အခန်း ၁၂၅
Viewers 25k


အခန်း (၁၂၅) - သူတို့က သူ့ကို မိန်းမဖြစ်သူအား ရိုက်နှက်တာကလွဲလို့ မကောင်းတာမှန်သမျှ လုပ်သည့်လူတစ်ဦးအနေဖြင့် စွပ်စွဲပြောဆိုခဲ့ကြတယ် (၂)

 

ဖန့်ကျွင်းရုံသည် အွန်လိုင်းပေါ်က ထိုအငြင်းပွားမှုများအားလုံးကိုလည်း ဖတ်ရှုဖူးသည်။ စကားအချည်းနှီးသာ ပြောဆိုတတ်သော ထိုအင်တာနက်အသုံးပြုသူများ၏ စွပ်စွဲချက်များကို သူမ ဂရုမစိုက်ပါ။ သူမကို လီရှစ်ကျီအား ခွင့်လွှတ်ပေးဖို့ ပြောဆိုသူများနှင့် ဝေးဝေးနေရန်သာ ရွေးချယ်လိုက်တယ်။ သွေးသားဆွေမျိုးများကြောင့် မိုးကြိုးပစ်ချခံရပြီး ပျက်စီးသွားမှာမျိုး မဖြစ်ချင်ဘူး။

 

သူတို့ ဘာပဲပြောပြော သူတို့ပြောချင်တာ ပြောနိုင်ပေမယ့် ဒါက သူမရဲ့ဘဝကို နည်းနည်းလေးမှ မထိခိုက်စေဘူး။

 

သူမသည် ထိုအကြောင်းကို ဆွေးနွေးနေသော နာမည်ကြီးနေသည့်ကွန်မန့်များကို ဖတ်ရသည်။ သူမနှင့် သမ့်လန်ကို သနားနေသူများအပြင် သမ့်လန်သည် လှပချောမောပြီး ကြင်နာတတ်သူဖြစ်ကြောင်း ရေးသားထားသည်များကိုပါ ဖတ်ရသည်။ သူမသည် ဝတ္ထုတစ်ပုဒ်ထဲက အမျိုးသားများနှစ်သက်ကြသည့် နှလုံးသားဖြူစင်သော ကြာပန်းဖြူမလေးနှင့် ဆင်တူသည်။ ၎င်းသည် သမ့်လန်အား လူအများအမြင်တွင် အလွန်ကောင်းမွန်သော အပြုသဘောဆောင်သည့် နာမည်ဂုဏ်သတင်းကို ရရှိ‌စေခဲ့သည်။

 

ထိုသတင်းကို အခွင့်ကောင်းယူ၍ သူမထုတ်ကုန်ကို ကြော်ငြာခဲ့သော ဖန့်ကျွင်းရုံအပြင် သမ့်လန်သည်လည်း ဤသတင်းကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ဖန့်ကျွင်းရုံသည် ထိုသတင်းနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိမရှိ စစ်ဆေးကြည့်ဖို့ လူတစ်ယောက်ရှာလိုက်သည်။ 

 

နှစ်ရက်အကြာမှာပင် ထိုအကြောင်းစစ်ဆေးမှုရလဒ်သည် ဖန့်ကျွင်းရုံလက်ဝယ် ရရှိလာခဲ့သည်။

 

ဖန့်ကျွင်းရုံက ထိုအကြောင်း၏အမှန်တရားကို ရှာကြည့်ဖို့က ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျ ထိုအကြောင်းကိုရှာဖွေရတာက သူမထင်ထားတာထက် အများကြီး ပိုလွယ်ကူတယ်။ လူထုရဲ့ထင်မြင်ချက်လှိုင်းတွေရဲ့ နောက်ကွယ်မှာ သမ့်အိမ်တော်ရှိနေတာ အမှန်ပါပဲ။ ထိုအမှန်တရားကို သမ့်အိမ်တော်မှငှားရမ်းထားသော ရေတပ်မှ ဖော်ထုတ်ခဲ့တာဖြစ်သည်။

 

သမ့်လန်သည် လူထုအထင်အမြင်ကောင်းများ ရရှိရန် စျေးကွက်ရှာဖွေရေးအတိုင်ပင်ခံကုမ္ပဏီသို့ သွားခဲ့သည်။ နစ်နာသူတစ်ယောက်အဖြစ် သမ့်လန်၏ပြီးပြည့်စုံသောပုံရိပ်ကို အလေးပေးရန် ဖြစ်သည်။ အနည်းနှင့်အများအားဖြင့် ဖန့်ကျွင်းရုံ၏ကြော်ငြာသည် အင်တာနက်အသုံးပြုသူများထံမှ အာရုံအများစုကို ရယူနိုင်ခဲ့သည်။

 

ခြိုးခြံချွေတာတတ်သော သမ့်လန်၏ဖခင်က ထိုဖြစ်ရပ်က စျေးကွက်ရှာဖွေရေးအတိုင်ပင်ခံကုမ္ပဏီရဲ့ ရှုံးနိမ်မှုတစ်ရပ်အဖြစ် ယူဆခဲ့ကာ ပေးချေရန် သဘောတူညီထားသောငွေပမာဏ တစ်စိတ်တစ်ပိုင်းကို လျှော့ချလိုက်သဖြင့် ထိုကုမ္ပဏီက သူတို့ကို ကျောခိုင်းဝေဖန်ခဲ့သည်။

 

ဖန့်ကျွင်းရုံက သူမခေါင်းကို ခါလိုက်သည်။ သမ့်အိမ်တော်၏လုပ်ရပ်များသည် သူမအမြင်အာရုံအား တကယ့်ကိုပင် ပွင့်သွားစေခဲ့သည်။

 

ဖန့်ကျွင်းရုံဟာ သက်သေတွေကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။ ဒီအမှိုက်တွေကို သူမ တစ်နေ့နေ့မှာ လိုအပ်လာနိုင်သည်။

 

***


လီဝမ့်ကျင်းသည် မှုန်မှိုင်းနေသောအသွင်အပြင်ဖြင့် အိမ်သို့ပြန်လာခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ကို နူးညံ့သောမွေ့ရာထဲ နစ်မြှုပ်လိုက်ရင်း မျက်လုံးများကို တစ်ဝက်ခန့် မှေးလိုက်သည်။

 

လီဝမ့်ကျင်းသည် သူနှင့်သားဖြစ်သူကို ဣန္ဒြေသိက္ခာကင်းမဲ့တယ်လို့ စွပ်စွဲခဲ့သော သမ့်လန်၏ဖခင်ဖြစ်သူနှင့် တွေ့ဆုံခဲ့သည်။ သူတို့က သမ့်လန်ကို အရူးတစ်ယောက်လို ဆက်ဆံခဲ့တာကို သမ့်လန်၏ဖခင်က သူတို့အား ရှင်းပြချက် တောင်းခဲ့တယ်။ သမ့်အိမ်တော်သည် သူတို့၏ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ထုတ်ယူရန်ပင် စီစဥ်ခဲ့ကြသည်။ လီဝမ့်ကျင်းသည် နောက်ထပ်ရန်သူတစ်ဦးကို ထပ်မလိုချင်သောကြောင့် သူက သူ့သားဖြစ်သူကို စွန့်ပစ်ရန်ကလွဲလို့ အခြားရွေးချယ်စရာမရှိချေ။

 

သားအဖနှစ်ဦးစလုံးဟာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သဖြင့် သူတို့၏ကုမ္ပဏီထုတ်ကုန်များစွာကို သပိတ်မှောက်လာကြသည်။ သူတို့၏သုံးလပတ်ဝင်ငွေက တော်တော်လေးကို ဆိုးရွားလာခဲ့ပြီ။ ဤအဖြစ်အပျက်အသစ်ကြောင့် သူတို့သည် ငွေများစွာကို ဆုံးရှုံးခဲ့ရသည်။ ထိုအရာက လီဝမ့်ကျင်း၏စိတ်ကို ပိုမိုဆိုးရွားလာစေခဲ့သည်။

 

အရင်တုန်းက ရှစ်ကျီဟာ ထက်မြက်တဲ့ စီးပွားရေး အသိအမြင်ရှိသည့်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူ အမြဲဂုဏ်ယူရတဲ့ သားတစ်ယောက် ဖြစ်ခဲ့တယ်။ သူက ကျန်းယာ့ကောနဲ့စတင် ဆုံစည်းချိန်ကစပြီး ပြုစားခံလိုက်ရသလို ဘာမှအသိအမြင်မှ မရှိတော့ဘူး။

 

လီဝမ့်ကျင်းသည် မကွာရှင်းခင်က နေ့ရက်များကို သတိမရပဲ မနေနိုင်ခဲ့ပေ။ အဲ့ဒီနေ့ရက်အချိန်တွေက ပျော်ရွှင်ဖွယ်ကောင်းပြီး စိတ်သက်သာရာရရှိခဲ့သည့် နေ့ရက်များပင် ဖြစ်သည်။

 

လီဝမ့်ကျင်းသည် သူ ဖန့်ကျွင်းရုံနှင့် ကွာရှင်းပြီးကတည်းက သူတို့၏အခြေအနေတွေ မတူညီကွဲပြားခြားနားလာမှုတွေက သိသာထင်ရှားလာခဲ့သည်။ သူသည် သူ့နာမည်ဂုဏ်သတင်းအားလုံး ဆုံးရှုံးလိုက်ရရုံသာမက ကုမ္ပဏီသည်လည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ဖန့်ကျွင်းရုံကို ပြန်ကြည့်ရမယ်ဆိုရင် မိန့်ဖုန်းကော်ပိုရေးရှင်းသည် တဖြည်းဖြည်း မြင့်တက်လာပြီးရင်းမြင့်တက်လာကာ သူမသည်လည်း လှပသည်ထက်လှပကြော့ရှင်းလာသည်။ သူမသည် လူအများစိတ်ထဲတွင် ပြီးပြည့်စုံသောပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။

 

လီဝမ့်ကျင်းသည် အခြားအရာတစ်ခုကို ပြန်အမှတ်ရသွားမိပြီး မနာလိုမှုက သူ့ကို သေလုနီးပါးဖြစ်သွားစေသည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဖန့်ကျွင်းရုံဟာ သူတို့မကွာရှင်းခင်ကတည်းက အလှအပဆေးလုံးများကို အခြားသူများထံ လက်ဆောင်ပေးခဲ့တယ်ဆိုတာကို သူ သိလိုက်ရသည်။ ထိုဖော်မြူလာသည် သူတို့၏ပူးတွဲပိုင်ဆိုင်မှုအဖြစ် မှတ်ယူသင့်ပြီး သူ့မှာ ထိုအတွက် ရပိုင်ခွင့် ရရှိသင့်သည်။

 

လီဝမ့်ကျင်းသည် ဤမျှကြီးမားလှသော စည်းစိမ်ဥစ္စာကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု တွေးမိလိုက်တိုင်း သူ့နှလုံးသားဟာ အလွန်နာကျင်လာခဲ့ပြီးတော့ အသက်ရှုဖို့ပင် ခက်ခဲလာရသည်။

 

သူ့ရဲ့နှလုံးအောင့်မှုက ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ခဏတာပင် ဖြစ်ပွားခဲ့ရသည်။