲ့သည်။ သူက ယခုအချိန်မှာတော့ ဒီသတင်းအချက်အလက်များ၏ ယုံကြည်စိတ်ချရမှုက ပိုမိုယုံကြည်စိတ်ချလို့ရသည်ဟု ခံစားမိခဲ့သည်။ အကယ်၍ ၎င်းသတင်းအချက်အလက်သာမှန်ကန်ခဲ့ပါက ဖန့်ကျွင်းရုံထံသို့ ရရှိသွားမည့်ဝေစုကို ပိုမိုလျော့နည်းသွားစေနိုင်သည်။
သူသည် Aryonတွင် သူတို့၏အစုရှယ်ယာနှစ်ခုစလုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဘာမှဆုံးရှုံးမှု မရှိနိုင်ပေ။ အဲဒီအချိန်မှာ ဖန့်ကျွင်းရုံက လာရောက်ပြီး သူထံမှ ရပိုင်ခွင့်တောင်းရင်တောင် သူ ဘယ်တော့မှ သဘောတူတော့မှာ မဟုတ်ဘူး။
သူက ကျိုးကျစ်၏ပုခုံးကိုပုတ်ပြီး ပျော်ရွှင်စွာ စကားဆိုလိုက်သည်။ "မင်းအလုပ်လုပ်တာ တော်တယ်။"
သူ့နှလုံးသားတစ်ဝက်က ကွာရှင်းဖို့ဖျက်သိမ်းရန်ကို အလိုရှိခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ သူက ဒီသတင်းကိုကြားသိလိုက်ရသောအခါ သူ့ရည်ရွယ်ချက်ဟာ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ အခုချက်ချင်းပင် သူက အမြတ်အစွန်းအားလုံးကို သူ့အိတ်ကပ်ထဲထည့်နိုင်အောင် အမြန်ဆုံး ကွာရှင်းချင်မိခဲ့သည်။
သူက ထိုအတွေးကို တွေးမိလိုက်တာနဲ့ ချက်ချင်း ဖန့်ကျွင်းရုံထံ ဖုန်းဆက်ခဲ့သည်။ သူဟာ အလွန်စိတ်ဓာတ်ကျနေသောအသံဖြင့် "မင်း ကွာရှင်းတာကိုလိုချင်နေတာဆိုရင်... ကောင်းပြီ... ကိုယ်တို့ မနက်ဖြန်မနက်ကျရင် ကွာရှင်းကြတာပေါ့" ဟု ဆိုခဲ့သည်။
ဖုန်း၏အခြားတစ်ဖက်က ဖန့်ကျွင်းရုံ၏အသံကတော့ အလွန်အေးဆေးတည်ငြိမ်နေခဲ့သည်။ "ကျွန်မတို့ အရင်က စီစဉ်ထားတဲ့အချိန်ကို ပြန်ပြောင်းချင်တယ်။ ကျန့်ပင်းက ကျွန်မကို မနက်ဖြန်နေ့လယ်စာ အတူစားဖို့ ဖိတ်ထားလို့။ သူမက ကျွန်မကို ပြောစရာရှိတယ်လို့ ပြောတယ်။ မနက်ဖြန်ပြီးသွားရင်တောင် ကျွန်မတို့ကွာရှင်းပြတ်စဲမယ့်နေ့ကို ကျွန်မ စောင့်နိုင်ပါသေးတယ်။ ကျွန်မ အလျင်မလိုပါဘူး။"
လီဝမ့်ကျင်း၏နှလုံးသားဟာ အခုန်မြန်သွားခဲ့သည်။ သူ ကြားသိခဲ့ရသောသတင်းကို ဟဲကျန့်ပင်းသည် ဖန့်ကျွင်းရုံကို မျှဝေပေးလိုတာဖြစ်မည်ဟု တွေးမိခဲ့လေသည်။ သူတို့နှစ်ဦးက အမြဲတမ်း နီးကပ်နေခဲ့ကြသည်။ မဖြစ်ဘူး။ အကယ်၍ သူတို့နှစ်ဦးက မနက်ဖြန်မှာ ဒီအကြောင်းကို ပြောဆိုခဲ့မယ်ဆိုရင် ဖန့်ကျွင်းရုံသည် သူမပိုင်ကုမ္ပဏီရှယ်ယာများကို စွန့်လွှတ်ရန် စိတ်အားမထက်သန်နိုင်တော့ပေ။ သူက သူမနှင့်အတူ ဒီအမြတ်အစွန်းကိုမျှဝေရန် ဆန္ဒမရှိပေ။
"မဟုတ်ဘူး။ ကိုယ်တို့ မနက်ဖြန်မနက်ပိုင်းမှာ ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးကြရအောင်" ဟု သူက ကမန်းကတမ်း ပြောလိုက်သည်။
"ရုတ်တရတ် ဘာလို့ အလျင်လိုနေရတာလဲ။ ရှင့်ချစ်သူနဲ့ လက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးလား။"
ဝမ်စစ်ရှန်းက ယခု သူ့စိတ်ထဲတွင် နောက်ဆုံးနေရာမှာသာ ရှိလေသည်။ သူက အသက်ပြင်းပြင်းရှုရင်း ပြောလိုက်သည်။ "ကိုယ့်မှာ မင်းစိတ်ပြောင်းလဲနိုင်မယ့် အချက်တွေကို ဆွဲထုတ်ဖို့ ရှာမတွေ့တော့လို့ပါကွာ။"
သူက နောက်ဆုံးတွင် ဖန့်ကျွင်းရုံအား မနက်ဖြန်တွင် သူနှင့် ကွာရှင်းပြတ်စဲရန်အတွက် အကြောင်းပြချက်အမျိုးမျိုးကို ပြောဆိုကာ စည်းရုံးသိမ်းသွင်းမှုများ ဆက်လက်လုပ်ဆောင်ခဲ့လေသည်။ အားလုံးရုတ်တရတ် သူတို့ရပ်တည်ရာ ရည်ရွယ်ချက်များကို ပြောင်းလဲသွားပုံရသည်။
သူဖုန်းကိုချလိုက်ပြီးသည့်နောက်မှာ လီဝမ့်ကျင်းက သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်သည်။ သူက အနည်းငယ် ပင်ပန်းနေပေမယ့် သူက ပိုပြီး စိတ်လှုပ်ရှားနေခဲ့သည်။ သူ့မျက်လုံးတွေကို ပိတ်လိုက်ရင်း သူက မနက်ဖြန်ကို ချက်ချင်းပင် ရောက်ချင်နေခဲ့သည်။
***
နောက်တစ်နေ့တွင် ဖန့်ကျွင်းရုံက သူမပုံရိပ်ကို နိမ့်ကျစွာထားရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ သူမသည် မည်သည့်နာမည်ကြီးအဝတ်အထည် မဝတ်ဆင်ထားခဲ့ပဲ လီဝမ့်ကျင်းနှင့်အတူ ပြည်သူ့ရေးရာဌာန ဖွင့်တာနဲ့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။
သူတို့နှစ်ဦးဟာ ကွာရှင်းစာချုပ်မှာ လက်မှတ်ရေးထိုးပြီးခဲ့ပြီ။ သူတို့နှစ်ဦးဟာ ကြိုတင်သဘောတူညီချက်တစ်ခု ပြုလုပ်ပြီးပြီ ဖြစ်သောကြောင့် ကွာရှင်းသည့် လုပ်ငန်းစဉ်တစ်ခုလုံး ချောမွေ့စွာ ပြီးသွားခဲ့သည်။
လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံက သူမနာမည်ကို လက်မှတ်ထိုးလိုက်တာကို မြင်လိုက်ရတော့ လေထဲဆွဲတင်ခံလိုက်ရတဲ့သလိုမျိုး ခံစားနေရတဲ့ စိတ်နှလုံးဟာ နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားခဲ့သည်။ ကွာရှင်းစာချုပ်ကို သူ့လက်ထဲမှာကိုင်ထားရင်း သူတို့မင်္ဂလာဆောင်ခဲ့သည့်နေ့ကို ပြန်သတိမရပဲ မနေနိုင်ခဲ့ပေ။ သူတို့လက်ထပ်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်တောင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
သူက အဲဒီအချိန်တွေတုန်းက ဖန့်ကျွင်းရုံကို တကယ်ချစ်မြတ်နိုးခဲ့တာ ဖြစ်သည်။ သူမအပေါ် ထားရှိခဲ့တဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေက ငွေေရးကြေးရေးရှေ့တွင် ကျရှုံးသွားခဲ့သောကြောင့် ဖြစ်လေသည်။ ထို့အပြင် ဖန့်ကျွင်းရုံက သူ့ဘေးမှာ ရှိနေသမျှ ကာလပတ်လုံး သူက သူမနှင့်လက်ထပ်ခဲ့ရသည်မှာ ကံကောင်းလှကြောင်းကို လူတိုင်းက အမြဲခံစားမိကြလိမ့်မည်။ ဘယ်သူမှ သူ့ရဲ့စစ်မှန်တဲ့စွမ်းရည်ကို တန်ဖိုးထားမှာ