အခန်း ၁၂၈
Viewers 25k

အခန်း ၁၂၈ - ငွေလွှဲရောက်လာသံက သူ့အတွက် ဒီထက် ပိုကြီးမားတဲ့လှောင်ရယ်စရာ မရှိလာနိုင်တော့ဘူး (၂)


“မင်း အကျင့်ပျက်မ” လို့ တာဝန်ရှိသူဟာ အော်ဟစ်လိုက်ပေမယ့် တစ်ချိန်တည်းမှာပင် သူက နာကျင်မှုကြောင့် မျက်လုံးမဖွင့်နိုင်ခဲ့ပါ။ အမှတ်မထင်ပဲ သူ့ဘေးကစင်ကို တိုက်မိသွားပြီး သူ့ခြေထောက်တွေက အရမ်းနာကျင်လွန်းလို့ ဒူးထောက်ကျသွားမိသည်။

 

လီရှင်းယွင်ဟာ ငရုတ်ကောင်းစပရေးဗူးကို လက်မှာကိုင်ထားရင်း သက်တော်စောင့်များ ဒီနေရာကိုရောက်လာရန် စောင့်နေမိသည်။ သူမ အပေါ်ထပ်သို့မတက်လာမီ ဘယ်အထပ်ကို သွားမှာလဲဆိုတာကို သူတို့အား သူမ ပြောပြထားပြီးပြီ။

 

‌ကျောက်ရွှယ်ကလည်း ဖုန်းခေါ်ဆိုနေခဲ့သည်။ သူမသည် မျက်ရည်များဆို့နင့်နေပြီးတော့ ကျောင်းသားကုလသမဂ္ဂမှ အခြားသူများအား အမြန်လာရန် တောင်းဆိုနေခဲ့သည်။

 

တစ်စက္ကန့်အကြာမှာပင် အစည်းအဝေးအခန်းတံခါးဟာ ပွင့်လာခဲ့သည်။

 

ရုပ်ရည်ခန့်ညားချောမောသော အရပ်မြင့်မြင့်နှင့်သန်မာသော အမျိုးသားတစ်ဦးသည် အခန်းအတွင်းသို့ လျှောက်ဝင်လာခဲ့သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်နေပြီးတော့ စိုးရိမ်ပူပန်နေပုံပေါ်သည်။ “မင်း အဆင်ပြေရဲ့လား”

 

သူက လီရှင်းယွင်ထံသို့ ဦးတည်လျှောက်လာခဲ့ပြီး သူတို့အား နှစ်သိမ့်ပေးသောအပြုံးကို မပြုံးပြနိုင်သေးခင်မှာပင် ငရုတ်ကောင်းစပရေးတစ်ခုနှင့် နှုတ်ဆက်လိုက်ရသည်။

 

……

 

“အိုးးးးးးးးးး….”

 

ကျန်းပိကဲ့သို့ ခန့်ညားချောမောတဲ့အမျိုးသားသည် ငရုတ်ကောင်းစပရေးနှင့် မိတ်ဆက်ခံလိုက်ရသောအခါ သူ့ရဲ့လေပြေလေညင်းလို ခန့်ညားချောမောတဲ့ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ချေ။ သူ့အနေဖြင့် ဖန့်ကျွင်းရုံကို မချည်းကပ်နိုင်သဖြင့် သူမသမီး၏အာရုံကို ဆွဲဆောင်နိုင်လိမ်မည်ဟု သူ့ကိုယ်သူထင်ခဲ့သည်။

 

လီရှင်းယွင်သည် အလိုလိုက်ခံထားရတဲ့အပြင် လှပချောမောပြီး ရိုးအပုံပေါ်ပေမယ့် သူမကိုယ်သူမ ကောင်းကောင်းကာကွယ်နိုင်ခဲ့သည်။ သူမနှလုံးသားထဲသို့ရောက်အောင် အလွယ်ဆုံးနှင့် အမြန်ဆုံးနည်းလမ်းမှာ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမှာ သူမကိုကယ်တင်ပေးခဲ့သော သူရဲကောင်းတစ်ဦး၏ပုံရိပ်ဖြစ်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။

 

ကျန်းပိသည် ဤအခွင့်အရေးကို စောင့်ဆိုင်းနေသည်မှာ ကြာမြင့်ခဲ့ပြီ။ လီရှင်းယွင်သည် သူမ‌‌ကျောင်းအတွက် စပွန်ဆာရှာနေသည်ကို သူသိလိုက်ရကတည်းက သူ ကြံစည်နေခဲ့တာ ဖြစ်သည်။ ကျန်းပိသည် ကျောင်းသားကုလသမဂ္ဂမှ တစ်စုံတစ်ဦးကို ငွေပေးပြီး စပွန်ဆာအတွက် သူမတို့တောင်းဆိုကြမည့် ကုမ္ပဏီစာရင်းများကို ကြည့်ရှုပြီးနောက်ဆုံးတွင် မုန့်ချမ်းစီမံသော ဤကုမ္ပဏီကို ရွေးချယ်လိုက်သည်။

 

ကျန်းပိသည် စာရင်းထဲမှ နောက်ထပ် သမာသမတ် မကျသော ကုမ္ပဏီအချို့ကိုပါ ကြည့်ရှုစစ်ဆေးခဲ့သည်။ သူ့လက်ထဲ၌ အမှိုက်များစုဆောင်းမိသောအခါမှာ သူက ခြိမ်းခြောက်အနိုင်ကျင့်နေတာကို ကယ်တင်ပေးမည့်ရှိုးကို ကပြရန် မုန့်ချမ်းကို လာဘ်ထိုးပြီး စီစဥ်ခဲ့သည်။

 

သဘာဝကျကျပဲ ကျန်းပိဟာ မုန့်ချမ်းအား လီရှင်းယွင်၏ မည်သူမည်ဝါသမီးဖြစ်ကြောင်းကို မဖော်ပြပဲ သာမန်မိသားစုမှ သာမန်မိန်းမလေးတစ်ဦးသာဖြစ်သည်ဟု ပြောခဲ့သည်။ ဒါက မုန့်ချမ်းအား စိတ်သက်သာရာရပြီး စိတ်ချယုံကြည်စေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအဖြစ်မျိုး ကြုံတွေရတဲ့ သာမန်မိန်းကလေးအများစုက သူတို့မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိလျှင် တိုးတိုးတိတ်တိတ်နေဖို့ကိုပဲ ‌ရွေးချယ်ကြလိမ့်မည်။

 

သူ့မှာ ဒုက္ခအချို့ကြုံလျှင်တောင် ကျန်းအိမ်တော်က သူ့အတွက် ဘာမဆို ဖြေရှင်းပေးနိုင်လိမ့်မည်။

 

ကျန်းပိ၏အကြံအစည်မှာ အဆိုးရွားဆုံးအချိန်မှာ လီရှင်းယွင်ရှေ့မှောက်၌ နတ်ဘုရားတစ်ပါးလို ပေါ်ထွက်လာရန်ပင်ဖြစ်သည်။ သူသည် ယခင်ကလို ဖြတ်လမ်းနည်းလမ်းတစ်ခုကို မကြိုးစားပဲ ဖြစ်နိုင်သည်ထက် ပိုမိုကောင်းမွန်တိုးတက်မည့် အရာတစ်ခုကို ရွေးချယ်ခဲ့သည်။

 

သို့သော် မကြာသေးမီက မသိရသောအကြောင်းအရင်းတချို့ကြောင့် ကျန်းကျစ်ဆုသည် သူနှင့်ဆက်လက်ကုသရန် ငြင်းဆိုခဲ့သည်။ အိမ်တော်အကြီးအကဲများက သူသည် ကျန်းကျစ်ဆုအား စိတ်အနှောင့်အယှက်ဖြစ်စေသောအရာတစ်ခုကိုလုပ်ခဲ့သည်ဟု ယူဆကာ သူ့ကိုမနှစ်သက်ကြတော့ပေ။ ထို့ကြောင့် သူသည် အောင်မြင်မှုရရှိနိုင်မည့် တစ်စုံတစ်ခုကို အလျင်စလိုလိုအပ်နေပြီး အန္တရာယ်ပိုနည်းသောနည်းလမ်းကို ရွေးချယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိသောကြောင့်ဖြစ်သည်။

 

ထိုနည်းလမ်းကို ဝတ္ထုများထဲတွင် ချစ်စဖွယ်ကောင်းသည့် ပထမဆုံးတွေ့ဆုံမှုအဖြစ် ဖော်ပြထားခဲ့သော်လည်း မိုးကြိုးမုန်တိုင်းကဲ့သို့ တိုက်ခိုက်ခြင်းဖြင့် သူ့ကို ကြိုဆိုခဲ့လေသည်။

 

ထိုအချိန်တွင် ကျန်းပိသည်လည်း မုန့်ချမ်းကဲ့သို့ တူညီသောကံကြမ္မာနှင့် တွေ့ကြုံခဲ့ပြီး သူတို့နှစ်ဦးစလုံး ကြမ်းပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်ငိုယိုနေခဲ့ရသည်။

 

သူတို့နှစ်ဦးကိုကြည့်ရင်း လီရှင်းယွင်သည် သူမလက်ဖဝါးကို လက်သီးဖြင့်ထိုးပြီး “အိုး… ငါ တစ်ခုခုလုပ်ဖို့ မေ့နေတာပဲ”လို့ ပြောလိုက်သည်။

 

သူမ၏အခန်းဖော်သူငယ်ချင်းဖြစ်သူ ကျောက်ရွှယ်က “ဘာကိုလဲ”လို့ အကူအညီပေးရန် မေးလိုက်သည်။ သူမသည် စောစောပိုင်းတုန်းက စိတ်ပူပင်သောကရောက်နေပေမယ့် နောက်ဆုံးမှာတော့ လီရှင်းယွင်က သူမကိုရော၊ သူ့ကိုယ်သူပါ ဂရုစိုက်ပေးခဲ့တယ်။ အဲ့တာကို ပြောရရင် သူမက ဘာလို့ ငရုတ်ကောင်းစပရေးကို သူမနဲ့အတူ ယူလာခဲ့တာလဲ။

 

“ရဲကို ဖုန်းခေါ်လိုက်”လို့ လီရှင်းယွင်က တည်ငြိမ်စွာပြောလိုက်သည်။

 

သူမသည် ကြမ်းပြင်ပေါ်မှ အမျိုးသားနှစ်ယောက်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ သိသာထင်ရှားစွာပင် သူမက ကျန်းပိသည်လည်း ကြံရာပါတစ်ဦးအဖြစ် ယူဆထားပြီးသား ဖြစ်လေသည်။

 

ထိုအချိန်တွင် သူမ၏သက်တော်စောင့်များကလည်း ရောက်လာလေသည်။ သူတို့ရဲ့ကြံ့ခိုင်သောခန္ဓာကိုယ်အချိုးအစားများက သူမကို လုံခြုံမှု အခိုင်အမာ ရရှိစေသည်။

ရဲများနှင့်ဖုန်းပြောဆိုနေသော လီရှင်းယွင်က သူတို့ကို ခေါင်းညိမ့်ကာ အချက်ပြလိုက်သည်။

 

….

 

မျက်လုံးများနီရဲနေသော ကျန်းပိသည် ရဲများအား သူက ကြံရာပါမဟုတ်ကြောင်း ဇွတ်အတင်း ရှင်းပြနေရသည်။ သူက အော်ဟစ်လိုက်သည့်အသံကို ကြားလိုက်ရသောကြောင့် လာရောက်စစ်ဆေးတာဖြစ်ပြီး သူ့ကို ကြံရာပါတစ်ယောက်အဖြစ် အထင်အမြင်လွဲခံရကြောင်း ပြောဆိုခဲ့လေသည်။

 

သူက သူဘယ်သူလဲဆိုတာကိုပါ ထုတ်ဖော်ပြသဖို့ ဆန္ဒရှိနေသည်။