အခန်း ၅၅
Viewers 25k


အခန်း (၅၅) – သူ သူမကို တစ်ချက်လှမ်းကြည့်လိုက်မိသည်၊ ယခုလို အေးဆေးတည်ငြိမ်နေသော သူ့ဇနီးသည်ရဲ့ အသွင်အပြင်က သူ့ကို သိပ်မရင်းနှီးပုံပေါ်သည် (၂)


လီရှစ်ကျီသည် သူ့မျက်နှာကိုအထိုးနှက်ခံလိုက်ရပုံပေါက်သည်။ သူ့မျက်နှာအရောင်ဟာ ပြောင်းလဲသွားခဲ့သည်။ သူ့ရဲ့အခိုင်အမာပြောဆိုနေသည့်အသံဟာ အားနည်းသွားခဲ့ပြီး အနည်းငယ်ဗျာများသွားပုံရသည်။ “ကျွန်တော်ဆိုလိုတဲ့အဓိပ္ပာယ်က အဲ့လိုမျိုးမဟုတ်ပါဘူး”


သူက အမြဲတမ်း သူ့အပေါ် သူ့အမေရဲ့ချစ်မြတ်နိုးမှုအား အခွင့်ကောင်းယူခဲ့သည်။ သူ့စိတ်ထဲမှာ ဖန့်ကျွင်းရုံက သူ့ကို အမြဲတမ်းကာကွယ်ပေးပြီး သူ့ဖက်မှာသာ ရပ်တည်လိမ့်မည်။ သူ့အထူးအခွင့်အရေးက ဒီလို အလွယ်တကူဖယ်ရှားခံရလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ဘူး။


ဒီတစ်ခါတော့ သူ့အမေ တကယ်စိတ်ဆိုးနေပြီလို့ သူ ခံစားခဲ့ရသည်။


“မေမေ...” ဟု သူက တီးတိုးရေရွတ်လိုက်မိသည်။


ဖန့်ကျွင်းရုံက သူနဲ့ စကားကြာကြာ မပြောတော့ပါ။ သူမက လီဝမ့်ကျင်းကို လှည့်ကြည့်လိုက်ပြီး “အချိန်အားမယ့်တစ်ရက်လောက်ရှာပြီး ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့လုပ်ပါ”


လီဝမ့်ကျင်းသည် သတိပြန်ကပ်ကာ “ကိုယ် မကွာရှင်းပေးနိုင်ဘူး” လို့ ပြတ်သားသည့်အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက “ကျေးဇူးပြုပြီး ကိုယ့်ကို နောက်ထပ် အခွင့်အရေးတစ်ခုတော့ ပေးပါ။ ကိုယ် မင်းကို တကယ် အဆုံးရှုံးမခံနိုင်ဘူး။”


ဖန့်ကျွင်းရုံသည် သူ့ရဲ့စက်ဆုပ်ရွံရှာဖွယ်ကောင်းသောစကားများက သူမကို အန်မိတော့မလို ခံစားလိုက်ရသည်။ သူမက အမူအရာကင်းမဲ့စွာဖြင့် “အိုကေ ဒါဆို ရှင်က မကွာရှင်းချင်ဘူးပေါ့။ ကျွန်မတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးရလိမ့်မယ်။ ရှင် ကျွန်မကို နောက်တစ်ကြိမ် ထပ်လှည့်ဖြားမယ်ဆိုရင် ရှင် ဘာမှမယူပဲ ထွက်သွားရလိမ့်မယ်။ ဒါ့အပြင် ကျွန်မက ကျန်းယာ့ကောနဲ့ ဝမ်စစ်ရှန်းကို ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး။ ရှင် သူတို့ကို ချက်ချင်း အဝေးသို့ နှင်ထုတ်ပေးရလိမ့်မယ်။”


သူမသည် လီဝမ့်ကျင်း ဘယ်တော့မှ သဘောမတူမည့် အကြောင်းများကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သည်။


သေချာတာပေါ့။ လီဝမ့်ကျင်းက ချက်ချင်းပင် စကားပြန်မပြောနိုင်ခဲ့ဘူး။ သူ့လည်ချောင်းထဲမှ ဆန်တက်လာသောသွေးများကို အတင်းအကြပ် မျိုချလိုက်သည်။ သူက ဖန့်ကျွင်းရုံ၏ပြဿနာရှာမှု မရှိရင်တောင်မှ သူမကို အနှေးနှင့်အမြန်ဆိုသလို ကွာရှင်းဖို့ စီစဥ်ထားတာဖြစ်သည်။ အကယ်၍ သူသည် ယခုချက်ချင်း ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ရမယ်ဆိုရင် သူမျှော်မှန်းထားတာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။


ဖန့်ရွှယ်ပေါ်က လီဝမ့်ကျင်းကို ကြည့်လိုက်သောအခါတွင် လီဝမ့်ကျင်း၏စိတ်ထဲတွင် မည်သည့်အကြောင်းအရာများရှိနေသည်ကို သူ့အနေဖြင့် တွက်ချက်ရန် မခက်ခြပေ။ သူက ကျိတ်ရယ်လိုက်သည်။ “ငါ ဒီလိုပြောမယ်ဆိုတာကို သိနှင့်နေပြီးသား။ မင်း ပြောခဲ့သမျှစကားအားလုံးက အချည်းနှီးပဲ။ ဒါကြောင့် မင်း သူတို့နဲ့ မခွဲနိုင်ဘူးဆိုရင် ဟမ့်... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ မကွာရှင်းချင်ဘူး ပြောရဲရတာလဲ”


သူက သူ့ညီမကို ကွာရှင်းဖို့ကိစ္စအား ထပ်မံစဥ်းစားပြီး စိတ်စောစွာမပြုလုပ်ရန် နားချဖို့ စဥ်းစားမိခဲ့သည်။ ဖန့်ရွှယ်ပေါ်သည် အဖေနှင့်သားနှစ်ဦးစလုံး၏ အပြုအမူများကို တွေ့မြင်ပြီးနောက်တွင် သူတို့ကွာရှင်းပြတ်စဲခြင်းက ဖြစ်သင့်သည်ဟု ခံစားလိုက်ရသည်။ သူ ပြောနိုင်တာတစ်ခုကတော့ ထိုလူသည် သူ့ရဲ့အစစ်အမှန်စိတ်ဓာတ်ကို ဖုံးကွယ်ခြင်းက အလွန်ကောင်းမွန်သောကြောင့် လူတိုင်းကို အရူးလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။


လီဝမ့်ကျင်းဟာ ပြန်လည်ချေပနိုင်စွမ်း မရှိချေ။ သို့သော် သူက ရုတ်တရတ် တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရမိလိုက်သည်။ ပြစ်တင်လိုသောလေသံဖြင့် သူက မေးလိုက်သည်။ “မင်း ဒီဗီဒီယိုတွေကို ဘယ်လိုရခဲ့တာလဲ။ မင်းအိမ်ထဲမှာ စောင့်ကြည့်ရေးကင်မရာတွေ တပ်ထားတာလား။”


အမှုမထားသလို ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည်။ “ရှင့်ကြည့်ရတာ အဲ့ဒီအိမ်က ကျွန်မအိမ်ဆိုတာကို မေ့နေပုံပဲ။ ဒါပေမယ့် ဒီဗီဒီယိုကို တစ်ယောက်ယောက်က ကျွန်မကို ပေးခဲ့တာပဲ။ ရှင် ကွာရှင်းဖို့ သဘောမတူဘူးဆိုရင် ကျွန်မ ဒီဗီဒီယိုတွေကို ဖြန့်ဝေရလိမ့်မယ်။”


လီဝမ့်ကျင်းသည် အလွန်ဗျာများနေခဲ့သည်။ သူ့ဇနီးမှာ ဗီဒီယိုတွေ ဘယ်လောက်များများ ရှိသလဲဆိုတာကို သူ မသိပေ။ သူမက ထိုဗီဒီယိုအားလုံးကို ဖြန့်ဝေလိုက်မယ်ဆိုရင် သူ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သည့် သူ့ရဲ့နာမည်ကောင်းဟာ တစ်ညတည်းနဲ့တင် ပျောက်ကွယ်သွားလိမ့်မည်။ သူ ဒီကိစ္စအရှုပ်အထွေးကို စဥ်းစားမိတော့ စိတ်ညစ်ညစ်ဖြင့် သူ့ခေါင်းက ဆံပင်တွေကို ဆွဲဖွလိုက်သည်။


သူ့မှာ ဖန့်ကျွင်းရုံရဲ့ကိုယ်ရည်ကိုယ်သွေးအပေါ် အကောင်းမြင်သောစိတ်ရှိသည်။ သူမက တကြိမ်စိတ်ပိုင်းဖြတ်လိုက်တာနဲ့ သူမစိတ်ကို ဘာနဲ့မှ မပြောင်းလဲနိုင်ပါ။ သူပြောခဲ့သလို သူမလုပ်ဘူးဆိုရင် သူမက ဗီဒီယိုတွေကို သူ့ထံကို ပြန်ရောက်လာမှာကို သူ စိတ်ပူမိခဲ့သည်။ ကွာရှင်းပေးဖို့ တစ်ခုတည်းကသာလျှင် သူကိုယ်တွယ်နိုင်တဲ့ အကျိုးဆက်တစ်ခုပင်။


လီဝမ့်ကျင်းသည် စိတ်ဓာတ်ကျခြင်းနဲ့ ဝမ်းနည်းနေသည့်အသွင်ကို တပ်ဆင်ထားကာ အသက်ပြင်းပြင်း ရှုရှိုက်လိုက်ရင်း ပြောလိုက်သည်။ “အိုကေ မင်းက ကွာရှင်းဖို့ အခိုင်အမာ ပြောနေတော့လည်း ကိုယ်တို့ကွာရှင်းကြတာပေါ့။”


အခြားတစ်ဖက်ကနေကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ဝန်ထမ်းအများစုဟာ သူ့အမျိုးသား၏လူများပင် ဖြစ်ကြသည်။ သူတို့ကို ဖန့်ကျွင်းရုံက လွှဲပြောင်းယူဖို့က မဖြစ်နိုင်ဘူး။ သူ့မှာ ကုမ္ပဏီရှိနေသေးသ၍ အစပိုင်းမှာ အနည်းငယ် ခက်ခဲစေကာမူ City S၏ ထိပ်တန်းစာရင်းဝင်ဖြစ်သည့် သူဌေးလီသည် ပြန်လည်ကောင်းမွန်လာနိုင်ပြီး ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။


ဖန့်ကျွင်းရုံက လှေကားပေါ်သို့တက်နေရင်းဖြင့် ပြောလိုက်သည်။ “အိုကေ ကျွန်မ အိမ်ကိုပြန်မလာခင်ကတည်းက ရှေ့နေကို ဆက်သွယ်ထားပြီးသား။ သူက အချိန်မရွေး ရောက်လာနိုင်တယ်။”


လီဝမ့်ကျင်းက မျက်နှာမကောင်းလှပေ။ သူက ဖန့်ကျွင်းရုံနှင့်ကွာရှင်းရန် အဆင်သင့်ပြင်ဆင်ထားခဲ့သော်လည်း သူမက ကွာရှင်းရန် အလွန်စိတ်အားထက်သန်နေသည်ကို တွေ့လိုက်ရသည်။ ထိုသည်ကိုတွေ့လိုက်ရတော့ သူမအပေါ် သူထားရှိခဲ့သောချစ်ခြင်းမေတ္တာမှာ တစ်ဖက်သတ်ဖြစ်နေပုံရသည်။