အခန်း ၁၄၁
Viewers 26k

အခန်း (၁၄၁) - ဝက်ဘ်ပေါ်ရှိအခြေအနေသည် လီဝမ့်ကျင်းဖက်သို့ အရေးသာလာသည် (၃)


ပိုအရေးကြီးသည်မှာ ပြီးခဲ့သည့်လအနည်းငယ်အတွင်းကို သူမပြန်လေ့လာကြည့်မိခဲ့သည်။ လီဝမ့်ကျင်း ပါဝင်ပတ်သက်သည့်ကိစ္စများနှင့်ကြုံရသည့်အခါ ဖန့်ကျွင်းရုံသညတစ်ခါမျှပင် မရှုံးနိမ့်ခဲ့ကြောင်းကို သူမ သတိပြုမိခဲ့သည်။ ပိုလို့တောင်အထင်ကြီးစရာကောင်းတာကတော့ သူမရဲ့နာမည်ဂုဏ်သတင်းက သူတို့အသိုင်းအဝိုင်းမှာတဟုန်းဟုန်းတက်နေဆဲပါပဲ။ လူတိုင်းက သူမကို အရည်အချင်းပြည့်ဝပြီး စံပြဇနီးတစ်ယောက်အဖြစ် ထင်မြင်‌နေခဲ့ကြတုန်းပါပဲ။ လီဝမ့်ကျင်းက သူ့မှာဘာရှိတယ်ဆိုတာ မသိတဲ့အရူးတစ်ယောက်ပဲ။ ဖန့်ကျွင်းရုံ၏ အရည်အချင်းတစ်ဝက်မျှသာရှိခဲ့လျှင် ယနေ့ကဲ့သို့ နာမည်ဂုဏ်သတင်း ဆိုးရွားလိမ့်မည်မဟုတ်ပေ။ ဖန့်ကျွင်းရုံသည် စကားပြောဆိုရလွယ်သည့်ပုံမပေါက်သော်လည်း အတွင်းစိတ်မှာ နူးညံ့သူတစ်ယောက်ဖြစ်သည်။


ဖန့်ကျွင်းရုံပြောသလိုပင် စုမိန်က လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာသေချာပေမယ့် သူမက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်ပါ။ မည်သို့ပင်ဆိုစေ ဖန့်ကျွင်းရုံသည် စုမိန်အား သူမ၏လျှို့ဝှက်ချက်ကို‌ ပြောပြနိုင်သည့်အထိ မယုံကြည်နိုင်သဖြင့် သူမအား မည်သည့်အရာကိုမျှ ဖွင့်ဟပြောဆိုခြင်းမရှိခံပါ။


 "ငါ ဒီပွဲမှာ ရှုံးသွားရင်ရော ဘာဆက်ဖြစ်မလဲ"


စုမိန်၏မျက်နှာသည် အေးခဲသွားသည်။  


"ဒါဆိုရင် လီဝမ့်ကျင်းရောင်းချတဲ့ ဆိုင်တွေရဲ့စာမျက်နှာမှာ ကြယ်တစ်ပွင့်သုံးသပ်ချက်ကို ငါ‌ရေးထားခဲ့မယ်။ အဲ့လို သုံသပ်ချက်အများကြီးက သူ့ကိုစိတ်အနှောင့်အယှက်ပေးနိုင်လိမ့်မယ်။"


ဖန့်ကျွင်းရုံ: မဟုတ်ဘူး၊ ဒီဟာက အရောင်းဆိုင်တွေရဲ့ အရောင်းသမားတွေကို အနှောက်အယှက်ဖြစ်စေလိမ့်မယ်။လီဝမ့်ကျင်းက  အသေးအဖွဲအရာတစ်ခုကို ဂရုမစိုက်တတ်ပါ။


ထိုစကားကြောင့် စုမိန်သည် သူမအား အခြားအရာတစ်ခုကို သတိပေးခဲ့သည်။


ဖန့်ကျွင်းရုံ၏အကြံပေးချက်ကိုကြားပြီးနောက် ရှုဝေဝေ၏မျက်လုံးများငာ ပြူးကျယ်သွားခဲ့သည်။  


“ခဏလေး၊ နင် ချယ်ရီပန်းပွင့်ဆေးလုံးတွေအတွက် အော်ဒါတွေများများ တင်ချင်တာလား။”


အစီအစဉ်ချရာတွင် ပါ၀င်သောအဖွဲ့သားတစ်ဦးအနေနှင့် ရှုဝေဝေသည် ချယ်ရီပန်းပွင့်ဆေးလုံးများသည် သူတို့ပြောသည့်အတိုင်း ထိရောက်မှုမရှိကြောင်းကို ကောင်းစွာသိသည်။


ဖန့်ကျွင်းရုံကခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။  “ငါမှတ်မိတာမှန်ရင်၊ မသမာသောစျေးကွက်ရှာဖွေရေး (သို့) ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများတွင် လိမ်လည်လှည့်စားမှုဖြစ်လျှင် အမြင့်ဆုံးလျော်ကြေးပမာဏသည် ထုတ်ကုန်အား ပေးချေရမည့် ပမာဏ၏သုံးဆအထိ ဖြစ်နိုင်သည်။


"ငါတို့က သူတို့ဆီက‌နေ အများကြီး အော်ဒါတင်ရမယ်၊ ဒါဆိုရင် သူ လျော်ကြေးတွေမပေးနိုင်ရင် ဒေဝါလီခံရလိမ့်မယ်။"


ရှုဝေဝေ၏နှုတ်ခမ်းများဟာ တွန့်ကွေးသွားသည်။  


"နင့်ရဲ့ ဒီစိတ်ကူးက ပြောစရာမလိုအောင်ရက်စက်တယ်။"


လီဝမ့်ကျင်းသည် ယခုအချိန်တွင် ကျန်းမိသားစုနှင့်အတူ အလုပ်တွဲလုပ်နေသောကြောင့် ချယ်ရီပန်းပွင့်ဆေးလုံးများကို ကျန်းအိမ်တော်၏ အထင်ကရစတိုးဆိုင်ပလက်ဖောင်းမှတဆင့် ရောင်းချခဲ့သည်။  သူတို့သည် ဤလုပ်ငန်းနယ်ပယ်၌ နှစ်ပေါင်းများစွာရှိနေခဲ့ပြီးဖြစ်သည်။ ယခုက သူတို့အား သွေးထွက်အောင်လုပ်ရန် အချိန်ကောင်းဖြစ်သည်။


“ငါပြောမယ်…နင်က ပိုပိုပြီးဆိုးလာတာပဲ။”


ရှုဝေဝေသည် ဖန့်ကျွင်းရုံအား အချိန်အတေယ်ကြာ နားပူအောင်ပြောဆိုခဲ့သလောက် သူမသည် ချက်ချင်းပင် အကောင့်ပေါင်းရာနှင့်ချီ မှတ်ပုံတင်ရန်အတွက် အဖွဲ့တစ်ဖွဲ့အား အမိန့်ပေးစီစဉ်ခဲ့သည်။ သူတို့သည် ကျန်းအိမ်တော်အား သူတို့နှင့်မသက်ဆိုတာကို ဝင်စွတ်ဖွက်ခဲ့သောကြောင့် ပြန်ပေးဆပ်ချင်ခဲ့ကြသည်။


ဖန့်ကျွင်းရုံက "ငါတို့ဝန်ထမ်းတွေအတွက် အဲ့ဒီကရတာကို အပိုဆုအနေနဲ့ သတ်မှတ်လိုက်" ဟု ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။


 ***


လီဝမ့်ကျင်းသည် ချယ်ရီပန်းဆေးလုံးဗူးရေအနည်းငယ်နှင့် အိမ်သို့ ပြန်လာခဲ့သည်။


လီဝမ့်ကျင်းသည် လွန်ခဲ့သောရက်အနည်းငယ်ကပင် ရုံးတွင် ၎င်း၏ခေါင်းကို အဖြတ်ခံရတော့မည့် ကြက်ကဲ့သို့ ပြေးလွှားနေခဲ့ရပြီး ယခုအချိန်၌ အိမ်သို့ပြန်လာ၍ အသက်ရှူဖို့ အချိန်ရရှိခဲ့သည်။ သူ့လက်ထဲက ချယ်ရီပန်းပွင့်ဆေးလုံးများသည် ခွဲစိတ်မှုပြီးကတည်းက အိမ်မှာအနားယူနေသည့် ဝမ်စစ်ရှန်းအတွက် ရည်ရွယ်၍ ယူလာခဲ့တာဖြစ်သည်။


ဤချယ်ရီပန်းပွင့်ဆေးလုံးများသည် သူ၏ မူလဖော်မြူလာသာမဟုတ်ပဲ အချို့သောသုတေသနများအပြီးတွင် ကျန်းအိမ်တော်က ပါဝင်ပစ္စည်းအပိုတစ်ခုကို ထပ်ထည့်ခဲ့သည်။  ကျန်းပိက သူ ဘာကိုထပ်ဖြည့်သည်ကို အတိအကျမပြောသေးသော်လည်း လက်တွေ့စမ်းသပ်မှုများမပြုလုပ်ရသေး‌ပေမယ့် အမာရွတ်များကို ဖယ်ရှားသည့်အခါ အလွန်ထိရောက်မှုရှိကြောင်းကို ပြောခဲ့သည်။


ဝမ်စစ်ရှန်းအား သတိရသွားတဲ့ လီဝမ့်ကျင်းက သူမအတွက် စားသုံးဖို့ ဗူးရေအချို့ကို အိမ်သို့ပြန်ယူလာခဲ့သည်။ ကျန်းအိမ်တော်သည် ဆေးဝါးဆိုင်ရာကုမ္ပဏီအဖြစ် လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီး သူတို့ဖန်တီးထုတ်လုပ်ခဲ့သောအရာများသည် ဖန့်ကျွင်းရုံထက် သာလွန်မည်မှာ သေချာသည်။


သေချာတာကတော့ ဝမ်စစ်ရှန်းသည် လီဝမ့်ကျင်းက သူမကို ဒီအကြောင်းတွေကိုပြောပြပြီးတဲ့နောက်မှာ အရမ်းပျော်နေပုံပါပဲ။ သူမသည် စမ်းသပ်ခံတိရစ္ဆာန်တစ်ကောင်ဖြစ်မှန်းမသိတာကြောင့် သူမသည် မတော်တဆမှုဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အချိန်ကြာမြင့်စွာ သူမဟာ ပြုံး‌နေခဲ့သည်။  


“ဒါက အရမ်းအံ့သြဖို့ကောင်းတာပဲ။”


"ကျွန်မကို ချက်ချင်းစမ်းသုံးခွင့်ပြုပါ။"  


ဝမ်စစ်ရှန်းသည် သူမအခန်းထဲမှထွက်လိုလျှင် သူမ၏အမာရွတ်များကိုဖုံးကွယ်ရန် မိတ်ကပ်ထူထူလိမ်းခြယ်၍ ထွက်ရသည်။ လီဝမ့်ကျင်းက သူမအပေါ် သဘောမကျသည့်အကြည့်ဖြင့် ကြည့်မှာကို သူမကြောက်ရွံ့ထိတ်လန့်မိသည်။


ဝမ်စစ်ရှန်းသည် လီဝမ့်ကျင်း၏ရှေ့တွင်ပင် ချယ်ရီပန်းပွင့်ဆေးလုံးကို ယူလိုက်သည်။  ၎င်းသည် အလှအပဆေးလုံးများနှင့် လုံးဝတူသောအရသာမရှိပဲ ချယ်ရီပန်းပွင့်ဆေးလုံးများသည် ပိုခါးလေသည်။ သူမမျိုချလိုက်သည့်နောက်တွင် သူမပါးစပ်ထဲ၌ အခါးဓာတ်သည် ခါးသီးစွာကျန်ရစ်ခဲ့သည်။ အလှအပ‌ဆေးလုံးများနှင့်မတူတာက အလှအပဆေးလုံးများကို သောက်သုံးပြီးနောက်တွင် ချိုသောအရသာတစ်ခုကို ခံစားရရှိလိမ့်မည်။


ဝမ်စစ်ရှန်းသည် ဆေးညွှန်းဖော်မြူလာက တူညီတယ်ဟု သူမထင်ခဲ့သည်။ ဒါဆို သူတို့က ဘာလို့ အရသာမတူရတာလဲ။