အခန်း ၁၄၂
Viewers 25k

အခန်း(၁၄၂) - ချယ်ရီပန်းပွင့်ဆေးလုံးများမှာ ဘေးထွက်ဆိုးကျိုးများရှိသလား (၁)


ဝမ်စစ်ရှန်းက လီဝမ့်ကျင်းအား အဝံ့မရဲမေးလိုက်သည်။


လီဝမ့်ကျင်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ 


“ဒါက ကျန်းအိမ်တော်က တီထွင်ထားတဲ့ထုတ်ကုန်အသစ်ပဲ။ အလှအပဆေးလုံးထက်အာနိသင်က ပိုကောင်းတယ်။"


ဝမ်စစ်ရှန်းက သူ့ကို သံသယမ၀င်ခဲ့ဘူး။


လီဝမ့်ကျင်းသည် နောက်ရက်အနည်းငယ်အကြာတွင် ရင်းနှီးမြုပ်နှံမှုများတောင်းခံခြင်းနှင့်အလုပ်များနေသောကြောင့် ထွက်သွားသည်။  သူသည် အခြားသူများရှေ့တွင်ပင် ပျားကဲ့သို့အလုပ်များနေပြီး သူ့ရဲ့ဆုံးရှုံးလိုက်ရသောစိတ်အားထက်သန်မှုကို တစ်ဖန်ပြန်လည်ရရှိခဲ့သည်။


သူသည် အခြားဖိတ်ကြားချက်များကိုပင်လက်ခံခဲ့ပြီး ပွဲအမျိုးမျိုးသို့တက်ရောက်ခဲ့ကာ မြှောက်ပင့်မှုအားလုံးကို လက်ခံခဲ့ရသည်။  အမှန်အတိုင်းပြောရရင် သူက ဖန့်ကျွင်းရုံကို‌တွေ့ပြီး သူမကို သူ့အား ကွာရှင်းခဲ့တာကြောင့် နောင်တရလားလို့ သူ မေးကြည့်ချင်ခဲ့သည်။ ကံမကောင်းစွာဘဲ၊ သူမသည် အခြားသူများရှေ့တွင် မိမိကိုယ်ကို အရှက်မကွဲချင်တာကြောင့်လား (သို့) သူမသည် လွန်ခဲ့သောရက်အနည်းငယ်ကပင် အလွန်အထိနာနေခဲ့သဖြင့် သူမအပြင်သိပ်မထွက်ဖြစ်ခဲ့တာလားဆိုတာကို သူမသိပါ။


အာ...ကောင်းပြီ။ သူက Fang JunRong ကိုမပြေးခဲ့ပေမယ့်လည်းအခြားသူတွေရဲ့မြှောက်ပင့်မှုအောက်မှာသူ့ရဲ့အတ္တကဖောင်းကားနေဆဲ။


မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ်တာ ကုန်လွန်သွားခဲ့သည်။ သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးဖြင့် ချယ်ရီပန်းပွင့်ဆေးလုံးအားလုံးသည် ဖောက်သည်များ၏လက်ထဲသို့ရောက်ရှိခဲ့သည်။


တစ်ပတ်လုံး ပျော်ရွှင်‌ခဲ့ပြီးနောက် လီဝမ့်ကျင်းသည် သူ၏ဓာတ်ခွဲခန်းကြွက်လေး ဝမ်စစ်ရှနကို ရုတ်တရက် သတိရသွားပြီး သူမကိုစစ်ဆေးရန် အိမ်သို့ပြန်လာခဲ့သည်။


လီဝမ့်ကျင်းက သူမအား ထုတ်ကုန်ကို စမ်းသုံးကြည့်ထားသည့် ရလဒ်ကိုမေးခဲ့သည်။


"ချယ်ရီပန်းပွင့်ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုလဲ"


ဝမ်စစ်ရှန်းရဲ့မျက်နှာထက်မှာ ရှက်ရွံ့‌နေတဲ့အရိပ်အယောင် ပေါ်လာခဲ့သည်။  


"အကျိုးသက်ရောက်မှုက ဒီလောက်ပဲရှိတယ်။ ကျွန်မ အခုမှ စသုံးတာ‌ကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။"


ဆေးများကို စတင်သောက်သုံးပြီး နောက်ရက်အနည်းငယ်အတွင်း သူမ၏အသားအရေသည် အရောင်ပိုဖျော့လာပေမယ့် နောက်ပိုင်းတွင် မူလအသားအရောင်ကိုသာ ပြန်လည်ရရှိခဲ့သည်။ အမာရွတ်တွေကိုဖယ်ရှားပေးသည့် အကျိုးထိရောက်မှုတွေအကြောင်းကိုတော့  အိပ်မက်ထဲမှာပဲ အဲ့ဒီအကြောင်းကို စဉ်းစားနိုင်လိမ့်မယ်။ နောက်ဆုံးတော့ သူမဟာ အလှအပဆေးလုံးရဲ့ထိရောက်မှုကို ပထမဦးဆုံးအတွေ့အကြုံရှိသူတစ်ဦးဖြစ်ခဲ့‌တာကြောင့် သူမသည် ထုတ်ကုန်နှစ်ခုရဲ့သိသာထင်ရှားတဲ့ကွာခြားချက်ကို ပြောပြနိုင်ခဲ့သည်။ ဒါပေမယ့်  သူမသည် ဒီအကြောင်းကို လီဝမ့်ကျင်းရှေ့မှာ သူမ မပြောနိုင်ခဲ့ပါဘူး။ လီဝမ့်ကျင်းသည် မာနကြီးသူတစ်ဦးဖြစ်ပြီး ဖန့်ကျွင်းရုံက သူ့ထက် သာတယ်ဟု ပြောတဲ့သူ မည်သူမဆိုကို မုန်းတီး‌လေသည်။


လီဝမ့်ကျင်းက သူမမျက်နှာကို နည်းနည်းလောက် လေ့လာကြည့်ပြီး‌တော့ ပြောလိုက်သည်။ 


“မင်းအသားအရောင်က အရင်ကထက် ပိုဝင်းလာတယ်လို့ ကိုယ် ခံစားမိတယ်။"


ဝမ်စစ်ရှန်းက အဲဒါတွေက သူမလိမ်းထားတဲ့foundation‌ကြောင့် အသားအရေပိုဝင်းနေသလိုဖြစ်ကြောင်းကို သူ့အား ပြောပြချင်မိသည်။ လီဝမ့်ကျင်းက အသားအရေဝင်းလက်သည့် အမျိုးသမီးများကို နှစ်သက်သောကြောင့် သူမသည် အသားအရေကို ပိုမိုဝင်းလက်စေသည့် foundationများကို နေ့စဉ် လိမ်းခြယ်ခဲ့တာဖြစ်သည်။


သူမရဲ့တိတ်ဆိတ်နေမှုက သူ့အား ဆိုးရွားတဲ့ခံစားချက်တစ်ခုပေးခဲ့သည်။  


"မင်း အရင်က အလှအပဆေးလုံးတွေကို သုံးခဲ့တာကြောင့် သူတို့က ထိရောက်မှု ရှိသင့်သလောက် မရှိတာ ဖြစ်ရမယ်။"  


ဟုတ်တယ်။ ဒါ‌ကြောင့်ပဲဖြစ်လိမ့်မယ်။


"ရှင်ပြောတာ ဖြစ်နိုင်တယ်"လို့ ဝမ်စစ်ရှန်းက  နူးညံ့ညင်သာစွာ ပြောလိုက်သည်။


သူ အိမ်မှပြန်သွားပြီးနောက်မှာမှ ဝမ်စစ်ရှန်းသည်  အလှအပဆေးလုံးအချို့ ၀ယ်ယူမယ်လို့ သူမစိတ်ထဲဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ဒီချယ်ရီပန်းပွင့်ဆေးလုံးများသည် မည်သည့်အကျိုးသက်ရောက်မှုမှမရှိပါ။ တကယ်တောသူတို့သုံးပြီးနောက် ဒီရက်ပိုင်းတွေမှာ သူမရဲ့အစာအိမ်ကို ပြဿနာများစွာ ဖြစ်စေခဲ့သည်။


နောက်တစ်စက္ကန့်တွင် ရှက်ရွံ့ဖွယ်‌ကောင်းသော ဘူ ဟူသော ဆူညံသံတစ်ခုနှင့်အတူ သတိလစ်သွားစေနိုင်သည့် ကြောက်လန့်စရာအနံ့တစ်ခု လေထဲပါလာသည်။


ဝမ်စစ်ရှန်းသည် သူမမျက်နှာ လောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရသည်။ သူမသဒီအချိန်မှာမှ လေလည်မိလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။


လီဝမ့်ကျင်း၏မျက်နှာသည် ချက်ချင်းပင် မည်း‌မှောင်သွားသည်။ သူက သူ့နှာခေါင်းကို လက်ဖြင့် အုပ်လိုက်သည်။ အနံ့အသက်က တော်တော်ဆိုးတာကြောင့် သူစားထားခဲ့တဲ့ နေ့လည်စာကို အန်ထုတ်ပစ်လိုက်နိုင်တယ်။ ဒီအနံ့ဆိုးက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။


ဝမ်စစ်ရှန်းသည် သူမကိုယ်သူမ မြေကြီးပေါ်တွင် တွင်းတူး၍ ပုန်းအောင်းနေချင်မိသည်။ သူမသည် သူမအသွင်ကို ကြာရှည်စွာ မထိန်းသိမ်းထားနိုင်ခဲ့ပေ။ 


"ကျွန်မ အခု ကျွန်မအခန်းထဲကို ပြန်လိုက်ဦးမယ်"


ထို့နောက် ဝမ်စစ်ရှန်းသည် စိတ်ဆင်းရဲစွာထွက်သွားခဲ့သည်။


လီဝမ့်ကျင်းသည် လေကောင်းလေသန့်ရရန် ပေါ်တီရှေ့သို့ထွက်၍ လမ်းလျှောက်လိုက်သည်။ သူ့ဆီမှာ အနံ့ဆိုးတွေ ကပ်ကျန်နေသေးတယ်လို့ပင် သူခံစားနေရသည်။ တဒိတ်ဒိတ်နဲ့ နှလုံးခုန်သံ‌တွေက အတိတ်မှပင် ကျန်ရစ်ခဲ့ပြီ။ သူမအတွက် သူ့မှာ ကျန်ရစ်ခဲ့သော တစ်ခုတည်းသောခံစားချက်မှာ စိတ်မရှည်ခြင်းဖြစ်သည်။


လီဝမ်ကျင်းက ဒီ‌လေလည်ခြင်းက အစပဲရှိလိမ့်မယ်လို့ သူဘယ်တုန်းကမှ မခန့်မှန်းမိခဲ့ဘူး။


ညစာစားပြီးသောအခါ ဝမ်စစ်ရှန်းသည် မရပ်မနား လေလည်နေခဲ့ပြန်သည်။ သူမဘေးမှာထိုင်နေသော လီဝမ့်ကျင်းသည် ဒါကို အလွန်စက်ဆုပ်ရွံ့ရှာမိသည်။ အံ့သြဖွယ်ကောင်းသော ဖယောင်းတိုင်မီးထွန်းထားသည့် စိတ်ကူးယဉ်ဖွယ်ညစာစားပွဲသည် အဆုံးသတ်ရန် ဖိအားပေးခံလိုက်ရသည်။


လီဝမ့်ကျင်းသည် ညဖက်တွင် အိမ်သို့ ပြန်မလာသည်မှာ ကြာခဲ့ပြီ။ သူ အိမ်ပြန်လာသောအခါတွင်လည်း နူးညံ့သိမ်မွေ့စွာကြိုဆိုခြင်းကို မခံစားခဲ့ရဘဲ အနံ့ဆိုးများဖြင့်ဆက်တိုက်ကြိုဆိုခြင်းကိုသာ လက်ခံခဲ့ရသည်။ နောက်ဆုံးတော့ သူ လုံလောက်သွားခဲ့ပါပြီ။ 


လီဝမ့်ကျင်းက ထမင်းစားတူကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး "မင်း ဘယ်နှကြိမ်လောက် လေလည်နေဦးမှာလဲ။ မင်း ဗိုက်မကောင်းဘူးဆိုရင် ဆရာဝန်နှင့်သွားပြသင့်တယ်။”


သူ သူမအနားမှာ ထပ်မနေနိုင်တော့ဘူး။



အခန်း(၁၄၃) - ချယ်ရီပန်းပွင့်ဆေးလုံးများမှာ ဘေးထွက်ဆိုးကျိုးများရှိသလား (၂)


သူ့နှာခေါင်းကိုဖိရင်း လီဝမ့်ကျင်းသည် ဒေါသထွက်သွားသည်။ "အပြောင်းအလဲတစ်ခုအတွက် မင်း အရာအားလုံးကို ကျပန်းစားရုံနဲ့ မသက်သာနိုင်ဘူး‌လေ၊ မဟုတ်ဘူးလား။"


ဝမ်စစ်ရှန်းက သူမ၏နှုတ်ခမ်းကို အသာကိုက်လိုက်သည်။ ဒီအရာက သူမလိုချင်ခဲ့တာလည်း မဟုတ်ဘူး။ လီဝမ့်ကျင်းက  မကြာခဏအိမ်ပြန်မလာခဲ့ဘူး၊ သူအိမ်ရောက်တာနဲ့ ဒီလိုဖြစ်သွားခဲ့ရတယ်။ သူ့စိတ်ထဲတွင် သူမ၏ပုံရိပ်သည် အားလုံးပျက်စီးနေမှာကို ဝမ်စစ်ရှန်းသည် စိုးရိမ်နေခဲ့သည်။ သူမမျက်နှာပြန်ကောင်းလာသည့်တိုင် သူမက ဆိုးရွားညံ့ဖျင်းသည်ဟု သူစဉ်းစားနေပြီဖြစ်သည်။


ဒီအရာအလုံးစုံက သူမ၏အပြစ်ပင်မဟုတ်ပါ။


ဝမ်စစ်ရှန်းသည် ဒီနောက်ပိုင်းမှစ၍ ဖိအားများစွာကို ခံနိုင်ရည်ရှိလာပြီးဖြစ်ပေမယ့် ယခု လီဝမ့်ကျင်း၏ သူမအပေါ် အရမ်းရွံရှာဖွယ်ကောင်းလွန်းတယ်လို့ ဖော်ပြနေသောအမူအရာကိုမြင်လျှင် သူမက ပြန်ပြောလိုက်သည်။


“ကျွန်မ မကြာသေးခင်ကတည်းက သစ်သီးတွေပဲ စားဖြစ်ခဲ့တာ။ သစ်သီးတွေနဲ့ ရှင် ကျွန်မအတွက် ယူလာပေးတဲ့ချယ်ရီပန်းပွင့်ဆေးလုံးတွေပဲ စားသုံးနေတာပါ။"


“အဲဒီချယ်ရီပန်းပွင့်ဆေးလုံးတွေက မထိရောက်ဘူး။ ကျန်းအိမ်တော်က ရှင့်ကို လှည့်စားခဲ့တယ်လို့ ကျွန်မထင်တယ်။"


ဝမ်စစ်ရှန်းသည် သူမမျက်ရည်များကို ပြန်သွင်းလိုက်သည်။


လီဝမ့်ကျင်းက သူ့မျက်နှာကို အထိုးခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ လီဝမ့်ကျင်းက သူ့မျက်နှာ‌ထက်တွင် ဗလာဖြစ်သွားခဲ့သည်။ 


"ဒါက ချယ်ရီပန်းပွင့်ဆေးလုံးကြောင့်ဖြစ်ရတာလို့ မင်း ပြောတာလား"


“ဟုတ်တယ်။” ဝမ်စစ်ရှန်း သူမဖာသာသူမ ဒီစကားကို ထပ်ခါတလဲလဲ ပြောနေခဲ့သည်။


"တခြားအကြောင်းတွေ‌ကြောင့်လို့တော့ က်ျွမ မထင်ဘူး။"


“ဒါမဖြစ်နိုင်ဘူး။ အဲဒါက အလှအပဆေးလုံး ဆေးညွှန်းဖော်မြူလာအတိုင်း ဖော်စပ်ထုတ်လုပ်ထားခဲ့တာပဲ။ တကယ်တော့ မင်းအတွက် ကိုယ်ယူလာတဲ့အရာက ပိုတောင်ကောင်းသေးတယ်။"


အတိအကျပဲ၊ အဲ့တာကြောင့် ဖြစ်ရမယ်။ ဒီဟာက ချယ်ရီပန်းပွင့်ဆေးလုံးကြောင့် မဖြစ်နိုင်ဘူး။


လီဝမ့်ကျင်းက မတ်တပ်ထရပ်ပြီး သူ့ပတ်ပတ်လည်မှာ အမွှေးနံ့အချို့ကို ပက်ဖျန်းလိုက်သည်။ လီဝမ့်ကျင်းသည် ဝမ်စစ်ရှန်းကို အနည်းငယ်စက်ဆုပ်သောအကြည့်ဖြင့်ကြည့်ပြီး လှည့်ထွက်သွားသည်။


တံခါးပိတ်လိုက်သံကိုကြားလိုက်ရသဖြင့် ဝမ်စစ်ရှန်း၏မျက်နှာပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။


 ***


ရှုယွီချီသည် ချယ်ရီပန်းပွင့်ဆေးလုံးများကို ပထမဆုံး စသုံးစွဲစဉ်က သူမ၏အသားအရေသည် ဝင်းလက်လာခဲ့သည်။ ၎င်းသည် သူမအား အလွန်ပျော်ရွှင်စေခဲ့သည်။ ဒါပေမယ့် ဒါက သိပ်ကြာရှည်မခံခဲ့ပါဘူး။ သူမ ဆေးဗူးတစ်ဗူးကို သုံးစွဲပြီးနောက် အကျိုးသက်ရောက်မှုသည် မျှော်မှန်းသည့်အတိုင်း မဖြစ်ရုံသာမက ဘေးထွက်ဆိုးကျိုးများလည်း ပေါ်ထွက်လာခဲ့သည်။


သူမသည် စတင်လေလည်လာခဲ့သည်။ ၎င်းအနံ့ကို သင်တစ်မိုင်အကွာမှပင် အနံ့ရနိုင်သည်။ ပြီးတော့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ လေလည်နေခဲ့တာဖြစ်သည်။


တစ်ရက်က ရှုယွီချီသည် သူမ သဘောကျနှစ်သက်သောကောင်လေးနှင့်အတူ အခန်းအတွင်း၌ အတူရှိခဲ့ပြီး သူမတို့နှစ်ဦးသည် မကြာသေးမီက အတူတကွ ကြည့်ခဲ့ကြသည့် ဘောလုံးပွဲတစ်ခုအကြောင်းကို ပြောနေခဲ့ကြသည်။ လေထုသည် ပြီးပြည့်စုံပြီး သူမတို့နှစ် ဦးသည် နောက်တစ်ဆင့်သို့တက်ရန် အချိန်ကောင်းသို့ ရောက်သောအခါအနံ့အသက်ပြင်းသောကြောင့် သည်အရာအားလုံးကို အဆုံးသတ်ခဲ့ရသည်။


ရှုယွီချီသည် အတန်းမရှိသောအခါသူမ၏အိပ်ဆောင်အခန်းထဲတွင်သာ တော်တော်လေး နေခဲ့သည်။ အဲတာကြောင့် သူမအနံ့တွေပျောက်သွားဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားဖို့ လိုအပ်ခဲ့သည်။


နောက်ထပ်အသံတစ်ခု ထပ်ထွက်လာပြီးနောက်တွင် ယန်မိန်ဟွာသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ချေ။  


“နင် မကြာသေးခင်က ဘာစားခဲ့လို့ မရပ်မနား လေလည်နေခဲ့ရတာလဲ။ နင် ဆရာဝန်ကို သွားပြချင်လား။"


ဒီအဆောင်နေအခန်းထဲမှာ သူမတို့လေးယောက်ရှိပေမယ့် ကျန်တဲ့မိန်းကလေးနှစ်ယောက်ကတော့ ကျူရှင်သင်တန်းတွေ ဒါမှမဟုတ် ကလပ်လှုပ်ရှားမှုတွေကိုသွားလေ့ရှိသည်။ ယန်မိန်ဟွာနှင့် ရှုယွီချီတို့နှစ်ယောက်သည် အခန်းထဲမှာ အချိန်အများဆုံး ကုန်ဆုံးခဲ့ကြသည်။


ရှုယွီချီလည်း အရမ်းမတရားသလို ခံစားလိုက်ရသည်။  


“ဘာမှမစားပါဘူး။ ငါ အခုရက်ပိုင်းမှာ ဆန်ပြုတ်တွေပဲ သောက်နေတာကြာပြီ။”


ရှုယွီချီသည် ချမ်းသာသောမိသားစုမှမဟုတ်ပါ။ ချယ်ရီပန်းပွင့်ဆေးလုံးများသည် အလှအပဆေးလုံးများထက် များစွာစျေးသက်သာသည်။ သို့သော် ဆေးဗူးနှစ်ဗူး ၀ယ်ယူပြီးနောက် သူမသည် သူမ၏အသုံးစရိတ်ကို ခဏထိန်းထားရန် လိုသေးသည်။ ထို့ကြောင့် သူမသည် ထမင်းစားသည့်အခါတွင် ဆန်ပြုတ်၊ ဟင်းသီးဟင်းရွက်ချဉ်နှင့်ပေါင်မုန့်တို့ကိုသာ စားနေခဲ့ရသည်။ သူမရဲ့အခြေအနေက တော်တော်ဆိုးရွားခဲ့သည်။


ရှုယွီချီသည် ရုတ်တရက် တစ်ခုခုကို သတိရမိသွားပြီး သူမမျက်နှာ ဖျော့တော့သွားခဲ့သည်။   သူမသည် စကားထစ်ထစ်အအဖြင့် ပြောလိုက်သည်။ 


“ ငါ…ငါချယ်ရီပန်းပွင့်ဆေးလုံးနှစ်သေတ္တာကို ၀ ယ်လိုက်တယ်၊ ငါ တစ်ဗူး သုံးစွဲပြီးသွားပြီ။"


ဒါကို ကြားလိုက်ရတော့ ယန်မိန်ဟွာသည် နာကျင်မိသလို စိတ်အနှောင့်အယှက်လည်း ဖြစ်သွားမိသည်။  


“ဒါဆိုရင် ဒါက ချယ်ရီပန်းပွင့်ဆေးလုံးကြောင့်ဆိုတာ သေချာတယ်။ အဲဒါကိုစားနေတာ ရပ်လိုက်ပါ။ သူက ပါဝင်ပစ္စည်းတွေကို လိမ်လည်လှည့်စားခဲ့တယ်လို့ သံသယ၀င်တယ်။ တခြားဟာတွေက ဒီလောက်စျေးသက်သာနိုင်ပါ့မလား။"


"နင် ဒီဆေးကို သောက်နေတာတစ်ပတ်တောင်ရှိနေပြီးတော့ ဘာအကျိုးသက်ရောက်မှုမှ ရှိတယ်လို့ ငါမမြင်မိဘူး။"


ရှုယွီချီသည် ချယ်ရီပန်းပွင့်ဆေးလုံးများက တရားခံဖြစ်တယ်ဆိုတာကို ယန်မိန်ဟွာ၏ပြောသောစကားအရ သူမသည် ယခင်ကထက် ပိုသေချာသွားမိသည်။


ရှုယွီချီသည် အံတင်းတင်းကြိတ်လိုက်ပြီး “ငါ‌ ငွေပြန်အမ်းတာ လိုချင်တယ်။"


“မဟုတ်ဘူး။ ငါ လျော်ကြေးပေးတာ လိုချင်တယ်။"


ငွေကြေးသည် သူမ ဆုံးရှုံးခဲ့သောတစ်ခုတည်းသောအရာမဟုတ်ပါ။ သူမသည် သူမ၏တက်သစ်စအချစ်ဇာတ်လမ်းကိုလည်း ဆုံးရှုံးခဲ့ရသည်။


သူမအရမ်းဒေါသထွက်ပြီး ၀က်ဘ်ဆိုက်ကနေ ပြန်အမ်းငွေတောင်းခံခဲ့တယ်။ ဒါပေမယ့် သူမကို ငွေပြန်အမ်းပေးဖို့ တောင်းဆိုတာ တစ်ခုတည်းနဲ့ သူမကို စိတ်အေးချမ်းစေဖို့ မလုံလောက်ပါဘူး။ သူမက လီဝမ့်ကျင်းကုမ္ပဏီရဲ့ ဝေ့ပေါ်စာမျက်နှာပေါ်ကို တက်သွားပြီး ထုတ်ကုန်ဟာ အတုဖြစ်ပြီး အရည်အသွေး ညံ့ဖျင်းတယ်လို့ ဝေဖန်ပြောဆိုခဲ့သည်။ သူတို့ရဲ့အထင်ကရစတိုးဆိုင်ကို မှတ်ချက်ထဲမှာ ထည့်သွင်းခဲ့သည့်အပြင် သူမက သူမရဲ့မှတ်ချက်မှာ လီဝမ့်ကျင်းကိုပါ ထည့်သွင်းခဲ့သည်။