အခန်း ၁၄၇
Viewers 25k

အခန်း(၁၄၇) - လီဝမ့်ကျင်းသည်လည်း ဒီစားသောက်ပွဲကို တက်ရောက်လိမ့်မည် (၁)

  

ဖန့်ကျွင်းရုံသည် သူမ၏စိတ်ကို ဆုံးဖြတ်ပြီးသောအခါ ရှုဝေဝေအား သူမ၏ရွေးချယ်မှုကို သိစေလိုက်သည်။

 

ဖန့်ကျွင်းရုံသည် သူမ၌ လက်ထောက်များ လုံလောက်မှုမရှိကြောင်းကို ထပ်မံနားလည်သဘောပေါက်လိုက်သည်။ သူမမှာ အလုပ်နှင့်ပတ်သက်၍ လက်ထောက်များစွာ ရှိသော်လည်း သူမ၏ကိုယ်ပိုင်လူနေမှုဘဝနှင့်ပတ်သက်သော လက်ထောက်များမှာ သိပ်မများလှပါ။ အစီအစဥ်များစွာသည် ရှုဝေဝေ၏ပခုံးပေါ်သို့သာ ကျသွားရသည်။

 

ဟမ်… သူမသည် အင်တာဗျူးနိုင်ခဲသည်၊ ထိုထဲမှာမှ သူမနှစ်သက်သဘောကျသော လူတစ်ချို့ကို ကောက်ယူလိုက်သည်။ ရှုဝေဝေသည် လူငယ်များ၏ အချက်အလက်များကို အလျင်အမြန်ပို့ပေးလိုက်သည်။

 

ထိုလူငယ်၏အမည်မှာ ကျန်းသဲရှန်းဖြစ်သည်။ ဖန့်ကျွင်းရုံ ဒီလူနာမည်ကို နည်းနည်းလောက် စဥ်းစားကြည့်လိုက်ပြီးတော့ စာအုပ်ထဲမှာ ဒီနာမည်ကို မမြင်ဖူးပါ။ သူက စာအုပ်ထဲ၌ ဖြတ်သွားဖြတ်လာတစ်ယောက်ဟုသာ သူမထင်ခဲသည်။ သူမဟာ ကျန်းယာ့ကောနဲ့ ပတ်သက်ဆက်နွယ်နေတဲ့လူတစ်ယောက်နဲ့ ဘာမှ မပတ်သက်လိုဘူး။ ကျန်းယာ့ကောသည် အဆိပ်ပြင်းသော ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီးတော့ သူမပတ်ဝန်းကျင်ရှိ ဇာတ်ကောင်တိုင်းသည် ယခင်က ပြဿနာတစ်ခုထက်ပိုရှိသည်။

 

သူမက ကျန်းသဲ့ရှန်းရဲ့နောက်ခံအကြောင်းကိုကြည့်လိုက်တော့ သူ့ဘဝဇာတ်ကြောင်းကို ဖော်ပြထားတဲ့ စာရွက်တစ်ရွက်ကို သူမရှေ့မှာ ချထားတာကို တွေ့လိုက်ရသည်။ နောက်ဆုံးမှာတော့ ရှုဝေဝေသည် သူမ တစ်ညတာချိန်းတွေ့တဲ့ ညအိပ်ဖော်ဆိုရင်တောင် ပြဿနာရှိနိုင်တဲ့တစ်ယောက်ယောက်ကို ဘယ်တော့မှ မရွေးချယ်ပဲ နောက်ကြောင်းရှင်းသူများကို ရွေးချယ်သာဖြစ်သည်။ ကျန်းသဲ့ရှန်းသည် မိဘမဲ့ဂေဟာတစ်ခုတွင် ကြီးပြင်းခဲ့သည်။ သူသည် ရုပ်ရည်ချောမောသောကြောင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းက ကင်းထောက်တစ်ဦးက သူ့ကိုရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ရဲ့ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ သူ့မှာ မည်သည့်နောက်ခံမှမရှိသောကြောင့် အမြဲတမ်း အဆင့် ၁၈၀ သရုပ်ဆောင်ငယ်လေးဖြစ်ခဲ့ရသည်။ စကားတစ်ကြောင်းတောင်မပြောရတဲ့နေရာမှာ သရုပ်‌ဆောင်ခဲ့ရသည်။ သူသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နှစ်အနည်းငယ်နေခဲ့ပြီးနောက်မှာ သူက သူ့ကိုယ်သူ ကမ်းလှမ်းအသုံးချဖို့ ငြင်းပယ်ခဲ့တာကြောင့် ဘေးဖယ်ခံလိုက်ရသည်။ အဲ့တာက အချိန် ၅နှစ်ခန့်ကြာသွားပြီး သူ့လူငယ်ဘဝက ကုန်ဆုံးသွားခဲ့ပြီ။ သူက နှစ်ရှည်စာချုပ်တစ်ခုမှာ လက်မှတ်‌ရေးထိုးခဲ့သောကြောင့် ဒါက ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေတစ်ခုပါပဲ။

 

သူမသည် ကျန်းသဲ့ရှန်းနှင့် တစ်ကြိမ်တွေ့ဆုံဖူးသည်။ သေချာတာပေါ့၊ သူ့ရဲ့ IDဓာတ်ပုံက သူ့အတွက်တော့ အကျုံးမဝင်ပါဘူး။ လူအများဟာ သူတို့ရဲ့IDဓာတ်ပုံနဲ့ အပြင်ရုပ်ရည်ကွာခြားမှုရှိသော်လည်း ဖန့်ကျွင်းရုံရှေ့မှာ ထိုင်နေတဲ့ ကျန်းသဲ့ရှန်းကတော့ မပါဝင်ပါဘူး။ သူက တည်ငြိမ်တယ်။ သူ့ IDအရ အခုလောလောဆယ် သူ့အသက်က ၂၇နှစ်ရှိပြီလို့ ပြောသည်။

 

ဖန့်ကျွင်းရုံက ပေါ့ပေါးပါးပါး မေးလိုက်သည်။

 

“မင်း ဘာလို့ ငါ့ဆီမှာ ဒီနေရာ ရာထူးအတွက် လျှောက်ထားတာလဲ”

 

“အဲ့တာက လစာကောင်းလို့ပါ” ဟု ကျန်းသဲ့ရှန်းက ပြန်ဖြေလိုက်သည်။

 

ဖန့်ကျွင်းရုံ  “……”

 

ကောင်းပြီ။ ဒါက ရိုးသားတာပဲ။

 

“မင်းက ငါ့ရဲ့တွဲဖက်ဖြစ်တာက မင်းအတွက် ကောလဟာလတွေ ထွက်မှာကို မစိုးရိမ်ဘူးလား” လို့ ဖန့်ကျွင်းရုံက မေးလိုက်သည်။

 

“ဒါက အဆင်ပြေပါတယ်။ ကျွန်တော်က မင်းနဲ့ ဒီလိုကောလဟာလထွက်မှာ သိပ်ကြောက်ဖို့ မကောင်းပါဘူး။ ဒါက ကျွန်တော် စာချုပ်ဖျက်သိမ်းဖို့အတွက်တောင် အထောက်အကူကောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်”

 

ဖန့်ကျွင်းရုံသည် ကျန်းသဲ့ရှန်းက အလွန်ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်ဖြစ်သည်မှာ သေချာသွားသည်။

 

“ငါ မင်းအတွက် ခဏနေကျရင် ဝတ်စုံအသစ်ဝယ်ပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်။ မနက်ဖြန်ကျရင် ငါ မင်းကို အလှပြင်ဆိုင်ကိုခေါ်သွားပေးဖို့ တစ်ယောက်လွှတ်ပေးမယ်။ ပြီးတော့ မနက်ဖြန်ညနေကျရင် ငါတို့ ညနေခင်းပွဲအတူတူတက်ကြတာပေါ့”

 

“ကောင်းပြီ”

 

ဖန့်ကျွင်းရုံရဲ့မျက်ဝန်းထဲမှာ ပေါ့ပါးလန်းဆန်းလှတဲ့အပြုံးတစ်ပွင့်ရှိတယ်။ “ဒါက အလုပ်ဖြစ်သွားမယ်ဆိုရင် အနာဂတ်မှာ ငါတို့ အတူတကွ ပူးပေါင်းဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာလိမ့်မယ်” နောက်ဆုံးတော့ သူမဟာ သူနှင့်အတူ အမြဲတမ်းလိုလို တွဲတက်ရမည့်ပွဲတွေ အများကြီး ရှိပေလိမ့်မည်။

 

လီရှင်းယွင်က ကျန်းသဲ့ရှန်းကို ရွေးချယ်ပေးခဲ့သည့် အကြောင်းအရင်းတစ်ခုကြောင့်ပင် မဟုတ်ပေ။ သူမသည် သူ့သတင်းအချက်အလက်ကို ကြည့်မိတော့ သူ့ဘေးဖယ်ခံခဲ့ရသောနှစ်များတွင် သူက အမြဲလေ့လာသင်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတာကို သိသောကြောင့် ဖြစ်သည်။ သူ့ရဲ့အခက်ခဲဆုံးအချိန်၌ပင် သူသည် သူ့ရရှိခဲ့သောလစာ၏ တစ်စိတ်တစ်ပိုင်းကို မိဘမဲ့ဂေဟာသို့ ပြန်ပို့ခဲ့သေးသည်။ သူ့အပေါ် ‌ကျေးဇူးရှိဖူးသောလူမျိုးအပေါ် ကျေးဇူးသိတတ်သောလူမျိုးဖြစ်သည့်အတွက် သူမသည် သူ့အပေါ် လေးစားသဘောကျမှုရှိခဲ့သည်။ ထို့ကြောင့် သူမသည် သူ့ကို ကူညီပေးရန် လက်တစ်ဖက်ငှားရန် ဆန္ဒရှိခဲ့သည်။

 

“ကျေးဇူးတင်ပါတယ်”

 

ကျန်းသဲ့ရှန်းသည် မျက်လွှာချလိုက်သောအခါ သူ့ရဲ့ရှည်လျားသောမျက်တောင်များသည် သူ့အသွင်အပြင်ကို မာန်ပါသောအသွင်မဖြစ်စေပဲ ရိုးရှင်းပြီး အပြစ်ကင်းစင်ဟန်ပေါ်စေသည်။

 

 

ဒါကို စီစဥ်ဖြေရှင်းပြီးမှ ဖန့်ကျွင်းရုံသည် သူမရုံးခန်းသို့ ပြန်လာခဲ့သည်။

 

သူမ တက်ရောက်ရမည့်ပွဲအား ကျန်းကျစ်ဆု၏မိသားစုမှ စီစဥ်ဆောင်ရွက်တာဖြစ်သည်။ ဆေးပညာနယ်ပယ်၌ သြဇာကြီးမားသော ပုဂ္ဂိုလ်များ၊ ကောယွမ်ကော်ပိုရေးရှင်းမှ ရှယ်ယာရှင်များနှင့် အခြားလူသိများသော အဖွဲ့အစည်းများ တက်ရောက်ကြပေလိမ့်မည်။

 

သူမသည် ကောယွမ်ကော်ပိုရေးရှင်း၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်အဖြစ် သူမအား အခြားသူများနှင့် မိတ်ဆက်ပေးရန် ကျန်းကျစ်ဆုမှ စီစဥ်ခဲ့သည်။

 

စုမိန်က သူမအား နောက်ထပ်သတင်းအချက်အလက်အချို့ကို ပေးခဲ့သည်။ လီဝမ့်ကျင်းသည် အဆက်အသွယ်များစွာကို သုံးပြီးတော့ နောက်ဆုံးတွင် ထိုပွဲသို့တက်ရောက်နိုင်သည့် ဖိတ်စာကို ရယူနိုင်ခဲ့သည်။