အခန်း ၁၃၇
Viewers 25k

အခန်း(၁၃၇) - သူမသည် အတွင်းရေးများကို အပြင်လူများအား မပြောပြနိုင်ပေ (၂)

 

နောက်တစ်နေ့ သူမရုံးခန်းထဲသို့ ဝင်လာသောအခါ စိတ်ဓာတ်ကျနေတယ်လို့ ပြောလို့ရနိုင်သည်။ လီဝမ့်ကျင်းက ချယ်ရီပန်းပွင့်ဆေးလုံးများကို စတင်ထုတ်လုပ်ဖြန့်ချိသည့် အဖြစ်အပျက်က သူမဝန်ထမ်းများအား အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့သည်။

 

သူတို့ရဲ့အလှအပဆေးလုံးများနှင့်မတူတာက သူတို့သည် ၁၀ ရာခိုင်နှုန်းခန့်ကိုသာ လျော့စျေးပေးနိုင်သော်လည်း ချယ်ရီပန်းပွင့်ဆေးလုံးများကတော့ အများကြီးလျော့ပေးထားသည့် ‌စျေးနှုန်းများဖြင့် စတင်ပေလိမ့်မည်။ သူတို့နှစ်ဦးက တူညီသောအာနိသင်ရှိသည့်ဆေးလုံးများကို ထုတ်လုပ်ဖြန့်ချိခဲ့မည်ဆိုရင် ဝယ်သူတွေက စျေးသက်သာတဲ့နေရာကနေ ဝယ်ယူသုံးစွဲကြမှာ အသေအချာပါပဲ။

 

တကယ်လို့ သူတို့ရဲ့ကုမ္ပဏီက အခြေအနေကို ကောင်းကောင်းမွန်မွန်မကိုင်တွယ်နိုင်ခဲ့ရင် သူတို့ရဲ့အရင်က လုပ်ခဲ့တဲ့ အောင်မြင်မှုတွေက သူတို့ရဲ့ပြိုင်ဖက်အတွက် လမ်းခင်းပေးသလို ဖြစ်လိမ့်မယ်လို့ သူတို့စိုးရိမ်နေကြသည်။

 

စျေးကွက်မန်နေဂျာယောင်က ဖန့်ကျွင်းရုံထံသို့ ရောက်လာခဲ့သည်။ “ဘော့စ် ကျွန်မတို့လည်း ယှဥ်ပြိုင်ဖို့ တစ်ခုခုလုပ်ဖို့ လိုအပ်မလား”

 

အရင်တုန်းက သူတို့ကုမ္ပဏီက ဒီ‌စျေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်လို့ ဆိုနိုင်တယ်။ လူတိုင်းက ပိုက်ဆံတတ်နိုင်လျှင်တောင် အလှအပဆေးလုံးများကို မဝယ်ယူနိုင်ဘူး။ လီဝမ့်ကျင်း၏ လှုပ်ရှားမှုသည် သူတို့အား အမှန်ပင် တုန်လှုပ်စေခဲ့သည်။

 

သူတို့ကလည်း တူညီတဲ့ လျှော့စျေးချတာမျိုး မလုပ်ဘူးဆိုရင် သူတို့ရဲ့ဝယ်သူတွေက သူတို့ကို စွန့်ပစ်ကြလိမ့်မယ်။

 

“ငါတို့သာ လျှော့စျေးပေးလိုက်မယ်ဆိုရင် သူတို့က လျှော့စျေးပေးတဲ့ပမာဏကို တိုးမြှင့်လိုက်လိမ့်မယ်”

 

“ဒါပေမယ့် … “

 

ဖန့်ကျွင်းရုံကို သူမလက်အား မြှောက်၍ မန်နေဂျာယောင်‌ ပြောမည့်စကားကို ဟန့်တားလိုက်သည်။ “စိတ်မပူပါနဲ့။ စိတ်အေးအေးထားပါ။ ငါတို့က သူတို့နဲ့ အောက်ခြေရောက်သည်အထိ ယှဥ်ပြိုင်ဖို့ မလိုအပ်ဘူး”

 

မန်နေဂျာယောင်က ဖန့်ကျွင်းရုံရဲ့ ယုံကြည်ချက် အပြည့်အဝရှိနေတဲ့ပုံကို မြင်ရတော့ သူမနှုတ်ခမ်းကို အသာကိုက်ကာ “အိုကေ ကျွန်မ ဘော့စ်ကို ယုံကြည်တယ်” လို့ ဆိုလိုက်သည်။

 

သူမဟာ ဘော့စ်ဖန့်ကို ယုံကြည်တာကလွဲလို့ တခြားရွေးစရာလမ်း မရှိခဲ့ပါဘူး။ သူမသည် စိုးရိမ်နေသသည့်အသွင်ဖြင့် ထွက်သွားခဲ့သည်။

 

ဖန့်ကျွင်းရုံသည် သူမခေါင်းကို အောက်သို့ပြန်ငုံ့ကာ စာရွက်စာတမ်းများဆီ စိတ်နှစ်ထားလိုက်သည်။ သူမ ဒီနေ့ ဘာအလုပ်မှ မပြီးစီးနိုင်ဘူး။ သိပ်မကြာခင်မှာပဲ အခြားတစ်ယောက်က အလုပ်မှ နှုတ်ထွက်ဖို့ ‌ရောက်လာသည်။

 

နှုတ်ထွက်စာတင်သူသည် နည်းပညာဌာနမှ ဒုတိယအကြီးအကဲဖြစ်သည်။

 

“ကျွန်တော်တောင်းပန်ပါတယ် ဘော့စ်ဖန့် အိမ်မှာ ကိစ္စတစ်ခုဖြစ်သွားခဲ့လို့ ကျွန်တော် နုတ်ထွက်ဖို့ဖြစ်သွားတယ်”

 

ဖန့်ကျွင်းရုံက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ညင်ညင်သာသာ ပြောခဲ့သည်။ “ကျွန်မ ရှင့်ကိုပေးတဲ့ လစာက မနည်းဘူးဆိုတာကို ကျွန်မ မှတ်မိပါသေးတယ်။ ဒါပေမယ့် လီဝမ့်ကျင်းက မင်းကို လစာပိုပေးပြီး ကမ်းလှမ်းနိုင်ပုံရတယ်။ ရှင့်အနာဂတ်အတွက် ကြိုးစားအားထုတ်မှုတွေကြောင့် ရှင် ကံကောင်းပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်”

 

ဒုတိယအကြီးအကဲစွင်းက အနည်းငယ် အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်တွင် ကသိကအောက်ဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်လာသည်။

 

သူက ဖန့်ကျွင်းရုံက အခြားတစ်ခုခုပြောမယ်လို့ ထင်ထားခဲ့ပေမယ့် သူမက သူ့နှုတ်ထွက်စာကို လက်ခံလိုက်ပြီးတော့ သူ့ကို ပြောလိုက်သည်။ “အိုကေ။ လာမည့်ရက်အနည်းငယ်အတွင်းမှာ အလုပ်တွေကို လွှဲပြောင်းပေးဖို့ ပြီးအောင် လက်စသတ်ပေးပါ”

 

ပုံမှန်အခြေအနေများတွင် ရာထူးမှနှုတ်ထွက်ပါက ကုမ္ပဏီသို့ တစ်လကြိုတင်အကြောင်းကြားရန် လိုအပ်သည်။ သို့သော် ဒုတိယအကြီးအကဲစွင်း၏ရှုထောင့်မှကြည့်လျှင် သူသည် တစ်လလုံးနေရန် စိတ်မဝင်စားသလို ဖန့်ကျွင်းရုံကလည်း သူနှင့်အဆင်ပြေမည် မဟုတ်ပေ။ ဖြစ်နိုင်ရင် သူ့ကို မြန်မြန်ထွက်သွားစေချင်သည်။

 

သူမ၏တုံ့ပြန်မှုကိုမြင်လိုက်ရတာကြောင့် ဒုတိယအကြီးအကဲစွင်း သူ့နှုတ်ထွက်စာကို ထားခဲ့ပြီး ထွက်သွားခဲ့သည်။ 

 

နှုတ်ထွက်စာတင်သူသည် သူတစ်ဦးတည်း မဟုတ်ပါ။ သူ့နောက်မှ ဖန့်ကျွင်းရုံထံ နှုတ်ထွက်စာတင်ဖို့ လူတော်တော်များများ ပါလာခဲ့သည်။

 

ဖန့်ကျွင်းရုံသည် သူတို့ နှုတ်ထွက်စာတင်ရခြင်း အကြောင်းအရင်းသည် လီဝမ့်ကျင်းကနောက်ကနေ တိုက်တွန်းနေတယ်လို့ သံသယဝင်မိသည်။ ဒီလိုမှမဟုတ်ရင် သူတို့အားလုံး တစ်နေ့တည်းမှာပင် နှုတ်ထွက်စာတင်ကြမှာ မဟုတ်ဘူး။ ဒါက လီဝမ့်ကျင်း၏ သူမကို သတိပေးတာ ဖြစ်နိုင်သည်။ သူက သူ့စိတ်ကိုသူ မထိန်းနိုင်ဘူး။

 

အမှန်အတိုင်းပြောရရင် သူမဟာ လီဝမ့်ကျင်းရဲ့သတိပေးခြင်းကို ချီးကျူးပေးချင်သည်။ ယခု သူက သူမကုမ္ပဏီမှာရှိတဲ့ သူလျှိုအားလုံးကို ရှင်းလင်းရန် ကူညီပေးခဲ့သည်။

 

ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းလေးကို အသာဖိကိုက်ကာ သူတို့ရဲ့နှုတ်ထွက်စာကို လက်ခံလိုက်ပြီးတော့ နုတ်ထွက်ခွင့်ပြုလိုက်သည်။ သူတို့ဆန္ဒနဲ့ သူတို့နုတ်ထွက်တာ ဖြစ်သည့်အတွက် ကုမ္ပဏီမှမည်သည့်လျော်ကြေးငွေကိုမှ မရချေ။ ဒါက ကုမ္ပဏီအတွက်လည်း တော်တော်လေး သက်သာတယ်။

 

ဒီဝန်ထမ်းအားလုံးမှ အလုပ်မှနုတ်ထွက်သွားပြီး‌နောက် ဖန့်ကျွင်းရုံလည်း သက်သေအထောက်အထားများကို စုဆောင်းပြီးစီးခဲ့သည်။ လီဝမ့်ကျင်းဆီသို့ သွားရန်အတွက် နုတ်ထွက်သွားကြသော ဒီဝန်ထမ်းအားလုံးသည် ကုမ္ပဏီ၏လျှို့ဝှက်ချက်များကို အနည်းနှင် အများတော့ အလွဲသုံးစားလုပ်ထားကြသူများပင်ဖြစ်သည်။ သူတို့ထဲက အချို့ကတော့ လီဝမ့်ကျင်းအား အလှအပဆေးလုံးဆေးညွှန်းဖော်မြူလာကို ရယူရာတွင် အဓိကကူညီပေးခဲ့ကြသူများဖြစ်သည်။ ဆေးညွှန်းကို လွယ်လွယ်ကူကူ ရရှိနိုင်ခဲ့သည့် အကြောင်းအရင်းမှာ ဖန့်ကျွင်းရုံ၏နောက်ကွယ်မှ ကြိုးစားပေးထားမှုကြောင့် ဖြစ်သော်လည်း သူမသည် ထိုလူများ၏အပြုအမူများကြောင့် မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။

 

သူမသည် သူတို့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ အလှအပဆေးလုံး နာမည်ကြီးလာသည်နှင့်အမျှ ကုမ္ပဏီမှ သူတို့ကို ဆုကြေးငွေ ခဏ ခဏပင် ပေးခဲ့သည်။

 

သူမပြောနိုင်တာကတော့ လူတိုင်းက ခုန်းလီလီရဲ့စိတ်ထားမျိုး ရှိနိုင်မှာ မဟုတ်ဘူး။ သူတို့တစ်ယောက်ချင်းစီသည် သူတို့၏ဆန္ဒများကို ဖြည့်ဆည်းချင်ကြတယ်လို့ဆိုနိုင်ပါသည်။

 

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမစုဆောင်းခဲ့သည့် သက်သေအထောက်အထားအားလုံးကို သူမ စစ်ကြည့်လိုက်သည်။ သူမသည် လာမည့်ရက်အနည်းငယ်အတွင်းမှာ ရဲများကို ဆက်သွယ်တိုင်ကြားရပေလိမ့်မည်။ သူတို့က ကုမ္ပဏီ၏လျှို့ဝှက်ချက်တော်တော်များများကို ခိုးယူခဲ့ကြ၍ သူတို့ကို ချမ်းသာမပေးနိုင်ပါ။ သူမသည် လီဝမ့်ကျင်းအတွက် ကျော်ကြားမှုအချို့ ရရှိရန်အတွက် ဒါကို ဖော်ထုတ်ပေးနိုင်လိမ့်မည်။ လီဝမ့်ကျင်းသည် သူမအား အမြဲပုတ်ခတ်နေခဲ့သည်၊ ယခုကား သူ ပြန်လည်ပေးဆပ်ရမည့်အချိန်ဖြစ်သည်။ ဒါ့အပြင် အမြင့်ပိုရောက်လေလေ အကျနာလေလေဖြစ်သည်။

 

သူမရဲ့အရင်ဘဝက သူမ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်းမှန်သမျှက သူမကို စိတ်ရှည်ရှည်ထားဖို့ သင်ပေးခဲ့သည်။