အခန်း ၅၆
Viewers 25k


အခန်း (၅၆) – သူ သူမကို တစ်ချက်လှမ်းကြည့်လိုက်မိသည်၊ ယခုလို အေးဆေးတည်ငြိမ်နေသော သူ့ဇနီးသည်ရဲ့ အသွင်အပြင်က သူ့ကို သိပ်မရင်းနှီးပုံပေါ်သည် (၃)


ဖန့်ကျွင်းရုံသည် ကုမ္ပဏီ၏စီးပွားရေးတွင် ပါဝင်မှုမရှိသလောက် နည်းပါးသော်လည်း သူမတွင် ကုမ္ပဏီမှာ ရှုဝေဝေရှိသည်။ မကြာသေမီလများအတွင်း ရှုဝေဝေက သူမအတွက် သတင်းအချက်အလက် အမြောက်အများကို စုဆောင်းပေးခဲ့သဖြင့် ဖန့်ကျွင်းရုံသည် ကုမ္ပဏီတွင်း ပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ အကြံဉာဏ်ကောင်း သူမမှာ ရှိခဲ့သည်။


အေရွန်ကော်ပိုရေးရှင်းရှိ လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့နှစ်ဦး၏ ဖက်စပ်အစုရှယ်ယာ စုစုပေါင်းမှာ ယွမ်ဘီလီယံနှစ်ဆယ်ပတ်လည်ခန့် ထွက်ပေါ်လာခဲ့သည်။ မိန်ဖန့်ကော်ပိုရေးရှင်းဟာ အစကနဦးကပင် အသားအရေထိန်းသိမ်းသည့် ကုန်ပစ္စည်းများကို အထူးပြုထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သောကြောင့် အေရွန် ကော်ပိုရေးရှင်းနှင့် နှိုင်းယှဥ်လျှင် ပိုင်ဆိုင်မှုပမာဏဟာ သေးငယ်သည်။ သို့သော် ထိုကုမ္ပဏီ တည်ရှိနေသောမြေမှာ စျေးကြီးလွန်းသည့်အပြင် ၎င်း၏စျေးကွက်ပေါက်စျေးမှာ ယွမ်ခြောက်ဘီလီယံခန့် ရှိသည်။ အခြားစတော့ရှယ်ယာများ၊ ငွေသားများ၊ အပေးအယူကိစ္စများ၊ ပိုင်ဆိုင်မှုများအနေဖြင့် ယွမ်ဆယ့်ငါးဘီလီယံပတ်လည်ခန့် ရှိသည်။ အိုး... ဟုတ်တာပေါ့။ အခုနှစ်များတစ်လျှောက် လီဝမ့်ကျင်းဝယ်ယူစုဆောင်းထားသော ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေလည်း ရှိသေးသည်။ သူတို့အသားတင်တန်ဖိုးမှာ ယွမ်ငါးဘီလီယံအထိရှိသည်။ ပြီးတော့ မကြာသေးမီနှစ်များအတွင်း ရှေးဟောင်းပစ္စည်းများ၏တန်ဖိုးများ မြင့်တက်လာခဲ့သည်။


လက်ဝတ်ရတနာများနှင့် ကားများအတွက်မူ ဖန့်ကျွင်းရုံသည် ပိုင်ဆိုင်မှုတွက်ချက်သည့်အထဲမှာ မထည့်ပဲ မထားခဲ့ပါ။ သူမက လီဝမ့်ကျင်းသည် သူမ၏လက်ဝတ်ရတနာများကို ပိုင်ဆိုင်မှုများ တွက်ချက်မည့်အထဲသို့ ထည့်ပေါင်းရန် မေးဖို့ ရဲစွမ်းသတ္တိရှိလိမ့်မည်ဟု မထင်ပေ။


ဒီကိစ္စက အလွန်ရုတ်တရတ်ဆန်စွာ ဖြစ်ပေါ်လာခဲ့သည့်အတွက် လီဝမ့်ကျင်းအနေဖြင့် မသမာမှုနည်းနည်းလေးတောင် ပြုလုပ်ရန် အခွင့်အရေးမရှိခဲ့ပါ။ သူတို့နှစ်ဦး၏ ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများနှင့် မြေယာများအားလုံးကို စာရင်းပြုစုရန် နှစ်ရက်မျှ ကြာမြင့်ခဲ့သည်။


လီဝမ့်ကျင်းက မေးလိုက်သည်။ "ကိုယ် အမှားအယွင်းတစ်ခု လုပ်မိသွားသလိုပဲ။ မင်း ဘာကြောင့် ကုမ္ပဏီရှယ်ယာတွေထက် အခြားအရာဝတ္ထုတွေကို မယူရတာလဲ။"


သူ့အတွက် အရှုံးပေးဖို့က အလွန်စိတ်နာကျင်ရပေမယ့် သူ ငွေရှာဖွေဖို့အတွက် ကုမ္ပဏီကို လိုအပ်တယ်။ ဒါကြောင့် သူ ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။ 


"ကိုယ်ဝယ်ယူထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို ကိုယ်ပေးမယ်လေ။" ဒီကိစ္စနဲ့ပတ်သက်၍ စကားသံများထွက်ပေါ်လာလျှင်ပင် သူက သူတို့၏ပိုင်ဆိုင်မှုများထက်ဝက်ကျော်ကို ဖန့်ကျွင်းရုံအား ပေးလိုက်သောကြောင့် သူသည် သင့်တင့်လျောက်ပတ်သောသူဖြစ်သည်ဟု အခြားသူများက ခံစားမိကြလိမ့်မည်။


"ဒါက ကောင်းတယ်လို့ ကျွန်မ မထင်ဘူး။ ရှုဖန့်ဝမ်ရဲ့လက်ရာတွေကိုမြင်နေရရင် ကျွန်မ ရှင့်ကို သတိရနေရမယ်။ သူတို့ကိုတွေ့ရင် ကျွန်မ ဒေါသထွက်လိမ့်မယ်။ ရှင်ပဲ သူတို့ကို ထိန်းသိမ်းထားလိုက်ပါ။ ဒါ့အပြင် သင့်တင့်လျောက်ပတ်သောသူတစ်ဦးက အခြားသူများ တန်ဖိုးထားသည့်အရာများကို မယူသင့်ဘူးလေ။ သူတို့က ရှင့်ရဲ့အဖိုးတန်စုဆောင်းမှုတွေဖြစ်လို့ ကျွန်မ သူတို့ကို ယူတာက မှားယွင်းတယ်လေ။"


ဒါက သူတို့၏ပိုင်ဆိုင်မှုများကို လက်ဝါးကြအုပ်လိုသည့် လီဝမ့်ကျင်း၏ဆင်ခြေများသာ ဖြစ်သည်။ ဖန့်ကျွင်းရုံသည် တန်ဖိုးမရှိစာရွက်များကို လက်ခံသိမ်းဆည်းထားမည့် လူနုံလူအ မဟုတ်ပါ။


"ရှင် အေရွန်ကော်ပိုရေးရှင်းနဲ့ ရှင့်ရဲ့ပန်းချီကားစုဆောင်းထားတာတွေကို ယူလိုက်။ ကျွန်မ အဲ့တာတွေကို မယူဘူး။ ဒါပေမယ့် အဲ့နှစ်ခုအတွက် ယွမ်နှစ်ဆယ့်လေးဘီလီယံကျော်ထပ်ပေါင်းထည့်ရမယ်။ သူတို့ကို ခွဲလိုက်မယ်ဆိုရင် ကျွန်မ ဆုံးရှုံးသွားလိမ့်မယ်။ ရှင်က အမှားလုပ်မိတဲ့ဖက်ကပဲလေ။" သူမက စကားကိုခဏရပ်တန့်ပြီးနောက် ဆက်ပြောပြန်သည်။ "ကျွန်မတို့ ဘာကြောင့် ဒီလိုမလုပ်ရတာလဲ။ ရှင် ကျွန်မကို နောက်ထပ် ယွမ်သုံးဘီလီယံပေးလိုက်။"


သူမသည် အလွန်ကြင်နာပြီးသားဖြစ်ကြောင်း ခံစားခဲ့ရပြီးတော့ သူမက စာအိတ်ကို အဝေးသို့ တွန်းမထုတ်ခဲ့ဘူး။ လီဝမ့်ကျင်းသည် သူထံမှာ အနည်းငယ် တင်းတင်းကျပ်ကျပ် ကြိုးစားရှာဖွေလိုက်မယ်ဆိုရင် ယွမ်သုံးဘီလီယံခန့် ထွက်လာလိမ့်မည်။ သူမသည် သူတို့ပိုင်ဆိုင်သည့် မြေကွက်တစ်ကွက်ကို အမှတ်ရမိလိုက်သည်။ ၎င်းက လက်ရှိတွင် ကျေးလက်ဒေသမှာ ရှိနေခဲ့သော်လည်း ထိုမြေကွက်က ယခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် မြို့နှစ်မြို့အကြားရှိ တည်ဆောက်ရေးအသစ်မြေနေရာတွင် ပါဝင်ပေသည်။ ထိုအိမ်‌ခြံမြေ၏တန်ဖိုးသည် ဆယ်ဆကျော်တိုးပွားလာလိမ့်မည်။


လီဝမ့်ကျင်းသည် သွေးတွေအကုန်စုပ်ယူခံလိုက်ရသလိုပဲ။ သူက သူ့ရဲ့ရှေးဟောင်းပစ္စည်းတွေကို ရောင်းလိုက်ရင် ယွမ်သန်းတစ်ရာ‌တောင် ကံကောင်းမှရလိမ့်မည်ဆိုတာကို သူ ကောင်းကောင်းသိတယ်။ အကယ်၍ သူတို့၏ပိုင်ဆိုင်မှုတွေကို ဒီလိုနည်းနဲ့ခွဲဝေမယ်ဆိုရင် သူက စုစုပေါင်း ယွမ်ဆယ့်ငါးဘီလီယံခန့်သာ ရရှိလိမ့်မည်။ ၎င်းသည် ခန္ဓာကိုယ်မှ အသားစိုင်ကို ဖယ်ထုတ်လိုက်ခြင်းနှင့် အလျားသဏ္ဌာန် တူညီပေသည်။ သူက ဖြစ်နိုင်သမျှတော့ ဒီလိုမဖြစ်ချင်ခဲ့ဘူး။


ဖန့်ကျွင်းရုံက အေးစက်စွာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကြောင့် ရှုဖန့်ဝမ်ရဲ့လက်ရာတွေကို မကြိုက်တော့ဘူး။ ကျွန်မတို့ ဘာကြောင့် ဒီလိုမလုပ်ရမှာလဲ။ ရှင် ကျွန်မကို အဲ့ဒီလက်ရာတွေကို ပေးဖို့လုပ်ရင် ကျွန်မ လေလံပွဲကျင်းပပြီး သူတို့ကို ငွေသားအဖြစ် ပြောင်းလဲလိုက်မယ်‌လေ။" 


လီဝမ့်ကျင်းက သူမကို ထိုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ထားမည့်သူလို့ တွေးနေတာလား။


လီဝမ့်ကျင်းသည် အေးခဲသွားပြီး ရှေ့နောက်မစဥ်စားပဲ ပြောချလိုက်သည်။ "မင်း အဲ့လို မလုပ်ရဘူး"သူသည် ထိုအရာတွေကို ကျွမ်းကျင်သူတစ်ဦးက အကဲဖြတ်စစ်ဆေးတာကို ခွင့်ပြုလို့ မရဘူး။ ရလဒ်ထွက်ပေါ်သွားသည်နှင့် သူ့ဂုဏ်သတင်းက ပျက်စီးသွားပေလိမ့်မည်။


သူက အံကြိတ်ရင်းဆိုလိုက်သည်။ "မင်းပြောတာမှန်တယ်။ ကိုယ့်ရဲ့အဖိုးတန်စုဆောင်းမှုတွေကို လွှဲပြောင်းပေးဖို့ မစဥ်းစားသင့်ဘူး။ ကိုယ် ဒီနေရာမှာ အခြားတစ်ခုကို အစားထိုးပြီး မင်းကို ပေးမယ်။"


သူ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ ဘာဖြစ်နေတာလဲ။ သူက သူမနဲ့မကွာရှင်းခင်က သူတို့ရဲ့ပူးတွဲပိုင်ဆိုင်မှုအများစုကို လွှဲပြောင်းဖို့ စီစဥ်ခဲ့သူ မဟုတ်လား။ 


သူ သူမကို ကြည့်လိုက်သည်။ ယခုစိတ်အေးသက်သာစွာရှိနေတဲ့သူ့ဇနီးက သူနဲ့သိပ်မရင်းနှီးဘူးလို့ ထင်ရသည်။