အခန်း ၁၂၂
Viewers 25k


အခန်း (၁၂၂) - သူမအနေဖြင့် သူမ၏ကိုယ်ပိုင် လူသိရှင်ကြားအားသာချက်ကို ဘာလို့ အခွင့်ကောင်းမယူသင့်မှာလဲ (၂)


သမ့်လန်ဟာ အရမ်းဒေါသထွက်ပြီးတော့ သူမအသံကို မြှင့်လိုက်မိသည်။ သို့ပေမယ့် သူမက ဒီအသံကို ပြန်လျော့ဖို့ ရည်ရွယ်ချက်လည်း မရှိပါဘုး။ သူမဆီမှာ ကျန်းယာ့ကောက ဘယ်လောက်‌တောင် အရှက်တရားကင်းမဲ့လဲဆိုတာကို လူတိုင်းသိစေဖို့ ဆန္ဒသာ ရှိတော့သည်။ တရုတ်လူမျိုးများသည် အထူးသဖြင့် ဒီလိုညစ်ပတ်သည့်သတင်းများနှင့် ပတ်သက်လာလျှင် ကြည့်ရှုဖို့ရန် နှစ်သက်ကြသည်။


မွေးစားမောင်နှမကြားကချစ်ခြင်း။ သူတို့က ဒီလိုအဖြစ်အပျက်တွေကို အွန်လိုင်းပေါ်မှာသာ ကြားဖူးသိဖူးကြတာ။ ဒီလိုအရာမျိုးကို လက်တွေ့ဘဝမှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ 

 

ဘေးမှကြည့်ရှုသူများဟာ ပိုမိုစုရုံးလာကြသည်။ သူတို့သည် ဆိုင်အတွင်းသို့ တန်းမဝင်သွားပဲ ဆိုင်တံခါးအပြင်ဖက်မှာ စုရုံးကာ အခါအားလျော်စွာ သမ့်လန်တို့ဆီ လက်ညှိုးညွှန်ပြီး‌တော့ အတင်းတုတ်ကြသည်။

 

“ကောင်မလေးက တော်‌တော်လေးကို ကြည့်ကောင်းတာပဲ။ သူမလိုရုပ်ကလေးနဲ့ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်နိုင်တာလဲ။ သူမမိဘတွေက သူတို့ကလေးတွေက ဒီလိုဆက်ဆံရေးမျိုး ရှိနေတယ်ဆိုတာကို သိသွားကြရင် သူတို့ခြေထောက်နှစ်ချောင်းစလုံး ရိုက်ချိုးခံရလိမ့်မယ်”

 

“ငါကတော့ဟယ်… သူမအစ်ကိုရဲ့ ရည်းစားကိုပဲ သနားတယ်။ ဒီလိုအကျင့်မကောင်းတဲ့လူတွေနဲ့ တွေ့ရတာ ဘယ်လောက်‌တောင် ကံဆိုးလိုက်သလဲ။ သူမ ဝတ်စားထားတဲ့ပုံကြည့်ရရင် သူမမိသားစုက တော်‌တော်ချမ်းသာလောက်တယ်”

 

“သူမအစ်ကိုရဲ့ ရည်းစားက တော်တော်လေးကို သဘောကောင်းတာပဲ။ သူမအတွက် ဝယ်ပေးဖို့ ဒီလိုနေရာမျိုးကိုတောင် ခေါ်လာခဲ့တယ်။ အခု သူမဝတ်ကြည့်ထားတဲ့ ဝတ်စုံအစုံလိုက်က ယွမ်ထောင်ချီကုန်ကျတယ်”

 

ဘေးမှကြည့်ရှုနေသူများ၏ စက်ဆုပ်ဖွယ်ကောင်းသလိုကြည့်နေသည့် အကြည့်များက ကျန်းယာ့ကောအား အလွန် မသက်မသာဖြစ်စေသည်။ အပြန်အလှန်ပြောဆိုနေသောစကားများက သူမနှလုံးသားကို စပျစ်နွယ်များလို ရစ်ပတ်သွားပြီး သူမကို အသက်ရှုရခက်စေသည်။ သူမဟာ ထွက်ပြေးသွားချင်ပေမယ့်လည်း သမ့်လန်က သူမလက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သလို ဆိုင်မှအဝတ်အစားများကိုလည်း သူမ ဝတ်ဆင်ထားတုန်းပဲ ဖြစ်သည်။ သူမထွက်ပြေးသွားချင်ရင်တောင် ထွက်ပြေးလို့မလွတ်နိုင်ဘူး။

 

သူမ အရမ်းပူပန်သွားပြီးတော့ ချွေးများစိမ့်ထွက်လာသည်။ မျက်ရည်များ စီးကျလာပြီး သူမမျက်တောင်များပေါ် စိုရွှဲစေကာ သူမအသွင်ဟာ အကူအညီကင်းမဲ့ပြီး ကျိုးပဲ့သွားမည့်အသွင်ဖြစ်လာသည်။ လီရှစ်ကျီက အရာအားလုံးကို လွှမ်းမိုးနိုင်ပေမယ့်လည်း လိင်တူတဲ့ကျားမတစ်ကောင်က ဒါကို တွန်းလှန်ခဲ့တယ်။ ကျန်းယာ့ကောက လီရှစ်ကျီကို လှည့်ဖြားဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုခဲ့တာလဲဆိုတာကို စဥ်းစားရင်းနဲ့ သမ့်လန်က သူမ မစင်မျိုချမျသလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ ခံစားလိုက်ရသည်။

 

ကျန့်ယွင်က ဘေးပတ်လည်ကိုကြည့်ပြီးတော့ ဒါကိုဆက်ကြည့်နေဖို့ စိတ်မဝင်စားတော့ပေ။ လူတစ်ချို့က သူတို့ရဲ့ဖုန်းတွေကိုထုတ်ပြီးတော့ ဒီအဖြစ်အပျက်တွေကို ရိုက်ကူးနေပြီဆိုတာကို သူမ မြင်တွေ့ခဲ့ရသည်။

 

သူမက သမ့်လန်က အသာပုတ်ပြီး သတိပေးလိုက်သည်။ “ကောင်းပြီ။ ဒီလောက်ဆိုရင် လုံလောက်နေပြီ။ ငါတို့ရဲ့အဆင့်အတန်းကို ပြန်စဥ်းစားကြည့်ဦး။ သူမလို အကျင့်ပျက်မတစ်ယောက်ကြောင့် ငါတို့ပုံရိပ်ကို ပျက်စီးသွားအောင် မလုပ်လိုက်နဲ့” သူမနှင့် သမ့်လန်သည် အပေါ်ယံသူငယ်ချင်းများသာဖြစ်သော်လည်း ကျန်းယာ့ကောလိုမျိုး မိန်းမမျိုးနဲ့ တွေ့ဆုံသောအခါ သူမသည် သမ့်လန်ဖက်ကနေရပ်တည်ပြီး အတူတူရှိနေမှာ အမှန်ပါပဲ။

 

သမ့်လန်သည်လည်း ယခုအချိန်တွင် လူတစ်ချို့က ဖုန်းဖြင့်ရိုက်ကူးနေတယ်ဆိုတာကို သတိပြုမိသည်။ သူမက ကျန်းယာ့ကောကို လွှတ်ပေးလိုက်ပြီးတော့ အနီးအနားက လူတိုင်းကြားနိုင်သည့် မတိုးမကျယ်သည့်အသံဖြင့် ပြောလိုက်သည်။ “နင်ပြန်သွားပြီးတော့ လီရှစ်ကျီကို ငါတို့ဆက်ဆံရေး ပြီးဆုံးသွားပြီလို့ပြောလိုက်။ ငါ နင်တို့မောင်နှမနှစ်ယောက်ကို လွှတ်ပေးလိုက်မယ်။ နင်တို့နှစ်ယောက် အချိန်အကြာကြီး လက်တွဲပြီးတော့ သာယာတဲ့ဘဝလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ငါ ဆု‌တောင်းပေးလိုက်ပါတယ်။ ငါ နင့်ကို အသိတရားအချို့ရှိဖို့ကိုပဲ တောင်းဆိုချင်တယ်။ အကယ်၍ နင် တစ်စုံတစ်ယောက်ကို ကြိုက်ရင် အဲ့ဒီတစ်စုံတစ်ယောက်အနားမှာပဲ နေပါ။ အခြားအပြစ်မဲ့တဲ့မိန်းကလေးတွေကို နာကျင်အောင် မလုပ်ပါနဲ့။”

 

သမ့်လန်သည် အခြားသူများရှေ့မှောက်တွင် သူမအတွက် နားလည်မှုရှိပြီး ကြင်နာတတ်တဲ့ပုံရိပ်ကို ဖန်တီးပြီး‌နောက် သူမက သူမနောက်ကျောကို ဖြောင့်တန်းလိုက်ပြီး ကျန်းယာ့ကောကို ထားရစ်ခဲ့ကာ ထွက်သွားခဲ့သည်။

 

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူမ ဆုံးရှုံးခဲ့ရသမျှကို သူမမိဘများက လီရှစ်ကျီထံမှ ပြန်လည်စုဆောင်းပေးလိမ့်မည်။ သူမက အမှားတစ်ခုလုပ်ခဲ့ပြီးတော့ သူ့ကို ခန့်မှန်းချက် လွဲချော်ခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။

 

အရောင်းဝန်ထမ်းက ရောက်လာပြီးတော့ “မိန်းကလေး ရှင် ကျွန်မတို့ရဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားတုန်းပဲ။ စိတ်မရှိရင် အရင်ဆုံး အဝတ်အစားတွေကို လဲဝတ်ပေးပါလား” လို့ ယဥ်ကျေးစွာ ပြောလိုက်သည်။

 

ကျန်းယာ့ကောသည် သူမမျက်လုံးထဲမှ အထင်အမြင်သေးနေသော အရိပ်အယောင်များကို မြင်နိုင်ပါသေးသည်။ ကျန်းယာ့ကောသည် နှာတရှုံရှုံဖြင့် သူမပါးပြင်များပေါ်သို့ မျက်ရည်များ စီးကျလာပြန်သည်။

 

ဒါတွေအားလုံး ဘယ်လိုဖြစ်ရတာလဲ။

 

***

ဖန့်ကျွင်းရုံဟာ သူမနားထင်များကို ပွတ်သပ်လိုက်သည်။ သူမကုမ္ပဏီကိစ္စများသည် ပုံမှန်လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိသွားသောအခါတွင် သူမမှာ လုပ်စရာအလုပ် အများကြီးမရှိခဲ့ပါ။ သူမသည် မကြာသေးမီက အခြားအရာတစ်ခုခုနှင့် အလုပ်ရှုပ်နေခဲ့သည်။ ပိုင်ဟေးခရိုင်၏ဖွံ့ဖြိုးရေးလုပ်ငန်းသည် လာမည့်နှစ်တွင် စတင်လိမ့်မည်။ သူမမှာ မြေကွက်တစ်ကွက်ရှိတယ်။ အဲ့ဒီမှာ ဖန့်ကျွင်းရုံက စျေးဝယ်စင်တာတစ်ခုဆောက်လုပ်ဖို့ စီစဥ်ခဲ့သည်။ ထို့ကြောင့် များစွာသော ထောက်ခံချက်များနှင့် လျှောက်လွှာများကို အချိန်မှီရရှိရန် ဂရုစိုက်ရပါမည်။

 

ဖန့်ကျွင်းရုံသည် လုပ်စရာအလုပ်များ လုပ်ပြီးနောက် သူမလက်ထောက်ဟာ သူမဆီသို့ လျှောက်လာပြီးတော့ “ဘော့စ် လီရှစ်ကျီနဲ့ကျန်းယာ့ကောတို့အကြောင်း အခု ရေပန်းအစားဆုံးသတင်း ဖြစ်နေပြီ” လို့ တိုးသဲ့စွာ ပြောလာလေသည်။

 

သူတို့နှစ်ယောက်အပေါ် သူမဘော့စ်ရဲ့သဘောထားကို သူမ ကောင်းကောင်းသိပေမယ့် သူမဘော့စ်ကိုတင်ပြပေးဖို့က သူမအလုပ်ပဲလို့ ခံယူထားလေသည်။