အခန်း ၁၂၃
Viewers 25k


အခန်း (၁၂၃) - သူမအနေဖြင့် သူမ၏ကိုယ်ပိုင် လူသိရှင်ကြားအားသာချက်ကို ဘာလို့ အခွင့်ကောင်းမယူသင့်မှာလဲ (၃)

 

ဖန့်ကျွင်းရုံက သူမလုပ်လက်စက ခဏရပ်လိုက်ပြီးတော့ သူမဖုန်းမျက်နှာပြင်ကိုဖွင့်ကာ သူတို့ရဲ့နာမည်တွေကို ရိုက်ရှာလိုက်သည်။ ရေပန်းအစားဆုံး ထိပ်တန်းစာရင်းဆယ်ခုတွင် သူမရင်းနှီးနေသည့် ကျန်းယာ့ကော၊ လီရှစ်ကျီနဲ့ သမ့်လန်တို့နာမည်သုံးခုကို မြင်တွေ့လိုက်သောအခါတွင် သူမနှုတ်ခမ်းထောင့်များဟာ တွန်ကွေးသွားလေသည်။

 

အတင်းအဖျင်းသတင်းများကို သိချင်စိတ်အပြည့်ဖြင့် ဖန့်ကျွင်းရုံဟာ သူမသားအကြောင်းတင်ထားသည့် လင့်ခ်ကို ဖွင့်ကြည့်လိုက်သည်။ ၎င်းတွင် လူကြိုက်အမျာဆုံး ဗီဒီယိုတစ်ခုရှိကာ မှတ်ချက်ပေါင်းတစ်သောင်းကျော် ရရှိပြီးဖြစ်သည်။ မရေမတွက်နိုင်သောလူများစွာက ဒါကို ကြည့်ရှုပြီးပုံရသည်။

 

ဖန့်ကျွင်းရုံဟာ ဗီဒီယိုကိုကြည့်ပြီး အပေါ်ဆုံးမှတ်ချက်အချို့ကို ဖတ်ပြီးတဲ့အချိန်မှာ ဘာဖြစ်သွားခဲ့တယ်ဆိုတာကို သဘောပေါက်သွားခဲ့ကာ သူမမှာ အတော်လေးကောင်းမွန်တဲ့ စိတ်ကူးတစ်ခုရသွားခဲ့သည်။

 

လီရှစ်ကျီနှင့် ကျန်းယာ့ကောကြားက ဆက်ဆံရေးကို ဖော်ထုတ်ခံခဲ့ရသည်။ မူလတုန်းက သူမတို့အသိုင်းအဝိုင်းကြားမှာသာ ဒါကို သိကြတာဖြစ်သည်။ အမြင်နိမ့်ကျတဲ့ သမ့်လန်က ဒီအကြောင်းကို သိလိုက်တာနဲ့ ကျန်းယာ့ကောကို လူပုံအလည်မှာ အရှက်ခွဲခဲ့သည်။ စကားများရန်ဖြစ်ခဲ့ကြသည့် ဗီဒီယိုကို တစ်စုံတစ်ယောက်က ရိုက်ကူးခဲ့ပြီး အင်တာနက်ပေါ် တင်ခဲ့သည်။

 

အဆုံးမှာတော့ ကျန်းယာ့ကောက သိပ်မကြာသေးခင်က နာမည်အကြီးဆုံးစာရင်းထဲ ရောက်ခဲ့သည့်သူတစ်ယောက် ဖြစ်သည်။ မြောက်များစွာသော အင်တာနက်အသုံးပြုသူများက သူမကို အလျင်အမြန်ပဲ သတိပြုလိုက်သည်။ စွမ်း‌ရည်ပြည့်ဝသော အင်တာနက်အသုံးပြုသူများက လီရှစ်ကျီနှင့် သမ့်လန်တို့၏ဆက်ဆံရေးကြောင့် လီရှစ်ကျီ၏လုပ်ငန်းထဲ သမ့်အိမ်‌တော်မှ ရင်းနှီးမြှုပ်နှံပေးခဲ့သည်ဟူသောအချက်ကို လျင်မြန်စွာ တွေ့ရှိခဲ့လေသည်။ အဲ့တာက လူတိုင်းကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။

 

အင်တာနက်အသုံးပြုသူများသည် သမ့်လန်ကို တညီတညွှတ်တည်း ထောက်ခံခဲ့ပြီးတော့ လီရှစ်ကျီနှင့် ကျန်းယာ့ကောတို့၏လုပ်ရပ်များက မည်မျှပင် ရှက်စရာကောင်းကြောင်းကို ဝေဖန်ပြောဆိုခဲ့ကြသည်။

 

ဖန့်ကျွင်းရုံသည် ဘာမှလုပ်စရာမရှိသဖြင့် မှတ်ချက်များကို ဆက်ဖတ်လိုက်သည်။ ထိုစာများကို ဖတ်ရှုခြင်းက လုပ်ငန်းခွင်ဖိအားများကို နှစ်ဆတိုးပြီး သက်သာစေနိုင်သည်။

 

[ငါ့ကောင်တို့ သမ့်လန်အတွက် ငါ စိတ်မကောင်းဘူးဟာ။ အမှိုက်ကောင်နဲ့ မိန်းမလည်တို့က သူ့ကို တစ်ချိန်လုံး အမှောင်ထဲမှာ ထားထားခဲ့တာပဲ။ သူမမှာ ဒီလောက်ကောင်းမွန်တဲ့စိတ်ထားရှိတာကို။ အကယ်၍ ငါသာဆိုရင် ကျန်းယာ့ကောရဲ့နေရောင်ခြည်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။]

 

[ကျန်းယာ့ကောလို မိန်းမလည်မျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ သူမ သူ့ရဲ့ရည်းစားဟောင်းဖြစ်ပြီးတော့ လီရှစ်ကျီရဲ့လက်ရှိရည်းစားအပေါ်မှာ အခွင့်အရေးယူနေခဲ့တာလား။ သူမက အရေထူလွန်းလို့ ကျည်ဆန်တောင် ဖောက်ဝင်နိုင်မှာ မဟုတ်လောက်ဘူး။]

 

[လီရှစ်ကျီလုပ်ခဲ့တာတွေ အတော်လေးကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်မဟုတ်လား။ သူ့ရည်းစားဟောင်းကို ထောက်ပံ့ပေးဖို့ သူ့ရဲ့အရန်ငွေကို အသုံးပြုခဲ့တယ်။ သူက တကယ့်ကို လီဝမ့်ကျင်းရဲ့သား အစစ်အမှန်ပါပဲ။]

 

[လီရှစ်ကျီက သမ့်လန်လို ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို တန်ဖိုးမထားတတ်တဲ့ မျက်မမြင်တစ်ယောက်ပဲ။ ငါက ဘယ်အချိန်မှာ စွန့်လွှတ်သင့်မှန်းသိတဲ့ သခင်မလေးရဲ့ပရိသတ်တစ်ယောက်ပဲ။]

 

[လီရှစ်ကျီရဲ့မိဘနှစ်ယောက်စလုံး အလွန်ချမ်းသာကြတယ် မဟုတ်ဘူးလား။ ဖန့်ကျွင်းရုံနဲ့ လီဝမ့်ကျင်းတို့ ငွေကြေးပြတ်လပ်နေတယ်လို့လည်း မကြားမိပါဘူး။ သူ့လုပ်ငန်းထဲရင်းနှီးမြှုပ်နှံဖို့ သူ့အဖေဖြစ်ဖြစ် အမေကိုဖြစ်ဖြစ် မေးလို့ရတာပဲ။ သူက အမှိုက်တစ်ကောင်လို သူ့ခန္ဓာကိုယ်ကို ရောင်းချရန်လုပ်ဖို့ မလိုအပ်ဘူးမလား။]

 

[အသိုင်းအဝိုင်းထဲက လူတစ်ယောက်အနေနဲ့ ငါ့မှာ ထုတ်ဖော်ပြောစရာ တစ်ခုရှိပါတယ်။ ဖန့်ကျွင်းရုံက ဒီသားကို စွန့်လွှတ်ခဲ့တာကြာပြီဆိုတာ ငါတို့အသိုင်းအဝိုင်းတစ်ခုလုံး သိကြပါတယ်။ ဘော့စ်ဖန့်က လီဝမ့်ကျင်းက သူမကိုလိမ်လည်ခဲ့တာကြောင့် ကွာရှင်းပြတ်စဲခဲ့တယ်။ ကျန်းယာ့ကောရဲ့အဒေါ်ကို သူ့အိမ်မှာခေါ်ထာခဲ့တယ်။ အံ့သြထိတ်လန့်သွားကြတယ်မလား။ ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ကြလေ။ လီရှစ်ကျီက သူ့အမေထက် သူ့အဖေရဲ့အချစ်သစ်ကို ရွေးချယ်ခဲ့တယ်။ သူက ကျန်းယာ့ကောရဲ့အဒေါ်ကို သူတို့နဲ့ အတူနေထိုင်ခွင့်ကိုတောင် ပေးခဲ့သေးတယ်။ ဒါ့ကြောင့် ဖန့်ကျွင်းရုံက သူ့မှာ သားတစ်ယောက်မှ မရှိဘူးလို့ ပြောခဲ့တယ်။ လူတိုင်း သတိရကြပါ။ ဖန့်ကျွင်းရုံမှာ သမီးနှစ်ယောက်ပဲရှိတယ်။ သားမရှိဘူး။]

 

ထိုမှတ်ချက်ကို ကြည့်ပြီးတော့ ဖန့်ကျွင်းရုံသည် အနည်းငယ် အချိန်ယူစဥ်းစားပြီးတော့ ဖုန်းကိုကောက်ကိုင်ကာ စုမိန်ကို ဖုန်းခေါ်လိုက်သည်။ “နင် အွန်လိုင်းပေါ်မှာ ပို့စ်တင်ထားသေးလား”

 

ဖန့်ကျွင်းရုံက ဘာဖြစ်နေတာလဲဆိုတာကို သူမကို ရှင်းပြလိုက်သည်။ စုမိန်က သူမ အင်တာနက်ပေါ် မတက်ရသေးဘူး၊ ဒီအကြောင်းကို ဘာမှမသိဘူးလို့ ထုတ်ပြောခဲ့သည်။

 

ဒါကို ဖန့်ကျွင်းရုံက ယုံကြည်သည်။ သူမဖုန်းကို အလျင်အမြန်ကိုချလိုက်ကာ ဒီအကြောင်းတင်တာ ဘယ်သူလဲဆိုတာကို တွေးကြည့်နေခဲ့သည်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့က လီရှစ်ကျီနှင့် ကျန်းယာ့ကောတို့အတွက် ခေါင်းတလားပြင်ဆင်ပေးဖို့ ကြိုးစားနေခဲ့တာပဲ ဖြစ်သည်။

 

မှတ်ချက်ကို ကြည့်ရင်း ဖန့်ကျွင်းရုံက ဘယ်သူဖြစ်နိုင်လဲဆိုတာကို ဆက်လက်စဥ်းစားနေပြန်သည်။

 

လူအများကြီး ဖြစ်နိုင်နေပြီးတော့ သူမက ဘယ်သူလဲဆိုတာကို တကယ့်ကို မရှာနိုင်ခဲ့ဘူး။ ပြီးတော့ ဒီအကြောင်းကို သူမတို့အသိုင်းအဝိုင်းတစ်ခုလုံးနီးပါး သိကြသည်။

 

အာ... နောက်စက္ကန့်ပိုင်းလောက်မှာပင် သူမက ထိုမှတ်ချက်ကို အမှတ်တမဲ့ လက်မပေးလိုက်မိခဲ့သည်။

 

ဖန့်ကျွင်းရုံ၏ ပထမဆုံးအတွေးမှာ ၎င်းကိုပြန်ဖျက်ရန်ဖြစ်သည်။ သို့ပေမယ့် နောက်ထပ်စဥ်းစားကြည့်မိလိုက်ပြန်သည်။ ထိုထင်မြင်ချက်က အမှားမှမဟုတ်တာလေ။ သူမက မှန်ကန်စွာ နေထိုင်နေတာပဲလေ။ ထို့ကြောင့် သူမမှာ အပြစ်ရှိတယ်လို့ထင်ဖို့ ဘာလို့လိုရမှာလဲ။ အကယ်၍ သူမသာ ဒါကိုဖျက်လိုက်ရင် တမင်တကာလုပ်တယ်လို့ ထင်ကြလိမ့်မယ်။ သူမက ဒီမှတ်ချက်အပေါ် လက်မပေးလိုက်ရင် အမှန်တရားကို အတည်ပြုတယ်လို့ သတ်မှတ်ကြလိမ့်မယ်ဆိုတာကို သူမ မြင်နိုင်ပါသေးသည်။ သူမသည်လည်း ရေပန်းအစားဆုံးစာရင်းတွင် ပါဝင်လာလိမ့်မည်ကို ခန့်မှန်းရန် မခက်ခဲပါ။

 

သူမအနေဖြင့် သူမ၏ကိုယ်ပိုင် လူသိရှင်ကြားအားသာချက်ကို ဘာလို့ အခွင့်ကောင်းမယူသင့်မှာလဲ။ သူမကို အဲ့အကြောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်တစားရှိနေစဥ် သူမက ကြော်ငြာတစ်ခုကိုလည်း တင်နိုင်သည်။

 

ထိုအကြောင်းကို စဥ်းစားမိရင်း ဖန့်ကျွင်းရုံက သူမဝေ့ပေါ်တွင် ပို့စ်အသစ်တစ်ခုကို မြန်မြန်ရေးတင်လိုက်သည်။

 

[ဒီနေ့ ငါ့စိတ်အခြေအနေက ပျော်ရွှင်နေတယ်။ လူ ၈၈ယောက်အတွက် အလှအပဆေးလုံးတွေကို မဲဖောက်ပေးမယ်။]