အခန်း ၁၃၉
Viewers 25k

အခန်း (၁၃၉) - ဝက်ဘ်ပေါ်ရှိအခြေအနေသည် လီဝမ့်ကျင်းဖက်သို့ အရေးသာလာသည် (၁)


“အင်တာနက်အသုံးပြုသူ တော်တော်များများက လီဝမ့်ကျင်းက သူတို့ကို စျေးသက်သက်သာသာနဲ့ ၀ယ်ဖို့ လုပ်ပေးတာကောင်းတယ်လို့ပြော‌နေကြတယ်။  ချယ်ရီပန်းပွင့်ဆေးလုံးတွေက တရားဝင်ဟုတ်သည်ဖြစ်‌စေ မဟုတ်သည်ဖြစ်စေ သူတို့အတွက် အရေးမကြီးပါ။ သူတို့ထဲမှ မှောင်ခိုဝယ်မသုံးဖူးသော အချို့ကသာလျှင် လီဝမ့်ကျင်းကို ဝေဖန်ပြောဆိုကြလိမ့်မယ်။ အချို့က လီဝမ့်ကျင်းက စိတ်၀င်စားစရာကောင်းတဲ့ လူကောင်းတစ်ယောက်လို့‌တောင် ပြောနေကြသေးတယ်"


သူတို့၏အရှက်မဲ့မှုက ယန်မိန်ဟွာကို ဒေါသထွက်စေသည်။  သူမက ဆက်‌ပြောလိုက်ပြန်သည်။ “အဲဒီလူတွေရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲမသိဘူး။ လီဝမ့်ကျင်းက သူ့မိန်းမကို လိမ်လည်ပြီး ဖောက်ပြန်ခဲ့တဲ့လူတစ်ယောက်ပဲ။ သူ့လိုလူမျိုးကို ဘယ်သူကများ ဘယ်လိုယုံကြည်နိုင်ပါ့မလဲ။ ချယ်ရီပန်းပွင့်ဆေးလုံးတွေကို အသုံးပြုတဲ့အခါကျရင် အာနိသင်ရှိမရှိ ငါတို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ သူက ဘာကြောင့် ဒီလောက် လျှော့စျေးအများကြီးနဲ့ ထုတ်လုပ်ရောင်းချနေရတာလဲ။ အသား‌အရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်လာရင် မင်း ပေးဆပ်ထားတဲ့တန်ဖိုးအတိုင်းပဲ အမြဲပြန်ရနိုင်တယ်”


ရှုယွီချီက သူမအား နှစ်သိမ့်ခဲ့သည်။ "ပြောရရင် ဒါက လူတွေရဲ့ သဘောသဘာဝပဲလေ။ချယ်ရီပန်းပွင့်ဆေးလုံးတွေအတွက် သူတို့က လျှော့စျေး ဘယ်လောက်အထိပေးနေတာလဲ။ "


ယန်မိန်ဟွာက ရေတပ်‌တွေကို ဆက်လက်တိုက်ခိုက်နေရင်း ရှုယွီချီရဲ့အမေးကို ပြန်ဖြေလိုက်သည်။ "၅၀ ရာခိုင်နှုန်းလောက် လျှော့မယ်လို့ ငါထင်တယ်"


ထိုစကားကိုကြားလိုက်ရသောအခါ ရှုယွီချီသည် အွန်လိုင်းမှာ စတင်ရှာ‌ဖွေလိုက်ပြီး ချယ်ရီပန်းပွင့်ဆေးလုံးများအတွက် ကြိုတင်မှာယူနိုင်သည့် ၀က်ဘ်ဆိုက်ကိုတွေ့သည်။  သူမဟာ အခြားအင်တာနက်အသုံးပြုသူများနှင့် တိုက်ခိုက်ရန် ကြိုးစားနေဆဲဖြစ်သည့် ယန်မိန်ဟွာအား တစ်ချက် လျင်မြန်စွာ လှမ်းကြည့်ပြီး ကြိုတင်မှာယူမှုအတွက် လျင်မြန်စွာ ငွေပေး‌ချေပြီး ၀က်ဘ်ဆိုက်မှထွက်လိုက်သည်။


သူမဟာ ယန်မိန်ဟွာနဲ့ အခြေအနေချင်းမတူပါဘူး။ ယန်မိန်ဟွာသည် စီးပွားရေးအခြေအနေ အဆင်ပြေသော မိသားစုမှလာတာဖြစ်သည်။  ယွမ် ၈၈၈ တန်ဖိုးရှိ အလှအပဆေးလုံးတစ်ဗူးသည် သူမအတွက် ဘာမှမဖြစ်ခဲ့ပါ။ အခြားတစ်ဖက်တွင် ရှုယွီချီသည် တစ်လလျှင် ယွမ် ၂၀၀၀သာ အိမ်မှထောက်ပံ့သည်။ သူမသည် အလှအပဆေးလုံးကို ၀ယ်လိုလျှင် သူမသည်အမှန်ပင် အချိန်ပိုင်းအလုပ်ကို ရှာဖွေရနိုင်သည်။ ပုံမှန်အားဖြင့် သူမသည် စျေးသက်သာသော ချယိရီပန်းပွင့်ဆေးလုံးကို ယခုအချိန်မှာ ရွေးချယ်၍ရနိုင်သည်။


သူတို့၏ ဆေးညွှန်းဖော်မြူလာများတူညီလျှင် ထုတ်ကုန်များ၏အာနိသင်သည် အလွန်မကွာခြားနိုင်ပါ။


ဟုတ်ပါတယ်။ သူမက ယန်မိန်ဟွာကို ဒီအကြောင်းကို ပြောပြဖို့ အစီအစဉ်မရှိဘူး။  အနာဂတ်မှာ သူတို့နှစ်ယောက်ကြားက အဆင်မပြေမှုတွေကို သူမ မလိုလားဘူး။


ယန်မိန်ဟွာ၏အခန်းဖော်နှင့် အကြံတူသောအခြားသူများလည်း ရှိခဲ့သည်။ လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့အကြားက ပြဿနာများကိုသူတို့သိသည်၊ သို့သော် နောက်ဆုံးတွင် သူတို့၏ပိုက်ဆံအိတ်များကိုရွေးပြီး ငြိမ်ငြိမ်လေးနေခဲ့သည်။ အမှန်တော့၊ ဘေးမှာရပ်ကြည့်‌နေကြတဲ့သူတွေဘအတော်များများဟာ ဖန့်ကျွင်းရုံက လီဝမ့်ကျင်းရဲ့ ၀န်ထမ်းတွေကို တရားစွဲနေတာကို တွေ့လိုက်ရပြီးတဲ့နောက် ချယ်ရီပန်းပွင့်ဆေးလုံးများကို အော်ဒါတင် မှာကြားလိုက်ကြသည်။


သူတို့မျက်လုံးထဲမှာ ဖန့်ကျွင်းရုံရဲ့လုပ်ရပ်က လီဝမ့်ကျင်းလက်ထဲမှာ သူမရဲ့အလှအပ‌ဆေးညွှန်းဖော်မြူလာကို ရရှိထားတယ်ဆိုတာ အခိုင်အမာ သက်သေပြ‌နေတယ်လို့ ‌သေချာပေါက် တွေးလိုက်ကြသည်။


နက်ဘ်ဝက်ပေါ်မှ ထင်မြင်ချက်များသည် လီဝမ့်ကျင်းဆီသို့ ဦးတည်လာသည်။


လီဝမ့်ကျင်းသည် ရောင်းအားများ မြင့်တက်လျက်တက်နေသည်ကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးခပ်ကြီးကြီးတစ်ပွင့်ရှိနေခဲ့သည်။


ဖန့်ကျွင်းရုံကို ကျေးဇူးတင်မိတယ်၊ သူတို့ကကြော်ငြာစရိတ်တွေ အများကြီးချွေတာနိုင်ခဲ့ပါတယ်။ သူက အနည်းဆုံး ဗူးရေ ငါးသိန်းဝန်းကျင်ခန့်သာ ကြိုတင်မှာယူကြလိမ့်မယ်လို့သူထင်ခဲ့ပေမယ့် သူတို့ဈေးပွဲတော်မတိုင်ခင်နှစ်ရက်အလိုကပင် ဗူးရေ ၁ သန်းကျော်ရောင်းချပြီးသွားခဲ့ပြီ။ ဤအရာသည် သူ့မျှော်လင့်ချက်ကို လုံးဝကျော်လွန်စေခဲ့သည်။  မိန်းမတွေဆီက ငွေရှာရတာ ဒီလောက်လွယ်လိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့ဘူး။


ဤသည်က ငွေရှာရအလွန်လွယ်ကူသည်ဟုသူ ပထမဆုံးအကြိမ် ခံစားရတာဖြစ်သည်။


ဖန့်ကျွင်းရုံသည် ဒီအရာကို လနှင့်ချီ ကြိုးစားလုပ်ဆောင်ခဲ့ပြီး သူက အကျိုးအမြတ်ကို သာသာယာယာ ဆွတ်ခူးနိုင်ခဲ့သည်။ သူသည်လွန်ခဲ့သော အချိန်ခဏကကဲ့သို့ပင် ယခုအချိန်မှာလည်း ပျော်ရွှင်နေခဲ့သည်။


လီဝမ့်ကျင်းသည် အားရကျေနပ်စွာဖြင့် ကျန်းပိနှင့် video conferenceတစ်ခုပြုလုပ်ခဲ့သည်။ သူတို့နှစ်ဦးသည် ချယ်ရီပန်းပွင့်ဆေးလုံးများ ပိုမိုထုတ်လုပ်ရန် စက်ရုံတွင်အချိန်ပို‌ဆင်းခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။  ထို့နောက် လီဝမ့်ကျင်းသည် ဝေ့ပေါ်သို့သွား‌၍ အခြားသတင်းတစ်ခုတင်ခဲ့သည်။


[ကြိုတင်‌ရောင်းချထားသော ဗူးရေ ၁ သန်းကျော်ကို ဂုဏ်ပြုဖို့အတွက်  နောက်ထပ် ဗူးရေ ၁ သန်း ထပ်ထည့်လိုက်သည်။]


သူ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ယွမ် ၁ ဘီလီယံဟာ ပထမအကြိမ် ထုတ်လုပ်သည့် ဗူးရေ ၁ သန်းထုတ်လုပ်ရာမှာ အသုံးပြုပြီးနေပြီ။ ပိုထုတ်လုပ်လေလေ သူက ရင်းနှီးရန် ငွေကြပိုလိုအပ်လာ‌လေသည်။


လီဝမ့်ကျင်းသည် ယခုအချိန်၌ စတော့များထပ်မံမရောင်းချတော့ပါ၊ လီဝမ့်ကျင်းသည်  နံပါတ်တစ် စတော့ရှယ်ယာရှင်အဖြစ်သူ၏ရာထူးကို ဆက်လက်ထိန်းသိမ်းထားချင်သေးသည်။ အဲဒီအစား သူက ချေးငွေထုတ်ဖို့ရွေးချယ်ခဲ့တယ်။ ထိုသို့ ချေးငွေထုတ်ချေးဖို့လုပ်သည်က လွန်ခဲ့သောတစ်လကဖြစ်ခဲ့ရင်  လီဝမ့်ကျင်းသည် ချေးငွေရရှိဖို့ အနိမ့်ဆုံးနေရာတွင်ရှိနေပြီး ယွမ် ၁ ဘီလီယံမပြောနဲ့ ယွမ် ၁၀ မီလီယံကိုတောင် ထုတ်ချေးလိမ့်မည် မဟုတ်ချေ။