အခန်း(၁၄၅) _ လီဝမ့်ကျင်း သေသွားပြီ (၂)
အခုတော့ အရာအားလုံးဟာ အွန်လိုင်းပေါ်တွင် နာမည်ဆိုးဖြင့် ပျံ့နှံ့လာခဲ့ပြီ။ နောက်ကွယ်မှ မကျေနပ်ချက်များစွာနှင့် ငွေပြန်အမ်းပေးရန် တောင်းဆိုမှုများဟာ များပြားလွန်းသောကြောင့် ဝယ်ယူသူ ဝန်ဆောင်မှုဌာနမှ ဝန်ထမ်းများသည် အချိန်ပိုဆင်းရသည်။ လက်မလည်နိုင်အောင် အလုပ်များလွန်းသောကြောင့် သူတို့ကို ကူညီရန် အချိန်ပိုင်းအလုပ်သမားများကို ငှားရမ်းခဲ့ရသည်။
ကျန်းပိ ယခုတွေးနိုင်သော တစ်ခုတည်းသောအရာမှာ ဆေးညွှန်းဖော်မြူလာက တစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်သည်။ လီဝမ့်ကျင်းသည် သူ့ဇနီးဟောင်းနှင့်ပူးပေါင်းမှသာ ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်နိုင်သည်။ လီဝမ့်ကျင်းသည် စီးပွားရေးလုပ်ငန်း၌ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေခဲ့ရသော်လည်း ဒီလုပ်ငန်း၌ အနည်းဆုံး ယွမ် ၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။ သို့ပေမယ့် ကျန်းအိမ်တော်ရဲ့ အခြေအနေကလည်း ပိုမကောင်းခဲ့ပါဘူး။ သူတို့ရဲ့အမှတ်တံဆိပ်ကို နှစ်ပေါင်းများစွာကတည်းက အောင်မြင်စွာ တည်ထောင်ခဲ့ပြီး လူအများကြားမှာ နာမည်ကျော်ကြားခဲ့သည်။ ယခု သူတို့သည် ချယ်ရီပန်းပွင့်ဆေးလုံးများတွင် ဤကဲ့သို့သော ပြဿနာများကို ခံစားခဲ့ရပြီး ဒီအရာအားလုံးသည် သူတို့အား မရေမတွက်နိုင်သော ဆုံးရှုံးမှုများအား ဖြစ်ပေါ်စေခဲ့သည်။
သူ့အိမ်တော်မှ ရရှိခဲ့သော ဖိအားများနှင့် မကျေနပ်ချက်များအားလုံးကို ပြန်ပြောင်း သတိရလိုက်သောအခါ ကျန်းပိ၏မျက်လုံးများသည် နီရဲသွားသည်။ ဒီကြီးမားသော ရင်းနှီးမြှုပ်နှံမှု မအောင်မြင်ခဲ့လျှင် သူသည် ကျန်းအိမ်တော်၏ အမွေဆက်ခံသူ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။ သူ့ဝမ်းကွဲများသည် သူ့နေရာရာထူးကို မျက်စိကျနေပြီး သူ့ကိုချောက်ချရန် အမြဲအဆင်သင့် ဖြစ်နေကြသည်။ သူတို့တင် မကဘူး။ သေဆုံးသွားလား ပျောက်သွားတာလား မသိသည့် ကျန်းဝမ်ယုလည်း ရှိသည်။ ကျန်းဝမ်ယု၏တည်ရှိမှုသည် သူ့လည်ချောင်း၌ စူးဝင်နေသော အရိုးတစ်ခုနှင့် တူသည်။
လီဝမ့်ကျင်းသည်လည်း ထပ်တူ ဒေါသထွက်နေတာဖြစ်သည်။
“ကျန်းအိမ်တော်ရဲ့ နည်းစနစ်တွေမှာ ပြဿနာရှိနေတာလို့ မင်း ဘာလို့မပြောရတာလဲ။ ဖန့်ကျွင်းရုံက ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပဲ ဒီကိစ္စကိုအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပေမယ့် မင်းတို့ရဲ့ ကျန်းအိမ်တော်က ပညာရှင်တွေလို့ပြောပြီး ဒါကိုကျရှုံးအောင်လုပ်ခဲ့တယ်။ ငါ မင်းကိုပြောမယ်၊ ဒါက ဆေးညွှန်းဖော်မြူလာတစ်ခုတည်းပဲ။ တစ်ခုတည်းသောခြားနားချက်မှာ ဖန့်ကျွင်းရုံက ပါဝင်တဲ့စမ်းရေကို တခြားနေရာတစ်ခုကနေ တင်သွင်းတာပဲ။”
“ဒါက ရေကြောင့်လို့တော့ ငါ့ကို လာမပြောနဲ့နော်။ စမ်းရေတစ်ခုတည်းနဲ့တင် ဘယ်လောက် ကွာခြားနိုင်မှာလဲ။”
ရေတံခွန်ရေတိုင်းက အတူတူပဲ မဟုတ်ဘူးလား။
လီဝမ့်ကျင်းက ဒီအတွက် သူ့ကိုအပြစ်တင်ခံရဖို့ကို လုံးဝငြင်းဆန်ခဲ့သည်။ ဒီဆုံးရှုံးမှုကို သူတစ်ယောက်တည်း ခေါင်းခံဖို့ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ သူက ဒါကို ကျန်းအိမ်တော်ဖက်သို့ ပြန်တွန်းပို့ရမည်။
လွန်ခဲ့သောတစ်ပတ်က သူတို့နှစ်ယောက်ဟာ ညီအစ်ကိုကောင်းတွေဖြစ်လာကြဖို့ ဆန္ဒရှိခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အပြစ်ရှာ ထောက်ပြနေကြပြီးတော့ အခြေအနေတွေက အရုပ်ဆိုးလာခဲ့ပါသည်။
သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် အပြစ်တင်အော်ဟစ်ကြလွန်းလို့ သူတို့ရဲ့မျက်နှာများပင် နီရဲလာကြသည်။ အသက်လေးဆယ်အထိ သူ့ကိုယ်သူ ပင်ပန်းစေမည့်အရာ ဘာတစ်ခုကိုမှ မလုပ်ခဲ့ဖူးသော လီဝမ့်ကျင်း၏ အသက်ရှုသံများသည် လျင်မြန်စွာပင် ပင်ပန်းနွမ်းနယ်လာသည်။
လီဝမ့်ကျင်းက အသက်ပြင်းပြင်းရှူပြီး သူ့ဒေါသကို ထိန်းလိုက်သည်။
“ကောင်းပြီ၊ ပြဿနာက ဘယ်ကစတာလဲဆိုတာကို ဂရုမစိုက်ပါနဲ့။ အခု ငါတို့ ဘာလုပ်ကြမလဲ။”
ကျန်းပိက အေးစက်စွာ ပြောလိုက်သည်။ “ဝယ်သူတွေက ပြန်အမ်းငွေလိုချင်ရင် မင်း သူတို့ကို ငွေပြန်အမ်းပေးလိုက်ပါ။ သူတို့က နောက်ထပ်လျော်ကြေးငွေ လိုချင်ရင်လည်း မင်း သူတို့ကို လျော်ကြေးငွေပေးလိုက်ပေါ့။”
တစ်နည်းမဟုတ်တစ်နည်း ရိဖန် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအနေနဲ့ ဒါကို ဆွဲမချနိုင်ဘူး။ သူက ဒီကိစ္စအတွက် သူကိုယ်တိုင်နှင့် လီဝမ့်ကျင်းတို့အကြား ရွေးချယ်ရမယ်ဆိုရင် သူနဲ့အတူ သဘာဝကျကျပင် ကျန်းပိသည် လီဝမ့်ကျင်းကို ဆွဲချသွားရလိမ့်မည်။ ဒီအဆင့်အထိ ရင်းနှီးငွေအများစုသည် လီဝမ့်ကျင်းထံမှဖြစ်သည်။ ဒီအချိန်မှာ သူတို့ရဲ့ဆုံးရှုံးမှုတွေကို ရပ်တန့်ဖို့ နောက်မကျသေးပါဘူး။
လီဝမ့်ကျင်းသည် ဒေါသအထွက်လွန်ပြီး နောက်လန်လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ ဒီခွေးကောင်ကတော့… သူက ဒီဆုံးရှုံးမှုတွေအားလုံးကို ဒီအတိုင်းထားလိုက်ရမှာလား။
ကျန်းပိကို စိုက်ကြည့်ရင်း လီဝမ့်ကျင်းက “မင်း… မင်း… မင်း ဒီလိုမျိုး လုပ်လို့မရဘူး”
ကျန်းပိသည် လှောင်ပြောင်သလို နှာတစ်ချက်ရှုံ့လိုက်ပြီး သူ့လက်ကိုင်ဖုန်းကို ဆွဲထုတ်ကာ စာရွက်စာတမ်းတစ်ခုကို ရှာလိုက်ပြီး အဲ့တာကို နှိပ်လိုက်သည်။ ထိုဖိုင်မှ လီဝမ့်ကျင်း၏အသံ ထွက်ပေါ်လာသည်။
“ဖန့်ကျွင်းရုံက အဆင်အခြင်မဲ့လွန်းတယ်။ သူမရဲ့ဆေးညွှန်းဖော်မြူလာကို ဘယ်လိုကာကွယ်ရမှန်းတောင် မသိခဲ့ဘူး။ ဒါ့ကြောင့် ငါ လွယ်လွယ်ကူကူ ရနိုင်ခဲ့တယ်။ ဒီစျေးကွက်က သူမတစ်ဦးတည်းပိုင် မဟုတ်ဘူး။ အရင်တုန်းက သူမကို ငါ အရမ်းအကာအကွယ်ပေးခဲ့မိတာပဲ။ သူမက ဆင်စွယ်မျှော်စင်မှာ ကောင်းမွန်စွာ နေထိုင်ရတဲ့ မင်းသမီးငယ်လေးလိုပဲ”
“သူမရဲ့ဝန်ထမ်းတွေကို ဘယ်လို အုပ်ချုပ်ရမလဲဆိုတာကို သူမ မသိဘူး။ သူမက ဝန်ထမ်းတွေကို လစာကောင်းကောင်းပေးတာနဲ့တင် လုံလောက်တယ်လို့ သူမက ထင်တယ်။ လစာကောင်းကောင်းက ရှယ်ယာတွေနဲ့ ဘယ်လိုနှိုင်းယှဥ်လို့ရနိုင်မှာလဲ။ ကြည့်လိုက်စမ်းပါ၊ ငါက သူတို့ကို အစုရှယ်ယာနည်းနည်းပေးမယ်ဆိုတာနဲ့ သူမဝန်ထမ်းတွေက သူမဆီကနေ ဒါကို ယူလာနိုင်ခဲ့တယ်။”
“အဲ့တာကို ပြောတာ။ သူမက ဒီလမ်းကြောင်းကို ပထမဆုံးစတင်တဲ့သူပဲ။ သူမက ဒီဆေးညွှန်းဖော်မြူလာကို ငါ့ဆီကနေ တစ်ချိန်လုံး ဖုံးကွယ်ထားတာကို မယုံနိုင်ဘူး။ ကောင်းပြီ၊ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လာနိုင်မလဲ။”
လီဝမ့်ကျင်းသည် အောက်ခြေမှနေ အပေါ်ထိ အေးစက်ခြင်းကို ခံစားလိုက်ရသည်။ ကျန်းပိက သူတို့ရဲ့ သဟဇာတဖြစ်သောအချိန်က ပြောစကားတွေကို ညစ်ပတ်ပြီး သိမ်းထားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူတို့အတူသောက်တုန်းက မူးတစ်ဝက်အချိန်မှာပြောခဲ့တယ်ဆိုတာကို သူ မသဲမကွဲ မှတ်မိပါသည်။
လီဝမ့်ကျင်းသည် ကျန်းပိကို စူးစူးရဲရဲစိုက်ကြည့်ပြီးတော့ ပြောလိုက်သည်။
“ကောင်းတယ်၊ တကယ့်ကို ချီးကျူးလောက်စရာပါပဲ။”
သူက အရှုံးကိုစားသုံးဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူး။ ယွမ် ဘီလီယံနှင့်ချီ၍ လိုငွေပြမှုကို စဥ်းစားလိုက်သောအခါ လီဝမ့်ကျင်း၏မြင်လွှာတွင် အရာအားလုံးဟာ မည်းမှောင်သွားပြီး သတိလစ်သွားလေသည်။