အခန်း၁၂၆
Viewers 25k

အခန်း ၁၂၆ - သူတို့က သူ့ကို မိန်းမဖြစ်သူအား ရိုက်နှက်တာကလွဲလို့ မကောင်းတာမှန်သမျှ လုပ်သည့်လူတစ်ဦးအနေဖြင့် စွပ်စွဲပြောဆိုခဲ့ကြတယ် (၃)

 

“ဝမ့်ကျင်း နှစ်သစ်ကူးဖို့ သုံးလလောက်ပဲ လိုတော့တာမို့ ကုမ္ပဏီအနေနဲ့ နှစ်စဥ်ဂုဏ်ပြုစားသောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားဖို့ လိုအပ်နေပြီ”

 

“ဥက္ကဌ ကျွန်တော်တို့ ဒီနှစ်ဆုကြေးငွေ ဘယ်လိုလုပ်ရမလဲ။ မင်းမှာ အကြံဥာဏ်တွေ ရှိလား။”

 

“ဝမ့်ကျင်း မင်းကုမ္ပဏီပိုင်ငွေတွေကို မင်းဘဏ်စာရင်းထဲကို ပိုလွှဲခဲ့လား။ ကုမ္ပဏီပိုင်ငွေက ကုမ္ပဏီနဲ့ပဲ သက်ဆိုင်တာ။ မင်းတစ်ယောက်တည်းပိုင်တာမဟုတ်ဘူး။ ငါတို့ကို အပိုဆုကြေးမပေးခင်မှာ အမြတ်တစ်ခုခုရတိုင်း ငွေလွှဲရုံနဲ့မရဘူး။ မင်းအသားစားချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါတို့လိုစီနီယာတွေကို စွပ်ပြုပ်ချက်ဖို့လောက်တော့ လုပ်ပေးသင့်တယ်။”

 

သူ့ဆီကို ဖုန်းခေါ်သည့်ခေါ်ဆိုမှုတိုင်းမှာ ပိုက်ဆံအကြောင်းသာ ပါဝင်နေခဲ့ကြသည်။

 

ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံ... သူက ဒီငွေတွေအားလုံးကို ဘယ်လိုလုပ်ရင် ရလာနိုင်မလဲ။

 

လီဝမ့်ကျင်းဟာ ခေါင်းကိုက်လာခဲ့သည်။ သူက ချက်ချင်းကြီးကို ငွေအများကြီး ဝင်လာနိုင်လိမ့်မယ်လို့ သူမျှော်လင့်ခဲ့တယ်။ မဟုတ်ဘူး။ စောင့်ရမယ်။ အဲ့တာက မလုံလောက်သေးဘူး။ သူသည် အလှအပဆေးလုံးကဲ့သို့ ရေရှည်အာမခံချက်ရှိသော ဝင်ငွေတစ်ခုခုကိုရရန် မျှော်လင့်မိသည်။

 

လီဝမ့်ကျင်းသည် အလှအပဆေးလုံးဖော်မြူလာကို ရချင်မိသည်။ သူက ဖန့်ကျွင်းရုံနှင့်မတူပဲ ၎င်းတို့ကို အကန့်အသတ်ဖြင့် ‌ရောင်းချမှာမဟုတ်ပေ။ သူသည် ထိုဆေးလုံးများကို အလုံးအရင်း သေချာထုတ်လုပ်ပြီးတော့ ထုတ်ကုန်များကို တစ်ကမ္ဘာလုံးသို့ တင်ပို့ရောင်းချမှာဖြစ်သည်။ ထိုသို့ဆိုလျှင် ပိုက်ဆံအများကြီးရရှိနိုင်ကာ ရယ်စရာပင်ဖြစ်လိမ့်မည် မဟုတ်ပေ။

 

သူ့ဆီမှာ အကြံတစ်ခုရပြီးတာနဲ့ အဲ့တာကို စတင်အကောင်အထည်ဖော်ဖို့ လိုအပ်နေသေးသည်။

 

အလင်းရောင်အောက်၌ သူ့မျက်နှာဟာ လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် အမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်။

 

လီဝမ့်ကျင်းဟာ တီဗွီကိုဖွင့်ပြီး လိုင်းများကို ဟိုပြောင်းဒီပြောင်း လုပ်နေခဲ့သည်။ အစီအစဥ်မျိုးစုံဟာ သူ့ရှေ့မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့ပေမယ့် အဲ့တာတွေကို သူ အာရုံစိုက်လို့ မရဘူး။ သူ့ခေါင်းထဲမှာ အတွေးမျိုးစုံရှုပ်ထွေးနေသည်။

 

ရုတ်တရတ် သူက လိုင်းများကို ဟိုပြောင်းဒီပြောင်းလုပ်နေရင်း အလယ်၌ရပ်တန့်သွားမိရာ အစီအစဥ်တစ်ခု၏ အင်တာဗျူးလုပ်နေသောမျက်နှာပြင်မှာ ရပ်တန့်သွားမိသည်။ သူတို့က မကြာသေးမီက အရမ်းနာမည်ကြီးလာခဲ့တဲ့ အလှအပဆေးလုံးအကြောင်း ပြောဆိုနေတာ ဖြစ်သည်။ အလှအပဆေးလုံး၏ အကျိုးသက်ရောက်မှုသည် အခြားပြိုင်ဖက်ထုတ်ကုန်များထက် အဘယ့်ကြောင့် ပိုကောင်းမွန်ရတာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာရန် ကျွမ်းကျင်သူများကိုပင် ဖိတ်ကြားထားခဲ့သည်။

 

လီဝမ့်ကျင်းသည် ကျွမ်းကျင်ပညာရှင်များ၏ ဝေဖန်ပြောဆိုနေသည်များကိုကြည့်ရင်း တီဗွီရီမုဒ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။ သူ ဒါကို ဒီအတိုင်း မထားလိုက်နိုင်ဘူး။ သူက မကြိုးစားကြည့်ပဲ လက်မလျော့မှာမဟုတ်ဘူး။ ဒီပုံအတိုင်းသာဆိုရင် ဖန့်ကျွင်းရုံက သူ့ကို ရွှံ့ဗွက်တစ်ခုကို ဖြတ်ကျော်သွားနိုင်လိမ့်မည်။ သူက အခြားသူတွေရဲ့ လှောင်ပြောင်ဆိုတာကို မလိုချင်တော့တာကြောင့် သူ့အိမ်တော်ကနေ ထွက်လာခဲ့တာပဲ။ အချို့ကနေ ယနေ့အထိ သူ့အောင်မြင်မှုများအားလုံးသည် ဖန့်ကျွင်းရုံက သူ့အား နောက်ကွယ်ကနေ အကူအညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ကွာရှင်းပြီးနောက်ပိုင်း ချက်ချင်းပင် အေယွန်ကော်ပိုရေးရှင်းဟာ ဘာကြောင့် စီးပွားရေးယိုယွင်းလာခဲ့ရတာလဲ။

 

သူတို့က သူ့မိန်းမကို ရိုက်နှက်တာကလွဲလို့ မကောင်းတာမှန်သမျှလုပ်သည့်လူတစ်ဦးအနေဖြင့် လီဝမ့်ကျင်းအား စွပ်စွဲပြောဆိုကြသည်။

 

လီဝမ့်ကျင်းသည် မာနကြီးသူတစ်ယောက်ဖြစ်ပြီး ထိုကောလဟာလများအား ဖြေရှင်းရန် မကိုင်တွယ်နိုင်ခဲ့သဖြင့် ပါတီပွဲများသို့ တက်ရောက်ချိန်များကို လျှော့ချခဲ့ရသည်။

 

လီဝမ့်ကျင်းက မတ်တပ်ရပ်ပြီး ဘေးဖက်သို့ လှည့်ပတ်ကြည့်လိုက်သည်။ သူ ဘယ်နေရာကနေ စတင်ရင် ကောင်းမလဲ။

 

ကွာရှင်းပြီးကတည်းက ဖန့်ကျွင်းရုံသည် သူမလူများအား ခေါ်ဆောင်သွားခဲ့ပြီး သူ့လူများကိုလည်း ပြန်ပို့ခဲ့သည်။ သို့သော် သူ့လူများအား အကုန်အစင် ပြန်ပို့နိုင်ခဲ့တာ မဟုတ်ပေ။ ဖန့်ကျွင်းရုံဆီမှာ သူ့လူအချို့ ရှိနေတုန်းပါပဲ။

 

သူက ဒါကို အခွင့်ကောင်းယူနိုင်တယ်။ သူသည် ထိုဖော်မြူလာကို လက်ဝယ်ရရှိနိုင်သရွေ့ ယခင်အချိန်များကဲ့သို့ အထွတ်အထိပ်သို့ ပြန်တက်နိုင်သည်။

 

လီဝမ့်ကျင်းဟာ ကျန်းပိအား ရုတ်တရတ် သတိရလိုက်မိသည်။ အလှအပ‌ဆေးလုံး ပထမဦးဆုံးအကြိမ် ထုတ်လုပ်ဖြန့်ချိတုန်းက သူ့ထံ ကျန်းပိရောက်လာခဲ့ပြီး လီဝမ့်ကျင်းထံမှာ ဖော်မြူလာရှိရင် သူတို့နှစ်ဦး အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း ပြောလာခဲ့ဖူးသည်။ ကံမကောင်းစွာပဲ သူ့မှာ ဖော်မြူလာမရှိသောကြောင့် အခွင့်အရေးကို လက်လျှော့ခဲ့ရသည်။

 

ထိုဖော်မြူလာက သူ့လက်ထဲရောက်လာတာနဲ့ သူက ကျန်းအိမ်တော်၏အကူအညီဖြင့် ဖန့်ကျွင်းရုံထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ်။ ဖန့်ကျွင်းရုံဟာ အတွေ့အကြုံနုသေးသူတစ်ယောက် ဖြစ်သည်။ သူမသည် ကျွမ်းကျင်သူတစ်ယောက်နှင့် မတိုင်းတာနိုင်ပါ။ သူမက ဒီလိုအောင်မြင်လာခဲ့တာဟာ ကံကောင်းလို့ဖြစ်သွားတာချည်းပါပဲ။

 

အချိန်တန်ရင် ဖန့်ကျွင်းရုံ၏အောင်မြင်မှုအားလုံးဟာ သူ့အပိုင်ဖြစ်လာလိမ့်မည်။

 

လီဝမ့်ကျင်း၏မျက်နှာတွင် အပြုံးတစ်စ ပေါ်ထွက်စပြုလာသည်။ လီဝမ့်ကျင်းက သူ့ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီးတော့ ကျန်းပိ၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။