အခန်း ၉၁
Viewers 25k


အခန်း (၉၁) – သူ့ဖခင်နာမည်ပျက်ရင် သူလည်း ထိခိုက်လိမ့်မည် ဆိုတာကို သူမ တွေးခဲ့မိပါရဲ့လား (၁)


ဖန့်ကျွင်းရုံကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် အင်တာနက်အသုံးပြုသူများသည် သူတို့မျက်နှာများ လောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရသည်။ သူတို့က ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်မှာ ဂုဏ်သတင်းကျော်ကြားတဲ့မိသားစုက အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလိုမိန်းမပျိုလေးအကြောင်းလို့ ထင်ခဲ့ကြပေမယ့် ရုတ်တရတ် ဒီအဖြစ်အပျက်က သူငယ်ချင်းစုံတွဲတွေကြားက ကတောက်ကဆရန်ပွဲတစ်ခု ဖြစ်သွားခဲ့သည်။


အမျိုးသားဇာတ်လိုက်လို အရှိန်အဝါရှိသည့် လီဝမ့်ကျင်းသည် သူတို့နှင့် မစိမ်းပေ။ လီဝမ့်ကျင်းသည် အချမ်းသာဆုံးစာရင်းတွင် အချမ်းသာဆုံးမဟုတ်သော်လည်း သစ္စာရှိပြီးနူးညံ့သိမ်မွေ့သောပုံရိပ်ကို ရရှိပိုင်ဆိုင်ထားသောသူဖြစ်သောကြောင့် သူတို့သည် သူ့ပုံပါသည့်မဂ္ဂဇင်းများကို ဝယ်ယူရန် ပိုက်ဆံတော်တော်များများကို သုံးစွဲခဲ့ကြသည်။


လွန်ခဲ့သောရက်ပိုင်းက လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့ ကွာရှင်းပြတ်စဲခဲ့သည့်သတင်း ပျံ့နှံ့သွားသောအခါက အင်တာနက်အသုံးပြုသူအများစုမှာ ၎င်းကို ယုံကြည်ရန် ခက်ခဲခဲ့ကြသည်။ အချို့ဆိုရင် သူတို့ဟာ ချစ်ခြင်းမေတ္တာအပေါ်ကို ယုံကြည်မှုဆုံးရှုံးသွားခဲ့ပြီလို့တောင် ထုတ်ဖော်ပြောခဲ့ကြသည်။ လီဝမ့်ကျင်းသည် သူ့မိန်းမကို လိမ်လည်လှည့်ဖြားခဲ့သည်ဟူသောသတင်းကို ဖုံးကွယ်ရန် ငွေသုံးခဲ့သည်။ ထို့ကြောင့် သူတို့အသိုင်းအဝိုင်းရှိလူများသာ ထိုအဖြစ်အပျက်ကို သိကြသည်။ သာမာန်လူအများစုသည် ၎င်းတို့နှစ်ဦးသည် ညှိုနှိုင်းမရသော ကိစ္စများကြောင့် ကွဲခဲ့ရသည်ဟုယူဆခဲ့ကြသည်။


ကျန်းယာ့ကော ဒီအစီအစဥ်တွင် ပါဝင်ခဲ့ပြီးနောက် လူထုက ၎င်းတို့ကွာရှင်းပြတ်စဲခဲ့ရခြင်း၏ အကြောင်းအရင်းကို တွေ့ရှိခဲ့ပြီဟု ထပ်မံယုံကြည်ခဲ့ကြပြန်သည်။ သူတို့က လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံ၏မျက်နှာအစစ်အမှန်ကို တွေ့ရှိခဲ့ပြီး သူမနှင့်အတူမနေထိုင်နိုင်တော့တာဖြစ်ကြောင်း ယူဆမိခဲ့ကြသည်။


အထူးသဖြင့် ကျန်းယာ့ကောသည် လီဝမ့်ကျင်းက သူမအပေါ် ဘယ်လောက်တောင်ကောင်းကြောင်း သူ့ရဲ့သမီးရင်းလေးလို ကျွေးမွေးပြုစုခဲ့ကြောင်းကို ဒီအစီအစဥ်မှာ ပြောခဲ့လေသည်။ ၎င်းကြောင့် ဤအရာအပေါ် လူထုထင်မြင်ချက်မှာ ပိုမိုခိုင်မာလာစေခဲ့သည်။


ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောအား ပန်းချီကားအတုတစ်ချပ်ကို ရည်ရွယ်ချက်ရှိရှိပေးသည် ဟူသောယုံကြည်ချက်အပေါ် မူတည်၍ ဤခန့်မှန်းချက်အားလုံးကို တည်ဆောက်ထားခဲ့တာ ဖြစ်သည်။ ဒါပေမယ့် အားလုံးကပြီးသွားတဲ့အခါမှာတော့ လီဝမ့်ကျင်းကသာလျှင် ဖန့်ကျွင်းရုံကို ပန်းချီကားအတု ပေးလိုက်တာ ဖြစ်နေခဲ့သည်။


ဤအရှုပ်တော်ပုံက အင်တာနက်အသုံးပြုသူများ၏မျက်နှာများကို အစိမ်းရောင်သန်းသွားစေခဲ့သည်။


ဒါက ဖန့်ကျွင်းရုံကို သူမရဲ့အပြစ်တွေကို ဖုံးကွယ်ဖို့ အားထုတ်မှုသက်သက်လားလို့ အင်တာနက်အသုံးပြုတွေက မမေးခဲ့ပါဘူး။ နောက်ဆုံးတော့ ဖန့်ကျွင်းရုံဟာ @လီဝမ့်ကျင်းထံမှာ ရှင်းပြချက်တောင်းဖို့ ရှင်းရှင်းလင်းလင်းပြောခဲ့သည်။


ဖန့်ကျွင်းရုံသည် မထင်မှတ်ထားသော အခြေအနေမှ တစ်ကျော့ ပြန်လာနိုင်ခဲ့သည်။ ရိုးရှင်းသော ဝေ့ပေါ်တစ်ခုတည်းဖြင့် သူမသည် မည်သည့်အမှားများကိုမဆို ရှင်းလင်းနိုင်ခဲ့သည်။


ဟဲကျန့်ပင်းသည်လည်း ဤပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် ဝေ့ပေါ်တွင် ဓာတ်ပုံတစ်ပုံကိုသာ တိုက်ရိုက်တင်ပေးလိုက်သည်။


[မင်းဇနီးကို ပန်းချီကားအတုတစ်ချပ်ကို ပေးခဲ့တာလား။ မင်း လေးလေးနက်နက်ရှိရဲ့လား @ လီဝမ့်ကျင်း]


ထိုဓာတ်ပုံဟာ လွန်ခဲ့သောသုံးနှစ်က ရိုက်ထားခဲ့တာ ဖြစ်သည်။ ဖန့်ကျွင်းရုံဟာ ကြက်သွေးရင့်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ကျက်သရေအပြည့်ဖြင့် တောက်ပနေခဲ့သည်။ သူမ နောက်မှာတော့ မိန်းမလှလေးပန်းချီကား ရှိလေသည်။ ကျန်းယာ့ကော အစီအစဥ်သို့ ယူလာခဲ့သောအရာနှင့် တစ်ထပ်တည်းတူညီသော ပန်းချီကားဖြစ်သည်။ ပတ်ပတ်လည်မှာ ပြင်ဆင်ထားသောပုံစံအရ မွေးနေ့ပွဲတစ်ခုနှင့်ဆင်တူပြီး သုံးထပ်မွေးနေ့ကိတ်ဟာ အလွန်စွဲမက်ဖွယ်ကောင်းလှသည်။


မွေးနေ့ပွဲကိုတက်ရောက်ခဲ့ကြသည့် အခြားမျိုးရိုးမြင့်အားလုံသည်လည်း သက်သေအဖြစ် ထိုမွေးနေ့ပွဲနှင့်ဆက်စပ်လျက်ရှိသည့် ဓာတ်ပုံများကို တင်ခဲ့ကြသည်။ အမှန်တရားဟာ ဖန့်ကျွင်းရုံဖက် တဖြည်းဖြည်း နီးကပ်လာခဲ့သသည်။ ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းထံမှ ပန်းချီကားအစစ်အမှန် ရရှိခဲ့ပြီးတော့ ကျန်းယာ့ကောကို ပန်းချီကားအတုတစ်ချပ် ဝယ်ပြီး လက်ဆောင်ပေးသည့် ဖြစ်နိုင်ချေကို ထောက်ပြသော အဆိုးမြင်သူ အနည်းငယ် ရှိကြသေးသည်။


မျိုးရိုးမြင့်အမျိုးသမီးကြီးလျန့်ဖုန်းသည် ဝေ့ပေါ်တွင် ဓာတ်ပုံတစ်ပုံနှင့်အတူ ပို့စ်တစ်ခု တင်ခဲ့သည်အထိ ဒီကိစ္စဟာ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ဓာတ်ပုံက ရှုဖန့်ဝမ်ရဲ့လက်ရာ မိန်းမလှလေးပန်းချီကားနှင့်အတူ အကဲဖြတ်ထားသည့် စာရွက်စာတမ်း၊ လေလံအောင်သည့် စာရွက်စာတမ်းတွေပင် ဖြစ်သည်။


သူမက လိုရင်းတိုရှင်းဖြင့် “မိန်းမလှလေး ပန်းချီကားအစစ်က ကျွန်မအိမ်မှာ ရှိတယ်။ အဲ့ပန်းချီကားကို လွန်ခဲ့သောရှစ်နှစ်ခန့်က နိုင်ငံခြားလေလံပြပွဲတစ်ခုကနေ ကျွန်မ ဝယ်ယူခဲ့တယ်”


ပြီးတော့ ဒါက အမှန်တရားနှင့် ဘယ်လိုရိုက်နှက်ပေးလိုက်တယ် ဆိုတာပါပဲ။


အဆိုးမြင်သူအားလုံး ပါးစပ်ပိတ်ကုန်ကြသည်။ လျန့်ဖုန်ူ၏စကားများသည် လီဝမ့်ကျင်းအတွက် ခေါင်းတလားကို သေချာစွာရိုက်ပေးခဲ့သည်။


မိနစ်အနည်းငယ်အကြာမှာတော့ သူမက ဝေ့ပေါ်မှာ အခြားပို့စ်တစ်ခုကို ထပ်တင်ခဲ့ပါသည်။


[ကျွန်မ ဖန့်ကျွင်းရုံနဲ့ လူချင်းမတွေ့ခဲ့ဖူးဘူး။ ဒါပေမယ့် သူမနာမည်ထက် သူမဂုဏ်သတင်းက ပိုသာတယ်။ ကျွန်မ သူမကို တစ်နေ့တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူမက လီဝမ့်ကျင်းလိုလူမျိုးနဲ့ တွေ့ဆုံခဲ့ရတာက ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ]