အခန်း ၁၄၆
Viewers 25k

အခန်း(၁၄၆) _ လီဝမ့်ကျင်း သေသွားပြီ (၃)

 

[ကျွန်ုပ်တို့ရဲ့ ဝယ်ယူသူအားလုံးကို တောာင်းပန်ပါတယ်။ ရိဖန်ကော်ပိုရေးရှင်းက တွဲဖက်အကြောင်းကို သေချာဂရုစိုက်စစ်ဆေးဖို့ ပျက်ကွက်ခဲ့မိတာကြောင့် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်။ ဝယ်ယူသူအားလုံးသည် ပြန်အမ်းငွေ ‌တောင်းခံနိုင်ပြီးတော့ ဝယ်ယူသူတို့ရဲ့တောင်းဆိုချက်များကို တတ်နိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်းပေးပါမည်။ ယခုမှစ၍ ကျွန်ုပ်တို့ရဲ့လုပ်ငန်းများတွင် တွဲဖက်အသစ်များနှင့် ပူးပေါင်းသည့်နေရာမှာ ကျွန်ုပ်တို့ သတိထားပါမည်။ ကျွန်ုပ်တို့က မင်းတို့အတွက် ပိုကောင်းတဲ့ ထုတ်ကုန်များကို ယူဆောင်လာပေးပြီးတော့ ပိုကောင်းမွန်သည့် ကုမ္ပဏီများကို ရှာဖွေဖို့ ကြိုးစားမှဦပါ။ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အထိ ချယ်ရီပန်းပွင့်ဆေးလုံးများ ဝယ်ယူဖူးသူတိုင်း ရိဖန်မှထုတ်ကုန်များကိုဝယ်ယူလျှင် ၂၀ ရာခိုင်နှုန်း လျှော့စျေးရယူနိုင်သည်။]

 

လီဝမ့်ကျင်းကို ခြိမ်းခြောက်ပြီးနောက် ကျန်းအိမ်တော်၏လုပ်ရပ်သည် အလွန်လျင်မြန်သည်။ လီဝမ့်ကျင်းကို အပြစ်တင်ပြီး သူတို့ရဲ့တိကျသော လျော်ကြေးငွေကို ပေးလျော်ပြီးတဲ့နောက် သူ့ရဲ့နာမည်ဂုဏ်သတင်းကျဆင်းနေတာကနေ ကယ်တင်နိုင်ခဲ့သည်။

 

ဝယ်သူအများစုက သူတို့ကို ခွင့်လွှတ်ဖို့ အဆင်သင့် ဖြစ်နေကြပြီ။ ‌နောက်ဆိုရင် ရိဖန်ကော်ပိုရေးရှင်းက သူတို့ဝယ်သူတွေကို နှစ်သက်စေမယ့် ကမ်းလှမ်းတဲ့လျော်ကြေးငွေကို လျှော့စျေးပေးခဲ့သည်။ ၂၀ ရာခိုင်နှုန်း လျော့စျေးပေးတာကတော့ တော်တော်လေးကို နည်းပါတယ်။ ထို့အပြင် လီဝမ့်ကျင်းသည် မကြာသေးမီက အတော်လေး တက်ကြွခဲ့ပြီး ဒေါသထွက်စေမယ့်သူ တော်တော်များများကို သူက ဆွဲ‌ဆောင်နိုင်ခဲ့သည်။ သူသည် လူကြိုက်အများဆုံးစာရင်းကို နှိမ်နင်းရန် ကြိုးစားခဲ့ပြီး အကောင့်များကို ပိတ်ပင်ထားခဲ့သည်။ လီဝမ့်ကျင်းသည် သည်းမခံနိုင်ဖွယ်ရာ ဖြစ်စေသည့် အရာအားလုံးကို သူလုပ်ခဲ့သည်။ လီဝမ့်ကျင်းနှင့်ပတ်သက်ပြီး ရိဖန်ကော်ပိုရေးရှင်းသည် ရုတ်တရတ် အပြစ်ကင်းသည့်ပါတီဖြစ်သွားပုံရသည်။

 

လူတိုင်းက လီဝမ့်ကျင်းထံမှ ပြန်အမ်းငွေများကို တောင်းခံကြပြီးတော့ သူ့ကို ရိုက်နှက်ခဲ့ကြသည်။

 

ဖန့်ကျွင်းရုံသည်လည်း ထိုသတင်းကို ဖတ်လိုက်ရသည်။ ရိဖန်ကော်ပိုရေးရှင်းက တုံ့ပြန်မှုမြန်တယ်ဆိုတာကိုတော့ သူမ ဝန်ခံရပေမည်။ သူတို့၏အပြစ်တင်နှုန်းသည် မကြုံစဖူး ဖြစ်ခဲ့သည်။

 

“ကျစ်… ဘယ်လောက်ရူးသွပ်ဖို့ကောင်းလိုက်လဲ။ အရာအားလုံးပြီးဆုံးသွားပြီး ကျန်းအိမ်တော်က မည်သည့်ဆုံးရှုံးမှုတစ်ခုကိုမှ မရရှိခဲ့ဘူးပဲ။ သူတစ်ယောက်တည်းကသာ အကုန်လုံး ဆုံးရှုံးသွားတဲ့သူတစ်ယောက်ပဲ။” ဟု လီရှင်းယွင်က မကျေမနပ်ပြောလိုက်သည်။

 

“သူ” လို့ ရည်ညွှန်းသူမှာ လီဝမ့်ကျင်းဖြစ်သည်။ သူမသည် သူ့ကို အဖေအဖြစ် မသတ်မှတ်နိုင်‌တော့ပါ။

လီရှင်းယွင်သည် ကျန်းပိကို မကြိုက်သည့်အပြင် သူမသည် ရိဖန်ကော်ပိုရေးရှင်းရဲ့ ပရိသတ်တစ်ဦးလည်း မဟုတ်ခဲ့ပါ။

 

“မင်းက မရေမတွက်နိုင်တဲ့ ဆုံးရှုံးမှုတွေကို မမြင်သေးဘူးပဲ။ ရိဖန်လုပ်ခဲ့သည့်အရာတွေက သူတို့ရဲ့ဆုံးရှုံးမှုတွေကို အခုချက်ချင်း ရပ်တန့်စေခဲ့ပေမယ့် သူတို့ရဲ့လုပ်ရပ်တွေက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် စိုးရိမ်စရာတွေ ဖြစ်သွားခဲ့တယ်။ ယခုအချိန်မှစပြီးတော့ သူတို့နှင့် စီးပွားရေးအကျိုးတူ ပူးပေါင်းလိုတဲ့ ဘယ်ကုမ္ပဏီမဆို ဒီအချက်ကို သတိပြုကြလိမ်မ့ယ်” ဟု ဖန့်ကျွင်းရုံက ရှင်းပြလိုက်သည်။

 

ကိစ္စများမှားယွင်းသွားတဲ့အခါမှာ မင်းကို ကျောထောက်နောက်ခံမပေးပဲ ပထမဆုံးတွန်းချတတ်တဲ့ တွဲဖက်မျိုးနဲ့ ဘယ်သူက အလုပ်အတူတွဲလုပ်ချင်ပါ့မလဲ။

 

အတိတ်တုန်းက သူတို့၏အောင်မြင်မှုတွေသည် ကျန်းအိမ်တော်ကြောင့် တိမ်မြှုပ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ဤကဲ့သို့သောပုံစံမျိုးကို မည်သို့ကိုင်တွယ်နိုင်မည်နည်း။

 

ဖန့်ကျွင်းရုံသည် သူမ၏ကွန်ပျူတာကိုဖွင့်ပြီး ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။ ထိုဖိုင်ထဲမှာ ဓာတ်ပုံတွေ အများကြီးရှိသည်။ သူမက လီရှင်းယွင်ကို ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

 

“ဒီလူတွေထဲက ဘယ်အမျိုးသားကို သမီးပိုကြိုက်လဲ”

 

လီရှင်းယွင်က ထိုပုံများကို ကြည့်လိုက်သည်။ သူတို့အကုန်လုံးဟာ အလွန်ဆွဲ‌ဆောင်မှုရှိသော အမျိုးသားများဖြစ်ပြီးတော့ ငယ်ရွယ်နုပျိုကြသည်။

 

“သမီးက ငယ်သေးတယ်” ဟု လီရှင်းယွင်က ပြောလိုက်သည်။ သူမက စိတ်မသက်မသာဖြစ်မိသည်။

 

“သမီးမှာ ကိုယ်ပိုင်အလုပ်အကိုင်မရှိသေးဘူး။ သမီး ဆက်ဆံရေးတစ်ခုအတွက် အဆင်သင့် မဖြစ်သေးဘူး”

 

ဖန့်ကျွင်းရုံသည် ခဏလောက် တိတ်ဆိတ်သွားပြီးတော့ ပြောလိုက်သည်။ 

 

“မဟုတ်ဘူး။ အဲ့တာကြောင့် မဟုတ်ဘူး။ အမေ လာမည့်ရက်အတွင်းမှာ စားသောက်ပွဲတစ်ခုကို တက်ဖို့ရှိတယ်။ အဲ့ပွဲက စုံတွဲတက်ရမှာဖြစ်လို့ အမေနဲ့အတူတွဲတက်ဖို့ ခေါ်သွားရမှာ” 

 

ထိုအတွက်ကြောင့် ရှုဝေဝေက ဖန့်ကျွင်းရုံအား ရှာထားပေးတာဖြစ်သည်။ သူမနှင့်အတူ ပွဲတက်ပေးရန်သာ လိုအပ်ပြီးတော့ အခြားမလိုအပ်သော မည်သည့်ကဏ္ဌများမှ မပါဝင်ချေ။ ဖန့်ကျွင်းရုံသည် အမြဲလိုလို ရက်ရောတတ်ပြီး ကြီးမားသော ကွန်ရက်ရှိသူတစ်ယောက်ဖြစ်သည်။ လူများစွာသည် သူမကို ချဥ်းကပ်ချင်ကြသည်။

 

“..... အိုး” ဒါဆိုရင် သူတို့က သူမအတွက် ရည်ရွယ်ပုံမရဘူး။ 

 

လီရှင်းယွင်သည် ဓာတ်ပုံများကို တစ်ပုံချင်းစီကြည့်ပြီးတော့ သူတို့တစ်ဦးချင်းစီသည် အလွန်ကြည့်ကောင်းလှပြီး မျက်စိပသာဒဖြစ်လှသည်။

 

ဒီလိုပြောဆိုခြင်းက…

 

နောက်ဆုံးမှာတော့ သူမသည် နောက်ဆုံးမရောက်ခင် ဒုတိယပုံကို ညွှန်ပြပြီးတော့ ပြောလိုက်သည်။ 

 

“ဒီတစ်ယောက်ဆိုရင် ဘယ်လိုလဲ။ သူက တကယ်ကို ကြည့်ကောင်းတယ်” 

 

ကျန်တဲ့သူတွေအားလုံးကလည်း ကြည့်ကောင်းပေမယ့် သူ့လို မဟုတ်ဘူး။ သူ့ရုပ်ရည်က IDအတွက်သုံးသော သာမန်ဓာတ်ပုံမှာတောင် ထင်ရှားသည်။ အခြားရုပ်ရည်ချောမောသော အမျိုးသားများကြားတွင်ပင် သူက ထင်ရှားနေဆဲဖြစ်သည်။

 

ဖန့်ကျွင်းရုံသည် လီရှင်းယွင် ရွေးချယ်ခဲ့တဲ့သူကို ကြည့်လိုက်သည်။ သူက ရောနှောနေနိုင်ပုံရသည်။ သူ့အသွင်အပြင်က ထူးခြားပေါ်လွင်ပြီး သူ့ဆွဲဆောင်မှုသည် ဓားအိမ်မှထွက်လာသော ဓားကဲ့သို့ တောက်ပသည်။

 

“ကောင်းပြီ၊ ဒါဆို သူပေါ့” ဟု ဖန့်ကျွင်းရုံသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။