အခန်း ၁၂၁
Viewers 25k


အခန်း (၁၂၁) - သူမအနေဖြင့် သူမ၏ကိုယ်ပိုင် လူသိရှင်ကြားအားသာချက်ကို ဘာလို့ အခွင့်ကောင်းမယူသင့်မှာလဲ (၁)


“အဲ့တာ မဖြစ်နိုင်ဘူး။ နင် ငါ့ကို လိမ်နေတာမလား” သမ့်လန်၏ဦးနှောက်ဟာ များပြားလှသော သတင်းအချက်အလက်များကြောင့် ဗလာဖြစ်လုနီးပါးဖြစ်သွားခဲ့ပေမယ့် အလိုအလျောက် ပြန်လည်ချေပမှုကိုတော့ လုပ်နိုင်ပါသေးသည်။

 

သမ့်လန်ကို ဂရုဏာသက်နေမိတဲ့ ကျန့်ယွင်ဟာ ချက်ချင်းပင် ဒေါသထွက်သွားမိသည်။ “နင်က ကိုယ့်ကိုကိုယ် အရောင်းထွက်ဖို့ တစ်စုံတစ်ယောက်အတွက် နင် မရေမတွက်နိုင်အောင် ငွေကြေးတွေ အကုန်ခံနေတာမကောင်းဘူးနော်။ ငါက နင် ခေါင်းပုံဖြတ်ခံရမှာဆိုးလို့ သတိပေးနေတာ။ အဲ့တာကို နင်က ကျေးဇူးမတင်တတ်ဘူးပဲ။ လီရှစ်ကျီက သူ့ညီမအရင်းအပေါ် ဘာလို့ လျစ်လျူရှုတာလဲဆိုတာကို နင် တွေးကြည့်ဖူးလား။ ပြီးတော့ လွန်ခဲ့တဲ့ခြောက်လကမှ တွေ့ဆုံခဲ့တဲ့ တစ်စုံတစ်ယောက်အပေါ် ဘာလို့အရမ်းကောင်းနေလဲဆိုတာကိုပါ နင် တွေးကြည့်လိုက်လေ။”

 

သမ့်လန်က အဲ့တာကို ငြင်းဆန်ချင်ပေမယ့် ကျန့်ယွင်က ဘယ်လောက်‌တောင် ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာကို တွေ့လိုက်ရပြီးနောက် သူမ သံသယဝင်လာမိသည်။ လီရှစ်ကျီနှင့် ကျန်းယာ့ကောတို့ အတူရှိနေတဲ့မြင်ကွင်းများကို ပြန်တွေးကြည့်သည်။ သူတို့၏ရင်းနှီးမှုက သူမကို မသက်မသာ ဖြစ်လာစေသည်။ သူမက အဲ့တာက ‌မောင်နှမအကြားချစ်ခြင်းလို့ ယူဆခဲ့ပြီး လီရှစ်ကျီက လီရှင်းယွင်ထက် ကျန်းယာ့ကောနဲ့ ပိုရင်းနှီးတယ်လို့ပဲ သူမ ထင်ခဲ့သည်။


ကျန့်ယွင်ပြောတဲ့အရာကသာမှန်လျှင် သူမ ဘာလုပ်ရမလဲ။ သူမက လီရှစ်ကျီအတွက် အများကြီး လုပ်ဆောင်ပေးခဲ့ကာ သူမကိုယ်သူမနှိမ့်ချပြီး ကျန်းယာ့ကောနဲ့မိတ်ဖွဲ့ဖို့ကိုတောင် လုပ်ခဲ့ကာ သူမကို ကောင်းကောင်းဂရုစိုက်ပေးခဲ့သည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်က သူမကို အရူးတစ်ယောက်လို သဘောထားပြီးတော့ အရူးလုပ်ခဲ့တာပါလား။

 

သူမက စိတ်တိုဒေါသထွက်လွန်းလို့ အကူအညီကင်းမဲ့စွာ သူမရင်ဘတ်ကိုသာ ဆုပ်ကိုင်ထားနိုင်တော့သည်။ သူမ ဒေါသအရမ်းထွက်နေပြီးတော့ သူမအသည်းထဲအထိ နာကျင်နေမိသည်။

 

ကျန်းယာ့ကောသည် သူမ စမ်းဝတ်ကြည့်နေသော အဝတ်များကို ဝတ်ဆင်ကြည့်ပြီးတော့ အပြင်သို့ ထွက်လာခဲ့သည်။ သမ့်လန် ရွေးပေးသော ဝတ်စုံအစုံလိုက်သည် သူမနှင့် အလွန်ကြည့်ကောင်းလှသည်။ အပြာဖျော့ဖျော့ဝတ်စုံသည် သူမခါးလေးကို ပိုမိုသေးသွယ်စေပြီးတော့ အနီရောင်ခါးပတ်လေးဖြင့် တွဲဖက်ဝတ်ဆင်လိုက်သည့်အခါမှာ သူမခါးလေးကို လက်တစ်ဖက်တည်းဖြင့် ရစ်ပတ်နိုင်သကဲ့သို့ သေးသွယ်သွားစေသည်။

 

အခုရှုထောင့်မှကြည့်လျှင် ကျန်းယာ့ကောသည် အရမ်းချောမောလှပသောပုံစံမျိုး မဟုတ်သော်လည်း အမျိုးသားများအား သူမကို ကာကွယ်ပေးလိုသည့်ဆန္ဒဖြစ်ပေါ်စေသောပုံစံမျိုး ဖြစ်သည်။ သူမကို ခေါင်းမော့ကြည့်လိုက်ပြီးတော့ သမ့်လန်ဆီ လျှောက်သွားကာ အပြုံးတစ်ပွင့်ဖြင့် သူမတစ်ကိုယ်လုံးကိုလှည့်ပတ်ပြလိုက်ပြီးတော့ မေးလိုက်သည်။ “ငါနဲ့ ဒီဝတ်စုံလိုက်ဖက်တယ်လို့ နင်ထင်လားဟင်” 

 

သူမက ဒီအဝတ်အစားများကို တော်တော်လေးကြိုက်နှစ်သက်မိသည်။

 

သူမသည် သမ့်လန်၏မျက်လုံးများကို တွေ့လိုက်ရသောအခါ မည်သို့ပင်ဖြစ်စေ ကျန်းယာ့ကောက သူမ မပျော်မရွှင်ဖြစ်နေတာကို သတိပြုမိလိုက်သည်။ သူမ၏မျက်လုံးဟာ မီးဝင်းဝင်းတောက်နေသည့်ဟန်ရှိသည်။ ကျန်းယာ့ကောသည် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်ကာ သမ့်လန်ကို အနည်းငယ် ကြောက်ရွံ့နေသည့် အသွင်ဖြင့် ကြည့်လိုက်သည်။

 

နောက်တစ်စက္ကန့်မှာပဲ သမ့်လန်က သူမလက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သမ့်လန်က အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် ကျန်းယာ့ကော၏ဖြူဖျော့သော အသားအရေပေါ်တွင် အမှတ်အသားတစ်ခု ကျန်ရစ်စေခဲ့သည်။ ကျန်းယာ့ကောသည် တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းကြောင့် မသက်မသာ ခံစားရကာ မျက်မှောင်ကြုတ်လိုက်သည်။ “လန်လန်…”

 

သမ့်လန်က သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ “လီရှစ်ကျီနဲ့ နင်ရဲ့ ဆက်ဆံရေးက ဘာလဲ”

 

ထိတ်လန့်သွားသောအသွင်တစ်ခုဟာ ကျန်းယာ့ကော၏မျက်နှာအပေါ်မှာ ဖြတ်သန်းသွားခဲ့သည်။ “သူ… သူက ငါ့အစ်ကိုလေ”

 

သမ့်လန်သည် မိန်းကလေးများထက် ယောကျာ်းလေးများကို ပို၍တန်ဖိုးထားသောမိသားစုတွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် သူမသည် တစ်စုံတစ်ဦး၏ စိတ်ခံစားမှုကို ဖတ်ရာတွင် အလွန်ကောင်းသည်။ သူမက ကျန်းယာ့ကောထံမှ အကြည့်မလွဲခဲ့ဘူး။ သမ့်လန်၏နှလုံးသားဟာ ကျဆင်းသွားခဲ့ပြီး အခုအချိန်မှာ သူမသည် ကျန့်ယွင်ပြောခဲ့သည့် စကားလုံးတိုင်းကို လုံးဝယုံကြည်သွားခဲ့ပြီ။

 

သမ့်လန်သည် လီရှစ်ကျီကို အခုနောက်ပိုင်းမှ ပိုမိုသဘောကျတာ ဖြစ်သည်။ သို့သော် အများစုမှာ သူမ တွေ့ဆုံခဲ့ဖူးသော သူ့ရဲ့အကောင်းဆုံးသောပုံရိပ်များကြောင့် ဖြစ်သည်။ လီရှစ်ကျီသည် သူ့မိဘနှစ်ဦးစလုံး၏ ဥပေက္ခာပြုခြင်းခံခဲ့ရပြီးတော့ သူ့စီးပွားရေးကလည်း သမ့်အိမ်တော်အပေါ် မှီခိုနေရသည်။ သူ့အရှိန်အဝါဟာ သမ့်လန့်ရှေ့မှောက်မှာ တဖြည်းဖြည်း ဖျော့တော့လာခဲ့သည်။ လမ်းခွဲဖို့ဝမ်းနည်းရတာထက် သူမ အရူးလုပ်ခံရတာကို ပိုပြီးဒေါသထွက်မိသည်။

 

သမ့်လန်က အံတင်းတင်းကြိတ်လိုက်၍ သူမသွားမှ ဂျစ်ဂျစ်ဟူသောအသံများပါ ထွက်လာသည်။ “မောင်နှမတွေပဲ ဟုတ်လား။ ဟမ့်… ဒါဆိုရင် နင် ငါ့ကို နင်နဲ့ လီရှစ်ကျီက ဘယ်တော့မှ မတွဲပါဘူး၊ စုံတွဲတွေ ဖြစ်မလာနိုင်ဘူးလို့ ကတိပေးနိုင်လား”

 

ကျန်းယာ့ကောသည် လီရှစ်ကျီအပေါ် ခံစားချက်ရှိနေသေးသဖြင့် ဒီလိုမျိုး ကတိစကားမျိုးကို ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ။

 

သမ့်လန်က တခစ်ခစ်ရယ်လိုက်သည်။ “အိုး… နင်တို့က စုံတွဲတွေဖြစ်ပြီးနှင့်ပြီဆိုတာကို ငါ သိလိုက်ရပြီ။ အဲ့တာကို နင်က ငါ့ရှေ့မှာ မောင်နှမတွေပဲလို့ ပြောဝံ့သေးတယ်လား။ ဒီလိုမျိုး မောင်နှမဆိုတာ မရှိဘူး။ ငါ နင့်တို့နှစ်ယောက်ကို အရမ်းရွံတာပဲ။ ပြီးတော့ ငါ နင့်ကို အရမ်းယုံပြီးတော့ နင့်အပေါ်မှာ အရမ်းကောင်းခဲ့တယ်။ ငါ နင့်ကို စျေးဝယ်ဖို့ခေါ်သွားတယ်။ အစားအသောက်တွေ အတူထွက်စားကြတယ်။ အတူပျော်ခဲ့ကြတယ်။ နင် ငါ့ကို အရူးလုပ်ရတာ ပျော်ရဲ့လား”

 

ဒီနေရာမှာ လီရှစ်ကျီသာ ရှိနေခဲ့လျှင် သမ့်လန်က ဒီမျှကျယ်လောင်စွာ မပြောရဲပေ။ သို့ပေမယ့် သူမရှေ့ကလူကတော့ တစ်လျှောက်လုံး သူမကိုလိမ်ထားခဲ့သည့် ယုန်လေးတစ်ကောင်နဲ့တူတဲ့ ကျန်းယာ့ကောပါပဲ။ သမ့်လန်သည် အကြောက်တရားကင်းမဲ့လာသည်။ ဒါ့အပြင် သူမသည် ဒီဖြစ်ရပ်မှာ နစ်နာသူသာဖြစ်သည်။ သူမက တရားမျှတမှုကို