အခန်း ၁၄၀
Viewers 25k

အခန်း (၁၄၀) - ဝက်ဘ်ပေါ်ရှိအခြေအနေသည် လီဝမ့်ကျင်းဖက်သို့ အရေးသာလာသည် (၂)


ထိုအရာအားလုံးဟာ ပြောင်းလဲသွားခဲ့သည်။  ချယ်ရီပန်းပွင့်ဆေးလုံးများအတွက် ကြိုတင်မှာယူမှုအရေအတွက်ကို အားလုံးမြင်နိုင်သည်။ လီဝမ့်ကျင်းသည် နောက်ထပ်ထုတ်လုပ်ရန် ငွေကြေးမလုံလောက်ဘူးဆိုတာ လူတိုင်းသိသည်။ ရင်းနှီးမြှုပ်နှံသူများလိုအပ်တယ်လို့ စကားလွှင့်လိုက်တာနဲ့ လူအတော်များများက လီဝမ်ကျင်းကို ချက်ချင်းဆက်သွယ်လာကြသည်။ တကယ်တော့ သူတို့က လီဝမ့်ကျင်းကို ရယ်စရာကောင်းအောင်လုပ်ခဲ့တဲ့လူတွေလို့ ဘယ်သူကမှထင်မှာ မဟုတ်ဘူး။ သူတို့က သတင်းအချက်အလက်တွေကို ခိုးယူခဲ့တယ်ဆိုတဲ့အချက်ကို သူတို့မျက်မှောင်ကြုတ်ကဲ့ရဲ့ခဲ့ကြပြီး ရွှေဥတွေဥနေနိုင်တဲ့ သူ့ကြက်ကိုလည်း အရမ်းမနာလိုဖြစ်ကြတယ်။


"ဝမ့်ကျင်း ငါတို့က မိတ်ဆွေတွေဖြစ်တာ ကြာပြီပဲ။ မင်းရဲ့ပြသနာက ငါ့ပြဿနာဘဲ။ မင်းလိုအပ်တဲ့ငွေပမာဏကိုသာ ငါ့ကို ပြောလိုက်၊ ငါ မင်းကိုငွေချေး‌ပေးနိုင်တယ်။”


"ဘော့စ် မင်း ဘာလိုအပ်တယ်ဆိုတာ ငါတို့ကိုသာ ပြောလိုက်။ ငါတို့ မင်းကို သေချာပေါက်ကူညီပေးမယ်။"


လီဝမ့်ကျင်းက စိတ်မပျော်နိုင်ခဲ့ဘူး။ သူသည်ထုတ်လုပ်ဖြန့်ချိရန် ငွေကြေးအရင်းအနှီးကို မဆိုင်းမတွလိုအပ်သည်၊ သူသည် သူတို့တစ်ဦး စီထံမှအချို့ကိုချေးယူ၍ ဆေးလုံးများကို ထပ်မံထုတ်လုပ်ရန်အတွက် ငွေကို လျင်မြန်စွာ ထည့်ဝင်ထုတ်လုပ်ခဲ့သည်။


ဖန့်ကျွင်းရုံက သူ့ကို တရားစွဲချင်စွဲနိုင်သည်။  သူမမှာ သူ့ကို ရိုက်ချဖို့ ခိုင်မာတဲ့သက်သေအထောက်အထားမရှိသရွေ့ သူ့မှာ စိတ်ပူစရာဘာမှမရှိပါဘူး။


ဒီည သူမ ဒေါသဖြစ်ဖြစ်နဲ့ ထမင်းသုံးပန်ကန်ကို အသာလေး စားနိုင်လောက်တယ်လို့ သူ စိတ်ကူးယဉ်ကြည့်မိသည်။


 ***


အခြားသူများက ယခုအချိန်မှာ အလွန်စိတ်ပူနေသည်ဟုယူဆ‌နေသော ဖန့်ကျွင်းရုံသည် အမှန်တော့ အလွန်ပျော်ရွှင်‌နေခဲ့တာ ဖြစ်သည်။ ရန်သူက  သူ့အတွက် သတ်မှတ်ပြင်ဆင်‌ပေးထားသော ထောင်ချောက်ထဲသို့ တဆင့်ပြီးတဆင့် ဝင်ရောက်နေတာကို ကြည့်‌နေရခြင်းထက် ဘာက ပိုကောင်းနိုင်မှာလဲ။


လီရှင်းယွင်သည် ဖန့်ကျွင်းရုံ၏ထင်မြင်ယူဆချက်များကို တောင်းခံရန်ကိစ္စများကို ဆင်ခြေအဖြစ် အသုံးပြုပြီး အိမ်ပြန်လာလေ့ရှိသည်။ လီရှင်းယွင်ဟာ အဖျော်ယမကာကုမ္ပဏီကို ၀ယ်ယူဖို့အတွက် လိုအပ်တာများကို စတင်ပြင်ဆင်နေပြီ။


ဖန့်ကျွင်းရုံသည် သူ့သမီး၏အ‌တွေးများအား သိမြင်နိုင်ပါသည်။ လီရှင်းယွင်သည် ဖန့်ကျွင်းရုံက အွန်လိုင်းပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာ ဆွေးနွေးမှုတွေကို‌တွေ့ပြီးတော့ သူမမိခင်ဖြစ်သူ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်တဲ့အတွက် သူမက ဒီကိစ္စကိုအာရုံလွှဲဖို့ ကြိုးစားခဲ့သည်။


ဖန့်ကျွင်းရုံက သူ့သမီး၏ ခေါင်း‌ပေါ်ကို လက်ဖြင့်အသာပွတ်လိုက်ပြီး“ စိတ်မပူပါနဲ့၊ အမေ အဆင်ပြေပါတယ်။ အမေ သူတို့‌ကြောင့် စိတ်အနှောင့်အယှက်ဖြစ်‌နေတဲ့ပုံပေါ်လို့လား။"


လီရှင်းယွင်က စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ သူမအမေက သူမရှေ့မှာ အဆင်ပြေချင်ယောင်နေတာ ဖြစ်မှာကို စိတ်ပူ‌နေခဲ့သည်။ သူမအမေမပြောနဲ့။ သူ့အဖေလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် သူမဒေါသထွက်ခဲ့သည်။ သူမငွေရှာရန် အလုပ်ကြိုးစားရမည်။ သူမအမေရဲ့ကုမ္ပဏီက ရှေ့ဆက်ငွေမရှာရင်တောင် ဒီနည်းနဲ့ သူ့အမေက သူမကိုအားကိုးနေနိုင်မှာဖြစ်သည်။


ဖန့်ကျွင်းရုံက လီရှင်းယွင်သည် ရုတ်တရက် ဘာကြောင့် ဒီလောက်စိတ်အားတက်ကြွနေတာလဲဆိုတာကို မသိပေမယ့် သမီးဖြစ်သူကရည်မှန်းချက်ကြီးမားတာက ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး သူတတ်နိုင်သမျှ ကူညီပေးရတာကို ပျော်ရွှင်မိသည်။


စျေးရောင်းပွဲတော်‌နေ့သည် အလျင်အမြန်ရောက်ရှိလာခဲ့သည်။


လီဝမ့်ကျင်းသည် ချယ်ရီပန်းပွင့်ဆေးလူံး ဗူးပေါင်း ၁၉၀၀၀၀ ကိုရောင်းချခဲ့သည်။


ဖန့်ကျွင်းရုံက ကျွတ် ကျွတ် ဟု စုတ်သပိလိုက်သည်။ ဒါက လီဝမ့်ကျင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဆိုတာ သေချာတယ်။ သူဆုံးရှုံးလေလေ သူမပိုပျော်ရွှင်လေလေဖြစ်သည်။  ဝယ်ယူပြီးနောက် လှည့်စားခံရသောစားသုံးသူများအနေနှင့် သူတို့သည် နောက်ပိုင်းတွင် ငွေပြန်အမ်းရန် တောင်းခံနိုင်သည်။


ထိုနေ့မှာပင် စုမိန်သည် သူမဆီကို လာတွေ့ခဲ့သည်။


စုမိန် ရောက်လာသည်ကိုမြင်သောအခါ ဖန့်ကျွင်းရုံသည် တော်တော်အံ့သြသွားမိသည်။ စုမိန်သည် သူမအား ပိုမိုအကျိုးရှိစေမည့်မည်သည့်ဘက်ကိုမဆို ပါသွားတတ်သောလူမျိုးဖြစ်ခဲ့သည်။ ထို့ကြောင့် ဖန့်ကျွင်းရုံသည် သူမအား ဒီအချိန်၌ လီဝမ့်ကျင်းဆီသို့ မှီခိုလိမ့်မည်ဟု အပြည့်အဝ တွေးထားခဲ့သည်။ အဲဒါကသာ အဓိပ္ပာယ်ရှိလိမ့်မယ်။


စုမိန်ရောက်လာသည့် သူမ၏အဓိကရည်ရွယ်ချက်မှာ ဖန့်ကျွင်းရုံထံသို့ သတင်းပေးရန်ဖြစ်သည်။


"ကျွင်းရုံ ငါ နင့်ကို ပြောစရာရှိတယ်။ နင် ပိုင်ရှစ်ယွမ်ကို အလှအပဆေးလုံးတွေ ပေးစရာမလိုတော့ဘူး။ သူမက အဲ့ဆေးလုံးတွေကို နောက်ထပ် မလိုအပ်တော့ဘူး။" 


စုမိန်သည် နောက်ထပ်လူပုဂ္ဂိုလ်အချို့၏နာမည်များကိုလည်း ပြောပြခဲ့သည်။  “သူတို့အားလုံးက မျက်လုံးဖြူသောဝံပုလွေ‌တွေချည်းပဲ။ သူတို့က လီဝမ့်ကျင်းဆီမှာ ချယ်ရီပန်းပွင့်ဆေးလုံးတွေအတွက် အော်ဒါတွေတင်ထားပြီးကြပြီ။"


“အထူးသဖြင့် ပိုင်ရှစ်ယွမ်ပေါ့ဟယ်။ သူမက နင် လီဝမ့်ကျင်းဆီကို ‌အပြေးအလွှားပြန်မသွားခင် အချိန်တစ်ခုပဲ လိုတယ်လို့ သူမကပြောခဲ့တယ်။ သူမက အဲ့နေ့ကိုစောင့်နေတယ်တဲ့။"


“နင် သူတို့ကို အလှအပဆေးလုံးတွေ ပေးမယ့်အစား ရေကန်ထဲကို လွှတ်ပစ်လိုက်တာကမှ အသံမြည်ကောင်းမြည်နိုင်‌သေးတယ်။  အနည်းဆုံးတော့ နင် အသံတော့ ကြားရသေးတာပေါ့။"


စုမိန်သည် အခြားသူများနှင့်မတူပဲ နောက်ကျောကို ဓားဖြင့်မထိုးခဲ့ပါ။ သူမလိုချင်သည့် အဓိကအချက်မှာ သူမသည် ဖန့်ကျွင်းရုံ၏ ယုံကြည်ရသောသူငယ်ချင်းများထဲမှ တစ်ယောက်ဖြစ်ချင်ခဲ့ပြီး သူမသည် အလှအပဆေးလုံးများကို လက်ဆောင်ပေးခြင်းအား တန်ဖိုးထားသော တစ်ဦးတည်းသောသူဖြစ်ခဲ့သည်။ အခြားသူများအားလုံးသည် သစ္စာဖောက်များ ဖြစ်ကြသည်။


ဖန့်ကျွင်းရုံသည် မရယ်ပဲ မနေနိုင်စွာ ရယ်လိုက်မိသည်။


"ငါက နင် လီဝမ့်ကျင်း ဆွဲငင်တဲ့ဖက်ကိုပါသွားပြီး ဆေးလုံးအချို့ ဝယ်ယူလိမ့်မယ်လို့ ထင်ထားခဲ့တာ"


"နင် ငါ့ကို ဒီလိုမျိုး တွေးပေးနေတယ်ဆိုတာ ငါမယုံနိုင်ဘူး။"


ဖန့်ကျွင်းရုံရဲ့အကြည့်အောက်မှာ စုမိန်ကနောက်ဆုံးတော့ စိတ်မသက်သာစွာနဲ့ ဖွင့်ဟလိုက်သည်။ "အမှန်တရားက လီဝမ့်ကျင်းကို ငါမယုံဘူး။ သူရဲ့ပင်ကိုယ်စရိုက်နဲ့ သူက ပါဝင်ပစ္စည်း‌တွေကို ကောင်းကောင်း ကွက်ကျော်ရိုက်နိုင်လိမ့်မယ်။ ငါက ပိုက်ဆံ မရှိတာမှမဟုတ်တာ၊ ဒါကြောင့် သဘာဝကျကျ ငါ့ငွေနဲ့ ၀ယ်သုံးနိုင်တဲ့ အကောင်းဆုံးထုတ်ကုန်ကိုပဲလိုချင်တယ်။