အခန်း၁၂၀
Viewers 25k


အခန်း (၁၂၀) - မင်းနဲ့ မင်းအမေရဲ့စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာကို ငါသိတယ်(၃)

 

ကျန်းယာ့ကောက ရှစ်ကျီရဲ့လက်ထောက်တစ်ဦးဖြစ်ပြီး သမ့်လန်ကလည်း ရုံးကို မကြာမကြာလာလေ့ရှိသည့်အတွက် သမ့်လန်ရှေ့မှောက်မှာ လီရှစ်ကျီအပေါ်ထားတဲ့ သူမရဲ့စိတ်ခံစားချက်တွေကို ထိန်းမရသိမ်းမရ ထုတ်ဖော်ပြသမိမှာကို သူမ စိုးရိမ်မိသည်။ ကျန်းယာ့ကောသည် သူမကိုယ်သူမ စိတ်မပျံ့လွင့်စေရန် ကျောင်းသင်ရိုးပြင်ပအလုပ်များကို ပိုလုပ်ခဲ့ပြီး ရုံးသို့သွားသည့် အကြိမ်အရေအတွက်ကို လျှော့ချရန်မှတစ်ပါး သူမမှာ အခြားရွေးချယ်စရာမရှိပေ။

 

သမ့်လန်သည် လီရှစ်ကျီ စိတ်အခြေအနေမကောင်းတာ သူမကြောင့် မဟုတ်မှန်းသိလာပြီးနောက် ပို၍စိတ်ပျော်ရွှင်လာခဲ့သည်။ သူမက လီရှစ်ကျီ စိတ်ဆိုးနေတဲ့အချိန် အချိန်ကိုက်ရောက်ရှိလာတာကြောင့် သူက သူမကို လေသံမာနှင့်ပြောလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ ဒါ့အပြင် လူတွေက သူတို့သဘောမကျတဲ့လူတွေနဲ့ဆိုရင် သူတို့ပတ်ဝန်းကျင်မှာ တားဆီးထားလေ့ရှိသည်။ ရှစ်ကျီက သူမကို သူနဲ့ရင်းနှီးတဲ့သူတစ်ယောက်အဖြစ် ဆက်ဆံနေတယ်လို့ ဆိုလိုတာမလား။

 

သမ့်လန်၏ စိတ်အခြေအနေဟာ သူမ၏ထင်မြင်ယူဆချက်ကြောင့် သိသိသာသာ တိုးတက်လာသည်။ ပျားရည်များဖြင့် ဖုံးအုပ်ထားသကဲ့သို့ သူမသည် ချိုမြိန်ခြင်းကို ခံစားလိုက်ရသည်။

 

သူမသည် ကျန်းယာ့ကောကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းယာ့ကောကို သူမအနားမှာ ထားလိုက်တာ အကြံကောင်းပဲ။ သမ့်လန်က ကျန်းယာ့ကောကို ဆုအနည်းငယ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ လီရှင်းယွင်ကဲ့သို့လူမျိုးထက် ကျန်းယာ့ကောလိုမျိုး အတွေ့အကြုံမရှိသောလူမျိုးက ကျေနပ်အောင်လုပ်ပေးဖို့ အလွန်လွယ်ကူသည်။

 

သမ့်လန်ဟာ ကျန်းယာ့ကောနှင့်အတူ ညစာစားပြီးနောက် ‌စျေးဝယ်ထွက်ကာ သူမအတွက် ဝတ်စုံတစ်စုံလောက် ဝယ်ပေးဖို့ တွေးလိုက်သည်။

 

ကျန်းယာ့ကောသည် သူမပေးသည့် လက်ဆောင်များကို လက်ခံရရှိပြီးတော့ သူမကို ကျေးဇူးတင်သည့်အခါတိုင်း သမ့်လန်ဟာ ပြီးပြည့်စုံသည့်ခံစားချက်မျိုးကို ခံစားရလေသည်။

 

“ရာသီဥတုက တဖြည်းဖြည်းအေးလာပြီ။ နင် ဘာလို့ လည်စည်းပဝါကိုလည်း တစ်ခါတည်းမဝယ်ရတာလဲ။” ဟု သမ့်လန်က မေးလိုက်သည်။ 

 

ကျန်းယာ့ကောသည် လီရှစ်ကျီ၏ ရှေ့တွင် သမ့်လန် သူမအား ဝယ်ပေးလိုက်သော အဝတ်အစားများကို ဝတ်ဆင်သောအခါတွင် သူမအတွက် အကောင်းမြင်သည့်အမှတ်များ ရရှိပေလိမ့်မည်။ ဒါက သူအဆင်ပြေ - ကိုယ်အဆင်ပြေ အခြေအနေပါပဲ။

 

သမ့်လန်နောက်သို့ လိုက်ပါလာသော ကျန်းယာ့ကောသည် နူးညံ့သိမ်မွေ့ပြီးတော့ အန္တရာယ်ကင်းမဲ့ပုံရသည်။ 

 

“သမ့်လန်” သူတို့စျေးဝယ်ထွက်နေသည့် လမ်းတစ်ဝက်တွင် သမ့်လန်သည် သူမနာမည်ကို တစ်ယောက်ယောက်က လှမ်းခေါ်လိုက်တာကို ကြားလိုက်ရသည်။ သူမက လှည့်ကြည့်လိုက်သောအခါတွင် သူမသူငယ်ချင်း ကျန့်ယွင်ကို တွေ့လိုက်သည်။ သူတို့က အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေတော့ မဟုတ်ပါ။ အကောင်းဆုံးအပေါ်ယံသူငယ်ချင်းများသာ ဖြစ်သည်။

 

“ကျန့်ယွင်” သမ့်လန်က ကျန့်ယွင်ကို ခေါင်းဆတ်၍ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက ကျန်းယာ့ကောဖက်လှည့်ကာ “ဒီဦးထုပ်ကိုလည်း စမ်းဝတ်ကြည့်လိုက်ဦး။ နင်နဲ့လိုက်ရင် ဒါကိုလည်း နင့နင့်အတွက် ငါ ဝယ်ပေးမယ်။ အာ… ဒီအပေါ်ထပ်ကလည်း နင့နင့်အသားအရေနဲ့လိုက်မယ် ထင်တယ်။ နင် ဘာလို့ ဒါကိုရော စမ်းမဝတ်ကြည့်တာလဲ” လို့ ပြောလိုက်သည်။

 

ကျန့်ယွင်က အနည်းငယ် အံ့သြသွားမိသည်။ သမ့်လန်က ဘယ်တုန်းကများ ဒီလောက်ရက်ရောသွားတာလဲ။ သူမသည် အရင်တုန်းက တစ်လကို ယွမ်တစ်သောင်းလောက်သာ မုန့်ဖိုးရသည်။ အခု သူမက တခြားသူတွေအတွက်ပါ ပစ္စည်းတွေ ဝယ်ပေးနိုင်နေပြီလား။

 

“အဲ့တာ နင့်အမျိုးလား။” ဟု ကျန့်ယွင်က မေးလိုက်သည်။

 

ကျန်းယာ့ကော အဝတ်လဲခန်းထဲကို ဝင်သွားတာကိုကြည့်ရင်း သမ့်လန်က ပေါ့ပေါးပါးပါးအသွင်ဖြင့် “မဟုတ်ဘူး။ သူမက ရှစ်ကျီရဲ့ညီမလေ။” ဟု ဖြေလိုက်သည်။

 

“လီရှင်းယွင်က အဲ့လိုရုပ်မျိုး မဟုတ်ပါဘူး။ လီရှင်းယွင်က သူမထက် ပိုလှတယ်” လို့ ကျန့်ယွင်က ပြောလိုက်သည်။ သူမသည် မကြာသေးမီက သူမအမေထံမှ ကြားရသော အတင်းအဖျင်းများကို ပြန်လည်အမှတ်ရမိပြီးတော့ သမ့်လန်ရဲ့ကျဆုံးခြင်းကို မပျော်ပဲမနေနိုင်ခဲ့ပါ။ အခုနောက်ပိုင်းတွင် သမ့်လန်သည် လီရှစ်ကျီနှင့် စုံတွဲတစ်တွဲလို သွားလာနေတာကို ခဏခဏတွေ့ရကြောင်းကို သူမ ကြားခဲ့သည်။ ဒါပေမယ့် လီရှစ်ကျီမှာ အဖြူရောင်လမင်းလေးလိုကောင်မလေးချစ်သူရှိတယ်ဆိုတာကို သမ့်လန်ရော သိရဲ့လား။

 

“သူမက ယာ့ကောလေ။ ဦးလေးလီရဲ့မွေးစားသမီး။ သူမက အရမ်းချစ်ဖို့ကောင်းပြီး ငါ့ကို သူမရဲ့အစ်မရင်းတစ်ယောက်လို အမြဲဆက်ဆံပေးခဲ့တယ်” ဟု သမ့်လန်က ပြောလိုက်သည်။

 

ယာ့ကောလား။

 

ကျန့်ယွင်ဟာ ပါးစပ်အ‌ဟောင်းသား ဖြစ်သွားသည်။ သူမ ကြားလိုက်ရတာ မှန်ရဲ့လား။ “ကျန်းယာ့ကောတဲ့လား”

 

သမ့်လန်က ခေါင်းညိတ်လိုက်သည်။ “နင် သူမကို သိလို့လား” အဲ့တာက အဓိပ္ပာယ်ရှိတယ်။ ကျန်းယာ့ကောသည် အပြုသဘောဆောင်သည့်အရာမဟုတ်သော်လည်း အွန်လိုင်းပေါ်မှာ ကျော်ကြားမှုအချို့ ရှိခဲ့သည်။ ယာ့ကောသည် ထိုအဖြစ်အပျက်တွင် ဦးလေးလီကြောင့် နစ်နာသူဖြစ်ခဲ့ရသည်ဟု သူမ ခံစားရသည်။ ပြီးတော့ သူမ ထိုသို့တွေးမိရသည့်အကြောင်းအရင်းမှာ ရှစ်ကျီက သူမကို အလိုလိုက်အကြိုက်‌ဆောင်ရန် အမြဲကြိုးစားသောအကြောင်းအရင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

 

“ကျန်းယာ့ကောက လီရှစ်ကျီရဲ့ ညီမလို့ နင့်ကို ဘယ်သူက ပြောလဲ။ သူတို့က သမီးရည်းစားတွေပဲ။ လီရှစ်ကျီအမေက သူမမှာ သားမရှိတော့ဘူးလို့ ဘာကြောင့် ပြောတာလဲဆိုတာ နင် စဥ်းစားကြည့်။ အဲ့တာ ကျန်းယာ့ကောကြောင့်ပဲ။ ကျန်းယာ့ကောမှာ သူမကိုယ်ပိုင်နည်းလမ်းတွေရှိပြီးတော့ လီရှစ်ကျီကို အရမ်းဆွဲဆောင်နိုင်ခဲ့တယ်ဆိုတာ လူတိုင်းလိုလို ပြောကြတယ်။ နင်က ဘာလို့ သူတို့ကြား ဝင်ရှုပ်ချင်ရတာလဲ”

 

သူမ၏လက်များကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းရင်း ကျန့်ယွင်သည် သမ့်လန်အား ကျန်းယာ့ကောနှင့် သူမအဒေါ်အကြောင်းအား သူမသိသမျှ မခြွင်းမချန် ပြောပြလိုက်သည်။ သမ့်လန်သည် သူမပြောတာတွေကို ကြားလိုက်ရပြီးနောက် သူမခြေထောက်များဟာ ပျော့ခွေသွားခဲ့ပြီး မနည်းမတ်တပ်ရပ်နိုင်ရုံသာ စွမ်းနိုင်ခဲ့သည်။

 

ကျန့်ယွင်သည် ဦးထုပ်စိမ်းဆောင်းခံထားရသည့် သမ့်လန်အား သနားနေသည့်အသွင်ဖြင့် ကြည့်လိုက်သည်။ အခုအချိန်မှာ ဦးထုပ်စိမ်းလေးနှင့်သမ့်လန်ကို မြင်တွေ့ရတာ အရမ်းကြည့်ကောင်းတာပဲ။

 

ဒီဟာက ကျန့်ယွင်ကို သူမအချစ်ပြိုင်ဖက်အား အဝတ်အစားဝယ်ပေးနေတဲ့အရူးတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပဲ။