အခန်း ၁၄၄
Viewers 25k

အခန်း(၁၄၄) _ လီဝမ့်ကျင်း သေသွားပြီ (၁)

 

ပုံမှန်အားဖြင့် ပြောရလျှင် ကုမ္ပဏီတစ်ခုတွင် ပြဿနာတက်သည့်အခါ ကုမ္ပဏီက ရှေ့ထွက်ပြီး နောက်လုပ်ဆောင်မည့် အစီအစဥ်များအား ပြောဆိုဆွေးနွေးပါက လူထုသည် အနည်းဆုံးတော့ စိတ်သက်သာရာရလိမ့်မည်။

 

အခြားတစ်ဖက်တွင်မူ လီဝမ့်ကျင်းသည် ထိုသတင်းကို ဦးစွာနှိမ်နင်းပြီး လူကြိုက်အများဆုံးစာရင်းမှ မှတ်ချက်များကို ပယ်ဖျက်ပြီး သူ့ထုတ်ကုန်များအား အပြစ်ဆိုသော အကောင့်များကို တစ်ပြိုင်နက်တည်း ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။ ကောင်းပြီ၊ ဒီလိုလုပ်ရတာ သူ့အတွက် ပျော်စရာကောင်းတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမယ့် အင်တာနက်အသုံးပြုများအတွက်ကတော့ ဒါက ပျော်စရာမကောင်းပေ။ သူတို့က ချက်ချင်းပင် သူ့ကို အပြစ်ပြောဆိုရိုက်ပုတ်ကြတော့တာပါပဲ။

 

[ဘယ်လို အရင်းရှင်မျိုးလဲ။ သူက ငါ့အကောင့်ကို ပယ်ဖျက်လိုက်တယ်။ ငါ ဘယ်သူ့ကိုမှာ အပုတ်ချခဲ့တာ မဟုတ်ဘူးလေ။ ငါ့ကိုယ်ပိုင်အတွေ့အကြုံမှ ငါ့တုံ့ပြန်မှုကိုပဲ ငါ့အကောင့်မှာ တင်ခဲ့တာလေ။ ငါ နှစ်ပေါင်းများစွာ သုံးခဲ့တဲ့အကောင့်က ပျောက်သွားခဲ့တယ်။ လီဝမ့်ကျင်းက သေသွားပြီ။ ပြီးတော့ ငါက သူ့ပြာတွေကို မိလ္လာမြောင်းထဲ ကျချဲလိုက်တယ်။]

 

[ဟိုးဟိုး… ဒါဆိုရင် မင်းက လူကြိုက်အများဆုံးစာရင်းထဲက သတင်းကိုသိဖို့ အချိန်ရှိပေမယ့် ရှေ့ထွက်ပြီး ငါတို့ကို ဖြေရှင်းချက်ပေးဖို့ကျ အချိန်မရှိဘူးလား။ မင်း ငကြောက်ပဲ။]

 

[အခု ငါ နောင်တရတယ်။ အများကြီး နောင်တရတယ်။ သမာဓိမရှိတဲ့လူတစ်ယောက်ကို ငါ ဘယ်လိုလုပ် ယုံနိုင်မလဲ။ အလှအပဆေးလုံးအတွက် ငါ့ငွေတွေကို မကယ်တင်နိုင်တော့ဘူးလား။ လီဝမ့်ကျင်း… ငါ ကြိုးစားပမ်းစားရှာဖွေထားတဲ့ပိုက်ဆံတွေ ငါ့ကို ပြန်ပေးပါ။]

 

[ငါ့ကိုယ်ငါ လီဝမ့်ကျင်းရဲ့ထုတ်ကုန်တွေကို သုံးစွဲတာ တားမြစ်လိုက်ပြီ။ ငါ သူ့ထုတ်ကုန်တွေကို ဘယ်တော့မှ သုံးစွဲတော့မှာ မဟုတ်ဘူး။ ပြီးတော့ သူနဲ့အတူ အလုပ်တွဲလုပ်တဲ့ ရိဖန်ကော်ပိုရေးရှင်းကိုရောပဲ။ သူတို့နှစ်ယောက်စလုံးက ငကြောင်တွေချည်းပါပဲ။]

 

[ဒါဆိုရင် မင်း ငါ့ငွေတွေကို ပြန်အမ်းပေးမှာ မဟုတ်ဘူးလား။ ရတယ်။ ဒါဆိုရင် အတုအယောင် ကြော်ငြာအဖြစ် ငါတိုင်ကြားရလိမ့်မယ်။]

 

[ငါ စျေးရောင်းပွဲတော်အချိန်တုန်းက ဗူးရေတစ်ချို့ ဝယ်ယူထားခဲ့တယ်။ အဲ့တာတွေကို မဖွင့်ရသေးဘူး။ အခြားသူတွေအားလုံး ဘာဖြစ်သွားကြတယ်ဆိုတာကို ဖတ်ပြီးတော့ အဲ့တာတွေကို မလိုချင်တော့ဘူး။ ငါ ဒီအစား ပြန်အမ်းငွေပဲ ပြန်လိုချင်တယ်။ ဒါက အရမ်းကြောက်စရာကောင်းတယ်။ သူတို့က ဇီဝလက်နက်တွေ (သို့မဟုတ်) တစ်ခုခုကိုများ ရောင်းချနေတာလား။]

 

ဒေါသထွက်နေသော အင်တာနက်သုံးစွဲသူများအားလုံးသည် လီဝမ့်ကျင်းအား သူ့ဝေပေါ်အကောင့်အောက်တွင် ပြစ်တင်ပြောဆိုခဲ့ကြပြီး နစ်နာသူများက သူတို့၏ကိုယ်ပိုင်အကောင့်များကို ဖော်ပြခဲ့ကြသည်။ သူတို့ရဲ့ဇာတ်လမ်းများက ကျောက်တုံးကျောက်ခဲများကိုတောင် မျက်ရည်ကျစေနိုင်သည်။

 

သူတို့များများတင်လေ သူတို့ဒေါသပိုထွက်လာလေဖြစ်ပြီးတော့ လူကြိုက်အများဆုံးသတင်းထဲကနေ ဖယ်ရှားခံလိုက်ရတဲ့သတင်းက ချက်ချင်းပြန်တက်လာခဲ့သည်။

 

ဒီတစ်ခါမှာတော့ ရှာဖွေရေးစာလုံးအသစ်ကတော့ “လီဝမ့်ကျင်း သေသွားပြီ” ဟူ၍ ဖြစ်သည်။ အဲ့တာက သူတို့ရဲ့ခံစားချက်အားလုံးကို အရမ်းဖော်ပြထားတာဖြစ်သည်။

 

အချို့သော အင်တာနက်သုံးစွဲသူများသည် အုပ်စုဖွဲ့ပြီး ပြန်အမ်းငွေ တောင်းဆိုရန် ပြင်ဆင်နေကြသည်။ ချယ်ရီပန်းပွင့်ဆေးလုံးများကြောင့် လေလည်ခြင်းသည် နှစ်ပေါင်းများစွာတွင် လူတိုင်းမြင်ဖူးသမျှ ကိစ္စရပ်များတွင် အဆိုးဆုံးဘေးအန္တရာယ်ပင်ဖြစ်သည်။

 

ကျန်းပိအားလိုက်ရှာရန် လီဝမ့်ကျင်းသည် သူ့ဝန်ထမ်းများအား ဆက်သွယ်ညွှန်ကြားခဲ့သည်။ ပြန်အမ်းငွေတောင်းဆိုကြသော ဖောက်သည်များ ပိုမိုများပြားလာခဲ့ကြပြီး သူတို့၏စတိုးဆိုင်များနှင့် ပတ်သက်၍ မကျေနပ်မှုများလည်း မြင့်တက်လာခဲ့ကြသည်။ လီဝမ့်ကျင်းသည် သူ့အိတ်ထဲမှာရှိတဲ့ ပိုက်ဆံတွေကိုကြည့်နေပြီး ထိုပိုက်ဆံများ သူ့အိတ်ကပ်ထဲကနေ ပြန်ထွက်သွားတော့မှာကို တွေးရင်း အလွန်နာကျင်မိလေသည်။

 

City Sသည် နိုဝင်လာလ၌ အအေးပိုစပြုနေပြီဖြစ်သည်။  လေအေးများ တိုက်ခတ်နေသော်လည်း လီဝမ့်ကျင်းမူကား ချွေးပြန်နေခဲ့လေသည်။

 

သူက သုံးစွဲသူများ၏ဒေါသနှင့် ပတ်သက်၍ ဘာဆက်လုပ်ရမလဲဆိုတာကို မသိခဲ့ဘူး။ သူက ဘာဖြစ်နေတာလဲဆိုတာနဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိတာတော့ အမှန်ပါပဲ။ ချယ်ရီပန်းပွင့်ဆေးလုံးများနှင့်ပတ်သက်၍ တစ်ခုခု မှားနေတာ ဖြစ်နိုင်တယ်လို့ တွေးလိုက်မိတိုင်း သူ့ခြေလက်တွေအားလုံး အေးခဲသွားကုန်သည်။

 

သူက အချိန်ကြာလာသည်နှင့်အမျှ ဒီပရောဂျက်တွင် ငွေအမြောက်အများ ရင်းနှီးမြှုပ်နှံခဲ့သည်။ ခန့်မှန်းခြေ ယွမ် ၃ ဘီလီယံခန့်ရှိသည်။ ပြီးတော့ သူက အဲ့ဒီထဲက ယွမ် ၂ ဘီလီယံက ချေးယူထားတာဖြစ်သည်။ အကယ်၍ သူ ဆုံးရှုံးသွားခဲ့ရင်…

 

ဖြစ်နိုင်ချေများကို စဥ်းစားရင်း သူ တုန်လှုပ်သွားမိသည်။ သူက လေသံမာမာဖြင့် ပြောလိုက်သည်။

 

“မင်း ဘာလို့ ဒီလောက်နှေးနှေးလေး မောင်းနေရတာလဲ။ မြန်မြန်မောင်းစမ်းပါကွာ။”

 

လီဝမ့်ကျင်းသည် အလွန်စိုးရိမ်သောကရောက်နေပြီး သူက ကျန်းပိနဲ့ ချက်ချင်း စကားပြောဆိုချင်နေခဲ့သည်။

 

သူ့လက်ထောက် လောင်စွင်းသည် အလွန်စိတ်လှုပ်ရှားပြီး ကားကို အရှိန်မြှင့်လိုက်ရုံမှတပါး ဘာမျှ မလုပ်နိုင်ခဲ့ပါ။ သူက ကားကို အရှိန်မြင့်လိုက်သောအခါ အခြားကားတစ်စီးနှင့်တိုက်မိပြီး မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။

 

ထပ်တိုးနှောင့်နှေးမှုနှင့်အတူ လီဝမ့်ကျင်းသည် ကျန်းအိမ်တော်အနားသို့ ရောက်သောအခါ သန်းခေါင်ယံအချိန်သို့ပင် ရောက်နေပြီ ဖြစ်သည်။

 

ကျန်းပိသည်လည်း ဒီအဖြစ်အပျက်အတွက် စိတ်ဖိစီးနေပုံရသည်။ သူ့မျက်လုံးတွေက သွေးရောင်နီရဲနေသည်။ သူက လီဝမ့်ကျင်းကို မြင်လိုက်ရသောအခါ သူ့ဒေါသကို မထိန်းနိုင်တော့ပဲ လီဝမ့်ကျင်း၏ အင်္ကျီကော်လံကို ဆွဲဆုပ်လိုက်သည်။

 

“ဒီဆေးညွှန်းဖော်မြူလာက အတုလား”

 

သူတို့က ဒီဆေးညွှန်း‌ဖော်မြူလာကို ပထမဆုံးအကြိမ် ဖော်စပ်ခဲ့တုန်းက လက်တွေ့စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့် သူတို့က အသားအရေ ဝင်းလက်လာသည့် ရလဒ်ကို တွေ့မြင်ခဲ့ပြီးနောက် စျေးရောင်းပွဲတော်တွင် ထုတ်ကုန်များကို စတင်‌ရောင်းချရန် စီစဥ်နိုင်တာကြောင့် သူတို့က နောက်ထပ်စမ်းသပ်မှုများ ထပ်လုပ်ဖို့ အချိန်မပေးခဲ့ဘူး။

 

ရလဒ်အနေနှင့် စမ်းသပ်သူများသည် သူတို့ရဲ့အသားအရေများ မဖြူလာရုံသာမက ချွေးပေါက်များ မရှိသလောက်ဖြစ်လာသည့သည့် ပြဿနာများ စတင်ပေါ်ပေါက်လာခဲ့ကြသည့်အချိန်တွင် တစ်ခုခုမှားနေပြီဆိုတာကို ကျန်းအိမ်‌တော်က သဘောပေါက်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် နောက်ပြန်လှည့်လို့မရသည့်လမ်းကို လျှောက်လှမ်းမိခဲ့ပြီး ယခုအချိန်မှ နောင်တရရန် နောက်ကျလွန်းခဲ့ပြီ။