အခန်း ၁၂၇ - ငွေလွှဲရောက်လာသံက သူ့အတွက် ဒီထက် ပိုကြီးမားတဲ့လှောင်ရယ်စရာ မရှိလာနိုင်တော့ဘူး (၁)
လီရှင်းယွင်နှင့် သူမအခန်းဖော်အချို့သည် ကုမ္ပဏီတစ်ခုသို့ အလည်အပတ် သွားရောက်ရန်ရှိသည်။
လီရှင်းယွင်သည် ကျောင်းစစတက်တုန်းကပင် ကျောင်းသာကုလသမဂ္ဂအဖွဲ့သို့ပါဝင်ရန် လျှောက်ထားခဲ့ပြီး အောင်မြင်စွာ ပါဝင်နိုင်ခဲ့သည်။ မကြာသေးမီက ကျောင်းသည် လှုပ်ရှားမှုအချို့ကို လက်ခံကျင်းပလေ့ရှိပြီး အများအားဖြင့် ကျောင်းသားများသည် ပြင်ပကနေ ထောက်ပံ့ပေးသူများထံမှ ရန်ပုံငွေများ တောင်းခံကြရသည်။
လီရှင်းယွင်သည် ရုပ်ရည်ချောမောလှပသည်။ ထို့ကြောင့် ကျောင်းပြင်ပ ရန်ပုံငွေတောင်းခံရန်တာဝန်သည် သူမနှင့် သူမ၏ကျောင်းနေဖက်သူငယ်ချင်း ကျောက်ရွှယ်တို့ထံ ရောက်သွားသည်။ လီရှင်းယွင်သည် ကျောင်းစတက်ကတည်းကပင် ခပ်လျှိုလျှိုသာ နေထိုင်ခဲ့သည်။ သူမ၏အတန်းဖော်များသည် လီရှင်းယွင်က ချမ်းသာသောမိသားစုမှဖြစ်ကြောင်း သိသော်လည်း ဖန့်ကျွင်းရုံ၏သမီးမှန်း မသိကြချေ။
အမှန်အတိုင်းပြောရရင် သူမလိုအပ်တာမှန်သမျှ သူမမိခင်ကို ပြောပြကာ ထောက်ပံ့ပေးရန် ပြောရင် ရမှာသေချာပေမယ့် သူမက အဲ့လိုမလုပ်ချင်ခဲ့ဘူး။ သူမက ဒါကို သူမကိုယ်ပိုင်အစွမ်းအစဖြင့် စမ်းသပ်လုပ်ကိုင်လိုပြီး ဒီအရာက သူမကို လက်တွေ့ဘဝအတွေ့အကြုံအချို့ ရရှိရန် အခွင့်အလမ်းတစ်ခုဟုလည်း ယူဆခဲ့သည်။
သူမ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ဒါက သူမရဲ့ရလဒ်ပဲ။ လူတိုင်း အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာကို ဒွန်တွဲတွေ့ကြုံခဲ့ရတာပဲ။
လီရှင်းယွင်သည် တာဝန်ရှိသူကို မြင်သည်နှင့် ချက်ချင်းပင် နောင်တရသွားမိသည်။ တာဝန်ရှိသူသည် အနည်းဆုံးအသက်ငါးဆယ်ခန့်ရှိပြီးတော့ သူမတို့နှစ်ဦးကို အလွန်ရိသဲ့သဲ့နိုင်သောပုံစံဖြင့် ကြည့်နေသည်။ မဖွယ်မရာပြုလုပ်လိုသော ခံစားချက်များကို သိသာထင်ရှားစွာတွေ့ရသည်။
အဖျော်ယမကာကုမ္ပဏီတစ်ခုဖြစ်သော်လည်း ၎င်းတွင် အလွန်ကြီးမားသော စျေးကွက်ရှိပုံမရပါ။ လီရှင်းယွင်သည် အချိန်အတော်ကြာ မိုက်မဲခဲ့ဖူးပေမယ့် သူမဟာ သူမအမေနဲ့ တချို့သောအရာများကို သင်ယူဖို့ အချိန်အတော်ကြာရှိနေခဲ့ဖူးပါသည်။
လီရှင်းယွင်က သူမတို့ကြိုတင်ပြင်ဆင်ထားတဲ့ အချက်အလက်တွေအကြောင်း ရှင်းပြပြီးတော့ အဲ့တာကို ကျော်ဖြတ်ခဲ့သည်။ သူမတို့က သူတို့ရဲ့စပွန်ဆာကိုလက်ခံရရှိရင် သူတို့ရဲ့ထုတ်ကုန်တွေကို ဘယ်လိုကြော်ငြာပေးမလဲဆိုတာကို ရှင်းပြပြောဆိုခဲ့သည်။
တာဝန်ရှိပုဂ္ဂိုလ်ဟာ သူတို့ကို မယုတ်မလွန်သည့်အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။
လီရှင်းယွင်ရှင်းပြပြီးတဲ့နောက်မှာတော့ သူက “ဒါတွေအားလုံးကောင်းပါတယ်။ ဒါပေမယ့် ငါတို့မှာ ရွေးချယ်စရာအများကြီး ရှိနေတယ်။ ငါတို့က ဘာလို့ မင်းကိုရွေးချယ်စေချင်လဲ။” လို့ ပြောလိုက်သည်။
“မင်းက ငါ့ကို ဘာအကျိုးအမြတ်တွေ ပေးနိုင်မလဲ။” လို့ဆိုရင်း လီရှင်းယွင်ကို အပေါ်အောက် မြွေတစ်ကောင်လို သူကြည့်နေသည့်ပုံက သူမကို ကြက်သီးထသွားစေသည်။ သူ့ရဲ့အလွန်ရိသဲ့သဲ့နိုင်သောစကားများက သူမကို မအီမသာဖြစ်စေသည်။
“မင်းက ငါ့ရည်းစားဟောင်းနဲ့တော်တော်လေးကိုတူတယ်” လို့ တာဝန်ရှိပုဂ္ဂိုလ်က ဆက်ပြောပြန်သည်။ “မင်းကိုမြင်ရတာ ငါတို့အတူတူရှိခဲ့တဲ့အချိန်လေးတွေကိုတောင် ပြန်သတိရစေတယ်။”
ဘုရားရေ…
လီရှင်းယွင်သည် သူ့စကားနောက်ကွယ်က အကြောင်းရင်းကိုမသိလျှင် အရူးတစ်ယောက်သာ ဖြစ်ချေလိမ့်မည်။
လီရှင်းယွင်၏မျက်နှာဟာ ပျက်ယွင်းသွားခဲ့ပြီးတော့ “ဟုတ်လား။ ကောင်းပြီလေ။ ဒါဆိုရင်လည်း အဲ့အကြောင်းကို ဆက်စဥ်းစားနေလိုက်ပါတော့။”
ဘယ်လိုအရူးမျိုးလဲ။ သူက သူမအပေါ်မှာ ထုတ်မပြောဝံ့တဲ့နည်းလမ်းတွေကို အသုံးပြုဖို့ ကြိုးစားနေတာလား။ သူမ ဒီကုမ္ပဏီကို သေချာမှတ်သားထားရလိမ့်မယ်။
လီရှင်းယွင်က သူမအခန်းဖော်၏လက်ကို ကိုင်ဆွဲကာ ထွက်ခွာဖို့ ပြင်လိုက်သည်။
“မင်း ဒီအကြောင်းကို နှစ်ခါပြန်စဥ်းစားရင် ကောင်းလိမ့်မယ်။ မင်း ဒီတံခါးကနေ ထွက်သွားတာနဲ့ ဒီနေရာကို မင်းနောက်တစ်ခါ ပြန်လာလို့ မရနိုင်တော့ဘူး။” ဟု တာဝန်ရှိပုဂ္ဂိုလ်၏အသံမှာ အတော်လေးကို ခြိမ်းခြောက်လိုသည့် အငွေ့အသက်များ ပါဝင်နေခဲ့သည်။
လီရှင်းယွင်က သူမဆဲလ်ဖုန်းကို လျင်မြန်စွာထုတ်ယူလိုက်ပြီး အောက်ထပ်သို့ စိုးရိမ်ပူပန်စွာ ဖုန်းမခေါ်ခင် ထိုလူကို သူမလက်ခလယ်အား တည့်တည့်မတ်မတ် ထောင်ပြလိုက်သည်။ ဖန့်ကျွင်းရုံသည် သူမအား စိုးရိမ်ပူပန်နေသည့်အတွက်ကြောင့် သက်တော်စောင့်အနည်းငယ်ခန့်ကို ငှားရမ်းထားပေးခဲ့သည်။ လီရှင်းယွင်ဟာ သူမကျောင်းမှာ အရမ်းထင်ပေါ်ကျော်ကြားတာမျိုးကို မလိုချင်ဘူး။ ထို့ကြောင့် သက်တော်စောင့်တွေက ကျောင်းပတ်လည်မှာ စောင့်ရှောက်နေလေ့ရှိတယ်။ သူမ အပေါ်ထပ်သို့ တက်လာချိန်တွင် သူတို့က အောက်ထပ်မှာ စောင့်ဆိုင်းနေခဲ့သည်။
သူမဖုန်းခေါ်လိုက်တာနဲ့ သူမ၏သက်တော်စောင့်များဟာ နိုးနိုးကြားကြားရှိလာခဲ့သည်။
သူမ တံခါးကိုဖွင့်ကြည့်လိုက်သောအခါ အပြင်ဖက်ကနေ သော့ခတ်ထားသည်ကို တွေ့လိုက်ရပြီး သူမသည် တံခါးကိုဆွဲဖွင့်နိုင်ခြင်းမရှိပေ။
“မင်းလိုမိန်းမငယ်လေးတွေကို ဂရုစိုက်ဖို့ ငါ့မှာသုံးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ မင်း ပူးပေါင်းဆောင်ရွက်ဖို့ ငါအကြံပေးချင်တယ်။” ဟု တာဝန်ရှိပုဂ္ဂိုလ်က ယုတ်မာသောအကြံဖြင့် ပြောသည်။
“မင်း ငါပြောတဲ့အတိုင်းလက်ခံမယ်ဆိုရင် ယွမ်တစ်သောင်း မပြောနဲ့။ ယွမ်တစ်သိန်းလောက်တောင် ထောက်ပံ့ပေးနိုင်တယ်။”
ထိုသို့ပြောရင်း သူက မတ်တပ်ရပ်နေသည့် မိန်းကလေးနှစ်ယောက်ထံ လျှောက်သွားလိုက်သည်။
ကျောက်ရွှယ်၏အော်သံကြောင့် လီရှင်းယွင်သည် သူမအိတ်ကပ်ထဲမှ ငရုတ်ကောင်းစပရေးကိုဆွဲထုတ်လိုက်ပြီး တာဝန်ရှိသူ၏မျက်နှာပေါ်သို့ တိုက်ရိုက်ဖြန်းလိုက်သည်။ တာဝန်ရှိသူသည် မိန်းမငယ်လေးက သူ့ကို ဒီလိုမျိုးလုပ်လိမ့်မယ်ဟု မမျှော်လင့်ထားသောကြောင့် အပြင်းဆုံးဒဏ်ခံလိုက်ရသည်။
အနံ့ဟာစူးရှပြင်းထန်နေပြီးတော့ သူ့မျက်လုံးသည် ထိုအရည်များနှင့် တိုက်ရိုက်ထိတွေ့မိသဖြင့် လောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရသည်။ သူသည် သူ့ရဲ့မာနထောင်လွှမ်းနေသော အမူအရာကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပဲ မျက်လုံးများမှိတ်ကာ ငိုကြွေးလိုက်မိသည်။ သူ့လက်များဟာ နာကျင်မှုကြောင့် လေထဲမှာ ယမ်းခါနေလေသည်။