အခန်း ၁၃၈
Viewers 25k

အခန်း(၁၃၈) - သူမသည် အတွင်းရေးများကို အပြင်လူများအား မပြောပြနိုင်ပေ (၃)

 

လီဝမ့်ကျင်းသည် ချယ်ရီပန်းပွင့်ဆေးလုံး ကြိုတင်မှာယူသည့်စာရင်း စာမျက်နှာကို ဖွင့်ကြည့်လိုက်ချိန်တွင် ကြိုတင်မှာယူသည့်စာရင်းမှ နံပါတ်များသည် ဆက်တိုက်မြင့်တက်နေခဲ့သည်။ သူ့မျက်စိရှေ့တွင် မရေမတွက်နိုင်သောငွေများ ကခုန်နေတာကို တွေ့နေရသလို ခံစားလိုက်ရသည်။

 

လီဝမ့်ကျင်းသည် ချယ်ရီပန်းပွင့်ဆေးလုံးနှင့် အလှအပဆေးလုံးများကို တူညီသောဖော်မြူလာနှင့်ဖော်စပ်ထုတ်လုပ်ထားပြီး သူတို့၏နာမည်များသာ ကွဲပြားကြောင်းကို ဦးတည်‌ပြောပေးရန် သူသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ရေတပ်များစွာကို ငှားရမ်းခဲ့သည်။  ကြိုတင်မှာယူမှုအရေအတွက်နှင့်ပတ်သက်၍ ဆုံးဖြတ်ခြင်းကိုလူအများက ယုံကြည်ကြသည်။


ဒါကလွဲရင် မလုံလောက်သေးပါဘူး။  သူက ပိုတောင်လိုချင်သေးတယ်။


လီဝမ့်ကျင်းရဲ့ဖုန်းကမြည်လာတော့ သူက ကောက်ကိုင်လိုက်သည်။  ၎င်းသည် လော်ရှောက်ချန်၏ဇနီးထံမှခေါ်ဆိုမှုတစ်ခုဖြစ်သည်။ လော်ရှောက်ချန်သည် ဖန့်ကျွင်းရုံ၏ကုမ္ပဏီမှ သူစုဆောင်းခဲ့သော ၀န်ထမ်းများစွာထဲမှတစ်ဦး ဖြစ်သည်။ လော်ရှောက်ချန်သည် ယခင်က မိန့်ဖုန်းကော်ပိုရေးရှင်း ထုတ်လုပ်ရေးဌာနတွင် အလုပ်လုပ်ခဲ့သည်။  လီဝမ့်ကျင်းလက်ထဲ ဆေးညွှန်းဖော်မြူလာရရှိရန် သူကအများကြီးပံ့ပိုးပေးခဲ့သည်။


လော်ရှောက်ချန်ကို ရဲတွေကဖမ်းခေါ်သွားလို့ သူ့မိန်းမက သူထံ ငိုရင်းဖုန်းဆက်ပြောတာဖြစ်သည်။


လီဝမ့်ကျင်းက သူမအား ဖုန်းထဲကနေ နှစ်သိမ့်လိုက်သည်။ သူက ဒီအတွက် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။


“စိတ်မပူပါနဲ့။ ငါစီစဉ်မှုအချို့လုပ်ပြီး အမှုလိုက်ပေးဖို့  လူတစ်ချို့ကို ငါငှားရမ်း‌ပေးမယ်။ သူထောင်ကျသွားမယ်ဆိုရင်တောင် သူအကြာကြီးမနေနိုင်ဘူး။ ငါကတိပေးထားတဲ့ယွမ် ၁၀ သန်းနဲ့ သူကထောင်ထဲမှာသုံးဖို့နှစ်စဉ်ယွမ် ၁သန်းထပ်ပေးမယ်။”


လော်ရှောက်ချန်၏ဇနီးသည် ငွေကြေးအာမခံချက်အောက်၌ စိတ်အမြန်ငြိမ်သက်သွားသည်။


လီဝမ့်ကျင်းက သူတို့ဒီလိုဖြစ်လာနိုင်တယ်လို့သူတို့ကို ကြိုတင်သတိပေးခဲ့ပြီး ဒီကိစ္စဖြစ်သွားခဲ့ရင် သူတို့ကိုထိုက်တန်စွာ လျော်ကြေးပေးမယ်လို့ ထပ်မံကတိပေးထားခဲ့သည်။ ဒီလူတွေက သူတို့ဘာကိုပြောလို့ရတယ်၊ ပြောလို့မရနိုင်ဘူးဆိုတာကို သိနားလည်သည်။


အလားတူ ဖုန်းခေါ်ဆိုမှုအချို့ကို လက်ခံရရှိပြီးနောက် လီဝမ့်ကျင်းသည် သူ့နားထင်ကို ပွတ်သပ်လိုက်သည်။ ဖန့်ကျွင်းရုံသည် သူမျှော်မှန်းထားသည်ထက် ပိုမြန်စွာ လှုပ်ရှားခဲ့သည်။  မည်သို့ပင်ဖြစ်စေ သူမ ယခုလုပ်သောအရာသည် သူ့အား မည်သည့်အရာမှထိခိုက်စေမည် မဟုတ်ပေ။ သူ့ရဲ့ဂုဏ်သတင်းက ပျက်စီးခဲ့တာ ကြာပါပြီ။  အခြားကော်ပိုရေးရှင်းကို သူလျှိုထည့်ခြင်းက အများကြီး ခြားနားလိမ့်မည်မဟုတ်ပေ။  အထောက်အထားမရှိသရွေ့ သူ့ကို ဖမ်းလို့မရဘူး။ အင်တာနက်အသုံးပြုသူများအားလုံးသည် မေ့လျော့သွားတတ်ကြသည်။ သူက သူတို့ကို ပိုကောင်းတဲ့အကျိုးကျေးဇူးတွေ ပေးနိုင်သရွေ့ သူတို့က သူ့ဘက်ကို မြန်မြန်ပြောင်းပြီး အမြစ်တွယ်လိမ့်မယ်။


သူ့ဇနီးဟောင်းသည် အဆင်အခြင်မဲ့လွန်းသည်။


“ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းအား တရားမ ၀ င်သတင်းအချက်အလက်များရယူခြင်းအတွက် တရားစွဲဆိုခြင်း" ဟူသော ခေါင်းစဉ်ဖြင့် လူကြိုက်အများဆုံးစာရင်းထဲဝင်ရန် ရေတပ်တစ်ခုတစ်ခုကို ငှားရမ်းငွေပေးချေခဲ့သည်။


ထို့နောက် လီဝမ့်ကျင်းသည် ဆဲလ်ဖုန်းအသစ်တစ်လုံးကို ရှာဖွေကာ ဖန့်ကျွင်းရုံထံသို့ အခြားစာတစ်စောင်ကို ပို့လိုက်သည်။


[ကြော်ငြာကုန်ကျစရိတ် သက်သာအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  မင်းက အရမ်းတော်တဲ့ လူတစ်ယောက်ပါ။]


သို့သော်လည်း ဖန့်ကျွင်းရုံက သူ့ကို အရင်တုန်းကအတိုင်းပင် ဆက်ဆံခဲ့သည်။ သူကသူမရဲ့လုပ်ခဲ့သည့်အရင်းကို အတိုးနဲ့ပြန်ဆပ်မယ်။


 ***


"ဘုရားရေ!  မယုံနိုင်စရာ!  ဒီအမှိုက်ကအသက်ရှင်ဖို့မထိုက်တန်ဘူး! "


သူတို့၏အိပ်ဆောင်အတွင်း၌ ယန်မိန်ဟွာသည် မော်နီတာပေါ်မှ သတင်းကိုမြင်တွေ့လိုက်ပြီး စတင်အော်ဟစ်လိုက်သည်။ ရုန့်ရင်းကြမ်းတမ်းသော စကားများဆက်တိုက် သူမပါးစပ်မှထွက်လာပြီး‌ေတာ့ သူမ၏မျက်နှာသည် ဒေါသကြောင့် နီမြန်းလာသည်။ သူမမျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူမ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။


သူမအခန်းဖော် ရှုယွီချီသည် ထိပ်ဆုံး ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ maskကိုကပ်ပြီး‌တော့ သူမဖုန်းကိုဖွင့်လိုက်သည်။ ယန်မိန်ဟွာ၏ဒေါသထွက်သံကို ကြားလိုက်ရသောအခါ သူမခေါင်းကို ထုတ်လိုက်ပြီး "ဘာကိစ္စလဲ။ ဒီတခါ နင့်ကို ဒေါသထွက်စေတဲ့အွန်လိုင်းပေါ်မှာ နင် ဘာသတင်းကို မြင်ခဲ့လို့လဲ”


ယန်မိန်ဟွာသည် နေ့စဉ်သတင်းများကို သိရှိ‌သည့် အင်တာနက်စွဲလမ်းသူတစ်‌ဦးဖြစ်သည်။ သူမအတန်းတက်ချိန်ကလွဲရင် သူမသည် ဝက်ဆိုဘ်ကိုလှည့်ပတ်ကြည့်ရင်း သူမ အဆောင်အတူ‌နေ အခန်း‌ဖော်သူငယ်ချင်းများအား သူမ သိသမျှ သတင်းတိုင်းကို  ပြောပြတတ်တယ်။ အခန်းထဲရှိအခြားမိန်းကလေးအားလုံးသည် သူမထံမှ ဝက်ဆိုဘ်တွင် နောက်ဆုံးနှင့် နာမည်အကြီးဆုံးသတင်းများကို နားထောင်ခဲ့သည်။ ကျန်းယာ့ကောအကြောင်း ဒရာမာဇာတ်လမ်းပေါက်ကြားသောအခါက သူမသည် ၎င်းတို့အားထိုအ‌ကြောင်းအား အသိပေးခဲ့သည့် ပထမဆုံးသောသူလည်းဖြစ်ခဲ့သည်။


ယန်မိန်ဟွာသည် သူမဖုန်းပေါ်တွင် စာသားများကို ရိုက်‌နေရင်း ဒေါသထွက်စွာ ပြောလိုက်သည်။ "လီဝမ့်ကျင်းက အရမ်းအရှက်မရှိတာပဲ။ သူက ဖန့်ကျွင်းရုံရဲ့ကုမ္ပဏီက ပိုင်ဆိုင်သော သတင်းအချက်အလက်တွေကို ခိုးယူခဲ့တယ်။ ဘယ်လောက်တောင် အရှက်မရှိတဲ့သူခိုးလဲ။ လီဝမ့်ကျင်းက သူ့ချယ်ရီပန်းပွင့်ဆေးလုံးအတွက် ကမ်းလှမ်းခဲ့သောလျှော့စျေးအားလုံးက အလှအပဆေးလုံးရဲ့ ကျော်ကြားမှုကို သူက ဖြိုခွင်းရန်ရည်ရွယ်ချက်ဖြင့် လုပ်နေတယ်လို့ ငါထင်ခဲ့တယ်။ မူပိုင်ခွင့်ကို ခိုးကူးထားတယ်ဆိုတာ ငါခုမှပဲသိတော့တယ်"


၎င်းသည် ရှုယွီချီ၏စိတ်ဝင်စားမှုကို ကျဆင်းစေသည်။ "တကယ်ရော ဟုတ်လို့လား။ လီဝမ့်ကျင်းက အဲဒါကို ဝန်ခံထားလား။ ဒါလေးနဲ့တင် သူ့ကို စွပ်စွဲဖို့ လုံလောက်တဲ့သက်သေ  မဖြစ်နိုင်ဘူး မဟုတ်လား"


ယန်မိန်ဟွာအသံတိတ်သွားပြီး ပြန်ပြောလိုက်သည်။ “‌ဘော့စ်ဖန့်က သူမရဲ့၀န်ထမ်းဟောင်းအချို့ကို မူပိုင်သတင်းအချက်အလက်များကို ခိုးယူမှုဖြင့် တရားရုံးမှာ စွဲချက်တင်ထားတယ်။ အဲ့၀န်ထမ်းအားလုံးက လီဝမ့်ကျင်းရဲ့ကုမ္ပဏီကို ပြောင်းသွားခဲ့တယ်။ သူက ဒါကို ဝန်မခံပေမယ့် သူ ဖြစ်နိုင်‌လောက်တယ်”