အခန်း ၁၄၉
Viewers 27k

အခန်း(၁၄၉) - လီဝမ့်ကျင်းသည်လည်း ဒီစားသောက်ပွဲကို တက်ရောက်လိမ့်မည် (၃)

လီဝမ့်ကျင်းသည် ရုံးခန်းထဲတွင် ငှက်သိုက်လို ရှုပ်ပွနေတဲ့ သူ့ခေါင်းကိုကုတ်ကာ အပြန်ပြန်အလှန်လှန် လျှောက်နေမိသည်။


"ဥက္ကဌ ကျွန်တော်တို့ အစည်းအဝေးစဖို့ မိနစ် ၃၀ပဲ လိုတော့တယ်။"


သူ့လက်ထောက်သည် ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာပြီး သူ့ကိုသတိပေးလိုက်သည်။


လီဝမ့်ကျင်းသည် မကြာသေးမီက သူ့လက်ထောက်များအပေါ် သူ့ဒေါသများကိုပုံချခဲ့ပြီး လူတိုင်းကို စိုးရိမ်စေခဲ့သည်။


လီဝမ့်ကျင်းသည် ခေါင်းမော့ကြည့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်ကာ "ငါနားလည်ပြီ" ဟုအေးစက်စွာ ပြောလိုက်သည်။


ဒီနေ့အစည်းအဝေးသည် သူ့အား မကောင်းဆိုးဝါးအိုကြီးများက မည်သို့ခက်ခဲစေလိမ့်မည်ဆို‌တာကို သူ သိလေသည်။ ဒီလူတွေအားလုံးက သူတို့ ဒီနှစ်တစ်လျှောက်လုံးမှာ သူက ဘယ်လောက်ရှာပေးခဲ့တယ်ဆိုတာကို သူတို့ဘယ်တော့မှမတွေးဘူး။ သူက ခဏတာကံကောင်းမှုကိုသာ ခံစားခဲ့ရပြီး သူအောက်သို့ပြုတ်ကျနေစဉ် သူတို့က သူ့ကို ကန်ချဖို့ မစောင့်နိုင်ခဲ့ပေ။


သူ့လက်ထောက်ထွက်သွားပြီးနောက် လီဝမ့်ကျင်းသည် ဆံပင်ကိုမှန်ရှေ့တွင်ဖြီးသင်ကာ  ဆံပင်ဖြန်းဆေးကို ဖြန်းလိုက်သည်။ တစ်နည်းမဟုတ်တစ်နည်း သူက သူ့ကိုကန်ချဖို့ မျှော်လင့်နေသူတွေရှေ့မှာ အားနည်းနေတာကိုပြသဖို့ ငြင်းဆန်ခဲ့သည်။


ပြင်ဆင်မှုအားလုံးနှင့်အတူ ပြင်ဆင်ချိန် နာရီဝက်ကြာမြင့်ခဲ့သည်။


သူ့ဝတ်စုံက သပ်ရပ်နေပြီး သူ့ကျောပြင်ကဖြောင့်မတ်နေသည်။ လီဝမ့်ကျင်းသည် အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းသို့ လမ်းလျှောက်လာသည်။


အခြားရှယ်ယာရှင်များသည် အစည်းအဝေးခန်း၌ စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သူတို့အားလုံးက စက်ဝိုင်းပုံ အစည်းအဝေးထိုင်ခံုမှာထိုင်နေကြပြီးတော့ အစည်းအဝေးခန်းအတွင်း လီဝမ့်ကျင်း လမ်းလျှောက်ဝင်လာတာကိုပဲ တစ်ချိန်တည်းမှာပဲ လှည့်ကြည့်လိုက်ကြသည်။ လီဝမ့်ကျင်း၏နှလုံးသားဟာတုန်လှုပ်သွားမိသည်။ သူသည် ဒီအရာနှင့် ပတ်သက်၍ ဆိုးရွားသောခံစားချက်ကို ခံစားခဲ့ရသည်။


သူ ထိုင်ခုံမှာ မထိုင်ခင်မှာပင် သူတို့က သူ့ကို စကားလုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။


“ဘော့စ်လီ အခုနောက်ပိုင်းအလုပ်များနေတာ ဖြစ်ရမယ်။ မင်းကိုဖမ်းမိဖို့ ကြိုးစားရတာမလွယ်ဘူး။"


“အဲဒါအဓိပ္ပာယ်ရှိတယ်။ သူက သူ့လုပ်ငန်းသစ်တွေနဲ့ အလုပ်များနေခဲ့တယ်။ ငါတို့လို ကုမ္ပဏီသေးသေးလေးတစ်ခုအတွက် သူ့မှာအချိန်မရှိဘူး။”


“မင်းရဲ့စွန့်ဦးတီထွင်မှုလုပ်ငန်းအသစ်အောင်မြင်ရင် ငါတို့ မင်းအတွက် အရမ်းဝမ်းသာမိလိမ့်မယ်။ ဒါပေမယ့် အဲဒါက မအောင်မြင်ခဲ့ဘူး၊ အဲဒါက ငါတို့ရဲ့စတော့ရှယ်ယာစျေးတွေကို ကျဆင်းစေခဲ့တယ်။ အခုကလုံးဝအဆင်မပြေဘူး။"


ဒီလိုမဆုတ်မနစ်စွပ်စွဲမှုများအားလုံးသည် လီဝမ့်ကျင်း၏မျက်နှာကို ပျက်ယွင်းစေခဲ့သည်။ စတော့ရှယ်ယာရှင်များက မကျေမနပ်ဖြစ်နေသည်ကို သူသိသော်လည်း သူတို့က သူတို့ရဲ့အပေါ်ယံမျက်နှာကိုတောင် မထိန်းသိမ်းတော့ဘူးဆိုတာကို သူ မျှော်လင့်မထားခဲ့ဘူး။ သူတို့က သူ့ရှေ့မှာ ယဉ်ကျေးရည်မွန်သော အပြုအမူများကို ထိန်းသိမ်းထားရမယ်ဆိုတာကို ဂရုမစိုက်ကြတော့ဘူး။


သို့သော် သူသည် သည်းခံနိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။ “ကျွန်တော့်ကိုအချိန်နည်းနည်းလောက်ပေးပါ။ ကျွန်တော့်ကို ဒီတစ်ခါတော့ ယုံကြည်ပေးပါ။"


“ငါတို့က မင်းကို အခွင့်အရေး အများကြီးပေးပြီးနေပြီ။ ထပ်ခါထပ်ခါ အခွင့်အရေးတွေ ပခဲ့တယ်။ နောက်ဆုံးမှာတော့ ငါတို့က မင်းကြောင့် ငွေတွေ ပိုပိုပြီးဆုံးရှုံးလာခဲ့တယ်။ သုံးလသာကြာသွားပြီးတော့ ငါတို့ကုမ္ပဏီတန်ဖိုးက ၃ ဘီလီယံအထိ ကျဆင်းသွားတယ်။”


ဒီအကြောင်းကိုပြောရတာက ဒါရိုက်တာကျိုးကို နာကျင်စေခဲ့သည်။ အဲဒါတွေဟာ သူတို့ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ငွေတွေအားလုံးပါပဲ။


လီဝမ့်ကျင်းက ဒါတွေအားလုံးဟာ အမှန်တရားမို့လို့ ပြန်တုံ့ပြန်ပြောဆိုတာမရှိဘူး။ သူတို့က သူ့ကို ဆန္ဒရှိသလို ထုတ်ပစ်လို့မရဘူး။


"မင်း ဒီရာထူးကို မကိုင်တွယ်နိုင်ဘူးလို့ထင်ရင် မင်းရာထူးကနုတ်ထွက်ပြီး ပိုလုပ်နိုင်တဲ့သူကိုလွှဲပေးသင့်တယ်။"


"မင်းနှုတ်ထွက်လိုက်တာနဲ့ ဝယ်ယူသူတွေက ငါတို့ကုမ္ပဏီကို သပိတ်မှောက်မှာ မဟုတ်တော့ဘဲ ငါတို့ရဲ့စတော့ရှယ်ယာဈေးတွေ ကျဆင်းတော့မှာ မဟုတ်ဘူး။"


လီဝမ့်ကျင်းသည် တစ်ယောက်ယောက်က သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သလို ခံစားလိုက်ရသည်။ သူ့မျက်နှာဟာ ဒေါသကြောင့် နီရဲနေခဲ့သည်။ သူက ဒီကုမ္ပဏီတွင်တစ်ဦးတည်းသော အာဏာရှိခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ။  ဒီအကြိမ်က ဘယ်သူမဆို သူ့မျက်စိရှေ့မှောက်မှာပင် သူ့ကိုပြစ်တင်ရှုတ်ချပြီး သူ့ရာထူးကနုတ်ထွက်ဖို့တောင်မှ တောင်းဆိုတာ ပထမဆုံးအကြိမ်ပါပဲ။


လီဝမ့်ကျင်းက အံတင်းတင်းကြိတ်ပြီး “ကျွန်‌တော်က ဒီကုမ္ပဏီမှာ နံပါတ် ၁ ရှယ်ယာရှင်ဖြစ်နေတုန်းပဲ” ဟု ပြောလိုက်သည်။


လီဝမ့်ကျင်းသည် အချိန်ကြာလာသည်နှင့်အမျှ သူ့ရှယ်ယာ ၈ ရာခိုင်နှုန်းကို ရောင်းချလိုက်သော်လည်း ၃၉ ရာခိုင်နှုန်း ကျန်သေးသည်။ ဒါက သူ့ကို နံပါတ်တစ်ရှယ်ယာရှင်ဖြစ်နေတုန်းပါပဲ။


“မင်းသတင်းတွေက ခေတ်နောက်ကျနေပြီ။  ငါက နံပါတ် ၁ ရှယ်ယာရှင်ဖြစ်နေပြီ။” လို့ပြောရင်း နက်ပြာရောင်ဝတ်စုံဝတ်ထားသောလူတစ်ယောက်က မတ်တပ်ထရပ်လိုက်သည်။ သူသည် အေယွန်ကော်ပိုရေးရှင်း၏ နံပါတ်နှစ်ရှယ်ယာရှင်ဖြစ်သည်။


လီဝမ့်ကျင်းသည် ရေခဲတွင်းထဲသို့ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။  “ဒါမဖြစ်နိုင်ဘူး…” လီဝမ့်ကျင်းက သူ့ရှယ်ယာကိုရောင်းချပြီးဖြစ်သော်လည်း သူက ကုမ္ပဏီမှာ သူ့ရာထူးဆက်လက်တည်မြဲရရှိဖို့ ရည်ရွယ်ချက်နဲ့ သူတို့ရှယ်ယာတွေကို ဟဲယီအား မရောင်းချဖို့ တားမြစ်ထားခဲ့ပြီး အခြား ၀ယ်သူတွေနဲ့စာချုပ်ချုပ်ဆိုခဲ့သည်။


ဟဲယီက ပြုံးပြီး “ငါ့မှာ ရှယ်ယာ ၄၁ ရာခိုင်နှုန်းရှိတယ်။ ဒါက မင်းမှာရှိတာထက်ပိုတယ်။”  သူက အခန်းပတ်ပတ်လည်ကိုကြည့်ပြီး အောင်မြင်စွာ ပြုံးလိုက်သည်။ “တခြားဒါရိုက်တာဘုတ်အဖွဲ့က လူအားလုံးကလည်း ငါနဲ့ ဆန္ဒအတူရှိနေတယ်။”


"မင်းက အစုရှယ်ယာတွေကို ငါ့ကို မရောင်းချဖို့ တားမြစ်ပြီး စာချုပ်ချုပ်ဆိုလိုက်တယ်ဆိုပေမယ့် သူတို့က တခြားသူတွေကို ရောင်းချပြီးတော့ ငါက တခြားသူတွေဆီကနေ ပြန်ဝယ်နိုင်တယ်လေ။" 


ဟဲယီက သဘောကောင်းစွာဖြင့် ဒီအကြောင်းကို လီဝမ့်ကျင်းအား သိခွင့်ပေးသင့်တယ်လို့ ဆုံးဖြတ်လိုက်သည်။


အမှန်တော့ အဲဒါကိုရှင်းပြဖို့ မလိုအပ်ပါဘူး။ လီဝမ့်ကျင်းလည်း ထိုအရာကို နားလည်သည်။ ပုံမှန်အားဖြင့်ပြောရရင် အစုရှယ်ယာလွှဲပြောင်းမှုအားလုံးကို အကုန်လုံးသိနေတာ ဖြစ်ရမည်။ သူနဲ့နီးစပ်သူတွေက သူ့ကိုသစ္စာဖောက်ပြီး ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တာပဲ။


လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံထံမှ ၀န်ထမ်းများကို စုဆောင်းနေစဉ် အလွန်စိတ်အားထက်သန်ခဲ့သည်။ သူမသည် သူ့လူတွေကို စီမံခန့်ခွဲနိုင်စွမ်းမရှိပုံကို သူမနောက်ကွယ်မှာ လှောင်ပြောင်ရယ်မောခဲ့သည်။ အခုတော့ သူ့အလှည့်ရောက်ခဲ့ပြီ။ အနည်းဆုံးတော့ ဖန့်ကျွင်းရုံမှာ သူမကိုသစ္စာစောင့်သိတဲ့ လူအချို့ရှိခဲ့သည်။ သူ့မှာတော့ ဘာရှိလဲ။


 သူက ဖန့်ကျွင်းရုံထက် ပိုဆိုးသည်။


 "မင်းရဲ့အချိန်တွေ ကုန်သွားပြီ ဒါရိုက်တာလီ"


ယခုအချိန်မှစ၍ လီဝမ့်ကျင်းသည် အေယွန်ကော်ပိုရေးရှင်း၏ ပဲ့ကိုင်ရှင်မဟုတ်တော့ပဲ သာမာန်ရှယ်ယာရှင်တစ်ယောက်သာ ဖြစ်သွားခဲ့ပြီးတော့ ယွမ်ဘီလီယံပေါင်းများစွာ အကြွေးတင်ရှိနေသည်။