အခန်း ၅၉
Viewers 25k

အခန်း (၅၉) – သူမရဲ့ ရွှင်လန်းတက်ကြွနေသောအသံက လီဝမ့်ကျင်းရဲ့ ‌နောက်ဆုံးကောက်ရိုးတစ်မျှင်အား ပျောက်ဆုံးသွားစေခဲ့သည် (၃)


လီဝမ့်ကျင်းသည် သူက အေရွန်နှင့်သက်ဆိုင်သည့်အရာအားလုံး၏ နောက်ဆုံးပြောရေးဆိုရေးရှိသူ ဖြစ်လာလိမ့်မည် ဟူသောအချက်ကို တွေးမိသောအခါ ကျယ်လောင်စွာ ရယ်မောချင်ခဲ့သည်။ သို့သော် သူသည် ဟိုးအရင်အချိန်တွေတုန်းကပင် ဖန့်ကျွင်းရုံ၏ရှေ့မှောက်မှာ လူကောင်းတစ်ဦးအသွင် ဟန်ဆောင်ခဲ့တာကြောင့် သူ့ရဲ့စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်နေမှုကို ပြသရန် မလုပ်ခဲ့ပါ။ သူ့စိတ်အတွင်းကအတွေးများကြောင့် သူ့မျက်နှာအမူအယာဟာ မူမမှန်ဖြစ်နေခဲ့သည်။


သူက သူ့ခေါင်းကို ငုံ့လိုက်သည်။ သူ့မျက်နှာအမူအယာကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးတော့ သူက ဖန့်ကျွင်းရုံအား ကြည့်ကာ မေးခဲ့သည်။ “မင်း ဟဲကျန့်ပင်းနဲ့ ချိန်းထားတဲ့နေရာကို တန်းသွားမှာလား။”


သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပါ။ သူက ဟဲ့ကျန့်ပင်းကို ဒီသတင်းကို သိသွားစေချင်ခဲ့သည်။ သူက ဟဲကျန့်ပင်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ အထူးသဖြင့် နောက်ပိုင်းတွင် သူမက သူ့ကို ဖန့်ကျွင်းရုံ၏နောက်လိုက်တစ်ဦးလိုသာ သဘောထားခဲ့ပြီး သူမနှင့်တွေ့သောအခါ သူ့ကို နှုတ်ခွန်းဆက်လေ့ မရှိခဲ့ပါ။


ဖန့်ကျွင်းရုံက သူ့ကို စစ်မှန်တဲ့အပြုံးတစ်ပွင့်ကို ပေးလိုက်ပြီးတော့ ပြန်မေးခဲ့သည်။ “ဘာလို့ မဖြစ်ရမှာလဲ။”


လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံ၏ဘေးတွင် ပျော်ရွှင်စွာ လမ်းလျှောက်လာခဲ့သည်။


ဖန့်ကျွင်းရုံဟာ ဟဲကျန့်ပင်းနှင့် မီချယ်လင်းစားသောက်ဆိုင်မှာ ဆုံတွေ့ဖို့ ချိန်းဆိုထားခဲ့တာ ဖြစ်သည်။ သူမ ထိုနေရာကို ရောက်ခါနံးတွင် ဖန့်ကျွင်းရုံက ဟဲကျန့်ပင်းကို သူမနှင့်တွေ့ရန် ထွက်လာဖို့ကို သတိပေးခဲ့သည်။ လီဝမ့်ကျင်းကိုကြည့်ရင်း ဟဲကျန့်ပင်းက စိတ်ပါလက်ပါပြုံးသည့် အပြုံးဖြင့် မေးလိုက်သည်။ “ဒါဆို မင်း အခု ကွာရှင်းပြီးပြီလား။”



လီဝမ့်ကျင်းက ခေါင်းညိမ့်လိုက်သည်။ သူက ဖန့်ကျွင်းကိုကြည့်ကာ သက်ပြင်းချရင်း ပြန်ဖြေခဲ့သည်။ “အင်း...ဟုတ်တယ်။ ကျွင်းရုံက င့ါကို ခွင့်မလွှတ်နိုင်ဘူးလေ”


ဟဲကျန့်ပင်းက ဖန့်ကျွင်းရုံကို လှည့်ကြည့်ခဲ့သည်။ “သတ်မှတ်ချက်များနှင့် အခြေအနေတွေက အရင်ကနဲ့ အတူတူပဲလား”


ဖန့်ကျွင်းရုံက သူမအမေးကို ယခင်နဲ့အတူတူပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


ဟဲကျန့်ပင်းသည် ရုတ်တရတ် အလွန်ပျော်ရွှင်မှုအပြည့်ဖြင့် ဖန့်ကျွင်းရုံကို ဂုဏ်ပြုစကားဆိုလိုက်သည်။ “ဂုဏ်ယူပါတယ်။ လာမည့်နှစ် အစိုးရက ပိုင်ဟူဒေသမှာ ဖွံ့ဖြိုးတည်ဆောက်မှုတွေ လုပ်တော့မယ်။ မင်းရဲ့မြေကွက်က စျေးတက်လာလိမ့်မယ်။”


ဤသတင်းကို လာမည့်ရက်အနည်းငယ်တွင်း ကြေငြာတော့မည်ဖြစ်သောကြောင့် သူမက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့သည်မှာ သိမ်အရေးမကြီးလှပါ။ ထို့အပြင် ဟဲကျန့်ပင်းသည် ဒီအကြောင်းကို လီဝမ့်ကျင်းအား ရည်ရွယ်ချက်ရှိရှိကြားအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


လီဝမ့်ကျင်းသည် တိတ်တဆိတ်အေးခဲသွားခဲ့ရင်း သူ့နားများက တစ်ခုခုမှားယွင်းကြားမိသည်ဟု သံသယရှိခဲ့မိသည်။ သူ့နှုတ်ခမ်းများဟာ တဆတ်ဆတ်တုန်လှုပ်လာခဲ့သည်။ “ငါက အဲ့နေရာက နန်ဟဲခရိုင်မှာ ဖြစ်မယ်လို့ ထင်ထားခဲ့တာ။ အခု ဘယ်လိုဖြစ်ပြီး ပိုင်ဟူ ဖြစ်သွားတာလဲ။”


ဟဲကျန့်ပင်းက သူမနှုတ်ခမ်းလေး စုဝိုင်းသွားရင်း မေးလိုက်သည်။ “မဟုတ်ပါဘူး။ ရှင့်ကို ဘယ်သူက နန်ဟဲမှာလို့ ပြောတာလဲ။” သူမသည် ထိုစကားကို ပြန်မှတ်မိစေဖို့ ဟန်ဆောင်ကြိုးစားလိုက်သည်။ “အိုး… အဲ့တာကို ငါ မှတ်မိပြီ။ ကျွန်မသူငယ်ချင်းတစ်ယောက်နဲ့စကားပြောတုန်းက နန်ဟဲလို့ မှားယွင်းပြောမိတာကို ပြောတာ ဖြစ်နိုင်တယ်။ ကျွန်မရှင်းပြဖို့ သူ့ဆီ ဖုန်းပြန်ဆက်လိုက်တယ်လေ။”


သူမက လီဝမ့်ကျင်းကို စစ်ဆေးသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ “ဒါပေမယ့် အဲ့အကြောင်းကို ရှင်က ဘယ်လို သိနေရတာလဲ။ ရှင့်ကို ဘယ်သူ ပြောတာလဲ။”


လီဝမ့်ကျင်းသည် သူမမေးခွန်းကို ပြန်ဖြေကြားလိုစိတ်  မရှိခဲ့ပါ။ သူ့အတွေးထဲမှာ ပိုင်ဟူက မြေကွက်တစ်ကွက်အကြောင်းသာ ရှိသည်။ သူက ထိုအချိန်က ပိုင်ဆိုင်မှုအားလုံးကိုပင် ဂရုမစိုက်ခဲ့ပဲ ညှိနှိုင်းပြောဆိုခြင်းလည်း မရှိပဲ ဖန့်ကျွင်းရုံ၏ပိုင်ဆိုင်မှုများအဖြစ် သူတို့အားလုံးကို လက်မှတ်ရေးထိုးပေးခဲ့သည်။


ရုတ်တရတ် သိလိုက်ရသည့်သတင်းဟာ လီဝမ့်ကျင်းအား အလွန်အံ့အားသင့်စေပြီး သူ့စိတ်ဝိညာဥ် ‌ပြိုကွဲသွားတော့မည်ဟုပင် ထင်မှတ်ခဲ့သည်။ သူက တွေဝေမိန်းမောနေရင်း “ဒါ မဖြစ်နိုင်ဘူး။” “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ” ဟူသော စကားနှစ်လုံးကိုသာ တဖွဖွ ရေရွတ်နေခဲ့မိသည်။ သူက တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ဒီအရာအားလုံးဟာ အိမ်မက်တစ်ခုသာ ဖြစ်စေချင်ခဲ့မိသည်။


ဖန့်ကျွင်းရုံက လီဝမ့်ကျင်း၏ ဟန်မဆောင်နိုင်တော့သည့်မျက်နှာကိုကြည့်ရင်း ပြောခဲ့သည်။ “အင်း… ကျွန်မတို့ ကွာရှင်းပြီးသွားပြီ။ ဒီမြေကွက်က ရှင်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။” သူမက သူ့ကို လက်မှာကိုင်ထားသည့် ကွာရှင်းစာချုပ်ကို ဝေ့ယှမ်းပြလိုက်သည်။


“ကျွန်မက ဟဲကျန့်ပင်းနဲ့ နေ့လည်စာစားပြီးတဲ့အချိန်မှ ကွာရှင်းမယ်လို့ ရှင့်ကို ပြောခဲ့သားပဲ။ ဒါပေမယ့် ရှင်က လုံးဝ မစောင့်ချင်ခဲ့ဘူး။” ဟုတ်တယ်။ ဒါက သူမနဲ့ ဟဲကျန့်ပင်းတို့ ဒီကိစ္စကို တွဲဖက်လုပ်ခဲ့တာကြောင့်ပဲ။ မဟုတ်ရင် ဒီလို ချောချောမွေ့မွေ့ ဖြစ်သွားမှာ မဟုတ်ဘူး။”


“ကျွန်မက ဒါကို ရည်ရွယ်ချက်မရှိပဲ ရခဲ့တာပါလား။ တခါတရံမှာ ဘယ်မှမလုပ်ပဲနဲ့လည်း ကံကောင်းတတ်တာပဲ။ စိတ်မပူပါနဲ့။ ကျွန်မ အဲဒီမြေကွက်နဲ့ပတ်သက်ပြီး သေချာပေါက် ကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်မှာပါ။”


သူမ၏ရွှင်လန်းတက်ကြွနေသောအသံက လီဝမ့်ကျင်း၏ ‌နောက်ဆုံးကောက်ရိုးတစ်မျှင်အား ပျောက်ဆုံးသွားစေခဲ့သည်။


သူမက ယူကျုံးမရဖြစ်နေခဲ့သော လီဝမ့်ကျင်းကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်ကာ ဟဲကျန့်ပင်းနှင့်အတူ စားသောက်ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ သူက ဒီအကြောင်းအားလုံးကို မသိခဲ့ပါက တစ်ခုခု ပြောင်းလဲသွားနိုင်ပါတယ်။ သို‌ေ့သာ် တစ်ရက်လေးသာ ခြားနားချက်က သူ့ကို ပြောင်းလဲသွားစေခဲ့သည်။ သူသာ စည်းစိမ်ဥစ္စာအား လောဘမကြီးခဲ့ဘူးဆိုရင် ဒီမြေကွက်၏ကြီးမားတဲ့ဝေစုကို ရရှိနိုင်ပါလိမ့်မယ်။ ထိုသတင်းသည် လီဝမ့်ကျင်းအတွက် အလွန်ယူကျုံးမရ ဖြစ်စေခဲ့ပါသည်။


လီဝမ့်ကျင်းက သူမရဲ့နောက်မှာရပ်နေတဲ့ ဖန့်ကျွင်းရုံကို သေစေနိုင်လောက်တဲ့ အကြည့်စူးစူးတစ်ချက်ဖြင့် ကြည့်လိုက်သည်။ သူက လက်လွတ်သွားခဲ့ရတဲ့မြေကွက်အကြောင်းကို စဥ်းစားမိရင်း သွေးအန်ထွက်တော့မလို ဖြစ်သွားခဲ့ရသည်။


သူက ဘာကြောင့် ကွာရှင်းဖို့ ရက်အနည်းငယ်လောက် မစောင့်မိတာလဲ။ ဟဲကျန့်ပင်းက တည်နေရာနဲ့ပတ်သက်ပြီး နေရာမှားယွင်းပြီး ပြောဆိုခဲ့တာ  ဘယ်လိုကြောင့်များလဲ။ သူ ဟဲကျန့်ပင်းကို အပြစ်တင်လို့ရမလား။ မဟုတ်ဘူး။ သူ့လက်ထောက်ကသာ သူတို့စကားပြောဆိုနေတာကို ခိုးနားထောင်ပြီး မှားယွင်းတဲ့သတင်းတွေပဲ ရခဲ့တယ်။


ရုတ်တရတ် သူ အမှောင်ကျသွားပြီး သူ့ခန္ဓာကိုယ်